1
လူ မျိုး ခြား တို့ နှင့် စပ် လျဉ်း ၍၊ ပ ရော ဖက် ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကို ရေး ဦး အံ့။
2
အိ ဂျစ် ပြည် အ ကြောင်း၊ ယော ရှိ မင်း သား တော်၊ ယု ဒ ဘု ရင် ယော ယ ကိမ် မင်း နန်း စံ လေး နှစ် တွင်၊ ဥ ဖ ရတ် မြစ် အ နီး၊ ကာ ခေ မိတ် မြို့၌ စွဲ ရပ် စဉ်၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း လုပ် ကြံ သော၊ အိ ဂျစ် ဘု ရင် ဖာ ရော နေ ခေါ မင်း ၏ အ လုံး အ ရင်း နှင့် စပ် လျဉ်း သည့် အ ချက် ကား၊
3
ဒိုင်း ရှည် ဒိုင်း ဝန်း များ ကို ခင်း ကျင်း ပြီး လျှင်၊ စစ် တက် ကြ လော့။
4
အို မြင်း ရဲ တို့၊ မြင်း များ ကို က ၍ တက် စီး ပြီး လျှင်၊ မောက် ရူ များ ကို ဆောင်း လျက် စွဲ ရပ် ကြ လော့။ လှံ များ ကို တိုက် လျက်၊ သံ ချပ် များ ကို ဝတ် ဆင် ကြ လော့။
5
ထို သူ ရဲ တို့ ပျက် ပြား ဆုတ် လန် ကြ သည် ကို၊ ငါ မြင် ရ သည် မှာ၊ အ သို့ နည်း။ သူ ရဲ ကောင်း တို့ ပင် ဖိ နင်း ခံ၍၊ မ လှည့် မ ကြည့် ဝံ့ ဘဲ ဆုတ် ပြေး ရ ကြ၏။ အ ဘက် ဘက် က ကြောက် လန့် ဖွယ် ဘေး သင့် ရောက် ပြီ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
6
ခြေ လျင် တို့ ပြေး သွား ခွင့်၊ သူ ရဲ ကောင်း တို့ ဘေး လွတ် ခွင့် မ ရ စေ လင့်။ ဥ ဖ ရတ် မြစ် အ နီး၊ မြောက် ပိုင်း ၌၊ ထိ ခိုက် ကျ ဆုံး ကြ လေ ပြီ တ ကား။
7
နိ လ မြစ် တက် သ ကဲ့ သို့ တက် ခြင်း၊ လက် ကြား ရေ ခတ် သ ကဲ့ သို့ ခတ် ခြင်း ကို ပြု သူ ကား၊ မည် သူ နည်း။
8
အိ ဂျစ် ဘု ရင် သည်၊ နိ လ မြစ် တက် သ ကဲ့ သို့ တက် ခြင်း ကို လည်း ကောင်း၊ လက် ကြား ရေ ခတ် သ ကဲ့ သို့ ခတ် ခြင်း ကို လည်း ကောင်း၊ ပြု လျက်၊ ငါ သည် ချီ တက်၍ မြေ တစ် ပြင် လုံး ကို လွှမ်း မိုး ရာ၊ မြို့ ရွာ များ ကို၊ နေ ထိုင် သူ တို့ ပါ၊ ဖျက် ဆီး မည် ဟု ကြိမ်း ဝါး သည် တ ကား။
9
အို မြင်း တပ် တို့၊ ချီ တက် ကြ လော့။ အို ရ ထား တပ် တို့၊ ကြိမ်း မောင်း ကြ လော့။ ဒိုင်း လွှား ကိုင် ကု ရှ နှင့် ဖု တ လူ မျိုး၊ လေး ကိုင် တင် တတ် သော လု ဒိမ် လူ မျိုး တို့၏ သူ ရဲ ကောင်း များ ကို ချီ ထွက် ကြ စေ။
10
သို့ ရာ တွင်၊ ထို နေ့ ရက် သည်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် ၏ နေ့ တော်၊ ရန် သူ တို့ အ ပေါ် တွင် လက် စား ချေ သော နေ့ တော် ဖြစ် သည့် အ လျောက်၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ဥ ဖ ရတ် မြစ် အ နီး၊ မြောက် ပြည် ၌၊ ယဇ် ပွဲ ကို ခံ တော် မူ သ ဖြင့်၊ ချင်း တို့ အ သွေး သည်၊ ယစ် ဝ မည့် ဓား စာ ဖြစ် လိမ့် မည်။
