ယေ​ရ​မိ-50

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ခါ လ ဒဲ ပြည် နှင့် ဗာ ဗု လုန် မြို့ ကို ရည် လျက်၊ ပ ရော ဖက် ယေ ရ မိ ဖြင့် ထာ ဝ ရ ဘု ရား မိန့် တော် မူ သော ဗျာ ဒိတ် တော် ကား၊
  • 2 ဗာ ဗု လုန် မြို့ သည် သိမ်း ယူ ခြင်း၊ ဗေ လ ဘု ရား သည် အ ရှက် ကွဲ ခြင်း၊ မေ ရော ဒပ် ဘု ရား လည်း လှုပ် ရှား ခြင်း ခံ ရ ပြီ။ ဆိုင် ရာ ရုပ် ပွား ဆင်း တု များ သည်၊ အ ရှက် ရ၍ လှုပ် ရှား ခံ ရ ပြီ။ မြောက် ပိုင်း မှ ချီ တက် လာ သော လူ မျိုး သည်၊ ထို ပြည် ကို ဆိတ် ညံ ရာ ဖြစ် စေ သ ဖြင့်၊ လူ သူ တိ ရ စ္ဆာန် ထွက် သွား ကြ ပြီ ဟု၊ လူ မျိုး ခြား တို့ တွင် အ လံ စိုက် ထူ လျက်၊ မ ထိမ် မ ချန် ကြော် ငြာ ဖော် ပြ ကြ လော့။
  • 3
  • 4 ထို ထို နေ့ ရက် ကာ လ ၌၊ အ တူ ပြန် လာ သော ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ သည် ငို ကြွေး လိုက် လျှောက် လျက်၊ ကိုယ့် ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ ခြင်း၊
  • 5 ထာ ဝ ရ ဘု ရား ထံ မ မေ့ မ လျော့ နိုင် သော ထာ ဝ ရ ပ ဋိ ညာဉ် အား ဖြင့်၊ တိုး ဝင် မှီ ဝဲ ကြ ကုန် အံ့ ဟု နှိုး ဆော် လျက်၊ ဤ ပြည် သို့ မျက် နှာ မူ ၍၊ ဇိ အုန် မြို့ ကို လိုက် ရှာ ခြင်း၊ ပြု ကြ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 6 ငါ၏ လူ မျိုး သည် ပျောက် သွား သော သိုး အုပ် ဖြစ် ၏။ အ ထိန်း အ ကျောင်း တို့ လမ်း လွဲ စေ သ ဖြင့်၊ တောင် တန်း သို့ လှည့် သွား လျက်၊ ဝပ် နေ ရာ အ ရပ် ကို မေ့ လျော့ ၍၊ တစ် တောင် မှ တစ် ကုန်း သို့ သွား လေ့ ရှိ ကြ ၏။
  • 7 တွေ့ ကြုံ သ မျှ သော ရန် ဘက် တို့ က၊ ဖြောင့် မတ် ခြင်း တည် နေ ရာ၊ ဘိုး ဘေး တို့ စောင့် မျှော် ရာ ထာ ဝ ရ ဘု ရား အား၊ ချင်း တို့ ပြစ် မှား ကြ သည့် အ တွက်၊ ငါ တို့ သည် ပြစ် ဒဏ် မ ခံ ထိုက် ဟု ဆို လျက်၊ ကိုက် စား ကြ လေ ပြီ။
  • 8 ဆိတ် ထီး သ ဖွယ်၊ ဆိတ် အုပ် ရှေ့ ဦး တည် လျက်၊ ဗာ ဗု လုန် မြို့ မှ ပြေး ၍၊ ခါ လ ဒဲ ပြည် က ထွက် သွား ကြ လော့။
  • 9 အ သို့ ဆို သော်၊ မြောက် ပြည် မှ ဗာ ဗု လုန် မြို့ ပေါ် သို့ ငါ ဆော် ဩ သ ဖြင့်၊ ချီ တက် သော မ ဟာ လူ မျိုး တို့ အ လုံး အ ရင်း သည်၊ ထို မြို့ ရှေ့ ခင်း ကျင်း ပြီး လျှင်၊ အ ချည်း နှီး မ ပြန် သော၊ စွမ်း ရည် ရှိ သူ ရဲ ကောင်း တို့ မြှား ပါ လျက်၊ သိမ်း ယူ ကြ သ ဖြင့်၊
