ယေ​ရ​မိ-43

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ယေ ရ မိ အား ဖြင့်၊ ထို သူ တို့ ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ပေး တော် မူ သ မျှ ဗျာ ဒိတ် တော် ချက် တည်း ဟူ သော၊ အ ထက် စကား များ ကို၊ လူ ပ ရိ သတ် အား၊ အ ကုန် အ စင် ဆင့် ဆို သည့် အ ဆုံး ၌၊
  • 2 ဟော ရှဲ သား အာ ဇ ရိ၊ ကာ ရာ့ သား ယော ဟ နန် နှင့် မောက် မာ သူ အ ပေါင်း တို့ က၊ သင် သည် လိမ် လည် ၍ ဆင့် ဆို လေ ပြီ။ အိ ဂျစ် ပြည် သို့ သွား ရောက် တည်း ခို ခြင်း မ ပြု ကြ ရ ဟု ဆင့် ဆို ရန်၊ ငါ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား စေ လွှတ် တော် မူ သည် မ ဟုတ်။
  • 3 ငါ တို့ ကို သတ် ကြ ရ စေ ရန် လည်း ကောင်း၊ ဗာ ဗု လုန် မြို့ သို့ သိမ်း သွား ကြ ရ စေ ရန် လည်း ကောင်း၊ ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ အပ် နှင်း မည့် အ ကြံ နှင့်၊ နေ ရိ သား ဗာ ရုတ် သည်၊ သင့် ကို တိုက် တွန်း လေ ပြီ ဟု ယေ ရ မိ အား ပြန် ဆို လျက်၊
  • 4 ကာ ရာ့ သား ယော ဟ နန် မှ စ၍၊ တပ် မှူး တို့ နှင့် လူ ပ ရိ သတ် တို့ သည်၊ ယု ဒ ပြည်၌ နေ ထိုင် ရန် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် သံ ကို၊ နား မ ထောင် ကြ ချေ။
  • 5 ထို အ ခါ၊ ကာ ရာ့ သား ယော ဟ နန် နှင့် တပ် မှူး တို့ သည်၊ နှင် ထုတ် ခဲ့ ရာ လူ အ မျိုး မျိုး မှ၊ ယု ဒ ပြည် ၌ နေ ထိုင် ရန် ပြန် ရောက် သော ယု ဒ လူ မျိုး အ ကြွင်း အ ကျန် ဖြစ် သူ၊
  • 6 ယောက်ျား၊ မိန်း မ၊ သူ ငယ်၊ မင်း သ မီး တို့ မှ စ ၍၊ ရှာ ဖန့် မြေး၊ အ ဟိ ကံ့ သား ဂေ ဒ လိ အ ပါး တွင်၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် ထား ခဲ့ သော လူ ဟူ သ မျှ ကို၊ ပ ရော ဖက် ယေ ရ မိ နှင့် နေ ရိ သား ဗာ ရုတ် တို့ ပါ၊ ခေါ် သွား လျက်၊
  • 7 ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် သံ ကို နား မ ထောင် ဘဲ၊ အိ ဂျစ် ပြည် တာ ပ နက် မြို့ သို့ ရောက် လာ ကြ သ တည်း။
  • 8 တာ ပ နက် မြို့ ၌၊ ယေ ရ မိ သို့ ရောက် လာ သော၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကား၊ ကျောက် ပြား ကြီး များ ကို ကိုင် ယူ လျက်၊
  • 9 တာ ပ နက် မြို့၊ ဖာ ရော မင်း နန်း တော် တံ ခါး ဝ အ နီး၊ မြို့ ရိုး ငယ့် အ တွင်း ယု ဒ လူ တို့ ရှေ့၊ သ ရွတ် ထေး ၍ ခင်း ထား ပြီး နောက်၊
  • 10 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား၊ ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် က၊ ငါ့ ကျွန် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ ကို၊ ငါခေါ် စေ လျက်၊ ခင်း ထား သော ဤ ကျောက် ပြား ပေါ် တွင်၊ ရာ ဇ ပ လ္လင် ကို တည် မည့် အ လျောက်၊
  • 11 ထို မင်း သည် ရောက် လာ၍၊ ဤ ကျောက် ပြား ထက်၊ နေ ရာ တော် ခင်း လျက်၊ သေ ဘေး ခံ သင့် သူ တို့ ကို သေ ခြင်း သို့ လည်း ကောင်း၊ သုံ့ ပန်း ဘေး ခံ သင့် သူ တို့ ကို သုံ့ ပန်း ခြင်း သို့ လည်း ကောင်း၊ ဓား ဘေး ခံ သင့် သူ တို့ ကို လုပ် ကြံ ခြင်း သို့ လည်း ကောင်း၊ အပ် သ ဖြင့်၊ အိ ဂျစ် ပြည် ကို ဒဏ် ခတ် လိမ့် မည်။
  • 12 အိ ဂျစ် ဘု ရား တို့ ဗိ မာန် များ အ တွင်း၊ ငါ မီး မွေး မည့် အ လျောက်၊ ထို မင်း သည် တိုက် ရှို့ သိမ်း သွား ၍၊ ကိုယ့် အ ဝတ် ကို၊ သိုး ထိန်း ဝတ် ခြုံ သည့် နည်း တူ၊ အိ ဂျစ် ပြည် ကို ဝတ် ခြုံ လျက်၊ ဘေး ကင်း စွာ ထွက် သွား ရ လိမ့် မည်။
  • 13 အိ ဂျစ် ပြည် ရှိ၊ နေ မင်း ဗိ မာန် ကျောက် တိုင် များ ကို ချိုး ဖဲ့၍၊ အိ ဂျစ် ဘု ရား တို့ ဗိ မာန် များ ကို မီး တိုက် လိမ့် မည် ဟု၊ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ၍ တည်း။
回到本卷目录 回到本版本目录 回到首页