ယေ​ဇ​ကျေ​လ-37

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ငါ့ အ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ လက် တော် တည် လျက် ရှိ ရာ၊ ဝိ ညာဉ် တော် အား ဖြင့် ငါ့ ကို ချီ ဆောင် လျက်၊ အ ရိုး များ နှင့် ပြည့် သော မြေ ပြင် အ လယ် တွင် ချ ထား ပြီး လျှင်၊ ဝိုင်း သွား စေ တော် မူ သော်၊
  • 2 မြေ ပြင် ပေါ် တွင် အ ရိုး များ ပြား၍ အ လွန် သွေ့ ခြောက် သည် ကို ငါ မြင် ရ ၏။
  • 3 ထို အ ခါ၊ အ ချင်း လူ့ သား၊ ဤ အ ရိုး များ သည် ရှင် နိုင် မည် လော ဟု မေး တော် မူ သော်၊ အို အ ရှင် ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သိ တော် မူ ပါ ၏ ဟု ငါ ပြန် လျှောက် လျှင်၊
  • 4 ဤ အ ရိုး များ အား ဟော ပြော ဆင့် ဆို ရ မည် မှာ၊ အို သွေ့ ခြောက် သော အ ရိုး တို့၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ကြ လော့။
  • 5 အ ရိုး များ အား အ ရှင် ထာ ဝ ရ ဘု ရား က၊ ငါ သည် သင် တို့ အ ထဲ သို့ ရှူ သက် သွင်း လျက်၊ ရှင် စေ မည်။
  • 6 သင် တို့ အ ပေါ် တွင် အ ကြော ရောက် ခြင်း၊ အ သား တက် ခြင်း၊ အ ရေ ဖုံး ခြင်း၊ ရှု သက် သွင်း ခြင်း များ ကို စီ ရင် သည့် အ လျောက်၊ ရှင် ရ သော သင် တို့ သည်၊ ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သိ ရ ကြ လ တ္တံ့ ဟူ သော အ မိန့် တော် ကို ဆင့် ဆို လော့ ဟု၊
  • 7 မိန့် တော် မူ သည့် အ တိုင်း ငါ ဟော ပြော ၏။ ထို သို့ ဟော ပြော စဉ် တွင်၊ အ သံ ပြု ခြင်း၊ လှုပ် ရှား ခြင်း ရှိ ရာ၊ အ ရိုး ချင်း များ သည် စေ့ စပ် ပြီး လျှင်၊ ငါ ရှု ကြည့် သော်၊
  • 8 အ ကြော ရောက် လျက်၊ အ သား တက် လျက်၊ အ ရေ ဖုံး လျက် ရှိ သည် ကို မြင် ရာ တွင်၊ ရှူ သက် မ ရှိ သေး ချေ။
  • 9 ကိုယ် တော် က လည်း၊ အ ချင်း လူ့ သား၊ လေ အား ဟော ပြော လျက်၊ အို လေ၊ အ ရပ် လေး မျက် နှာ မှ တိုက် လာ၍၊ လုပ် ကြံ ခံ ရ သော ဤ သူ တို့ ရှင် ရ စေ ရန် မှုတ် သွင်း လော့ ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကို၊ ဟော ပြော ဆင့် ဆို ရ မည့် အ ကြောင်း၊
  • 10 မှာ တော် မူ သည့် အ တိုင်း ငါ ဟော ပြော ရာ၊ လေ ဝင် သော ထို သူ တို့ သည် အ သက် ရှင်၍၊ အ လွန် မြောက် မြား သော အ လုံး အ ရင်း အ ဖြစ်၊ ခြေ စုံ ရပ် နေ ကြ ၏။
  • 11 တစ် ဖန် ကိုယ် တော် က၊ အ ချင်း လူ့ သား၊ ဤ အ ရိုး များ ကား၊ ငါ တို့ သည် အ ရိုး သွေ့ ခြောက်၍၊ စောင့် မြော် ရာ အ ကြောင်း ပျက် လျက်၊ တိမ် ကော ခဲ့ လေ စွ ဟု၊ ဆို တတ် သော ဣ သ ရေ လ တစ် မျိုး လုံး ဖြစ် သည် ကို ထောက် ၍၊ သင် ဟော ပြော ဆင့် ဆို ရ မည် မှာ၊
  • 12 အို ငါ့ လူ မျိုး တော်၊ ငါ သည် သင် တို့ သင်္ချိုင်း များ ကို ဖွင့် လျက် ထွက် လာ စေ ပြီး လျှင်၊ ဣ သ ရေ လ ပြည် သို့ ပို့ ဆောင် မည်။
  • 13 အို ငါ့ လူ မျိုး တော် ထို သို့ သင်္ချိုင်း များ ကို ဖွင့် လျက်၊ ထွက် လာ စေ သော ငါ သည်၊ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် တို့ သိ ရ ကြ လ တ္တံ့။
  • 14 ဝိ ညာဉ် တော် ကို လည်း ငါ သွင်း ၍၊ သင် တို့ ကို ရှင် ပြန် စေ ပြီး လျှင်၊ ပြည် ရင်း တွင် ထား သ ဖြင့်၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို လျက် စီ ရင် သည် ကို၊ သင် တို့ သိ ရ ကြ လ တ္တံ့ ဟု အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း၊ ဆင့် ဆို လော့ ဟူ ၍ တည်း။
