1
ယေ ရု ရှ လင် မြို့ ရှိ လမ်း မ လမ်း ကြား များ ၌၊ ခေါက် တုံ့ ခေါက် ပြန် သွား ကြ လော့။ တ ရား စောင့် ၍ သ စ္စာ တည် သူ တစ် စုံ တစ် ယောက် ကို၊ လိုက် ရှာ တွေ့ မြင် သိ မှတ် လျှင်၊ ထို မြို့ ကို ငါ ချမ်း သာ ပေး မည်။
2
ထာ ဝ ရ ဘု ရား၏ အ သက် တော် ကို တိုင် တည် လျက် သ စ္စာ ဆို သော် လည်း၊ မု သာ သုံး ကြ ၏။
3
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် သ စ္စာ စောင့် ခြင်း ကို အာ ရုံ ပြု တော် မူ သည် မ ဟုတ် ပါ လော။ ထို သူ တို့ ကို ကိုယ် တော် ဒဏ် ခတ် သော် လည်း၊ စိတ် မ ညှိုး မ ငယ်၊ ဖျက် ဆီး တော် မူ သော် လည်း၊ အ ဆုံး အ မ ကို မ နာ မ ယူ ချေ။ ကျောက် ခဲ သ ဖွယ် မျက် နှာ ပြောင် တိုက် ၍၊ မ ပြန် မ လာ ဟု ငြင်း ဆို ကြ ပါ ၏။
4
သို့ ဖြစ်၍ ငါ က၊ ဤ သူ တို့ သည် မိုက် မဲ သော ဆင်း ရဲ သား မျှ သာ ဖြစ် ကြ ပါ ၏။ ထာ ဝ ရ ဘု ရား နည်း လမ်း တော်၊ ကိုယ့် ဘု ရား သ ခင် ၏ တ ရား တော် ကို မ သိ ကြ လေ စွ။
5
ထာ ဝ ရ ဘု ရား ၏ နည်း လမ်း တော်၊ ကိုယ့် ဘု ရား သ ခင် ၏ တ ရား တော် ကို သိ ကျွမ်း သော လူ ကြီး တို့ ရှိ ရာ သို့ သွား ၍ နှီး နှော အံ့ ဟု အောက် မေ့ ရာ၊ ထို သူ တို့ သည် ထမ်း ပိုး ချိုး ခြင်း၊ ဖွဲ့ ကြိုး ဖြတ် ခြင်း များ ကို တစ် ပြိုင် နက် ပြု နှင့် ကြ ကြောင်း ငါ တွေ့ ၏။
6
သို့ နှင့် အ ညီ ၎င်း တို့ ပုန် ကန် မှု များ ပြား လျက်၊ ဖောက် ပြန် မှု တိုး ပွား သည့် အ တွက်၊ တော ရှိ ခြင်္သေ့ သတ် ဖြတ် ခြင်း၊ လွင် ပြင် နေ ဝံ ပု လွေ ဖျက် ဆီး ခြင်း ပြု လျက်၊ ကျား သစ် သည်၊ မြို့ ရွာ ပြင် မှ ချောင်း မြောင်း၍၊ ထွက် သူ တိုင်း ကို ကိုက် စား လိမ့် မည်။
7
ထာ ဝ ရ ဘု ရား က၊ ငါ သည် မည် သို့ ချမ်း သာ ပေး နိုင် သ နည်း။ သင့် သား သ မီး တို့ သည် ငါ့ ကို စွန့် ပယ် လျက်၊ အ တု ဘု ရား များ ကို တိုင် တည်၍ သ စ္စာ ဆို ခဲ့ ကြ လေ ပြီ။ တင်း တိမ် အောင် ငါ တိုက် ကျွေး ပြီး မှ၊ ထို သူ တို့ သည် မှား ယွင်း လျက် ပြည့် တန် ဆာ အိမ်၌ မြောက် မြား စွာ စည်း ဝေး ကြ ကုန် ၏။
8
စား ပြီး သော မြင်း လား သ ဖွယ်၊ အ သီး အ သီး တို့ သည်၊ သူ တစ် ပါး ၏ မ ယား ကို ဟီ လျက် တပ် မက် ကြ ၏။
9
ထို အ မှု များ ကြောင့်၊ ငါ မ စီ ရင် အပ် သ လော။ ထို သို့ သော လူ မျိုး ကို၊ ငါ လက် စား မ ချေ အပ် သ လော ဟု မိန့် တော် မူ ၏။
10
ထို လူ မျိုး ၏ စည်း ရိုး များ ကို တက် ကျော် ၍၊ ကုန် ဆုံး အောင် မ ပြု ဘဲ ဖျက် ဆီး လျက်၊ ထာ ဝ ရ ဘု ရား ပိုင် တော် မ မူ ရာ အ ခက် အ လက် များ ကို ပယ် ရှင်း ကြ လော့။
