1
တစ် ဖန်၊ ငါ သို့ ရောက် လာ သော ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
2
ဘိုး ဘေး တို့ သည်၊ ချဉ် သော စ ပျစ် သီး ကို သုံး ဆောင် ခြင်း ကြောင့်၊ သား မြေး တို့ သွား ကျိန်း ခံ ရ ကြ သည် ဟူ သော စ ကား ပုံ ကို၊ ဣ သ ရေ လ ပြည်၌ အ ဘယ့် ကြောင့် သုံး ကြ သ နည်း။
3
အ သက် တော် ကို တိုင် တည် ၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို စ ကား ပုံ ကို ဣ သ ရေ လ ပြည် တွင် သုံး ရ တော့ မည် မ ဟုတ်။
4
လူ ဟူ သ မျှ သည် ငါ ပိုင် ဖြစ်၏။ အ ဘ ဖြစ် သူ ကို ငါ ပိုင် သည့် နည်း တူ၊ သား ဖြစ် သူ့ ကို လည်း ပိုင်၏။ ပြစ် မှား သူ သာ လျှင် သေ ဒဏ် ခံ ရ လ တ္တံ့။
5
အ ကြင် သူ သည် ဖြောင့် မတ် လျက်၊ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် သူ ဖြစ် ၍၊
6
ဣ သ ရေ လ အ မျိုး သား တို့ ရှိ ခိုး သော ရုပ် ပွား များ ကို ဖူး မြင် လျက် တောင် များ ပေါ် တွင် စား သောက် ခြင်း၊ သူ့ မ ယား ကို ရှုတ် ချ ခြင်း၊ ရာ သီ ရောက် သော မိန်း မ နှင့် ဆက် ဆံ ခြင်း၊
7
အ တိုး အ မြတ် စား ခြင်း များ နှင့် ကင်း လျက်၊ မည် သူ့ ကို မျှ မ နှိပ် စက် ဘဲ၊ အ ပေါင် ခံ ပ စ္စည်း ကို ပြန် ပေး ခြင်း၊ မည် သူ့ ကို မျှ မ လု ယက် ဘဲ၊ မွတ် သိပ် သူ့ အား အ စာ ကျွေး လျက်၊ အ ဝတ် မဲ့ သူ အား စောင် ခြုံ ခြင်း၊ အ ဓ မ္မ မှု ကို လက် ချုပ် တည်း ခြင်း၊ လူ အ ချင်း ချင်း၌ သ မ္မာ တ ရား အ တိုင်း ဆုံး ဖြတ် ခြင်း၊
8
9
သ စ္စာ စောင့်၍၊ ထုံး ဖွဲ့ တော် မူ ချက် များ အ ရ လိုက် လျှောက် လျက်၊ ဆုံး ဖြတ် တော် မူ သ မျှ စောင့် ထိန်း ခြင်း များ ကို ပြု အံ့၊ ထို သူ သည်၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ဖြောင့် မတ်၍ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။
10
အ ကယ်၍ သူ ရ သော သား သည်၊ ထို သို့ အ လိုက် မည် သည့် အ ရာ ကို မ ပြု ကျင့် ဘဲ၊ သူ ခိုး၊ သူ သတ် ဖြစ် လျက်၊
11
တောင် များ ပေါ် တွင် စား သောက် ခြင်း၊ သူ့ မ ယား ကို ရှုတ် ချ ခြင်း၊
12
အ ပေါင် ခံ ပ စ္စည်း ကို ပြန် မ ပေး ဘဲ၊ ဆင်း ရဲ နွမ်း ပါး သူ့ အား နှိပ် စက် လျက် လု ယက် ခြင်း၊ ရုပ် ပွား များ အား ဖူး မြင် ခြင်း၊ ရွံ ရှာ ဖွယ် အ မှု ကို ကျင့် ခြင်း၊
13
အ တိုး အ မြတ် စား ခြင်း တစ် ခု ခု ကို ပြု လျှင်၊ အ သက် ချမ်း သာ ရ မည် လော။ မ ရ ချေ။ ထို ရွံ ရှာ ဖွယ် မှု အ ပေါင်း ကို ပြု ကျင့် သ ဖြင့်၊ မု ချ သေ ဒဏ် ခံ ရ မည်။ ချင်း အ သွေး သည်၊ ချင်း အ ပေါ်၌ တည် ရ လ တ္တံ့။
14
