1
တစ် ဖန်၊ ငါ တို့ သိမ်း သွား ခံ ရ သော နှစ် ဆယ့် ငါး နှစ်၊ မြို့ တော် ပေါက် သော တစ် ဆယ့် လေး နှစ်၊ နှစ် ဦး လ ဆယ် ရက် တွင် ပင်၊ ငါ့ အ ပေါ်၌ ထာ ဝ ရ ဘု ရား၏ လက် တော် တည် လျက် ရှိ ရာ၊ မြို့ တော် သို့ ငါ့ ကို ဆောင် ကြွ တော် မူ ၏။
2
ဘု ရား သ ခင့် ဆိုင် ရာ ရူ ပါ ရုံ၌၊ ဣ သ ရေ လ ပြည် သို့ ငါ့ ကို ဆောင် ကြွ၍၊ အ လွန် မြင့် သော တောင် ထိပ် ပေါ် တွင်၊ ချ ထား ပြီး လျှင်၊ တောင် မျက် နှာ၌ တည် ပြီး၊ မြို့ သဏ္ဌာန် ရှိ ရာ သို့ ချဉ်း ကပ် စေ တော် မူ သော်၊
3
မြို့ တံ ခါး ဝ၌ ရပ် လျက်၊ တာ ဝါး နှင့် ပိတ် ကြိုး ကို ကိုင် စွဲ သော၊ ကြေး အ ဆင်း ရှိ သူ တစ် ပါး ကို ငါ မြင် ရာ၊
4
အ ချင်း လူ့ သား၊ ဤ အ ချင်း အ ရာ များ ကို ငါ ဖော် ပြ ရန်၊ အ ပို့ အ ဆောင် ကို သင် ခံ ရ သည့် အ လျောက်၊ မျက် စိ နှင့် ရှု ကြည့် လျက်၊ နား နှင့် နာ ခံ လျက်၊ ငါ ဖော် ပြ သ မျှ ကို၊ နှ လုံး သွင်း ပြီး လျှင်၊ မြင် သ မျှ အ တိုင်း၊ ဣ သ ရေ လ အ မျိုး သား တို့ အား၊ ပြန် ကြား လော့ ဟု မှာ လေ ၏။
5
ဗိ မာန် တော် အ ပြင် ပတ် လည်၌၊ တံ တိုင်း ရိုး ရှိ သ ဖြင့်၊ သံ တောင် ခြောက် တောင် ရှည် လျား သော တာ ဝါး ကို၊ ကိုင် စွဲ သော ထို သူ သည်၊ တံ တိုင်း ရိုး ထု အ မြင့် ကို၊ တာ တစ် ဝါး စီ တိုင်း ပြီး လျှင်၊
6
အ ရှေ့ တံ ခါး ဝ သို့ သွား ရောက်၍၊ ဆိုင် ရာ လှေ ကား ကို တက် သော်၊ တံ ခါး ခုံ ထု ကို တာ တစ် ဝါး တိုင်း ၏။
7
ကင်း တဲ တိုင်း အ နံ အ လျား ကား၊ တာ တစ် ဝါး စီ၊ ကင်း တဲ များ ကြား တွင် ငါး တောင် စီ၊ ဗိ မာန် တော် ရင် ဆိုင် တံ ခါး မုတ် ဆောင်၏ တံ ခါး ခုံ အ လျား တာ တစ် ဝါး ရှိ ၏။
8
9
ဗိ မာန် တော် ရင် ဆိုင် တံ ခါး မုတ် ဆောင် ကို ရှစ် တောင်၊ တံ ခါး တိုင် နံ ရံ ကို နှစ် တောင် တိုင်း ၏။
10
အ ရှေ့ တံ ခါး ဝ ဝဲ ယာ၌၊ အ တိုင်း အ တာ ညီ မျှ သော ကင်း တဲ၊ သုံး ခန်း စီ ရှိ၏။ ဝဲ ယာ၌ တံ ခါး တိုင် နံ ရံ လည်း ညီ မျှ ၏။
11
တံ ခါး ဝ အ နံ ကို ဆယ် တောင်၊ တံ ခါး အ ကျယ် ကို ဆယ့် သုံး တောင် တိုင်း ၏။
12
ဝဲ ယာ ရှိ သော ကင်း တဲ မျက် နှာ စာ တွင်၊ တစ် တောင် ကျယ် သော ပုံ နား ကွယ် ရှိ၏။ ဝဲ ယာ ရှိ သော ကင်း တဲ များ လည်း ခြောက် တောင် စီ တည်း။
