ယေ​ရ​မိ-4

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 အို ဣ သ ရေ လ လူ မျိုး၊ သင် သည် ငါ့ ထံ သို့ လမ်း မ လွဲ ဘဲ ပြန် လာ လျက်၊ ရှေ့ တော် မှ စက် ဆုပ် ဖွယ် အ ရာ များ ကို ပယ် ရှား လျက်၊
  • 2 သ စ္စာ စောင့် ခြင်း၊ တ ရား သ ဖြင့် ပြု ခြင်း၊ ဖြောင့် မတ် ခြင်း များ နှင့် အ ညီ၊ ထာ ဝ ရ ဘု ရား အ သက် တော် ကို တိုင် တည်၍ သ စ္စာ ဆို လျက် နေ ကြ လျှင်၊ လူ မျိုး ခြား တို့ သည် ထာ ဝ ရ ဘု ရား ကို အ မှီ ပြု၍၊ အ ချင်း ချင်း ဂုဏ် တင် လျက် ကောင်း ကြီး ပေး ကြ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ၏။
  • 3 ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ ပြည် သူ ပြည် သား တို့ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ဆူး ချုံ တွင် မျိုး မ ကြဲ ဘဲ၊ မြေ ရိုင်း ကို ထွင် ကြ လော့။
  • 4 သင် တို့ ဆိုး သွမ်း သော အ ပြု အ ကျင့် များ အ တွက်၊ အ မျက် တော် မ ငြိမ်း သည့် တိုင် အောင်၊ မီး သ ဖွယ် ပေါက် ထွက် တောက် လောင် မည် စိုး၍၊ ငါ ထာ ဝ ရ ဘု ရား အ ဖို့ စိတ် နှ လုံး၏ အ ရေ ဖျား ကို ပယ် လျက်၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ပြု ကြ လော့။ အို ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့၊
  • 5 ခံ မြို့ ရိုး များ အ တွင်း သို့ စု ရုံး ခို ဝင် ကြ ကုန် အံ့ ဟု ဟစ် ခေါ် စေ ရန်၊ ပြည် တစ် လျှောက် တံ ပိုး မှုတ် ကြ ရ မည့် အ ကြောင်း၊ ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ ပြည် လုံး နှံ့ ဖော် ပြ ကြော် ငြာ ကြ လော့။
  • 6 ဇိ အုန် မြို့ ဘက် သို့ အ လံ မြှောက် ပြ လျက်၊ မ ဆိုင်း မ လင့် ဘေး လွတ် ရာ ရှာ ကြ လော့။ ငါ သည် မြောက် ပိုင်း မှ ပယ် ရှား ဖျက် ဆီး ရာ ဘေး ဆိုး ကို သင့် ရောက် စေ မည်။
  • 7 လူ မျိုး များ ကို တိုက် ဖျက် မည့် မင်း သည် ခြင်္သေ့ သ ဖွယ် နေ ရာ ရင်း ပိတ် ပေါင်း မှ ထွက် ချီ ၍ လာ ပြီ တ ကား။ သင့် နေ ပြည် ကို ဆိတ် ညံ ရာ၊ မြို့ ရွာ များ ကို နေ သူ မဲ့ ဖုန်း ဆိုး ကုန်း ဖြစ် စေ မည် ဟု မိန့် တော် မူ၏။
  • 8 ထို အ မှု ကို ထောက်၍ လျှော် တေ ဝတ် လျက်၊ အော် ဟစ် မြည် တမ်း ကြ လော့။ ထာ ဝ ရ ဘု ရား၏ အ မျက် တော် ရှိန် သည်၊ ငါ တို့ အ ပေါ် မှ မ လွှဲ သေး။
  • 9 ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ထို ကာ လ၌ ဘု ရင် မင်း နှင့် တ ကွ၊ မှူး မတ် တို့ သည် စိတ် ပျက် ကြ လိမ့် မည်။ ပ ရော ဟိတ် တို့ သည် အံ့ ဩ လျက်၊ ပ ရော ဖက် တို့ လည်း အံ့ အား သင့် လျက်၊ ဆို ကြ မည် မှာ၊