အ ကယ်၍ သူ ရ သော သား သည်၊ အ ဖ ပြု သော ပြစ် မှု များ ကို သိ မြင်၍ ကြောက် ရွံ့ သ ဖြင့်၊ အ ဖ အ လိုက်၊
15
ဣ သ ရေ လ အ မျိုး သား တို့ ရှိ ခိုး သော ရုပ် ပွား များ ကို ဖူး မြင် လျက် တောင် များ ပေါ် တွင် စား သောက် ခြင်း၊ သူ့ မ ယား ကို ရှုတ် ချ ခြင်း၊
16
မည် သူ့ ကို မျှ နှိပ် စက် ခြင်း၊ အ ပေါင် ခံ ခြင်း၊ လု ယက် ခြင်း၊ အ တိုး အ မြတ် စား ခြင်း၊ ဆင်း ရဲ သူ့ အား လက် ဖိ ခြင်း များ ကို မ ပြု ဘဲ၊ မွတ် သိပ် သူ့ အား အ စာ ကျွေး လျက် အ ဝတ် မဲ့ သူ့ အား စောင် ခြုံ ခြင်း၊ ဆုံး ဖြတ် တော် မူ ချက် များ ကို ပြု ကျင့် လျက် ထုံး ဖွဲ့ တော် မူ ချက် များ အ တိုင်း လိုက် လျှောက် ခြင်း များ ကို ပြု လျှင်၊ အ ဖ၏ ဒု စ ရိုက် အ တွက်၊ သေ ဒဏ် မ ခံ ရ၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။
17
18
အ ဖ မှာ မူ၊ ဆွေ မျိုး သား ချင်း ကို၊ နှိပ် စက် ညှဉ်း ပန်း လု ယက် ယူ ငင် လျက်၊ ကိုယ့် လူ့ ဘောင် တွင် မ ကောင်း မှု ကို ပြု ကျင့် သည့် အ တွက်၊ ကိုယ့် ဒု စ ရိုက် ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။
19
သင် တို့ က၊ သား သည် အ ဘ၏ ဒု စ ရိုက် ဝန် ကို၊ အ ဘယ့် ကြောင့် မ ထမ်း ရ သ နည်း ဟု ဆို လေ့ ရှိ ကြ သည် တ ကား။ သား သည် တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျက်၊ ထုံး ဖွဲ့ တော် မူ ချက် ဟူ သ မျှ ကို စောင့် ရှောက် ပြု ကျင့် ခဲ့ လျှင်၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။
20
ပြစ် မှား သူ သာ လျှင် သေ ဒဏ် ခံ ရ မည်။ သား သည် အ ဖ ၏ ဒု စ ရိုက် ဝန် ကို သော် လည်း ကောင်း၊ အ ဖ သည် သား ၏ ဒု စ ရိုက် ဝန် ကို သော် လည်း ကောင်း၊ မ ထမ်း ရ၊ ဖြောင့် မတ် သူ ၏ ဖြောင့် မတ် ခြင်း သည် ကိုယ့် အ ပေါ်၌ လည်း ကောင်း၊ ဆိုး သွမ်း သူ၏ ဆိုး သွမ်း ခြင်း သည် ကိုယ့် အ ပေါ်၌ လည်း ကောင်း၊ တည် ရ လ တ္တံ့။
21
လူ ဆိုး သည်၊ ပြု ဖူး သ မျှ သော ပြစ် မှု များ မှ ကြဉ် ရှောင် လျက်၊ ထုံး ဖွဲ့ တော် မူ ချက် အ လုံး စုံ ကို စောင့် ရှောက် ၍၊ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျှင်၊ သေ ဒဏ် မ ခံ ရ၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။
22
ပြု ဖူး သော လွန် ကျူး မှု များ ကို၊ အ လျှင်း အ ရေး ယူ တော် မ မူ ဘဲ၊ ပြု ကျင့် သော ဖြောင့် မတ် ခြင်း ကြောင့်၊ အ သက် ချမ်း သာ ရ လ တ္တံ့။
23
လူ ဆိုး သေ ဒဏ် ခံ ရ သည် ကို ငါ နှစ် သက် သ လော။ ကိုယ့် အ လေ့ အ လာ မှ ကြဉ် ရှောင်၍၊ အ သက် ချမ်း သာ ရ သည် ကို နှစ် သက် သည် မ ဟုတ် လော ဟု၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မေး ၏။