  • 10 ခါ လ ဒဲ ပြည် သည် လု ယူ ရာ ဖြစ် လျက်၊ လု ယက် သူ တို့ ရောင့် ရဲ ကြ လိမ့် မည်။
  • 11 ငါ့ ပိုင် ရာ ကို လု ယက် သူ သင် တို့ သည်၊ စ ပါး နယ် သော နွား မ တန်း သ ဖွယ် မြူး လျက်၊ မြင်း သ ဖွယ် ဟီ လျက်၊ အား ရ ရွှင် လန်း ကြ သော် လည်း၊
  • 12 ဖွား မြင် သော မိ ခင် သည်၊ အ လွန် ကျိုး ယုတ် ရှက် ကွဲ ၍၊ အ ယုတ် ဆုံး သော လူ မျိုး၊ သွေ့ သော က န္တာ ရ၊ ခြောက် သော လွင် ပြင်၊ ဖြစ် လိမ့် တ ကား။
  • 13 ငါ ထာ ဝ ရ ဘု ရား၏ အ မျက် တော် ကြောင့်၊ ဗာ ဗု လုန် မြို့ ကို သီ သွား သူ တိုင်း၊ ဒဏ် ချက် များ ကို ထောက် ၍၊ အံ့ အား သင့် လျက် ပြက် ရယ် ပြု ရ သည့် တိုင် အောင်၊ မ တည် တံ့ ဘဲ၊ ဆိတ် ညံ ရာ သက် သက် ဖြစ် လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 14 လေး ကိုင် တင် သော သူ ရဲ အ ပေါင်း တို့၊ ထာ ဝ ရ ဘု ရား အား ပြစ် မှား သော ဗာ ဗု လုန် မြို့ ကို ဝန်း ဝိုင်း ခင်း ကျင်း၍၊ မြှား ကို မ နှ မြော ဘဲ ပစ် လျက်၊
  • 15 ပတ် လည် အောင် သံ ပြု ကြ လော့။ ထို မြို့ သည် လက် အောက် ခံ ပြီ။ မြို့ ရိုး နှင့် အ ထောက် အ ခံ များ ပါ ပျက် ယွင်း ပြို လဲ ပြီ။ ထာ ဝ ရ ဘု ရား လက် စား ချေ တော် မူ ရာ ဖြစ် သော ကြောင့်၊ ချေ ကြ လော့။ ပြု ဘူး သည့် အ တိုင်း၊ တုံ့ ပြန် ကြ လော့။
  • 16 မျိုး ကြဲ သူ့ ကို လည်း ကောင်း၊ ရိတ် သိမ်း သော ကာ လ၊ တံ စဉ် ကိုင် သူ့ ကို လည်း ကောင်း၊ ဗာ ဗု လုန် မြို့ မှ ပယ် ရှား ကြ လော့။ ရက် စက် သော ဓား ဘေး အ တွက်၊ အ သီး အ သီး တို့ သည်၊ အ မျိုး သား ချင်း ရှိ ရာ လှည့်၍၊ နေ ရင်း ပြည် သို့ ပြေး သွား ကြ လ တ္တံ့။
  • 17 ဣ သ ရေ လ လူ မျိုး သည်၊ ခြင်္သေ့ ချောက် နှင်၍ ကွဲ လွင့် သော သိုး အုပ် သ ဖွယ် ဖြစ်၏။ ဦး စွာ အာ ရှု ရိ ဘု ရင် ကိုက် စား လျက်၊ နောက် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း အ ရိုး ကိုက် ဝါး ဆဲ ရှိ သော ကြောင့်၊
  • 18 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် က၊ အာ ရှု ရိ ဘု ရင် ကို ငါ ဒဏ် ခတ် ခဲ့ သည့် နည်း တူ ဗာ ဗု လုန် ဘု ရင် ကို တိုင်း ပြည် ပါ၊ ဒဏ် ခတ်၍၊
