1
အ မ္မုန် အ မျိုး သား တို့ အ ကြောင်း၊ ဣ သ ရေ လ၌ သား မ ရှိ လော။ အ မွေ ခံ မ ရှိ လော။ ရှိ လျှင်၊ မိ လ ကုံ ဘု ရား သည် ဂဒ် နယ် ကို ပိုင် ခွင့်၊ တ ပည့် သား တို့ လည်း ဂဒ် မြို့ ရွာ များ၌ နေ ထိုင် ခွင့် ရ ကြ သည် မှာ၊ အ သို့ နည်း ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ ၏။
2
သို့ ဖြစ်၍၊ အ မ္မုန် ပြည် ရ ဗ္ဗာ မြို့ တော်၌၊ စစ် ရေး သံ ကို ငါ ကြား စေ သ ဖြင့်၊ မြို့ တော် သည် ဆိတ် ညံ ရာ ဖုန်း ဆိုး ကုန်း ဖြစ် ခြင်း၊ ဇ န ပုဒ် များ လည်း မီး ကျွမ်း လောင် ခြင်း ကို ခံ ရ သည့် အ လျောက်၊ ဣ သ ရေ လ လူ မျိုး ကို ပိုင် ခဲ့ သူ တို့ သည်၊ ထို လူ မျိုး ထံ ပိုင် ခြင်း ကို ခံ ရ သော နေ့ ရက် ကာ လ ရောက် တော့ မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
3
အို ဟေ ရှ ဘုန် မြို့ သား တို့၊ အာ ဣ မြို့ ပျက် စီး သည့် အ တွက်၊ အော် ကြ လော့။ အို ရ ဗ္ဗာ မြို့ သူ တို့၊ မိ လ ကုံ ဘု ရား သည်၊ ဆိုင် ရာ ပရော ဟိတ် နှင့် လူ ကြီး တို့ ပါ၊ တစ် ပြိုင် နက် သုံ့ ပန်း သိမ်း သွား ခံ ရ သည့် အ တွက်၊ လျှော် တေ ဝတ် ၍ စည်း ရိုး များ အ တွင်း၊ လူး လာ အော် ဟစ် မြည် တမ်း ကြ လော့။
4
ကိုယ့် စီး ပွား၌ စိတ် ချ လျက်၊ ငါ့ ထံ မည် သူ ချဉ်း ဝံ့ မည် နည်း ဟု အောက် မေ့ သူ၊ အို ဖောက် ပြန် သော သ တို့ သ မီး၊ ပြန့် ပြော သော ကိုယ့် ချိုင့် များ ကို ထောက်၍၊ အ ဘယ့် ကြောင့် ဝါ ကြွား သ နည်း။
5
ပတ် ဝန်း ကျင် ရှိ သ မျှ သော လူ မျိုး တို့ ကြောင့်၊ ကြောက် ရွံ့ သော သ ဘော ကို ငါ ရောက် စေ သ ဖြင့်၊ လွင့် ပျောက် သူ့ ကို စု သိမ်း ခြင်း ကင်း လျက်၊ လူ ဟူ သ မျှ သည်၊ ရှေ့ ရှု နှင် ထုတ် ခံ ရ ကြ လ တ္တံ့ ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘုရား သ ခင် မိန့် တော် မူ ၏။
6
သို့ ရာ တွင်၊ သုံ့ ပန်း ခံ ရ သော အ မ္မုန် အ မျိုး သား တို့ ကို၊ နောင် ငါ ပြန် ပို့ မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
7
ဧ ဒုံ ပြည် အ ကြောင်း၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ တေ မန် နယ် တွင် ဉာဏ် ပ ညာ ဆုံး ပါး ပြီ လော။ ဉာဏ် ပ ဋိ ဘာန် ရှိ သူ တို့ ၌၊ အ ကြံ အ စည် ပ ညာ ပျက် ၍ ဉာဏ် ပ ညာ ကွယ် ပြီ လော။
8
အို ဒေ ဒန် နယ် သား တို့၊ ငါ ဒဏ် ခတ် ရာ ကာ လ နှင့် သင့် အံ့ သော ဘေး ကို၊ ဧ သော့ အ ဆက် အ နွယ် ၌ ရောက် စေ မည် ဖြစ်၍၊ ဆုတ် သွား ထွက် ပြေး လျက်၊ နက် ရှိုင်း စွာ အောင်း နေ ကြ လော့။
