အာ​မုတ်-1

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယု ဒ ဘု ရင် ဩ ဇိ မင်း လက် ထက် နှင့်၊ ယာ ရှ မင်း သား တော် ဣ သ ရေ လ ဘု ရင် ယေ ရော ဗောင် မင်း လက် တို့ ထက်၊ င လျင် မ လှုပ် မီ နှစ် နှစ် တွင်၊ ဣ သ ရေ လ ပြည် ကို ရည် လျက်၊ တေ ကော ရွာ နေ သိုး ထိန်း တို့ အ ပါ အ ဝင် ဖြစ် သူ အာ မုတ် မြော် မြင် ဟော ပြော ချက် မူ ကား၊
  • 2 ထာ ဝ ရ ဘု ရား သည် ဇိ အုန် တောင် ယေ ရု ရှ လင် မြို့ မှ၊ တစ် ခြိမ်း ခြိမ်း ဟုန်း တော် မူ သ ဖြင့်၊ ထိန်း ကျောင်း ရာ စား ကျက် များ သည် မြည် တမ်း လျက်၊ က ရ မေ လ တောင် ထိပ် လည်း သွေ့ ခြောက် လျက် ရှိ လိမ့် မည်။
  • 3 ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဂိ လဒ် နယ် ကို သံ စက် နှင့် နင်း နယ် သော၊ ဒ မာ သက် ပြည် ၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို ငါ မ ပ လပ် စေ ဘဲ၊
  • 4 ဗင်္ဟာ ဒဒ် မင်း၏ နန်း ဆောင် များ ကျွမ်း ရန် မီး ကို၊ ဟာ ဇေ လ နန်း ဆက် သို့ စေ လွှတ် သည့် ပြင်၊
  • 5 ဒ မာ သက် မြို့ မင်း ထုပ် ကို ချိုး ဖြတ် လျက်၊ အာ ဝင် ချိုင့် တွင် စံ နေ သူ နှင့် ဗေ ဧ ဒင် မြို့၌ ရာ ဇ လှံ တံ စွဲ ကိုင် သူ့ ကို၊ ပယ် ရှား မည့် အ တိုင်း၊ ရှု ရိ ပြည် သူ ပြည် သား တို့ သည်၊ ကိ ရ ပြည် သို့ သိမ်း သွား ခံ ရ ကြ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 6 ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ မြို့ လုံး ကျွတ် သိမ်း သွား၍၊ ဧ ဒုံ လူ မျိုး သို့ အပ် နှင်း လေ့ ရှိ သော၊ ဂါ ဇ မြို့၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို၊ ငါ မ ပ လပ် စေ ဘဲ၊
  • 7 ဂါ ဇ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ထို မြို့ ရိုး သို့ စေ လွှတ် မည့် ပြင်၊
  • 8 အာ ဇုတ် မြို့ စံ နေ သူ နှင့်၊ အာ ရှ ကေ လုန် မြို့၌ ရာ ဇ လှံ တံ စွဲ ကိုင် သူ့ ကို ပယ် ရှား လျက်၊ ဧ ကြုန် မြို့ ပေါ် တွင် လက် တော် တင် ဖိ မည့် အ တိုင်း၊ ဖိ လိ တ္တိ အ ကြွင်း အ ကျန် တို့ သည် ပျက် စီး ကြ ရ လ တ္တံ့ ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 9 ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ အ မျိုး သား တို့ ဖွဲ့ သော မ ဟာ မိတ် ကို သ တိ မ မူ ဘဲ၊ ဧ ဒုံ လူ မျိုး သို့ မြို့ လုံး ကျွတ် အပ် နှင်း လေ့ ရှိ သော၊ တု ရု မြို့၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို၊ ငါ မ ပ လပ် စေ ဘဲ၊
  • 10 တု ရု နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ထို မြို့ ရိုး သို့ စေ လွှတ် မည် ဟု မိန့် တော် မူ ၏။
  • 11 ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ ဆွေ ခန်း မျိုး ခန်း ဖြတ်၍၊ အ စဉ် မျက် မာန် ရှ လျက်၊ အ မြဲ အ မျက် ထွက် လျက်၊ သား ချင်း ကို ဓား ဖြင့် လိုက် လံ သော၊ ဧ ဒုံ လူ မျိုး၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို၊ ငါ မ ပ လပ် စေ ဘဲ၊
  • 12 ဗော ဇ ရ မြို့ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ တေ မန် နယ် ကို စေ လွှတ် မည် ဟု မိန့် တော် မူ၏။
  • 13 ထာ ဝ ရ ဘု ရား မိန့် တော် မူ ပြန် သည် မှာ၊ ပြည် နယ် ကို ကျယ် ဝန်း ရန် အ ကြံ နှင့်၊ ဂိ လဒ် နယ် သူ ကိုယ် ဝန် ဆောင် မိန်း မ များ ကို ခွဲ ဖောက် လေ့ ရှိ သော၊ အ မ္မုန် အ မျိုး သား တို့၏ လွန် ကျူး မှု သုံး မျိုး မ က၊ လေး မျိုး အ လျောက် ခံ သင့် ဒဏ် ကို၊ ငါ မ ပ လပ် စေ ဘဲ၊
  • 14 စစ် ပွဲ နေ့၌ အောင် သံ လွှင့် ခြင်း၊ လေ ဗွေ ဝှေ့ သော နေ့၌ မုန် တိုင်း ကျ ခြင်း နှင့် တ ကွ၊ ရ ဗ္ဗာ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ထို မြို့ ရိုး၌ မွေး မည့် အ တိုင်း၊
  • 15 ဘု ရင် မင်း သည်၊ မှူး မတ် တို့ ပါ၊ သိမ်း သွား ခံ ရ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
回到本卷目录 回到本版本目录 回到首页