  • 19 ဣ သ ရေ လ လူ မျိုး ကို ခြံ ရင်း သို့ ငါ ပြန် ပို့ မည် နှင့် အ ညီ၊ ကာ ရ မေ လ တောင်၊ ဗာ ရှာ တောင် ပေါ် တွင် လည်း ကောင်း၊ ဧ ဖ ရိမ် နယ်၊ ဂိ လဒ် နယ် ရှိ ခင် တန်း ပေါ် တွင် လည်း ကောင်း၊ ကျက် စား လျက် အာ ရုံ ပြေ ရ ကြ လိမ့် မည်။
  • 20 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို နေ့ ရက် ကာ လ၌ အ ကြွင်း အ ကျန် အ ဖြစ် ငါ ထား မည့် သူ တို့ ကို ချမ်း သာ ပေး သ ဖြင့်၊ ဣ သ ရေ လ အ မျိုး ၏ ဒု စ ရိုက်၊ ယု ဒ အ မျိုး ၏ အ ပြစ် များ ကို ရှာ သော် လည်း၊ တွေ့ ကြ မည် မ ဟုတ် ဟု မိန့် တော် မူ ၏။
  • 21 မေ ရ သိမ် ပြည် နှင့် ပေ ကုပ် နယ် သား တို့ ကို၊ ချီ တက် လုပ် ကြံ မြေ လှန် လျက်၊ ငါ မိန့် မှာ သ မျှ အ တိုင်း ပြု လော့။
  • 22 ထို ပြည်၌ စစ် တိုက် ဖျက် ဆီး ပယ် ရှား သံ ကို ကြား ရ သည် တ ကား။
  • 23 မြေ တစ် ပြင် လုံး ကို ချေ သော တူ ကြီး သည်၊ ကွဲ ပဲ့ ကြေ မွ ပြီ တ ကား။ ဗာ ဗု လုန် မြို့ သည်၊ လူ မျိုး ခြား တို့ တွင် အံ့ ဖွယ် သ ရဲ ဖြစ် ပြီ တ ကား။
  • 24 အို ဗာ ဗု လုန် မြို့၊ သင့် ရှေ့ တွင် ညွတ် ကွင်း ကို ငါ ထောင် ထား သ ဖြင့်၊ အ မှတ် မဲ့ သင် မိ လေ ပြီ။ ငါ ထာ ဝ ရ ဘု ရား၏ တစ် ဘက် ထ ကြွ သော ကြောင့်၊ ဆုံ တွေ့၍ သိမ်း ယူ ခံ ရ လေ ပြီ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
  • 25 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် သည်၊ ခါ လ ဒဲ ပြည် တွင် စီ ရင် ရန် အ မှု ရှိ သည် နှင့် အ ညီ၊ လက် နက် တိုက် တော် ကို ဖွင့် လျက်၊ အ မျက် တော် ဆိုင် ရာ လက် နက် များ ကို ထုတ် တော် မူ ရ ကား၊ အ ရပ် ရပ် မှ ချီ တက် ၍၊
  • 26 စ ပါး ကျီ များ ကို ဖွင့် ပြီး လျှင်၊ မြို့ ကို အ ကြွင်း မဲ့ မြေ လှန် လျက်၊ အ မှိုက် ပုံ ဖြစ် စေ ကြ လော့။
  • 27 နွား ဥဿ ဘ သ ဖွယ် ဖြစ် သူ တို့ ကို လုပ် ကြံ၍ ကွပ် မျက် ခံ ကြ စေ။ ဒဏ် စီ ရင် ခြင်း ခံ ရာ နေ့ ရက် ကာ လ ရောက် ပြီ ဖြစ် သော ကြောင့်၊ အ ကျိုး နည်း လေ စွ။
  • 28 ဗိ မာန် တော် အ တွက်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ လက် စား ချေ တော် မူ ခြင်း အ ကြောင်း၊ ဇိ အုန် မြို့၌ ကြော် ငြာ ကြ အံ့ သော ငှာ၊ ဗာ ဗု လုန် မြို့ မှ ထွက် ပြေး လွတ် မြောက် သူ တို့ ဟစ် သံ ကို ကြား ရ သည် တ ကား။