  • 10 အို အ ရှင် ထာ ဝ ရ ဘု ရား၊ ဓား သည် နှ လုံး တိုင် ထိ ရှ ပါ ပြီ။ ကိုယ် တော် က၊ ရန် ငြိမ်း လျက် နေ ကြ မည် ဟူ သော က တိ တော် အား ဖြင့်၊ ယေ ရု ရှ လင် မြို့ မှ စ၍ ပြည် သူ ပြည် သား တို့ ကို၊ လှည့် ဖြား တော် မူ ခဲ့ ပြီ ဟု ဆို ကြ လိမ့် သ တည်း။
  • 11 ထို ကာ လ၊ ယေ ရု ရှ လင် မြို့ မှ စ၍၊ ပြည် သူ ပြည် သား တို့ သ တင်း ကြား ရ မည် မှာ ငါ၏ လူ မျိုး သ တို့ သ မီး ကို လှေ့ ယပ် ရန် သော်လည်း ကောင်း၊ စင် ကြယ် စေ ရန် သော် လည်း ကောင်း၊ ပြု သင့် သည် ထက် အား ကြီး သော လေ ပူ ကို၊ သဲ တော ရှိ ကုန်း ထိပ် များ မှ တိုက် စေ မည်။ ငါ သည် ထို လူ မျိုး အား၊ ဆုံး ဖြတ် ချက် များ ကို ထုတ် ဆင့် လိမ့် မည် ဟူ၍ တည်း။
  • 12
  • 13 ထို မင်း သည်၊ မိုး တိမ် သ ဖွယ်၊ စစ် ရ ထား များ လည်း၊ လေ ဗွေ သ ဖွယ် ချီ လာ လျက်၊ မြင်း တပ် များ သည်၊ လင်း ယုန် ထက် လျင် မြန် ကြ သည် တ ကား။ ငါ တို့၌ အ ကျိုး နည်း လေ စွ။ ပျက် စီး ရာ ရောက် ကြ ပြီ။
  • 14 အို ယေ ရု ရှ လင် မြို့၊ ဘေး လွတ် အံ့ သော ငှာ၊ ဆိုး သွမ်း သော စိတ် နှ လုံး ကို ဆေး ကြော လော့။ သင့် အ ထဲ တွင် ဒု စ ရိုက် အ ကြံ အ စည် တည်း ခို သည် မှာ မည် မျှ ကြာ အံ့ နည်း။
  • 15 ဒန် နယ် မှ လည်း ကောင်း၊ ဧ ဖ ရိမ် ခင် တန်း မှ လည်း ကောင်း၊ ဘေး ဆိုး သ တင်း ကို ကြား ရ သည် တ ကား။
  • 16 ဝိုင်း ဝန်း သော စစ် မက် တို့ သည်၊ ဝေး ကွာ ရာ ပြည် မှ ချီ လာ၍၊ ယု ဒ မြို့ ရွာ တစ် ဘက် ကြိမ်း မောင်း သံ ပြု ကြ သည် ဟု၊ ယေ ရု ရှ လင် မြို့ ကို ရည် လျက်၊ လူ မျိုး ခြား တို့ အား ဖော် ပြ ကြ လော့။
  • 17 ထို သူ တို့ သည်၊ လင့် စောင့် များ သ ဖွယ်၊ ငါ့ အား ပုန် ကန် သော ယေ ရု ရှ လင် မြို့ ကို ဝိုင်း ဝန်း သည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
  • 18 ကိုယ့် အ လေ့ အ လာ အ ပြု အ ကျင့် များ ကြောင့်၊ ထို သို့ ခံ ရ၏။ ကိုယ့် ဆိုး သွမ်း ခြင်း အ ကျိုး မှာ၊ နှ လုံး ထိ ခိုက် ရာ၊ နစ် နာ ရာ ဖြစ် လှ သည် တ ကား။
  • 19 အို ငါ့ အ သည်း အ ဆုပ်၊ ထုံ ကျင် ပါ ရ စေ။ အို နှ လုံး၏ အ ကွယ် အ ကာ၊ ငါ့ စိတ် နှ လုံး ညဉ်း တွား လျက် ရှိ၏။ တံ ပိုး မှုတ် သံ၊ စစ် ရေး သံ ကို စိတ် မ နော ဖြင့် ငါ ကြား ရ သည့် အ လျောက်၊ ဆိတ် ဆိတ် မ နေ နိုင်။
  • 20 ဖြို လှဲ ဖောက် ဖျက် ခြင်း အ ထပ် ထပ် ကို ကြော် ငြာ လေ ပြီ။ ပြည် လုံး နှံ့ ပျက် ပြား လျက် ရှိ၏။ ငါ တို့ တဲ များ၊ တင်း တိမ် ရံ များ သည် ရုတ် တ ရက် ရှောင် တ ခင် ပျက် စီး လေ ပြီ။