  • 15 တစ် ဖန်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကား၊
  • 16 အ ချင်း လူ့ သား၊ တုတ် တစ် ချောင်း ကို ယူ လျက်၊ ယု ဒ အ မျိုး နှင့် အ ပေါင်း အ ပါ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့ ဟူ၍ လည်း ကောင်း၊ တစ် ချောင်း ကို ယူ လျက်၊ ယော သပ် အ မျိုး နှင့် အ ပေါင်း အ ပါ ဣ သ ရေ လ အ မျိုး သား တို့ အ ဖို့၊ ဧ ဖ ရိမ် အ မျိုး တည်း ဟူ သော တုတ် ဟူ၍ လည်း ကောင်း၊
  • 17 အ က္ခ ရာ တင် ပြီး လျှင်၊ စွဲ ကိုင် လျက် ပင်၊ တုတ် တစ် ချောင်း တည်း ဖြစ် စေ ခြင်း ငှာ၊ ပူး ကပ် လော့။
  • 18 ဤ အ ရာ အ နက် ကို ဖော် ပြ ပါ ဟု၊ အ မျိုး သား ချင်း တို့ မေး လျှောက် ကြ သည့် ကာ လ၊
  • 19 အ က္ခ ရာ တင် ပြီး သော တုတ် နှစ် ချောင်း ကို၊ ၎င်း တို့ ရှေ့ စွဲ ကိုင် လျက် နေ သော သင် က၊ ငါ သည်၊ ဧ ဖ ရိမ် အ မျိုး၏ လက် ရှိ၊ ယော သပ် အ မျိုး နှင့် အ ပေါင်း အ ပါ ဣ သ ရေ လ အ နွယ် သား တို့ တည်း ဟူ သော တုတ် ယူ၍၊ ယု ဒ အ မျိုး တည်း ဟူ သော တုတ် နှင့် ပူး ထား လျက်၊ လက် တော် တွင် တုတ် တစ် ချောင်း တည်း ဖြစ် စေ မည် ဟု၊ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့။
  • 20
  • 21 သင် ဆင့် ဆို ရ ဦး မည် မှာ၊ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ အ မျို သား တို့ ကို၊ အ ဘက် ဘက် က စု သိမ်း လျက်၊ သွား နေ ရာ လူ မျိုး ခြား တို့ မှ ထုတ် ဆောင်၍၊ နေ ရင်း ပြည် သို့ ပို့ သွင်း ပြီး လျှင်၊
  • 22 လူ နှစ် မျိုး၊ နိုင် ငံ နှစ် နိုင် ငံ၊ နောင် မ ကွဲ ရ ဘဲ၊ ဣ သ ရေ လ ပြည် တော် ရှိ တောင် တန်း ပေါ် တွင်၊ ဘု ရင် တစ် ပါး တည်း အုပ် စိုး သော တစ် မျိုး တည်း ဖြစ် စေ မည်။
  • 23 ရုပ် ပွား ကိုး ကွယ် မှု၊ စက် ဆုပ် ဖွယ် မှု၊ လွန် ကျူး မှု များ ကြောင့်၊ နောင် ညစ် ညူး ရာ မ ရောက် သော ထို သူ တို့ ကို၊ ပြစ် မှားဖောက် ပြန် မှု အ မျိုး မျိုး မှ ငါ ကယ် တင်၍ စင် ကြယ် စေ သ ဖြင့်၊ ထို သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘုရား သ ခင် ဖြစ် လိမ့် မည်။
  • 24 ကျွန် တော် ရင်း ဒါ ဝိဒ် မင်း အုပ် စိုး ခြင်း ကို ခံ လျက်၊ အ ထိန်း အ ကျောင်း တစ် ဦး တည်း အောက် နေ သော ထို သူ တို့ သည်၊ ငါ ဆုံး ဖြတ် ချက် များ အ တိုင်း လိုက် လျှောက် လျက်၊ ထုံး ဖွဲ့ ချက် များ ကို စောင့် ထိန်း လိုက် နာ ကြ ရာ၊
  • 25 ကျွန် တော် ရင်း ယာ ကုပ် အား ငါ ပေး သည့် အ တိုင်း၊ ဘိုး ဘေး တို့ နေ ထိုင် ခဲ့ သော ပြည် တွင်၊ သား၊ မြေး၊ မြစ် အ ဆက် ဆက် နေ ထိုင် ကြ မည့် ပြင်၊ ကျွန် တော် ရင်း ဒါ ဝိဒ် သည် အ စဉ် မ ပြတ် အုပ် စိုး မည်။
  • 26 ငါ သည် ထာ ဝ ရ ပ ဋိ ညာဉ် အ ဖြစ် မ ဟာ မိတ် ပ ဋိ ညာဉ် ကို ဖွဲ့ လျက်၊ နေ ရာ ပေး၍ တိုး ပွား စေ ပြီး လျှင်၊ သူ တို့ ဘောင် တွင်၊ အ မျိုး အ ဆက် ဆက် သန့် ရှင်း ရာ ဌာ န တော် ကို တည် မည့် အ တိုင်း၊
  • 27 စံ ရာ တော် ပါ ရှိ သော ထို သူ တို့ သည် ငါ့ လူ မျိုး၊ ငါ လည်း သူ တို့ ဘု ရား သ ခင် ဖြစ် လိမ့် မည်။
  • 28 သူ တို့ ဘောင် တွင်၊ အ မျိုး အ ဆက် ဆက် သန့် ရှင်း ရာ ဌာ န တည် နေ သည့် အ တိုင်း၊ ဣ သ ရေ လ အ မျိုး သား တို့ ကို သီး သန့် ထား သော ထာ ဝ ရ ဘု ရား ငါ ဖြစ် သည် ကို၊ လူ မျိုး ခြား တို့ သိ ရ ကြ လ တ္တံ့ ဟု၊ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ ၍ တည်း။
回到本卷目录 回到本版本目录 回到首页