11
ဣ သ ရေ လ အ မျိုး သား နှင့် ယု ဒ အ မျိုး သား တို့ သည် ငါ့ အား မု ချ သ စ္စာ ဖျက် သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
12
ထာ ဝ ရ ဘု ရား ကို ကျိုး နွံ ဟန် ဆောင် သော သူ တို့ က၊ ကိုယ် တော် သည် စီ ရင် တော် မ မူ။ ဘေး သင့် ရောက် မည် မ ဟုတ်။ သ တ္တ န္တ ရ ကပ်၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် ကို တွေ့ ကြ တော့ မည် မ ဟုတ်။
13
ပ ရော ဖက် တို့ သည် ဗျာ ဒိတ် တော် ကို မ ခံ၊ လေ သက် သက် ဖြစ် ကြ၏။ ထို ဒု က္ခ ကို သူ တို့ ခံ ကြ ရ ပါ စေ သော ဟု ဆို လေ့ ရှိ၏။
14
သို့ ဖြစ်၍၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ သည် မှာ ထို သို့ ဆို လေ့ ရှိ သော ကြောင့်၊ ထင်း သ ဖွယ် ငါ ဖြစ် စေ သော ဤ လူ မျိုး ကို၊ မီး သ ဖွယ် သင့် နှုတ်၌ ငါ ထည့် သွင်း သော ဗျာ ဒိတ် တော် သည် ကျွမ်း လောင် လိမ့် မည်။
15
အို ဣ သ ရေ လ အ မျိုး သား တို့၊ ငါ ထာ ဝ ရ ဘု ရား အ မိန့် အ တိုင်း၊ ရှေး ကာ လ အ ဆက် မ ပြတ် သော လူ မျိုး၊ သင် တို့ မ ကြား၊ နား မ လည် သည့် ဘာ သာ စ ကား သုံး သော လူ မျိုး ကို ဝေး ကွာ ရာ မှ သင် တို့ တစ် ဘက် သို့ ငါ ခေါ် ဆောင် ၏။
16
၎င်း တို့ ၏ မြှား ကျည် တောက် သည် ပွင့် လျက် နေ သော သင်္ချိုင်း ဂူ၊ အ သီး အ သီး တို့ သည် သူ ရဲ ကောင်း၊ ဖြစ် သ ဖြင့်၊
17
သင် တို့ သား သ မီး များ စား အပ် သော၊ ရိတ် သိမ်း ပြီး ခဲ ဖွယ် ကို လည်း ကောင်း၊ နွား၊ သိုး၊ ဆိတ် များ ကို လည်း ကောင်း၊ စ ပျစ်၊ သ ဖန်း အ သီး ကို လည်း ကောင်း၊ မျို စား သည့် ပြင်၊ သင် တို့ အား ကိုး ရာ ခံ မြို့ များ ကို လည်း၊ ဓား ဖြင့် ဖြို ချ ကြ လိမ့် မည်။
18
သို့ ရာ တွင်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင် တို့ ကို ထို ကာ လ၌ ပင်၊ ကုန် ဆုံး အောင် ငါ စီ ရင် မည် မ ဟုတ်။
19
ဤ အ ရေး အ ရာ ရှိ သ မျှ ကို၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် အ ဘယ့် ကြောင့် စီ ရင် တော် မူ သ နည်း ဟု မေး မြန်း ကြ လျှင်၊ နေ ပြည် တွင်၊ ငါ့ ကို စွန့် ပယ် လျက် ခြား နား သော ဘု ရား များ အ မှု ကို ဆောင် ရွက် သည့် နည်း တူ၊ သင် တို့ မ ပိုင် သော ပြည် တွင် လည်း၊ မျိုး ခြား မင်း တို့ အ မှု ကို ထမ်း ကြ ရ မည့် အ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
20
