အာ​မုတ်-5

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ ကို ရည် လျက်၊ ငါ ဖွဲ့ ဆို မည့် ငို ချင်း ချက် ကို နာ ခံ ကြ ရ မည် မှာ၊
  • 2 က ညာ ဖြစ် သော ဣ သ ရေ လ အ မျိုး သည်၊ နောင် မ ထ နိုင် အောင် ကျ လဲ ပြီ။ ထူ မ သူ ကင်း လျက်၊ ကျ ရာ အ ရပ်၌ လဲ နေ သည် ဟူ၍ တည်း။
  • 3 အ ရှင် ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ အ မျိုး သား တို့ အ နက်၊ မြို့ တစ် မြို့ မှ ထောင် တပ် ချီ လျှင်၊ တစ် ရာ၊ ရာ တပ် ချီ လျှင်၊ တစ် ဆယ် သာ ကြွင်း လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 4 ဣ သ ရေ လ အ မျိုး သား တို့ အား ထာ ဝ ရ ဘု ရား က၊ သုံ့ ဘမ်း သိမ်း သွား ခံ ရ အံ့ သော ဂိ လ ဂါ လ မြို့ ကို ရှာ ဖွေ ခြင်း၊ အ လ ဟဿ ဖြစ် အံ့ သော ဗေ သ လ မြို့ သို့ ဝင် ရောက် ခြင်း၊ ဗေ ရ ရှေ ဘ မြို့ သို့ သွား ခြင်း ကို မ ပြု ဘဲ၊ ငါ့ ကို ရှာ ဖွေ ၍ အ သက် ချမ်း သာ ရ ကြ လော့ ဟု မိန့် တော် မူ ၏။
  • 5
  • 6 ဆုံး ဖြတ် ခြင်း တ ရား အ မြိုက် ကို၊ အ ခါး ရည် ဖြစ် စေ လျက်၊ ဖြောင့် မတ် ခြင်း တ ရား ကို မြေ ပေါ် တွင် သွန် ချ သော သင် တို့၊ ထာ ဝ ရ ဘု ရား သည်၊ ယော သပ် အ မျိုး သား တို့ တွင် တောက် လောင် တော် မူ သ ဖြင့်၊ ဗေ သ လ မြို့ ၌ ငြိမ်း သူ မဲ့ ကျွမ်း လောင် မည် ကို စိုး လျက်၊ ကိုယ် တော် ကို ရှာ ဖွေ၍ အ သက် ချမ်း သာ ရ ကြ လော့။
  • 7
  • 8 ကျ တ္တီ ကာ နှင့် အဿ ဝ နီ ကို ဖန် ဆင်း တော် မူ ထ သော၊ သေ ခြင်း အ ရိပ် ကို နံ နက် အ လင်း ဖြစ် စေ၍၊ နေ့ ကို လည်း ညဉ့် မိုက် မှောင် ဖြစ် စေ တော် မူ ထ သော၊ သ မု ဒ္ဒ ရာ ရေ ကို မိန့် ခေါ် လျက်၊ မြေ မျက် နှာ ပြင် တွင် သွန် တော် မူ ထ သော၊
  • 9 စွမ်း ရည် ကောင်း သူ တို့ ၌ ဘေး သင့် စေ သ ဖြင့်၊ ခံ မြို့ လည်း ပျက် စီး ရာ ရောက် စေ တော် မူ သော အ ရှင်၏ နာ မ တော် ကား၊ ယေ ဟော ဝါ ပေ တည်း။
  • 10 သို့ ဖြစ်၍၊ မြို့ တံ ခါး ဝ တွင် ခုံ သ မတ် ပြု သူ့ ကို မုန်း ထား လျက်၊ ဖြောင့် မှန် စွာ လဲ လျှောက် သူ့ ကို ရွံ့ ရှာ လျက်၊
  • 11 နွမ်း ပါး သူ တို့ ကို နှိပ် နင်း၍၊ စ ပါး တံ စိုး ယူ စား သောက် သော သင် တို့ သည်၊ ဆစ် ပြီး ကျောက် ဖြင့် တိုက် အိမ် များ ကို တည် ဆောက် ခဲ့ သော် လည်း နေ ထိုင် ခွင့်၊ နှစ် သက် ဖွယ် စ ပျစ် ခြံ များ ကို စိုက် ပျိုး ခဲ့ သော် လည်း သုံး သောက် ခွင့် ရ ကြ တော့ မည် မ ဟုတ်။
  • 12 ဖြောင့် မတ် သူ တို့ ကို ညှဉ်း ဆဲ သူ၊ တံ စိုး စား ၍၊ ဆင်း ရဲ သား တို့ ကို မြို့ တံ ခါး ဝ တွင် ရှုံး စေ သူ သင် တို့၏ လွန် ကျူး မှု များ ပြား၍၊ အ ပြစ် တန် ခိုး ကြီး သည် ကို ငါ သိ သည့် အ တိုင်း၊
  • 13 ယ ခု ဆိုး သွမ်း ရာ ကာ လ ဖြစ် သော ကြောင့်၊ သ တိ ပ ညာ ရှိ သူ သည် ဆိတ် ဆိတ် နေ ရ ၏။
