1
သင် က လည်း၊ ဣ သ ရေ လ မင်း တို့ နှင့် ဆိုင် ရာ ငို ချင်း ကို ဖွဲ့ ဆို ရ မည် မှာ၊
2
သင့် မယ် တော် ကား၊ ခြင်္သေ့ တို့ ကြား တွင် ဝပ် လျက်၊ ခြင်္သေ့ ပျို တို့ ဘောင် တွင်၊ သား ငယ် များ ကို မွေး မြူ သော ခြင်္သေ့ မ ဖြစ် လှ လေ စွ။
3
မွေး မြူ သော သား ငယ် တစ် ကောင် သည်၊ ခြင်္သေ့ ပျို အ ရွယ် ရောက် သော်၊ အ မဲ လိုက် တတ် သည့် ပြင်၊ လူ တို့ ကို ကိုက် စား လေ့ ရှိ သည် ကို၊
4
သ တင်း ကြား သော လူ မျိုး ခြား တို့ သည်၊ တွင်း ကျ ထောင် ဖမ်း ပြီး လျှင်၊ နှာ ဖား ကြိုး ထိုး လျက် အိ ဂျစ် ပြည် သို့ ဆွဲ ငင် ကြ ၏။
5
ခြင်္သေ့ မ သည်၊ စောင့် မြော် ရာ အ ကြောင်း နှောင့် နှေး ပျက် စီး သည် ကို သိ မြင် သ ဖြင့်၊ သား ငယ် တစ် ကောင် ကို ရွေး ကောက် လျက်၊
6
ခြင်္သေ့ ပျို အ ရွယ် ရောက် မွေး မြူ၍၊ ခြင်္သေ့ တို့ အ လယ် တွင် သွား လာ လျက် ခြင်္သေ့ ပျို အ ရွယ် ရောက် သော ထို သား ငယ် လည်း၊ အ မဲ လိုက် တတ် သည့် ပြင်၊ လူ တို့ ကို ကိုက် စား ခြင်း၊
7
ဘုံ ဗိ မာန် များ ကို သိ ကျွမ်း ၍၊ မြို့ ရွာ များ ကို ဖျက် ဆီး ခြင်း ပြု လျက်၊ ဟိန်း ဟောက် သံ ကြောင့်၊ နေ ပြည် နှင့် ရှိ ရှိ သ မျှ ပါ၊ ဆိတ် ညံ ရာ ရောက် ၏။
8
ထို အ ခါ၊ ပတ် ဝန်း ကျင် ပြည် နယ် ရှိ လူ မျိုး ခြား တို့ သည် လိုက် လံ၍၊ ပိုက် ကွန် ဖြန့် ချ လျက် တွင်း ကျ ထောင် ဖမ်း သော ထို ခြင်္သေ့ ကို လည်း၊
9
နှာ ဖား ကြိုး ထိုး လျက် ချိုင့် လှောင်၍၊ ဗာ ဗု လုန် ဘု ရင် ထံ ယူ သွား ကြ၏။ ဣ သ ရေ လ ခင် တန်း၌၊ နောင် ဟိန်း ဟောက် သံ မ ကြား ရ အံ့ သော ငှာ၊ လှောင် အိမ် များ အ တွင်း သွင်း ထား ကြ လေ စွ။
10
တစ် နည်း၊ မယ် တော် သည်၊ ရေ အ နီး၌ စိုက် ပျိုး သော၊ သင့် သွေး သား တူ စ ပျစ် ပင် သ ဖွယ်၊ ရေ များ သည့် အ တွက် အ သီး နှင့် အ ခက် အ လက် များ စည် ကား လျက် ရှိ ရာ၊
11
မြောက် မြား သော အ ခက် အ လက် အ ထက်၊ မိုး သား ကို မီ ၍ ရှည် လျား ခိုင် ခံ့ သော အ ကိုင်း များ သည်၊ ရာ ဇ လှံ တံ များ အ ဖြစ် ထင် ရှား သော် လည်း၊
12
ဒေါ သ ဖြင့် ဆွဲ နုတ် ခြင်း မြေ အ ထိ ဖြတ် လှဲ ခြင်း၊ အ ရှေ့ လေ ဖြင့် အ သီး ခြောက် ခြင်း များ ကို ခံ ရာ၊ ခိုင် ခံ သော အ ကိုင်း များ လည်း၊ ကျိုး ပြတ် သွေ့ ခြောက်၍ လောင် စာ ဖြစ် လေ စွ။
13
ယ ခု မှာ ပင်၊ ရေ ခေါင် လျက် သွေ့ ခြောက် ရာ တော အ ရပ် တွင်၊ ရွှေ့ စိုက် ခံ နေ ရ သည့် ပြင်၊ အ သီး ကို ကျွမ်း လောင် သော မီး သည်၊
14
အ ခက် အ လက် နှင့် အ ကိုင်း များ မှ ပေါ် ထွက် သ ဖြင့်၊ ရာ ဇ လှံ တံ အ ဖြစ် ခိုင် ခံ့ သော အ ကိုင်း တစ် လက် မျှ မ ရှိ ချေ ဟု ဖွဲ့ ဆို လော့။ ဤ အ ချက် သည်၊ ဖွဲ့ ဆို ရန် ငို ချင်း ချက် ဖြစ် သည် ဟူ၍ တည်း။