11
အို သ တို့ သ မီး က ညာ အိ ဂျစ်၊ ဂိ လဒ် ပြည် သို့ တက် သွား ၍ လိမ်း ဆေး ကို ယူ လော့။ ဆေး ဝါး များ ပြား သော် လည်း၊ ကု သ ၍ မ ရ၊ အ ချည်း နှီး ဖြစ် လေ စွ။
12
သူ ရဲ ကောင်း တို့ ပင် အ ချင်း ချင်း ထိ ခိုက် လျက်၊ နှစ် ဦး လုံး အ တူ ကျ ဆုံး ကြ သ ဖြင့်၊ လူ မျိုး ခြား တို့ သည်၊ သင်၏ အ ရှက် ရ သတင်း ကို ကြား သိ၍၊ မြေ တစ် ပြင် လုံး နှံ့၊ သင့် ဟစ် သံ နှင့် ပြည့် သည် ဟူ၍ တည်း။
13
ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ အိ ဂျစ် ပြည် ကို ချီ တက် လုပ် ကြံ မည့် အ ကြောင်း၊ ပ ရော ဖက် ယေ ရ မိ အား၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သော ဗျာ ဒိတ် တော် ကား၊
14
ပတ် ဝန်း ကျင် ရှိ ပြည် များ သည် ဓား စာ ဖြစ် သော ကြောင့်၊ ခင်း ကျင်း ၍ စွဲ ရပ် ကြ လော့ ဟု၊ အိ ဂျစ် ပြည် တွင် ကြော် ငြာ လျက်၊ မိ ဂ ဒေါ လ၊ နော ဖ၊ တာ ပ နက် မြို့ များ ၌ ကြား ပြော ကြ လော့။
15
စွမ်း ရည် ကောင်း သော သူ ရဲ တို့ သည်၊ အ ဘယ့် ကြောင့် လဲ ကျ ကြ သ နည်း။ ထာ ဝ ရ ဘု ရား တွန်း ချ တော် မူ သော ကြောင့်၊ မ ခံ မ ရပ် နိုင် ကြ ချေ။
16
တိုက် လဲ စေ တော် မူ သည့် အ တိုင်း၊ လူ အ များ တို့ သည်၊ တစ် ယောက် အ ပေါ် သို့ တစ် ယောက် ထပ် လျက်၊ ရက် စက် သော ဓား ဘေး အ တွက် ချက် သို ရာ ပြည်၊ ဆွေ မျိုး သား ချင်း တို့ ထံ၊ ထ ပြန် ကြ ကုန် အံ့ ဟူ ၍ လည်း ကောင်း၊
17
ထိုက် သင့် ရာ အ ခါ ကို လွန် စေ ပြီး သော အိ ဂျစ် ဘု ရင် ဖာ ရော မင်း သည်၊ ပြို ပျက် သံ မျှ သာ တ ကား ဟူ ၍ လည်း ကောင်း၊ ထို အ ရပ် ၌ ပင် ဟစ် အော် ကြ လိမ့် မည်။
18
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟု နာ မ ရှိ တော် မူ သော ဘု ရင် မင်း မြတ် က၊ တောင် များ အ နက် တာ ဗော် တောင် သ ဖွယ်၊ သမု ဒ္ဒ ရာ အ နီး က ရ မေ လ တောင် သ ဖွယ်၊ မင်း တစ် ပါး ချီ လာ မည် ဟု၊ အ သက် တော် ကို တိုင် တည် လျက်၊ ငါ မိန့် ဆို သည် နှင့် အ ညီ၊
19
အိ ဂျစ် ပြည်၌ နေ ထိုင် သော အို သ တို့ သ မီး၊ နော ဖ မြို့ တော် သည်၊ နေ သူ မဲ့ ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ဖြစ် အံ့ သော ကြောင့်၊ သိမ်း သွား ခံ ရ ရန်၊ ကိုယ် ကို ပြင် ဆင် လော့ ဟု မိန့် တော် မူ ၏။
