1
မော ဘ ပြည် အ ကြောင်း၊ နေ ဗော မြို့ ပျက် စီး သည့် အ တွက် အ ကျိုး နည်း လေ စွ။ ကိ ရ ယ သိမ် မြို့ အ ရှက် ကွဲ၍၊ သိမ်း ယူ ခံ ရ လေ ပြီ။ မိ သ ဂပ် မြို့ လည်း အ ရှက် ရ ၍ ပြို ပျက် လေ စွ။
2
မော ဘ ပြည် ၏ ဘုန်း အ သ ရေ ပ ပြီ။ လူ မျိုး တိမ် ကော စေ ခြင်း ငှာ၊ ချီ တက် ကြ ကုန် အံ့ ဟူ သော မ ကောင်း မှု ကို၊ ဟေ ရှ ဘုန် မြို့ ၌ ပင် ကြံ စည် ကြ လေ ပြီ။ အို မာ ဒ မေ န မြို့။ ဓား ဘေး လိုက် လံ သ ဖြင့်၊ သင် လည်း ဆိတ် ဆိတ် နေ ရ တော့ မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် မိန့် တော် မူ ၏။
3
လု ယက် ဖျက် ဆီး ပယ် ရှား သံ ကို ဟော ရ နိမ် မြို့ မှ ကြား ရ ၏။
4
မော ဘ ပြည် ပျက် ပြား သည့် အ လျောက်၊ သူ ငယ် တို့ ပင် အော် ဟစ် သံ ပြု ကြ လေ စွ။
5
လု ဟိတ် ကုန်း လမ်း ဖြင့် ငို လျက် တက် သွား ကြ သည့် အ လျောက်၊ ဟော ရ နိမ် မြို့ အ ဆင်း လမ်း ၌ လည်း ပျက် ပြား ခြင်း အ တွက်၊ ပြင်း ထန် စွာ အော် သံ ကို ကြား ရ ကြ သည် တ ကား။
6
အ သက် ချမ်း သာ ရ အံ့ သော ငှာ ပြေး ၍၊ လွင် ပြင် ရှိ သစ် ငုတ် သ ဖွယ် နေ ကြ လော့။
7
ကိုယ့် အ လုပ် အ ဆောင်၊ ကိုယ့် အ စီး အ ပွား ၌ အား ထား သ ဖြင့်၊ သင် သည် သုံ့ ပန်း ခြင်း၊ ခေ မု ရှ ဘု ရား လည်း၊ ဆိုင် ရာ ပ ရော ဟိတ် နှင့် လူ ကြီး တို့ ပါ၊ တစ် ပြိုင် နက် သုံ့ ပန်း သိမ်း သွား ခြင်း ခံ ရ ကြ လ တ္တံ့။
8
ထာ ဝ ရ ဘု ရား၏ မိန့် တော် မူ ချက် အ ရ၊ ဖျက် ဆီး သူ သည် မြို့ ရွာ တိုင်း ရောက် ၍၊ တစ် မြို့ တစ် ရွာ မျှ ဘေး မ လွတ် ရ၊ ချိုင့် နှင့် ပြန့် ပါ၊ ဖျက် ဆီး သုတ် သင် ခြင်း ခံ ရ လ တ္တံ့။
9
ပျံ ဝဲ ထွက် သွား ရ စေ ခြင်း ငှာ၊ မော ဘ ပြည် အား အ တောင် စုံ ကို ပေး ကြ လော့။ မြို့ ရွာ များ သည် နေ သူ မဲ့ ဆိတ် ညံ ရာ ရောက် လတ္တံ့။
10
ထာ ဝ ရ ဘု ရား ၏ အ မှု တော် ကို လျစ် လျူ စွာ ဆောင် ရွက် သူ သည်၊ အ မင်္ဂ လာ ခံ စေ။ အ သွေး မ သွန်း ဘဲ ဓား ကို ချုပ် တည်း သူ လည်း၊ အ မင်္ဂ လာ ခံ စေ။
11
မော ဘ သည် သုံ့ ပန်း သိမ်း သွား မ ခံ ရ ဘဲ၊ ငယ် က တည်း က ပင် ချမ်း သာ ခံ စား လျက်၊ တစ် မြူ မှ တစ် မြူ သို့ မ ပြောင်း ရ ဘဲ၊ လက် ဟောင်း စ ပျစ် ရည် သ ဖွယ်၊ ငြိမ် ဆိမ့် လျက် နေ ရ သည့် အ တွက်၊ အ ရ သာ တည် မြဲ၍၊ ရ နံ့ လည်း မ ပြယ် ချေ။
12
သို့ ဖြစ်၍၊ ထို လူ မျိုး ကို စောင်း ငှဲ့ ခြင်း၊ မြူ များ ကို မှောက် လှန် ခြင်း၊ အိုး များ ကို ခွဲ ဖျက် ခြင်း ပြု ရန်၊ စောင့် ငှဲ့ အံ့ သူ တို့ ကို၊ ငါ စေ လွှတ် သည့် နေ့ ရက် ကာ လ ရောက် လ တ္တံ့ သော ကြောင့်၊