  • 21 စစ် အ လံ ကို မြင် လျက်၊ တံ ပိုး မှုတ် သံ ကို ကြား လျက်၊ နေ ရ သည် မှာ၊ မည် မျှ ကြာ အံ့ နည်း။
  • 22 ငါ၏ လူ မျိုး တော် သည် မိုက် မဲ လျက်၊ ငါ့ ကို မ သိ။ ဉာဏ် ကင်း လျက်၊ ယုတ် မာ သော သား သ မီး များ ဖြစ် ရှာ ကြ လေ စွ။ ဆိုး သွမ်း ခြင်း၌ လိ မ္မာ လျက်၊ အ ကောင်း ကို မ ပြု တတ် ချေ။
  • 23 မြေ ပ ထ ဝီ ကို ငါ မြင် ရ လျက်၊ ပုံ သ ဏ္ဌာန် မ ရှိ၊ လ ဟာ သက် သက် ဖြစ် သည် တ ကား။ မိုး ကောင်း ကင် ကို မြင် ရ လျက်၊ အ လင်း မ ရှိ သည် တ ကား။
  • 24 တောင် ကုန်း ရှိ သ မျှ ကို မြင် ရ လျက်၊ တုန် လှုပ် ရွေ့ ပြောင်း လေ သည် တ ကား။
  • 25 ငါ ရှု မြင် ရ လျက် လူ သ တ္တ ဝါ မ ရှိ၊ လေ သ တ္တ ဝါ များ လည်း လွင့် ပျောက် ကြ ပြီ တ ကား။
  • 26 ငါ ရှု မြင် ရ သေး လျက်၊ ခြံ ဥ ယျာဉ် သည်၊ တော ဖြစ်၍ မြို့ ရွာ ဟူ သ မျှ လည်း၊ ထာ ဝ ရ ဘု ရား၏ အ မျက် တော် ရှိန် ကြောင့်၊ မျက် မှောက် တော် တွင် ပြို ပျက် လျက် ရှိ သည် တ ကား။
  • 27 အ သို့ ကြောင့် ဆို သော်၊ ထာ ဝ ရ ဘု ရား က၊ ကုန် ဆုံး ခြင်း ကို ငါ မ စီ ရင် သေး သော် လည်း၊ ပြည် လုံး ကျွတ် ဆိတ် ညံ ရာ ရောက် လိမ့် မည်။
  • 28 စိတ် တော် လည် ခြင်း၊ ပြောင်း လဲ ခြင်း ကင်း လျက်၊ မိန့် ဆို ပြ ဋ္ဌာန်း ပြီး ဖြစ် သည် နှင့် မြေ ပ ထ ဝီ သည်၊ မြည် တမ်း ရ လျက်၊ အ ထက် ကောင်း ကင် လည်း၊ မည်း နက် ရာ ရောက် လိမ့် မည် ဟု မိန့် တော် မူ သော ကြောင့် တည်း။
  • 29 မြင်း တပ်၊ လေး တပ် တို့ ချီ တက် သံ အ တွက်၊ မြို့ သူ မြို့ သား အ ပေါင်း တို့ ထွက် ပြေး လျက် ပိတ် ပေါင်း၊ ကျောက် တောင် များ အ တွင်း၊ တက် သွား ခို ဝင် ကြ လေ ပြီ။ ရှိ သ မျှ သော မြို့ ရွာ ဆိတ် ညံ ပြီး ဖြစ် သည့် အ လျောက်၊ နေ ထိုင် သူ မ ရှိ ချေ။
  • 30 ထို သို့ ပျက် စီး ရာ ရောက် သော်၊ သင် မည် သို့ ပြု မည် နည်း။ အ ဝတ် နီ ဝတ် ခြင်း၊ ရွှေ တန် ဆာ ဆင် ယင် ခြင်း၊ မျက် လုံး ကျယ် အောင် က သယ် မှင် ဆေး သား ခြင်း များ ကို ပြု၍၊ လှ ပ စွာ ခြယ် လှယ် သော် လည်း၊ အ ကျိုး မဲ့ ဖြစ်၏။ ခင် မင် ဖူး သော သူ တို့ သည် သင့် ကို ပယ် လျက်၊ အ သက် အ န္တ ရာယ် ကို ရှာ ကြံ ကြ၏။
  • 31 သား ဦး ဖွား မြင် ခြင်း ဝေ ဒ နာ ခံ စား ရ သော မိန်း မ၏ အော် ဟစ် သံ သ ဖွယ်၊ အ ကျိုး နည်း လေ စွ။ လူ သတ် တို့ ကြောင့် ကျွန် မ သွေး တက် ပါ ပြီ ဟု၊ မော ဟိုက်၍ လက် တုန် သော သ တို့ သ မီး ဇိ အုန် အော် ဟစ် သံ ကို ငါ ကြား ရ လေ စွ။
回到本卷目录 回到本版本目录 回到首页