1
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် သည် အ ကျွန်ုပ်၏ ဘု ရား သ ခင် ဖြစ် တော် မူ၏။ သ စ္စာ တော် တည် မြဲ၍၊ ရှေး ကာ လ က ပင် ပြ ဋ္ဌာန်း တော် မူ သော အံ့ ဩ ဖွယ် ရာ များ ကို စီ ရင် တော် မူ သော ကြောင့်၊ ဂုဏ် တော် ကို ချီး မြှောက်၍ နာ မ တော် ကို ချီး မွမ်း ပါ မည်။
2
မြို့ ကိုလည်း ကောင်း၊ ခိုင် ခံ့ သော မြို့ ကိုလည်း ကောင်း၊ ဖြို လှဲ ချ ပုံ ရာ ဖြစ် စေ လျက်၊ လူ မျိုး ခြား တို့ ခံ မြို့ ကို လည်း မည် သည့် အ ခါ မျှ ပြု စု ခွင့်၊ မြို့ ဖြစ် ခွင့် မ ရ သည့် တိုင် အောင် စီ ရင် တော် မူ ပြီး ဖြစ်၍၊
3
ရက် စက် သော လူ မျိုး တို့ သည် ဘုန်း တော် ကို ချီး မွမ်း လျက်၊ ကြမ်း ကြုတ် သော လူ မျိုး ခြား တို့ မြို့ များ သည်၊ ကိုယ် တော် ကို ကြောက် ရွံ့ ကြ လိမ့် မည်။
4
ကိုယ် တော် သည် ဒု က္ခ ရောက် သည့် ကာ လ၊ နွမ်း ပါး သူ၊ ဆင်း ရဲ သူ တို့ ခံ တပ် သ ဖွယ်၊ ပြင်း စွာ မိုး သက် မုန် တိုင်း ဝှေ့ သ ကဲ့ သို့ ကြမ်း ကြုတ် သူ တို့ တိုက် ဝှေ့ သည့် ကာ လ၊ မိုး ခို ရာ၊ နေ ရောင် ကွယ် ရာ အ ရိပ် သ ဖွယ် ဖြစ် တော် မူ ပြီ။
5
သွေ့ ခြောက် သော အ ရပ်၌ နေ ရှိန် ကို ဧ စေ သ ကဲ့ သို့၊ လူ မျိုး ခြား တို့ ကြိမ်း ဝါး သံ ကိုလည်း ကောင်း၊ မိုး တိမ် အား ဖြင့် နေ ရှိန် ကို ပေါ့ သ ကဲ့ သို့၊ ကြမ်း ကြုတ် သူ တို့ အောင် သံ ကိုလည်း ကောင်း၊ ပြတ် စဲ စေ တော် မူ၏။
6
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ဆူ ဖြိုး လျက် အ ဆီ နိုင် သော ခဲ ဖွယ်၊ စစ် ပြီး လက် ဟောင်း စ ပျစ် ရည် သောက် ဖွယ် များ ကို လူ အ မျိုး မျိုး တို့ အ ဖို့ ဤ တောင် တော် ပေါ် တွင် စီ ရင် တော် မူ၍၊
7
လူ အ မျိုး မျိုး ၌ ဖုံး အုပ် သော တစ် ဘက်၊ လူ မျိုး ခြား တို့၌ လွှမ်း တင် သော အ ထည် များ ကို ဤ တောင် ပေါ် မှာ ပယ် တော် မူ လိမ့် မည်။
8
အ ရှင် ထာ ဝ ရ ဘု ရား သည်၊ သေ ခြင်း တ ရား ကို အ စဉ် အ မြဲ ပယ် ဖျက် လျက်၊ လူ ရှိ သ မျှ တို့၏ မျက် နှာ မှ မျက် ရည် ကို သုတ်၍၊ လူ မျိုး တော် ခံ ရ သော ကဲ့ ရဲ့ ခြင်း ကို၊ မြေ တစ် ပြင် လုံး၌ ကင်း ရှင်း စေ တော် မူ လိမ့် မည်။ ထို သို့ ထာ ဝ ရ ဘု ရား မိန့် မြွက် တော် မူ သ တည်း။
9
ထို ကာ လ ဆို ရ မည် မှာ၊ ငါ တို့ ကို ကယ် တင် အံ့ ဟု စောင့် မြော် ကြ သော ငါ တို့ ဘု ရား ပေ တည်း။ ငါ တို့ စောင့် စား ကြ သော ထာ ဝ ရ ဘု ရား ပေ တည်း။ ကယ် တင် တော် မူ သော ကျေး ဇူး တော် ကြောင့်၊ ငါ တို့ ဝမ်း မြောက် ရွှင် လန်း ကြ ကုန် အံ့ ဟူ ၍ တည်း။
10
ထာ ဝ ရ ဘု ရား သည်၊ ဤ တောင် ပေါ် မှာ လက် တော် တင် လျက်၊ နောက် ချေး ရွှံ့ အိုင် ၌ ကောက် ရိုး ကို ချ နင်း တတ် သ ကဲ့ သို့၊ မော ဘ သည် ကိုယ့် နေ ရပ်၌ ချ နင်း ခံ ရ သ ဖြင့်၊
11
ရေ လက် ပစ် ကူး သူ့ နည်း တူ၊ ထို အိုင့် အ လယ် တွင် လက် ပစ် ကူး လိ မ္မာ သော် လည်း၊ မာရ် မာ န နှိမ့် ချ ခံ ရ လိမ့် မည်။
12
သင် ၏ မြင့် သော ခံ တပ် မြို့ ရိုး များ ကို၊ မြေ မုန့် သို့ ရောက် သည့် တိုင် အောင်၊ ဖြို ဖျက် လှဲ ချ တော် မူ လိမ့် မည်။