13
ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ကိုး စား ရာ ဗေ သ လ ဘု ရား အ တွက်၊ အ ရှက် ရ သည့် နည်း တူ၊ မော ဘ လူ မျိုး လည်း ခေ မု ရှ ဘု ရား အ တွက်၊ အ ရှက် ရ ကြ လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
14
ငါ တို့ သည် သူ ရဲ ကောင်း၊ သူ ရဲ စွမ်း ဖြစ် သည် ဟု၊ သင် တို့ ဆို ကြ သည် မှာ၊ အ သို့ နည်း။
15
မော ဘ ပြည် သည် ပျက် စီး၍၊ မြို့ ရွာ များ သို့ ရန် သူ ချီ တက် သ ဖြင့်၊ လက် ရွေး လူ ပျို တို့ ပင်၊ လုပ် ကြံ သုတ် သင် ခံ ရ ကြ ပြီ ဟူ ၍၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား ဟု နာ မ ရှိ တော် မူ သော ဘု ရင် မင်း မြတ် မိန့် တော် မူ ၏။
16
မော ဘ ခံ ရ သော ဥ ပဒ် ရောက် လု ပြီ။ ဘေး လည်း နှောင့် နှေး မည် မ ဟုတ်။
17
အ မည် ကို သိ သော ပတ် ဝန်း ကျင် ရှိ သူ အ ပေါင်း တို့၊ ခိုင် ခံ့ သော တောင် ဝှေး၊ လှ ပ သော လှံ တံ ကျိုး ပြတ် လေ စွ ဟူ ၍ မြည် တမ်း ကြ လော့။
18
ဒိ ဘုန် မြို့ ၌ နေ ထိုင် သော အို သ တို့ သ မီး၊ မော ဘ ပြည် ကို ဖျက် ဆီး သူ တက် ချီ ၍၊ ခံ မြို့ များ ကို ဖြို လှဲ သော ကြောင့်၊ အ သ ရေ ကို စွန့် ၍ရေ ငတ် မွတ် လျက် အိမ် နိမ့် တွင် နေ ထိုင် လော့။
19
အို အာ ရော် မြို့ သူ၊ လမ်း ခ ရီး ကို စောင့် ကြည့် လျက် ရပ် နေ ရာ၊ ထွက် ပြေး သော ယောက်ျား၊ ဘေး လွတ် သော မိန်း မ အား၊ အ ဘယ် နည်း ဟု မေး မြန်း လော့။
20
မော ဘ သည် ပြို ပျက်၍၊ အ ရှက် ရ လေ စွ ဟု အော် ဟစ် ကြ လော့။ မော ဘ ပျက် စီး ပြီ ဟု အာ နုန် ချောင်း တစ် လျှောက် ကြော် ငြာ ကြ လော့။
21
ပြန့် ရှိ မြို့ များ တည်း ဟူ သော၊ ဟော လုန်၊ ယ ဟာ ဇ၊ မေ ဖတ်။ ဒိ ဘုန်၊ နေ ဗော၊ ဗက် ဒိ ဗ လ သိမ်၊
22
ကိ ရိ ယ သိမ်၊ ဗက် ဂ မု လ၊ ဗက် မောင်၊
23
24
ကေ ရုတ်၊ ဗော ဇ ရ မြို့ များ မှ စ၍၊ မော ဘ ပြည် ရှိ အ နီး အ ဝေး မြို့ ရွာ များ ၌ ဒဏ် စီ ရင် ချက် ရောက် လေ ပြီ။
25
မော ဘ သည် ဦး ချို ဖြတ် ခြင်း၊ လက် ရုံး ချိုး ခြင်း ခံ ရ လေ ပြီ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
26
မော ဘ သည် ထာ ဝ ရ ဘု ရား တစ် ဘက်၌ မောက် ကြွား သော ကြောင့်၊ ကိုယ့် အန် ဖတ် တွင် လူး လဲ လျက်၊ လှောင် ပြောင် ခံ ရ သည့် တိုင် အောင်၊ မူး ယစ် စေ ကြ လော့။
27