ယာ ကုပ် အ မျိုး သား တို့ အား လည်း ကောင်း၊ ယု ဒ ပြည် တွင် လည်း ကောင်း၊ ဖော် ပြ ကြော် ငြာ ကြ ရ မည် မှာ၊
21
မျက် စိ ရှိ လျက် မ မြင်၊ နား ရှိ လျက် မ ကြား၊ ဉာဏ် ကင်း၍ မိုက် မဲ သော အို လူ မျိုး၊ ဤ စ ကား ကို နား ထောင် ကြ လော့။
22
လှိုင်း တံ ပိုး ခတ် သော် လည်း မ နိုင်။ ဟုန်း သံ ပြု သော် လည်း မ ကျော် ရ သည့် တိုင် အောင်၊ ထာ ဝ ရ ပြ ဋ္ဌာန်း ချက် အ လျောက်၊ သ မု ဒ္ဒ ရာ လွန် ၍ မ ရ သော နယ် နိ မိတ် အ ဖြစ်၊ သဲ ပြင် ကို သတ် မှတ် သော ငါ့ အား ခန့် ညား လျက်၊ မျက် မှောက် တော် တွင် တုန် လှုပ် ကြ ရ မည် မ ဟုတ် လော ဟု၊ ငါ ထာ ဝ ရ ဘု ရား မေး လေ ၏။
23
ဤ လူ မျိုး မှာ မူ ခဲ ယဉ်း တော် လှန် သော စိတ် ရှိ သည် နှင့် လမ်း လွဲ ၍ မှောက် မှား ကြ ကုန် ၏။
24
ရာ သီ အ လျောက် မိုး ဦး၊ မိုး နှောင်း ကို ရွာ စေ လျက်၊ ရိတ် သိမ်း မြဲ ကာ လ သ တင်း ကို စီ မံ တော် မူ သော၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ခန့် ညား ကြ ကုန် အံ့ ဟု မ အောက် မေ့ ကြ လေ စွ။
25
သင် တို့ ဒု စ ရိုက် များ ကြောင့်၊ ထို ဆု ကျေး ဇူး များ ပယ် ပ လျက်၊ ပြစ် မှု များ ကြောင့်၊ စည်း စိမ် ချမ်း သာ ကန့် ကွက် လျက် ရှိ ၏။
26
ငါ့ လူ မျိုး တော် တွင် ငုံ့ ကြည့် သော ငှက် ခတ် သ မား တို့ ကဲ့ သို့ ချောင်း မြောင်း လျက်၊ လူ ကို ဖမ်း မိ ရန် ထောင် ချောက် ကို ချ ထား သော လူ ဆိုး တို့ ပါ ရှိ သည် တ ကား။
27
ငှက် အ ပြည့် ရှိ သော လှောင် အိမ် သ ဖွယ်၊ သူ တို့ အိမ် များ သည် လှည့် စား ခြင်း အ မြတ် နှင့် ပြည့် သ ဖြင့်၊ ကြွယ် ဝ သူ၊ တန် ခိုး ကြီး သူ ဖြစ် ကြ လေ ပြီ။
28
သူ တို့ သည် သား ရေ ပြောင်၍ ဆူ ဖြိုး လျက်၊ ဆိုး သွမ်း မှု များ ကို၊ အ တိုင်း အ ထက် ပြု လေ့ ရှိ၏။ ဖ သက် ဆိုး တို့ ၏ အ မှု နိုင် အောင် လဲ လျှောက် ခြင်း၊ နွမ်း ပါး သူ တို့ အ မှု ကို တ ရား အ တိုင်း စီ ရင် ခြင်း မ ပြု ချေ။
29
ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို အ မှု များ ကြောင့်၊ ငါ မ စီ ရင် အပ် သ လော။ ထို သို့ သော လူ မျိုး ကို၊ ငါ လက် စား မ ချေ အပ် သ လော။
30
ဤ ပြည် တွင် အံ ဖွယ် သ ရဲ၊ စက် ဆုပ် ဖွယ် ရာ ပေါ် ပေါက် လေ ပြီ။
31
ပ ရော ဖက် တို့ ပ ရိ ယာယ် ပြု၍ ဟော ပြော ကြ သည့် အ တိုင်း၊ ပ ရော ဟိတ် တို့ အုပ် စိုး ခြင်း ကို၊ လူ မျိုး တော် သည် သ ဘော ကျ သည် တ ကား။ နောင် အ ကျိုး ဆက် မှာ၊ မည် သို့ ဖြစ် အံ့ နည်း ဟု ကြော် ငြာ ကြ လော့။