  • 29 ဗာ ဗု လုန် မြို့ တစ် ဘက်၊ လေး ကိုင် တင် သော သူ ရဲ အ ပေါင်း တို့ ကို ခေါ် ပြီး လျှင်၊ ဝန်း ဝိုင်း၍ တပ် စွဲ ကြ လော့။ ထွက် လွတ် ခွင့် မ ပေး ဘဲ၊ အ ပြု အ မူ အ လိုက် ဆပ် ပေး ခြင်း၊ ပြု မူ သ မျှ အ တိုင်း တုံ့ ပြန် ခြင်း ပြု ကြ လော့။ ဣ သ ရေ လ လူ မျိုး ၏ သန့် ရှင်း သော အ ရှင် ထာ ဝ ရ ဘု ရား ရှေ့ တော်၌၊ မောက် မာ လေ ပြီ။
  • 30 သို့ နှင့် အ ညီ၊ လက် ရွေး သူ တို့ သည်၊ လမ်း ဆုံ များ၌ ကျ ဆုံး ခြင်း၊ စစ် သူ ရဲ အ ပေါင်း တို့ လည်း၊ ပယ် ရှား ခြင်း ကို၊ ထို နေ့ ရက် ခံ ရ ကြ လ တ္တံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 31 အို မောက် မာ သော မြို့၊ ငါ ဒဏ် ခတ် ရာ နေ့ ရက် ကာ လ ရောက် ပြီ။ သင့် တစ် ဘက် ၌ ငါ နေ ၏။
  • 32 မောက် မာ သော သင် သည်၊ ထောက် မ သူ ကင်း လျက်၊ ခ လုတ် ထိ၍ ပြို လဲ ပြီ။ ပတ် လည် ရှိ သ မျှ ကျွမ်း လောင် ရန် မီး ကို၊ မြို့ ရွာ များ တွင် ငါ မွေး မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ ၏။
  • 33 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ သည်၊ အ တူ ညှဉ်း ပန်း ခံ ရ ကြ ပြီ။ သုံ့ ပန်း သူ အ ပေါင်း တို့ သည်၊ ထွက် လွတ် ခွင့် မ ပေး ဘဲ၊ ထား မြဲ ထား ကြ သော် လည်း၊
  • 34 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟု နာ မ ရှိ လျက်၊ ရွေး နုတ် သော ငါ သည်၊ တန် ခိုး ကြီး သ ဖြင့်၊ တစ် လော က လုံး အား ငြိမ် သက် ခြင်း၊ ဗာ ဗု လုန် မြို့ သူ မြို့ သား တို့ အား တုန် လှုပ် ခြင်း ကို၊ ပေး အံ့ သော ငှာ၊ လူ မျိုး တော် ဘက်၌ ချေ ပ မည်။
  • 35 ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ခါ လ ဒဲ ပြည် သား တို့ အ ပေါ် သို့ လည်း ကောင်း၊ ဗာ ဗု လုန် မြို့ သား တို့ နှင့် တ ကွ မှူး မတ် များ၊ ပ ညာ ရှိ များ တို့ အ ပေါ် သို့ လည်း ကောင်း၊ ဓား ဘေး သင့် ရောက် ပြီ။
  • 36 မိ စ္ဆာ ပ ရော ဖက် တို့ အ ပေါ် သို့ ဓား ဘေး သင့် ရောက် သ ဖြင့်၊ ရူး သွပ် ကြ လ တ္တံ့။ သူ ရဲ ကောင်း တို့ အ ပေါ် သို့ ဓား ဘေး သင့် ရောက် သ ဖြင့်၊ တုန် လှုပ် ကြ လ တ္တံ့။
  • 37 မြင်း တပ်၊ ရ ထား တပ်၊ ပြည် ရှိ မျိုး ကွဲ တပ် များ အ ပေါ် သို့ ဓား ဘေး သင့် ရောက် စေ သ ဖြင့်၊ မိန်း မ သူ ရဲ ဘော ရှိ ကြ လ တ္တံ့။ အ စီး အ ပွား အ ပေါ် သို့ ဓား ဘေး သင့် ရောက် သ ဖြင့်၊ အ လု အ ယက် ခံ ရ လ တ္တံ့။