13
ကင်း တဲ ပြင် ပေါက်၊ အ မိုး တစ် ဘက် မြိတ် မှ တစ် ဘက် မြိတ် ရောက် တံ ခါး အ နံ ကို၊ နှစ် ဆယ့် ငါး တောင် တိုင်း ၏။
14
တံ ခါး မုတ် ဆောင် ပတ် လည်၌၊ အ ပြင် တံ တိုင်း ရှိ လျက်၊ မုတ် ဆောင် ကို အ တောင် နှစ် ဆယ် တိုင်း၏။
15
အ ပြင် တံ ခါး ပေါက် မှ အ တွင်း တံ ခါး မုတ် ဆောင် ဝ အ ထိ၊ အ တောင် ငါး ဆယ် တည်း။
16
ပတ် လည် ရှိ သော ကင်း တဲ များ၊ တံ ခါး နံ ရံ များ နှင့်၊ မုတ် ဆောင်၌ အ ပြင် အ တွင်း ရာ ဇ မတ် ပေါက် များ ရှိ၏။ တံ ခါး တိုင် နံ ရံ များ၌ လည်း၊ စွန် ပ လွံ ပင် ပုံ ထု ပြီး ရှိ၏။
17
ထို့ နောက်၊ အ ပြင် တံ တိုင်း သို့ ငါ့ ကို ခေါ် သွား သော်၊ တံ တိုင်း တွင်း ပတ် လည် ခင်း ပြီး ကျောက် သ မံ တ လင်း ပေါ်၌၊ လှိုင် ပေါင်း သုံး ဆယ် ရှိ ၏။
18
တံ ခါး များ ကြား တွင်၊ ခင်း ပြီး သော ထို အောက် သ မံ တ လင်း သည်၊ တံ ခါး အ လျား နှင့် အ မျှ ကျယ် ၏။
19
အောက် တံ ခါး အ တွင်း ပေါက် မှ၊ အ တွင်း တံ တိုင်း ရောက်၊ အ ရှေ့ မျက် နှာ၊ မြောက် မျက် နှာ ကို၊ အ တောင် တစ် ရာ စီ တိုင်း ၏။
20
အ ပြင် တံ တိုင်း မြောက် တံ ခါး၊ အ နံ အ လျား ကို လည်း တိုင်း သော်၊
21
ဝဲ ယာ၌ ကင်း တဲ သုံး ခန်း စီ၊ တံ ခါး နံ ရံ များ နှင့် မုတ် ဆောင် ပါ၊ တိုင်း ပြီး တံ ခါး နှင့် အ မျှ အ လျား အ တောင် ငါး ဆယ်၊ အ နံ နှစ် ဆယ့် ငါး တောင် ရှိ လျက်၊
22
လေ သာ ပေါက် မုတ် ဆောင် နှင့် စွန် ပ လွံ ပင် ပုံ များ သည်၊ အ ရှေ့ တံ ခါး ပ မာ ဏ အ လိုက် ဖြစ်၏။ လှေ ကား ခုနစ် ထစ် ဖြင့် တက် ရ သော မုတ် ဆောင် သည်၊ ကျော ဘက် ရှိ၏။
23
မြောက် ဘက်၊ အ ရှေ့ ဘက်၌ အ တွင်း တံ တိုင်း တံ ခါး များ နှင့်၊ အ ပြင် တံ ခါး များ သည်၊ မျက် နှာ ချင်း ဆိုင် ဖြစ် လျက်၊ တစ် တံ ခါး မှ တစ် တံ ခါး သို့ အ တောင် တစ် ရာ တိုင်း ၏။
24
တောင် မျက် နှာ သို့ ငါ့ ကို ခေါ် ဆောင် သော်၊ တောင် တံ ခါး ဆိုင် ရာ မုတ် ဆောင် နှင့် တံ ခါး နံ ရံ များ ကို၊ ထို ပ မာ ဏ အ လိုက် တိုင်း၏။
25
တံ ခါး မုတ် ဆောင် ပတ် လည် ရှိ လေ သာ ပေါက် များ သည်၊ အ ထက် လေ သာ ပေါက် များ နှင့် တူ ၏။ တံ ခါး အ လျား အ တောင် ငါး ဆယ်၊ အ နံ နှစ် ဆယ့် ငါး တောင် တည်း။