9
အ သို့ ဆို သော်၊ စ ပျစ် သီး ဆွတ် သူ တို့ ရောက် လျှင်၊ ကောက် သင်း ကောက် ရန် မျှ မ ချန် သည့် နည်း တူ လည်း ကောင်း၊ ခိုး သူ တို့ ညဉ့် အခါ လာ လျှင်၊ အ လို ရှိ သ လောက် ဖျက် ဆီး မည့် နည်း တူ လည်း ကောင်း၊
10
ဧ သော့ အ မျိုး သား တို့ ကို ပုန်း ရှောင်၍ မ ရ သည့် တိုင် အောင် ဟင်း လင်း ဖွင့် လျက်၊ ကွယ် ဝှက် ရာ များ ကို ပင် ငါ ပြ သ ဖြင့်၊ အ ဆက် အ နွယ်၊ အ ဆွေ အ မျိုး၊ အ ပေါင်း အ ဖော် တို့ ပါ၊ တိမ် ကော ကွယ် ပ ကြ လိမ့် မည်။
11
ဖ သက် ဆိုး တို့ ကို ကား၊ ငါ့ ထံ အပ် လော့။ ငါ မွေး မြူ မည်။ မု ဆိုး မ တို့ လည်း၊ ငါ၌ အား ထား ကြ စေ ဟု မိန့် တော် မူ ၏။
12
အ သို့ ဆို သော်၊ ဗော ဇ ရ မြို့ သည် ကဲ့ ရဲ့ ရာ၊ ဆိတ် ညံ ရာ၊ ကျိန် ဆဲ ရာ၊ အံ့ ဖွယ် သ ရဲ ဖြစ် လျက်၊ ဆိုင် သ မျှ မြို့ ရွာ များ ပါ အ စဉ် မြို့ ဆိုး ကုန်း ဖြစ် မည် ဟု၊ ကိုယ် တိုင် တော် ကို တိုင် တည် ၍၊ ငါ ထာ ဝ ရ ဘု ရား သ စ္စာ မူ ခဲ့ သည် နှင့် အ ညီ၊ ဖ လား တော် ကို တိုက် ဒဏ် မ ခံ သော သူ တို့ သည်၊ မု ချ သောက် ကြ ရ မည် ဖြစ် လျက်၊ သင် ဒဏ် လွတ် မည် လော။ ဒဏ် မ လွတ် ဘဲ မု ချ သောက် ရ မည် ဟု၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။
13
14
လူ မျိုး ခြား တို့ အား၊ ရာ ဇ သံ စေ လွှတ် တော် မူ သည့် အ လျောက်၊ ထို လူ မျိုး ကို တိုက် ခိုက် ရန်၊ ထ၍ စု ရုံး ချီ တက် ကြ လော့ ဟူ သော သ တင်း ကို၊ ထာ ဝ ရ ဘု ရား အ ထံ တော် မှ ငါ ကြား ရ ၏။
15
သင့် ကို လူ မျိုး ခြား တို့ တွင် သိမ် ဖျင်း ရာ၊ လူ သ တ္တ ဝါ တို့ တွင် မ ထီ မဲ့ မြင် ပြု ရာ၊ ငါ ဖြစ် စေ မည်။
16
သင် ၌ အံ့ အား သင့် လေ စွ တ ကား။ ကျောက် တောင် ရှိ၊ ခို လှုံ ရာ များ တွင် အောင်း လျက်၊ ကုန်း ထိပ် ပေါ်၌ တပ် စွဲ သော အို လူ မျိုး၊ သင် စိတ် နေ မြင့် ၍ လှည့် စား ခံ လေ ပြီ။ လင်း ယုန် ကဲ့ သို့ မြင့် ရာ တွင် သိုက် မြုံ လုပ် သော် လည်း။ ထို အ ရပ် မှ ပင် ငါ ချ မည် ဟု ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။
17
ဖြတ် သွား သူ တိုင်း၊ ဒဏ် ချက် များ ကို ထောက်၍၊ အံ့ အား သင့် လျက် ပြက် ရယ် ပြု ရ သည့် တိုင် အောင်၊ ဧ ဒုံ ပြည် သည် အံ့ ဖွယ် သ ရဲ ဖြစ် လိမ့် တ ကား။
18
ဖြို လှဲ တော် မူ ခဲ့ သော သော ဒုံ၊ ဂေါ မော ရ မှ စ ၍၊ နီး စပ် သော မြို့ ရွာ များ နည်း တူ၊ ထို ပြည် တွင် နေ ထိုင် သူ လူ သ တ္တ ဝါ၊ တည်း ခို သူ လူ့ သား ရှိ တော့ မည် မ ဟုတ်။
19