  • 38 မြစ် ချောင်း များ ပေါ် သို့ မိုး ခေါင် ဘေး သင့် ရောက် သ ဖြင့်၊ ခန်း ခြောက် လ တ္တံ့။ အ သို့ ဆို သော်၊ ထို ပြည်၌ ရုပ် ပွား များ ပြား သည့် အ လျောက်၊ ကြောက် မက် ဖွယ် ဆင်း တု များ ကြောင့်၊ ရူး သွပ် ကြ လေ ပြီ။
  • 39 သို့ နှင့် အ ညီ၊ တော ခွေး မှ စ၍၊ သား ရဲ များ နှင့် ငှက် ကု လား အုပ် များ အောင်း နေ လျက်၊ နေ ထိုင် သူ၊ တည်း ခို သူ သည်၊ လူ မျိုး အဆက် ဆက်၊ ကာ လ အ စဉ် ရှိ တော့ မည် မ ဟုတ်။
  • 40 ငါ ဘု ရား သ ခင် ဖြို လှဲ ခဲ့ သော သော ဒုံ၊ ဂေါ မော ရ မှ စ၍၊ နီး စပ် သော မြို့ ရွာ များ နည်း တူ၊ ထို ပြည် တွင် နေ ထိုင် သူ လူ သ တ္တ ဝါ၊ တည်း ခို သူ လူ့ သား ရှိ တော့ မည် မ ဟုတ်။
  • 41 တန် ခိုး ကြီး သော လူ မျိုး သည်၊ ဘု ရင် မင်း အ မြောက် အ မြား ပါ၊ နှိုး ဆော် တော် မူ ခြင်း ခံ လျက်၊ မြောက် ပိုင်း မြေ စွန်း မှ ချီ လာ၍၊
  • 42 ရက် စက် သော သ ဘော၊ က ရု ဏာ ကင်း သော သ ဘော ရှိ သည့် အ လျောက်၊ လေး၊ လှံ လက် နက် စွဲ ကိုင် လျက်၊ လှိုင်း တံ ပိုး သ ဖွယ်၊ မြင်း အ လုံး အ ရင်း စီး လာ ကြ ရာ၊ သ တို့ သ မီး ဗာ ဗု လုန် ဖြစ် သော သင့် ကို စစ် တိုက် ကြ ရန်၊ သူ ရဲ ကောင်း ဘာ ဝ၊ အ သီး အ သီး တို့ ခင်း ကျင်း ကြ သည် တ ကား။
  • 43 ဗာ ဗု လုန် ဘု ရင် သည်၊ ထို လူ မျိုး သ တင်း ကို ကြား၍ လက် လျော့ လေ ပြီ။ မီး ဖွား သော မိန်း မ ကဲ့ သို့ ဝေ ဒ နာ ခံ စား၍ နာ ကျင် လှ လေ ပြီ။
  • 44 မင်း တစ် ပါး သည်၊ ယော် ဒန် ပိတ် ပေါင်း မှ၊ ခြင်္သေ့ သ ဖွယ်၊ တည် မြဲ သော နေ ရာ သို့ ချီ တက်၍၊ ပြည် သား တို့ ကို ရုတ် ခြင်း ငါ ပြေး စေ သ ဖြင့်၊ ရွေး ချယ် သူ့ ကို ထို ပြည် ပေါ် တွင် ငါ ခန့် ထား မည်။ ငါ နှင့် တူ သော သူ၊ ငါ့ အား ချိန်း ချက် ဝံ့ သူ၊ ရှေ့ တော် တွင် ခံ ရပ် နိုင် သော မင်း ကား၊ မည် သူ နည်း။
  • 45 သိုး သား ငယ် သ ဖွယ် ဖြစ် သော ထို လူ မျိုး ကို ရန် သူ တို့ ဆွဲ ငင် သ ဖြင့်၊ နေ ရာ အ ရပ် ကို အံ့ ဖွယ် သ ရဲ မု ချ ဖြစ် စေ မည်။ ဗာဗု လုန် မြို့ ကို သိမ်း ယူ ပြီ ဟူ သော သ တင်း ကြောင့်၊ မြေ ပ ထ ဝီ လှုပ် ရှား လျက်၊ လူ မျိုး ခြား တို့ တွင် အော် ဟစ် သံ ကို ကြား ရ သည် တ ကား ဟု၊ ဗာ ဗု လုန် မြို့ နှင့် ခါ လ ဒဲ ပြည် အ ပေါ် တွင်၊ ငါ ထာ ဝ ရ ဘု ရား ကြံ စည် ပြ ဋ္ဌာန်း တော် မူ ချက် ကို နာ ခံ ကြ လော့ ဟူ၍ မိန့် တော် မူ ၏။
  • 46
回到本卷目录 回到本版本目录 回到首页