26
လှေ ကား ခု နစ် ထစ် ဖြင့် တက် ရ သော မုတ် ဆောင် သည်၊ ကျော ဘက် ရှိ လျက်၊ ဝဲ ယာ ရှိ တံ ခါး တိုင် နံ ရံ များ၌၊ စွန် ပ လွံ ပင် တစ် ပုံ စီ ထု ပြီး ရှိ ၏။
27
အ တွင်း တံ တိုင်း ရှိ တောင် ဘက် တံ ခါး သို့၊ အ ပြင် တံ ခါး မှ အ တောင် တစ် ရာ တိုင်း ၏။
28
ထို့ နောက် တောင် တံ ခါး ဖြင့်၊ အ တွင်း တံ တိုင်း သို့၊ ငါ့ ကို ခေါ် သွား သော် တောင် တံ ခါး ကို၊
29
မုတ် ဆောင် ကင်း တဲ များ၊ တံ ခါး နံ ရံ များ ပါ၊ အ ထက် ပ မာ ဏ အ လိုက် တိုင်း ၏။ တံ ခါး နှင့် မုတ် ဆောင် ပတ် လည် တွင်၊ လေ သာ ပေါက် များ ရှိ၏။ တံ ခါး အ လျား အ တောင် ငါး ဆယ်၊ အ နံ နှစ် ဆယ့် ငါး တောင် တည်း။
30
ပတ် လည်၌ လည်း အ လျား နှစ် ဆယ့် ငါး တောင်၊ အ နံ ငါး တောင် ကျယ် မုတ် ဆောင် များ ရှိ၏။
31
တံ ခါး တိုင် နံ ရံ များ၌၊ စွန် ပ လွံ ပင် ပုံ ထု ပြီး ရှိ လျက်၊ လှေ ကား ရှစ် ထစ် ဖြင့် တက် ရ သော ထို မုတ် ဆောင် သည်၊ အ ပြင် တံ တိုင်း သို့၊ မျက် နှာ မူ ၏။
32
အ ရှေ့ ဘက် အ တွင်း တံ တိုင်း သို့ ငါ့ ကို ခေါ် သွား သော တံ ခါး ကို၊
33
မုတ် ဆောင် ကင်း တဲ များ၊ တံ ခါး နံ ရံ များ ပါ၊ အ ထက် ပ မာ ဏ အ လိုက် တိုင်း၏။ တံ ခါး နှင့် မုတ် ဆောင် ပတ် လည် တွင်၊ လေ သာ ပေါက် များ ရှိ၏။ တံ ခါး အ လျား အ တောင် ငါး ဆယ်၊ အ နံ နှစ် ဆယ့် ငါး တောင် တည်း။
34
ဝဲ ယာ ရှိ တံ ခါး တိုင် နံ ရံ များ၌၊ စွန် ပ လွံ ပင် ပုံ ထု ပြီး ရှိ လျက်၊ လှေ ကား ရှစ် ထစ် ဖြင့် တက် ရ သော ထို မုတ် ဆောင် သည်၊ အ ပြင် တံ တိုင်း သို့ မျက် နှာ မူ ၏။
35
မြောက် တံ ခါး သို့ ငါ့ ကို ခေါ် သွား သော်၊
36
မုတ် ဆောင်၊ ကင်း တဲ များ၊ တံ ခါး နံ ရံ များ ပါ၊ အ ထက် ပ မာ ဏ အ လိုက် တိုင်း၏။ တံ ခါး ပတ် လည် တွင် လေ သာ ပေါက် များ ရှိ၏။ တံ ခါး အ လျား အ တောင် ငါး ဆယ်၊ အ နံ နှစ် ဆယ့် ငါး တောင် တည်း။
37
ဝဲ ယာ ရှိ တံ ခါး တိုင် နံ ရံ များ၌၊ စွန် ပ လွံ ပင် ပုံ ထု ပြီး ရှိ လျက်၊ လှေ ကား ရှစ် ထစ် ဖြင့်၊ တက် ရ သော ထို မုတ် ဆောင် သည်၊ အ ပြင် တံ တိုင်း သို့ မျက် နှာ မူ၏။
38