ဣ သ ရေ လ လူ မျိုး ကို ရည် လျက်၊ သင် ပြော လေ ရာ ရာ ၌၊ ခေါင်း ခါ ၍ ပြောင် လှောင် သည် ကား၊ ခိုး ရာ ပါ သည် ကို တွေ့ ဖူး သော ကြောင့် လော။
28
အို မော ဘ ပြည် သူ ပြည် သား တို့၊ မြို့ ရွာ များ ကို စွန့် ပြီး လျှင်၊ ချောက် ကမ်း တစ် ဘက် အ သိုက် လုပ် သော ချိုး သဖွယ်၊ ကျောက် တောင် တွင် ခို နေ ကြ လော့။
29
မော ဘ၏ မာ န သည် အ လွန် ကြီး ကြောင်း ကို လည်း ကောင်း၊ မောက် မာ ထောင် လွှား စော် ကား ခြင်း နှင့် စိတ် နေ မြင့် ခြင်း ကြောင့် ကို လည်း ကောင်း၊ ငါ တို့ ကြား သိ ရ ပြီ။
30
ဒေါ သ အ မျက် ထွက် ခြင်း နှင့် ဝင့် ဝါ ခြင်း သည်၊ အ ချည်း အ နှီး ဖြစ် လျက်၊ အ ကျိုး မ ရှိ ကြောင်း၊ ငါ သိ သည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
31
ထို့ ကြောင့်၊ မော ဘ အ တွက် အော် ခြင်း၊ ပြည် သူ ပြည် သား တို့ အ တွက် ဟစ် ခြင်း ကို၊ ငါ ပြု သည့် အ လျောက်၊ ကိ ရ ဟ ရက် မြို့ သား တို့ ကို လည်း၊ လွမ်း ဆွတ် ညည်း ညူ ခြင်း ရှိ လိမ့် မည်။
32
အို တစ် ဘက် သို့ ပြန့် ပွား လျက်၊ ယာ ဇာ အိုင် တိုင် အောင် ရောက် သည့် အ ခက် အ လက် နှင့် ပြည့် စုံ သော၊ အို စိ ဗ မာ စ ပျစ် ပင်၊ သင့် အ သီး အ ရည် ကို လု ယက် သူ တို့ ရ ပြီး ဖြစ် သော ကြောင့်၊ ယာ ဇာ သူ မြို့ သား တို့ ငို ကြွေး ကြ သည် ထက်၊ ငါ ငို ကြွေး မည်။
33
မော ဘ ပြည် မှ လည်း ကောင်း၊ ခြံ ထဲ မှ လည်း ကောင်း၊ ဝမ်း မြောက် ရွှင် လန်း ခြင်း များ ကို ရုပ် သိမ်း သည့် အ လျောက်၊ စ ပျစ် ကျင်း မှ အ သီး ပြတ် စဲ စေ တော် မူ သ ဖြင့်၊ ပျော် ရွှင် စွာ ဖိ နင်း သူ မ ရှိ။ ကြွေး ကြော် သံ လည်း ရွှင် လန်း သံ မ ဟုတ် ချေ။
34
နိ မ ရိမ် ချောင်း လည်း ဆိတ် ညံ ရာ ဖြစ် သ ဖြင့်၊ ဟေ ရှ ဘုန် မြို့ မှ ဧ လာ လေ မြို့ နှင့် ရာ ဟပ် မြို့ တိုင် အောင် လည်း ကောင်း၊ ဇော ရ မြို့ မှ ဟော ရ နိမ် မြို့ နှင့် ဧ ဂ လတ် ရှ လိ ရှ မြို့ တိုင် အောင်လည်း ကောင်း၊ အော် ဟစ် ခြင်း အ သံ ကို လွှင့် ကြ လေ ပြီ။
35
၎င်း ပြင်၊ မြင့် ရာ ဌာ န၌ တင် သ သူ၊ ကိုယ့် ဘု ရား အား မီး ဖြင့် ပူ ဇော် သူ တို့ ကို၊ မော ဘ ပြည် မှ ငါ ပြတ် စဲ စေ မည် ဟု၊ ထာ ဝ ရ ဘုရား မိန့် တော် မူ ၏။
36
ထို့ ကြောင့်၊ မော ဘ ပြည် အ တွက် လည်း ကောင်း၊ ကိ ရ ဟ ရက် မြို့ သား တို့ အ တွက် လည်း ကောင်း၊ ငါ့ စိတ် နှ လုံး သည် ပြွေ သံ ပ မာ မြည် လိမ့် မည်။ ဆည်း ပူး သော ဥ စ္စာ လည်း ပျက် ပြုန်း လေ ပြီ။
37
လူ ဟူ သ မျှ သည် ဆံ မုတ် ဆိတ် ပယ် ခြင်း၊ လက် ထိ ရှ ခြင်း၊ လျှော် တေ ဆည်း ခြင်း များ ကို ပြု ကြ လေ ပြီ။
