1
နွမ်း ပါး သူ တို့ ကို ညှဉ်း ပန်း လျက်၊ ဆင်း ရဲ သူ တို့ ကို နှိပ် စက် လျက်၊ အ ရှင် လင် တို့ အား သောက် ရန် တိုက် ပါ လော့ ဟု၊ ဆို တတ် သည့် ဗာ ရှန် နွား မ သ ဖွယ် ဖြစ် သော ရှ မာ ရိ တောင် တန်း သူ တို့ နာ ခံ ရ မည့် အ ချက် ဟူ မူ ကား၊
2
သင် တို့ ကို သံ ချိတ် များ နှင့် လည်း ကောင်း၊ အ ကျန် အ ကြွင်း တို့ ကို မျှား ချိတ် များ နှင့် လည်း ကောင်း၊ ငင် သွား ကြ မည့် နေ့ ရက် ကာ လ ရောက် အံ့ သည့် အ တိုင်း။ အ သီး အသီး တို့ သည် မြို့ ရိုး ပေါက် ဖြင့် တူ ရူ ထွက် သွား လျက်၊ ဟာ ရ မုံ ချောက် ထဲ သို့ ကိုယ် ကို ချ ကြ ရ မည် ဟု၊ သန့် ရှင်း တော် မူ ခြင်း ကို တိုင် တည်၍၊ အ ရှင် ထာ ဝ ရ ဘု ရား သ စ္စာ ဆို လျက် မိန့် မြွက် တော် မူ ခဲ့ သ တည်း။
3
4
အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ ဗေ သ လ မြို့ သို့ ဖူး လာ လွန် ကျူး လျက်၊ ဂိ လ ဂါ လ မြို့၌ လည်း များ ပြား စွာ လွန် ကျူး ကြ လော့။ သ ဘော ကျ တိုင်း တစ် မ နက် လျှင် တစ် ကြိမ် ပူ ဇော် သ က္ကာ များ ကိုလည်း ကောင်း၊ သုံး ရက် လျှင် တစ် ကြိမ် ဆယ် ဖို့ တစ် ဖို့ အ လှူ များ ကို လည်း ကောင်း၊ တင် သွင်း ခြင်း၊
5
ချီး မွမ်း ရာ သ က္ကာ အ ဖြစ်၊ တ ဆေး ပါ သော မုန့် ကို၊ မီး ဖြင့် ပူ ဇော် ခြင်း၊ စေ တ နာ အ လျောက် အ လှူ များ ကို သာ ဓု သာ ဓု ဟု ခေါ် ခြင်း ပြု ကြ ဦး လော့။
6
ငါ က မူ၊ သင် တို့ မြို့ ရွာ ရှိ သ မျှ ၌ သွား အား လပ် ခြင်း၊ နေ ရာ အ ရပ် ရှိ သ မျှ၌ အ စာ ခေါင်း ပါး ခြင်း များ ကို သင့် စေ သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
7
ငါ က မူ၊ ရိတ် သိမ်း ရာ ကာ လ မ တိုင် မီ၊ သုံး လ ကျော် တွင်၊ မိုး ပိတ် ပင် ခြင်း၊ တစ် မြို့၌ မိုး ရွာ လျက်၊ တစ် မြို့၌ ခေါင် စေ ခြင်း၊ မြေ တစ် ကွက် မိုး ရေ သောက် ၍၊ တစ် ကွက် မ သောက် ရ ဘဲ သွေ့ ခြောက် ခြင်း များ ကို၊ ငါ စီ ရင် သည့် အ လျောက်၊
8
နှစ် မြို့ သုံး မြို့ တို့ သည်၊ တစ် မြို့ သို့ ရေ သောက် လို ၍ သွား ရ လျက်၊ အ ငတ် မ ပြေ သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
9
ဒ ဟ ဝါ ယော ကပ်၊ ပု လု ဝ က ကပ် များ ကို ငါ သင့် စေ သည့် အ တိုင်း၊ ဟင်း ရွက် ဟင်း သီး ခြံ မှ စ ၍၊ စ ပျစ် ခြံ၊ သဖန်း ခြံ၊ သံ လွင် ခြံ အ မြောက် အ မြား ကို ကျိုင်း ကောင် စား သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
10
အိ ဂျစ် ကပ် ရော ဂါ နည်း အ လိုက်၊ ကပ် သင့် စေ ခြင်း၊ လက် ရွေး သူ တို့ နှင့် တ ကွ၊ ဖမ်း မိ သော မြင်း တပ် ကို ဓား ဖြင့် လုပ် ကြံ၍၊ တစ် တပ် လုံး ပုပ် နံ့ လှိုင် စေ ခြင်း များ ကို ငါ ပြု သော် လည်း၊ အ ထံ တော် သို့ သင် တို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
11
သော ဒုံ မြို့၊ ဂေါ မော ရ မြို့ များ ကို၊ ငါ ဘု ရား သ ခင် ဖြို လှဲ ခဲ့ သည့် နည်း တူ၊ သင် တို့ မြို့ ရွာ အ ချို့ ကို ငါ ဖြို လှဲ သော် လည်း၊ မီး ထဲ မှ နုတ် ယူ သော ထင်း သ ဖွယ် ဖြစ် သူ သင် တို့ သည်၊ အ ထံ တော် သို့ မ ပြန် ကြ သေး ချေ ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
12
သို့ ဖြစ် ၍၊ အို ဣ သ ရေ လ အ မျိုး၊ ငါ ဗျာ ဒိတ် ပေး မည့် အ တိုင်း သင်၌ စီ ရင် ဦး မည်။ အို ဣ သ ရေ လ အ မျိုး၊ ထို အ တိုင်း ပင် ငါ စီရင် မည် ကို ထောက် ၍၊ ကိုယ့် ဘု ရား သ ခင် နှင့် တွေ့ ဆုံ ခြင်း ငှာ၊ ကိုယ် ကို ပြင် ဆင် ကြ လော့ ဟု မိန့် တော် မူ ၏။
13
နာ ခံ ကြ ဦး။ တောင် များ ကို ပြု ပြင် တော် မူ ထ သော၊ လေ ကို ဖန် ဆင်း တော် မူ ထ သော၊ ပြ ဋ္ဌာန်း တော် မူ ချက် ကို လူ တို့ အား ဖော် ပြ တော် မူ ထ သော၊ နေ အ ရုဏ် ကို မှောင် စေ တော် မူ ထ သော၊ မြေ ပ ထ ဝီ ရှိ မြင့် မြတ် ရာ များ ၌ စက် တော် ဖြန့် တော် မူ သော အ ရှင်၏ နာမ တော် ကား၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် ပေ တည်း။