24
တစ် နည်း၊ ဖြောင့် မတ် သူ သည်၊ ကိုယ့် ဖြောင့် မတ် ခြင်း မှ ဖောက် ပြန်၍၊ လူ ဆိုး ပြု သ မျှ သော ရွံ ရှာ ဖွယ် မှု များ အ လိုက်၊ မ တ ရား မှု ကို ပြု ကျင့် လျှင်၊ အ သက် ချမ်း သာ ရ မည် လော၊ ပြု ဖူး သော ဖြောင့် မတ် မှု များ ကို၊ အ လျှင်း အ ရေး ယူ တော် မ မူ ဘဲ၊ သ စ္စာ တော် ကို ဖောက် ကျော် ၍ ပြစ် မှား သော ပြစ် မှု ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။
25
သင် တို့ က၊ အ ရှင် ဘု ရား ၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု၊ ဆို လေ့ ရှိ ကြ သည် တ ကား၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ နာ ခံ ကြ ဦး၊ သင် တို့ အ လေ့ အ လာ သာ မ ဖြောင့်၊ ငါ့ တ ရား နည်း လမ်း ဖြောင့် သည် မ ဟုတ် လော၊
26
ဖြောင့် မတ် သူ သည်၊ ကိုယ့် ဖြောင့် မတ် ခြင်း မှ ဖောက် ပြန် လျက်၊ မ တ ရား မှု ကို ပြု ကျင့် လျှင်၊ သေ ဒဏ် ခံ ရ မည်။ ပြု ကျင့် သော မ တ ရား မှု ကြောင့် သေ ဒဏ် ခံ ရ လ တ္တံ့။
27
တစ် နည်း၊ လူ ဆိုး သည်၊ ပြု ဖူး သော ဆိုး သွမ်း မှု မှ ကြဉ် ရှောင် လျက်၊ တ ရား သ ဖြင့် ဖြောင့် မတ် စွာ ဆောင် ရွက် လျှင်၊ ကိုယ် ကို အ သက် ချမ်း သာ ရ စေ မည်။
28
ပြု ဖူး သော လွန် ကျူး မှု များ ကို စဉ်း စား လျက် ကြဉ် ရှောင် သ ဖြင့်၊ သေ ဒဏ် မ ခံ ရ၊ မု ချ အ သက် ချမ်း သာ ရ လ တ္တံ့။
29
ဣ သ ရေ လ အ မျိုး သား တို့ က၊ အ ရှင် ဘု ရား၏ တ ရား နည်း လမ်း တော် မ ဖြောင့် ဟု၊ ဆို လေ့ ရှိ ကြ သည် တ ကား၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ သင် တို့ အ လေ့ အ လာ သာ မ ဖြောင့်၊ ငါ့ တ ရား နည်း လမ်း ဖြောင့် သည် မ ဟုတ် လော၊
30
သို့ ဖြစ် ၍၊ အို ဣ သ ရေ လ အ မျိုး သား တို့၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ အ သီး အ သီး အ လေ့ အ လာ အ လိုက်၊ သင် တို့ ကို ငါ တ ရား စီ ရင် မည်။ ဒု စ ရိုက် ဆိုင် ရာ ခ လုတ် မ ဖြစ် စေ ခြင်း ငှာ၊ လွန် ကျူး မှု ရှိ သမျှ မှ ကြဉ် ရှောင် လျက် ပြန် လာ ကြ လော့။
31
အို ဣ သ ရေ လ အ မျိုး သား တို့၊ သေ ဒဏ် ကို အ ဘယ့် ကြောင့် ခံ ကြ မည် နည်း၊ ပြု ဖူး သ မျှ သော လွန် ကျူး မှု များ ကို စွန့် ပစ် လျက်၊ စိတ် သ ဘော၊ စိတ် ဝိ ညာဉ် အ သစ် ကို ပြု ပြင် ကြ လော့။
32
ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငါ သည် သေ ဒဏ် ခံ ရ သူ ၏ သေ ခြင်း ကို မ နှစ် သက် ချေ။ သို့ ဖြစ်၍၊ ပြန် လာ လျက် အ သက် ချမ်း သာ ကို ခံ စား ကြ လော့။