တံ ခါး တိုင် နံ ရံ များ အ နီး၌၊ မီး ရှို့ ရာ သ က္ကာ ကို ဆေး ကြော ရန်၊ တံ ခါး ပေါက် နှင့် တ ကွ အ ခန်း ရှိ၏။
39
တံ ခါး မုတ် ဆောင် အ တွင်း ဝဲ ရာ၌၊ မီး ရှို့ ရာ သ က္ကာ၊ အ ပြစ် ဖြေ ရာ သ က္ကာ၊ ပြစ် ဒဏ် ပြေ ရာ သ က္ကာ များ ကို၊ စီ ရင် ရန် ခုံ နှစ် ခု စီ၊
40
မြောက် တံ ခါး ဝ သို့ ရောက် သော်၊ တံ ခါး မုတ် ဆောင် အ ပြင် ဝဲ ယာ၌ လည်း ခုံ နှစ် ခု စီ၊ တံ ခါး ဝဲ ယာ၌ ခုံ လေး ခု စီ ရှိ ၏။
41
စီ ရင် ရန် ခုံ ပေါင်း ရှစ် ခု တည်း။
42
၎င်း ပြင်၊ မီး ရှို့ ရာ သ က္ကာ မှ စ၍၊ သ က္ကာ အ မျိုး မျိုး ကို စီ ရင် သော၊ ကိ ရိ ယာ များ တင် ထား ရန်၊ အ လျား တစ် တောင့် ထွာ၊ အ နံ တစ် တောင့် ထွာ၊ အ မြင့် တစ် တောင် ရှိ၊ ဆစ် ပြီး ကျောက် ခုံ လေး ခု ရှိ ၏။
43
အ လှူ ဝ တ္ထု အ သား ကို၊ တင် ထား ရာ ခုံ များ ပတ် လည် ၌၊ ဗျက် လက် တစ် ဝါး အ ကာ တပ် လျက် ရှိ၏။
44
အ တွင်း တံ တိုင်း တွင်၊ မြောက် တံ ခါး အ နီး တောင် ဘက် သို့ မျက် နှာ မူ သော တစ် လှိုင်၊ တောင် တံ ခါး အ နီး မြောက် ဘက် ဘို့ မျက် နှာ မူ သော တစ် လှိုင်၊ ဤ နှစ် လှိုင် ကို ပြ သော်၊ တောင် ဘက် သို့ မျက် နှာ မူ သော လှိုင် ကား၊
45
ဗိ မာန် တော် ကို စောင့် ရှောက် သူ ပ ရော ဟိတ် တို့ အ ဖို့၊ မြောက် ဘက် သို့ မျက် နှာ မူ သော လှိုင် ကား၊
46
အ မှု တော် ကို ဆောင် ရွက် ရန် လေ ဝိ ဂိုဏ်း သား တို့ အ နက်၊ ထာ ဝ ရ ဘု ရား ထံ ချဉ်း ကပ် ရ သူ၊ ပူ ဇော် ရာ ပလ္လင် တော် ကို၊ စောင့် ရှောက် သော ဇာ ဒုတ် အ နွယ် သား ပ ရော ဟိတ် တို့ အ ဖို့၊ ဖြစ် သည် ဟု ဆို၏။
47
အ လျား ကို အ တောင် တစ် ရာ၊ အ နံ ကို အ တောင် တစ် ရာ တိုင်း သည့် အ လျောက်၊ စ တု ရန်း ဖြစ် သော၊ ထို တံ တိုင်း အ တွင်း၊ ဗိ မာန် တော် ဦး၌၊ ပူ ဇော် ရာ ပ လ္လင် တော် ရှိ ၏။
48
ထို နောက် ဗိ မာန် တော် မုတ် ဆောင် သို့၊ ငါ့ ကို ခေါ် သွား သော်၊ မုတ် ဆောင် ဝဲ ယာ ရှိ တံ ခါး တိုင် နံ ရံ ကို၊ ထု ငါး တောင်၊ အ နံ သုံး တောင် စီ တိုင်း ၏။
49
မုတ် ဆောင် အ လျား အ တောင် နှစ် ဆယ်၊ အ နံ ဆယ့် တစ် တောင် တည်း။ လှေ ကား ဆယ် ထစ် ဖြင့် တက် ရ သော၊ တံခါး တိုင် နံ ရံ ဝဲ ယာ၌၊ တိုင် ထူး တစ် တိုင် စီ ရှိ ၏။