  • 14 အ သက် ချမ်း သာ ရ အံ့ သော ငှာ၊ ဒု စ ရိုက် ကို မ ဟုတ်၊ သု စ ရိုက် ကို ရှာ ကြံ ကြ လော့။ သို့ မှ၊ သင် တို့ ဝင့် ဝါ သည့် အ လျောက်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ သင် တို့ နှင့် အ တူ စံ နေ တော် မူ လိမ့် မည်။
  • 15 ဒု စ ရိုက် ကို မုန်း ထား လျက်၊ သု စ ရိုက် ကို နှစ် သက် လျက်၊ မြို့ တံ ခါး ဝ တွင် တ ရား ပ လ္လင် ကို တည် စိုက် ကြ လော့။ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ယော သပ် အ မျိုး အ ကျန် အ ကြွင်း တို့ အား၊ သ နား တော် မူ ကောင်း မူ လိမ့် မည်။
  • 16 သို့ ဖြစ် ၍ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် က၊ သင် တို့ ပြည် ကို ငါ ဖြတ် သန်း မည် ဖြစ် သော ကြောင့်၊ ငို ကြွေး ရန် တောင် သူ တို့ ကို လည်း ကောင်း၊ မြည် တမ်း ရန် ငို ချင်း ဖွဲ့ ဆို တတ် သူ တို့ ကို လည်း ကောင်း၊ ခေါ် ကြ ရ သည့် အ လျောက်၊ လမ်း မ ရှိ သ မျှ၊ စပျစ် ခြံ ရှိ သ မျှ၌ မြည် တမ်း ခြင်း၊ လမ်း ကြား ရှိ သ မျှ၌ အ ကျိုး နည်း လေ စွ ဟု ဟစ် ခြင်း ကို ပြု ရ ကြ လ တ္တံ့ ဟူ၍ မိန့် တော် မူ ၏။
  • 17
  • 18 ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် ကို စောင့် မျှော် သော သင် တို့ သည်၊ အ မင်္ဂ လာ ရှိ ကြ၏။ အ လင်း မ ဟုတ်၊ မှောင် မိုက် သော ထို နေ့ ရက် တော် ကို စောင့် မျှော် သည် ကား၊ မည် သည့် အ ကျိုး နည်း။
  • 19 ထာ ဝ ရ ဘု ရား၏ နေ့ ရက် တော် သည်၊ ခြင်္သေ့ လက် မှ ပြေး ရာ၊ ဝံ နှင့် တွေ့ သ ကဲ့ သို့ လည်း ကောင်း၊ ခို ဝင် သော အိမ် နံ ရံ ကို လက် မှီ ရာ၊ မြွေ ဆိုး ထိတ် သ ကဲ့ သို့လည်း ကောင်း၊ အ လင်း မဲ့ မှောင် မိုက်၊ တောက် ထိန် မဲ့ မှောင် အ တိ ဖြစ် မည် မ ဟုတ် လော။
  • 20
  • 21 ငါ သည်၊ သင် တို့ ပူ ဇော် ပွဲ များ ကို မုန်း ထား ရွံ ရှာ လျက်၊ ဓ မ္မ ပွဲ များ ကို လည်း နှစ် သက် သည် မ ဟုတ်။
  • 22 မီး ရှို့ ရာ သ က္ကာ နှင့် ဘော ဇဉ် သ က္ကာ များ ကို ဆက် ကပ် ကြ သော် ကား၊ လက် ခံ ခြင်း၊ မိတ် သ ဟာ ယ သ က္ကာ အ ကောင် ထူး များ ကို၊ အ ရေး ယူ ခြင်း ပြု မည် မ ဟုတ်။
  • 23 သင် တို့ ကျူး ဧ သံ ကို ပြတ် စဲ ကြ လော့။ စောင်း တီး သံ ကို လည်း ငါ နား မ ညောင်း။
  • 24 ၎င်း အ စား၊ ဆုံး ဖြတ် ခြင်း တ ရား သည်၊ မြစ် ရေ ကဲ့ သို့ လည်း ကောင်း၊ ဖြောင့် မတ် ခြင်း တ ရား သည်၊ မ ပြတ် သော ချောင်း ရေ ကဲ့ သို့ လည်း ကောင်း၊ စီး မြဲ စီး လေ စေ။
  • 25 အို ဣ သ ရေ လ အ မျိုး သား တို့၊ သဲ က န္တာ ရ၌ နေ သော နှစ် ပေါင်း လေး ဆယ် အ တွင်း၊ ယဇ် နှင့် ပူ ဇော် သ က္ကာ များ ကို၊ ငါ အား ဆက် ကပ် ရ ကြ သ လော။
  • 26 သင် တို့ ထု လုပ် ခဲ့ ရာ နတ် မင်း စ က္ကုတ် နှင့်၊ ကြယ် န က္ခတ် ဘု ရား စ နေင်္ဂြိုလ် ရုပ် ပွား များ ကို ပင့် ဆောင် သော သင် တို့ ကို၊
  • 27 ဒ မာ သက် မြို့ အ ရှေ့ ဘက် ပြည် သို့၊ ငါ သိမ်း သွား စေ မည် ဟူ၍၊ ဗိုလ် ခြေ တို့ အ ရှင် ဘု ရား သ ခင် ဟု နာ မ တော် ရှိ သော ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页