မင်း တစ် ပါး သည် ယော် ဒန် ပိတ် ပေါင်း မှ၊ ခြင်္သေ့ သ ဖွယ်၊ တည် မြဲ သော နေ ရာ သို့ ချီ တက် ၍၊ ပြည် သား တို့ ကို ရုတ် ခြင်း ငါ ပြေး စေ သ ဖြင့်၊ ရွေး ချယ် သူ့ ကို၊ ထို ပြည် ပေါ် တွင် ငါ ခန့် ထား မည်။ ငါ နှင့် တူ သော သူ၊ ငါ့ အား ချိန်း ချက် ဝံ့ သူ၊ ရှေ့ တော် တွင် ခံ ရပ် နိုင် သော မင်း ကား၊ မည် သူ နည်း ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
20
သိုး သား ငယ် သ ဖွယ် ဖြစ် သော ထို လူ မျိုး ကို ရန် သူ တို့ ဆွဲ ငင် သ ဖြင့်၊ နေ ရာ အ ရပ် ကို၊ အံ့ ဖွယ် သ ရဲ မု ချ ဖြစ် စေ မည်။ ထို လူ မျိုး ပြို ပျက် သံ ကြောင့်၊ မြေ ပ ထ ဝီ လှုပ် ရှား လျက်၊ ပင် လယ် နီ တိုင် အော် ဟစ် သံ ကို ကြား ရ၏။ ရန် သူ သည်၊ လင်း ယုန် သ ဖွယ် အ တောင် ဖြန့် လျက်၊ ဗော ဇ ရ မြို့ ပေါ် သို့ ပျံ တက် သုတ် လာ လ တ္တံ့ သော ကြောင့်၊ ဧ ဒုံ သူ ရဲ ကောင်း တို့ စိတ် သည် မီး ဖွား ခြင်း ဝေ ဒ နာ ခံ စား သော မိန်း မ စိတ် ကဲ့ သို့၊ ထို နေ့ ရက် ဖြစ် လိမ့် မည် ဟု၊ ဧ ဒုံ ပြည် နှင့် တေ မန် နယ် သား တို့ အ ပေါ် တွင်၊ ထာ ဝ ရ ဘု ရား ကြံ စည် ပြဋ္ဌာန်း တော် မူ ချက် ကို နာ ခံ ကြ လော့။
21
22
23
ဒ မာ သက် နိုင် ငံ အ ကြောင်း၊ ဟာ မတ် နှင့် အာ ပဒ် မြို့ များ သည်၊ မ ကောင်း သ တင်း ကြား ရ သ ဖြင့်၊ အ ရှက် ကွဲ၍ ပျက် ပြား ကြ ပြီ။ သ မု ဒ္ဒ ရာ ဝေ လျက် မ ငြိမ်း နိုင်။
24
ဒ မာ သက် မြို့ သည် အား လျော့ လျက်၊ ထွက် ပြေး ရန် တုန် လှုပ် ကျော ခိုင်း ပြီ။ မီး ဖွား သော မိန်း မ ကဲ့ သို့ ဝေ ဒ နာ ခံ စား ၍ ဒု က္ခ ရောက် ပြီ။
25
အ သ ရေ ရှိ သော မြို့၊ ငါ ရွှင် လန်း ရာ မြို့ တော် ကို စွန့် ရ ပြီ မ ဟုတ် ပါ လော ဟု ဆို သည် နှင့် အ ညီ၊
26
လက် ရွေး သူ တို့ သည်၊ လမ်း ဆုံ များ ၌ ကျ ဆုံး ခြင်း၊ စစ် သူ ရဲ အ ပေါင်း တို့ လည်း၊ ပယ် ရှား ခြင်း ကို၊
27
ထို နေ့ ရက် ခံ ကြ ရ မည့် ပြင်၊ ဗင်္ဟာ ဒဒ် မင်း၏ နန်း ဆောင် များ ကျွမ်း လောင် ရန် မီး ကို၊ ဒ မာ သက် မြို့ ရိုး တွင်း ငါ မွေး မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
28
ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း လုပ် ကြံ သော၊ ကေ ဒါ လူ မျိုး နှင့် ဟာ ဇော် နိုင် ငံ များ အ ကြောင်း၊ ထာ ဝ ရ ဘု ရား က၊ ကေဒါ လူ မျိုး ရှိ ရာ သို့ ထ၍ ချီ တက် ပြီး လျှင်၊ အ ရှေ့ ပြည် သား တို့ လု ယက် ကြ လော့။
29