38
မော ဘ ပြည် ကို မ နှစ် မြို့ သော မြေ အိုး သ ဖွယ်၊ ငါ ခွဲ ပြီး ဖြစ် သော ကြောင့်၊ အိမ် မိုး ပျဉ် တိုင်း အ ပေါ် ၌ လည်း ကောင်း၊ လမ်း ဆုံ ၌ လည်း ကောင်း၊ ရှိ သ မျှ တို့ သည် မြည် တမ်း လျက် ရှိ ကြ သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
39
ပြို ပျက် ပြီး သည် တ ကား။ အော် လျက် ရှိ ကြ သည် တ ကား။ မော ဘ သည် အ ရှက် ကွဲ ၍ ကျော ခိုင်း ရ လေ စွ။ မော ဘ သည် ပတ် ဝန်း ကျင် ရှိ သ မျှ တို့ ၌ ပြောင် လှောင် ရာ၊ စိတ် ပျက် ရာ အ ကြောင်း ဖြစ် လိမ့် တ ကား။
40
အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ရန် သူ သည် လင်း ယုန် သ ဖွယ် အ တောင် ဖြန့် လျက်၊ မော ဘ ပြည် ပေါ် သို့ သုတ် လာ သ ဖြင့်၊
41
ကိ ရ ဟ ရက် မြို့ ကို၊ ခံ တပ် များ ပါ၊ သိမ်း ယူ လုပ် ကြံ လ တ္တံ့ သော ကြောင့်၊ မော ဘ သူ ရဲ ကောင်း တို့ စိတ် သည်၊ မီး ဖွား ခြင်း ဝေ ဒ နာ ခံ စား သောပေါ် မိန်း မ စိတ် ကဲ့ သို့၊ ထို နေ့ ရက် ဖြစ် လိမ့် မည်။
42
မော ဘ သည်၊ ငါ ထာ ဝ ရ ဘု ရား တစ် ဘက် ၌ မောက် ကြွား သော ကြောင့်၊ လူ မျိုး တိမ် ကော သည့် တိုင် အောင်၊ ပျက် စီး ကြ လိမ့် မည်။
43
အို မော ဘ ပြည် သူ ပြည် သား တို့၊ ကြောက် မက် ဖွယ် ဘေး၊ တွင်း ကျ ဘေး၊ ညွှတ် ကွင်း ဘေး များ သည်၊ သင့် ရောက် ခဲ့ ပြီ ဖြစ် ၍၊
44
ကြောက် မက် ဖွယ် ဘေး မှ ပြေး သူ သည်၊ တွင်း သို့ ကျ ခြင်း၊ တွင်း ကျ မှ လွတ် သူ သည်၊ ညွှတ် ကွင်း ၌ မိ ခြင်း ခံ ရ လိမ့် မည်။ မော ဘ ပြည် ပေါ် သို့ ဒဏ် စီ ရင် ခြင်း ခံ ရာ နှစ် ကာ လ ကို ရောက် စေ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို ၏။
45
ထွက် ပြေး ရ သူ တို့ သည်၊ ဟေ ရှ ဘုန် မြို့ ရိပ် ၌ အား လျော့ စွာ ရပ် တန့် ကြ လေ ပြီ။ ရှိ ဟုန် မင်း စံ ဖူး သော ဟေ ရှ ဘုန် မြို့ မှ ထွက် သော မီး လျှံ သည်၊ မော ဘ အ မျိုး နား ထင်၊ အောင် သံ ပြု သူ တို့ ဦး ထိပ် ကို သင့် လောင် လေ ပြီ။
46
အို မော ဘ လူ မျိုး၊ သင် သည်၊ အ မင်္ဂ လာ ရှိ၏။ ခေ မု ရှ တ ပည့် သား တို့ ပျက် ပြား ကြ ပြီ။ ပြည် သား တို့ သည် သုံ့ ပန်း ခြင်း၊ ပြည် သူ တို့ လည်း သိမ်း သွား ခြင်း ကို ခံ ရ ကြ လေ စွ။
47
သို့ ရာ တွင်၊ သုံ့ ပန်း ခံ ရ သော မော ဘ လူ မျိုး ကို၊ နောင် ကာ လ၌ ပြန် ပို့ မည် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည် ဟူ ၍ တည်း။ မောဘ ပြည် စီ ရင် ချက် ဗျာ ဒိတ် ပြီး ၏။