20
အိ ဂျစ် ပြည် သည်၊ အ ဆင်း လှ သော နွား မ တန်း ဖြစ် သော် လည်း၊ မြောက် ပိုင်း မှ မှက် ဘေး သင့် ရောက် ခဲ့ ပြီ။
21
ဘေး တွေ့ ရာ နေ့ ရက်၊ ဒဏ် သင့် ရာ ကာ လ ရောက် သ ဖြင့်၊ ကျွေး ထား သော နွား ပေါက် သ ဖွယ် အ ငှား စစ် သည် တို့ မ ခံ ရပ် ဘဲ၊ တစ် စု တည်း ဆုတ် လန် ထွက် ပြေး ကြ ရာ၊
22
ထင်း ခုတ် သူ တို့ ကဲ့ သို့၊ ရဲ တင်း ကိုင် သော ရန် သူ အ လုံး အ ရင်း ချီ လာ သော ကြောင့်၊ မြွေ တွား သံ မျှ သာ ရှိ လိမ့် မည်။
23
ရေ တွက်၍ မ ရ သော ကျိုင်း အုပ် ထက် များ ပြား သည့် အ တိုင်း၊ မ ထွင် နိုင် သော ပိတ် ပေါင်း ကို ခုတ် လှဲ ကြ လိမ့် မည် ဟု၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။
24
သ တို့ သ မီး အိ ဂျစ် သည် အ ရှက် ကွဲ လျက်၊ မြောက် ပိုင်း စစ် သား တို့ လက် တွင်း သို့ ရောက် ရ လ တ္တံ့။
25
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊ နော မြို့ ရှိ အာ မုန် ဘု ရား မှ စ၍၊ ဖာ ရော မင်း ကို လည်း ကောင်း၊ အိ ဂျစ် ပြည် ကို လည်း ကောင်း၊ ဘုရား များ ကို လည်း ကောင်း၊ ဘုရင် များ ကို လည်း ကောင်း၊ ဖာ ရော မင်း နှင့် အား ထား သူ တို့ ပါ၊ ငါ ဒဏ် ခတ် လျက်၊
26
အ သက် အ န္တ ရာယ် ရှာ ကြံ သူ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မှ စ သော၊ ကျေး ကျွန် သင်း ပင်း တို့ လက် တွင်း သို့ အပ် နှင်း မည်။ ထို နောက်၊ ယ မန် အ တိုင်း စည် ကား ဦး မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
27
ငါ့ ကျွန် ရင်း အို ယာ ကုပ်၊ အို ဣ သ ရေ လ လူ မျိုး၊ ကြောက် ရွံ့ တုန် လှုပ် ခြင်း ကင်း လျက် နေ လော့။ သင့် ကို အ ဆက် အ နွယ် ပါ၊ သုံ့ ပန်း ရာ ဝေး ကွာ သော ပြည် မှ ငါ ကယ် လွှတ် သည့် အ လျောက်၊ ယာ ကုပ် လူ မျိုး သည် ပြန် လာ ခွင့် ရ လျက်၊ ထိတ် လန့် ရာ မဲ့၊ ချမ်း သာ ငြိမ် သက် စွာ နေ လိမ့် မည်။
28
ငါ့ ကျွန် ရင်း အို ယာ ကုပ်၊ ငါ သည် သင် နှင့် အ တူ ရှိ သော ကြောင့်၊ ကြောက် ရွံ့ ခြင်း ကင်း လျက် နေ လော့။ ငါ နှင် ထုတ်၍ သင် နေ ခဲ့ ရာ လူ အ မျိုး မျိုး ကို ငါ ကုန် ဆုံး စေ သော် လည်း၊ သင့် ကို ကား၊ အ ပြစ် ကင်း သည် ဟု မ မှတ် လျက် ပင်၊ တ ရား သ ဖြင့် သာ ဆုံး မ လျက်၊ ကုန် ဆုံး စေ မည် မ ဟုတ် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ တည်း။