အ ဘက် ဘက် က ကြောက် လန့် ဖွယ် ဖြစ် သည် တ ကား ဟု ဟစ် ကြ ရာ၊ ချင်း တို့၏ တဲ ရှင်၊ သိုး၊ ဆိတ်၊ တင်း တိမ် ရံ အ သုံး အ ဆောင်၊ ကုလား အုပ် များ ကို၊ ရန် သူ တို့ လု ယူ သိမ်း သွား ကြ လိမ့် မည်။
30
အို ဟာ ဇော် ပြည် သား တို့၊ ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း သည်၊ သင် တို့ အ ပေါ် တွင် တိုင် ပင် ကြံ စည် ပြီး ဖြစ် သော ကြောင့်၊ ဝေး ကွာ စွာ ထွက် ပြေး လျက်၊ နက် ရှိုင်း စွာ အောင်း ကြ လော့ ဟု မိန့် တော် မူ၏။
31
မြို့ တံ ခါး မင်း ထုပ် မ ရှိ ဘဲ၊ အ သီး အ ခြား စိတ် ချမ်း သာ စွာ နေ လေ့ ရှိ သော၊ ထို လူ မျိုး ထံ ထ၍ ချီ တက် ကြ လော့ ဟု၊ ထာ ဝ ရ ဘုရား တိုက် တွန်း တော် မူ ၏။
32
ချင်း တို့၏ မြောက် မြား သော နွား၊ သိုး၊ ဆိတ် နှင့် ကု လား အုပ် တို့ သည်၊ လက် ရ သိမ်း ယူ ရာ ဖြစ် လျက်၊ န ဖူး ထိပ် ဆံ ရိတ် သော ထို လူ မျိုး အ ပေါ် တွင်၊ ဘေး ဥ ပဒ် ကို အ ဘက် ဘက် က ငါ သင့် စေ သ ဖြင့်၊ လေး မျက် နှာ သို့ ကွဲ လွင့် စေ မည့် အ လျောက်၊
33
ဟာ ဇော် ပြည် သည်၊ ခွေး အ တို့ အောင်း ရာ၊ နေ ထိုင် သူ လူ သ တ္တ ဝါ၊ တည်း ခို သူ လူ့ သား တို့ မဲ့ သော အ စဉ် ဆိတ် ညံ ရာ ဖြစ် လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
34
ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နန်း စံ စ ကာ လ၊ ဧ လံ လူ မျိုး ကို ရည် လျက်၊ ပ ရော ဖက် ယေ ရ မိ သို့ ရောက် လာ သော ထာ ဝ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊
35
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဧ လံ လူ မျိုး ၏ ခွန် အား အ ထွဋ် ဖြစ် သော လေး ကို ငါ ချိုး ဖြတ် လျက်၊
36
ကောင်း ကင် လေး မျက် နှာ မှ လေ ပြင်း များ ကို ငါ တိုက် စေ သ ဖြင့်၊ အ ရပ် လေး မျက် နှာ သို့ ကွဲ လွင့် စေ မည့် အ လျောက်၊ နှင် ထုတ် ခံ ရ သော ဧ လံ ပြည် သား တို့ မ ရောက် မ နေ သော လူ မျိုး တစ် မျိုး မျှ မ ရှိ ချေ။
37
အ သက် အ န္တ ရာယ် ရှာ ကြံ သူ ရန် ဘက် တို့ ရှေ့၊ ဧ လံ လူ မျိုး ကို ဖြို ဖျက် မည့် ပြင်၊ ကုန် ခန်း သည့် တိုင် အောင် အ မျက် တော် ရှိန် တည်း ဟူ သော ဘေး ဥ ပဒ် နှင့် ဓား ဘေး ကို၊ ငါ သင့် စေ ပြီး လျှင်၊
38
ဧ လံ ပြည် ၌ ငါ့ တ ရား ပ လ္လင် ကို တည် ၍၊ ဘု ရင် မင်း နှင့် မှူး မတ် တို့ ပါ ပယ် ရှား မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
39
သို့ ရာ တွင်၊ သုံ့ ပန်း ခံ ရ သော ဧ လံ လူ မျိုး ကို၊ နောင် ကာ လ ၌ ပြန် ပို့ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ ၍ တည်း။