1
ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ မိုး ကောင်း ကင် သည် ငါ့ ပ လ္လင်၊ မြေ ကြီး သည် ငါ့ ခြေ တင် ရာ ဖြစ် သည် နှင့်၊ မည် သို့ သော ဗိ မာန် ကို ငါ့ အ ဖို့ တည် ဆောက် ကြ မည် နည်း။ မည် သို့ သော နေ ရာ၌ ငါ ကိန်း ဝပ် ရာ ကို ဖြစ် စေ ကြ မည် နည်း။
2
ငါ ထာ ဝ ရ ဘု ရား အ မိန့် အ တိုင်း ဤ အ ရာ ခပ် သိမ်း သည်၊ ငါ့ လက် ဖြင့် ဖန် ဆင်း သည့် အ လျောက် ဖြစ် ပွား လေ ပြီ။ ငါ ထောက် ထား မည့် သူ ကား ငါ၏ ဗျာ ဒိတ် တော် ကြောင့် တုန် လှုပ်၍၊ စိတ် ကြေ ကွဲ လျက် ဆင်း ရဲ သူ ပင် တည်း။
3
နွား ကို စီ ရင် သော သူ သည်၊ လူ ကို သတ် ခြင်း၊ သိုး ကို ယဇ် ပူ ဇော် သော သူ သည်၊ ခွေး လည် ကို ချိုး ခြင်း၊ ဘော ဇဉ် သ က္ကာ ကို ဆက် ကပ် သော သူ သည်၊ ဝက် သွေး ကို ဆက် ကပ် ခြင်း၊ လော ဗန် ကို မီး ရှို့ သော သူ သည်၊ ရုပ် တု ကို ရှိ ခိုး ခြင်း ပြု သေး လေ စွ။ ထို သို့ သော သူ တို့ သည် ငါ ခေါ် သော အ ခါ မ ထူး၊ မိန့် ဆို သော အ ခါ နား မ ထောင် ဘဲ လျက်၊ မျက် မှောက် တော် တွင် မ ကောင်း သော အ ကျင့် ကို ကျင့်၍၊ ငါ မ နှစ် သက် ရာ ကို ရွေး ချယ် ကြ သော ကြောင့်၊ ကိုယ့် နည်း လမ်း များ ကို ရွေး ချယ် လျက်၊ ရွံ ရှာ ဘွယ် များ၌ မွေ့ လျော် ကြ သည့် နည်း တူ ငါ လည်း၊ သူ တို့ အ ဖို့ ထင် မြင် ရာ များ ကို ရွေး ချယ် လျက်၊ ကြောက် လန့် သော ဘေး များ ကို လည်း သင့် ရောက် စေ မည် ဟု မိန့် တော် မူ၏။
4
5
ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ကြောင့် တုန် လှုပ် သော သင် တို့၊ ဗျာ ဒိတ် တော် ကို နား ထောင် ကြ ဦး လော့။ သင် တို့ ကို မုန်း ထား ၍ ငါ့ နာ မ ကြောင့် နှင် ထုတ် သော ဆွေ မျိုး သား ချင်း တို့ က၊ ထာ ဝ ရ ဘု ရား ဘုန်း တော် ထင် ရှား လျက်၊ ချင်း တို့ ဝမ်း မြောက် ခြင်း ကို ငါ တို့ မြင် ရ ကြ ပါ စေ ဟု ကဲ့ ရဲ့ တတ် သော် လည်း၊ အ ရှက် ကွဲ ရ ကြ လ တ္တံ့။
6
မြို့ တွင် အုတ် အုတ် သဲ သဲ သံ၊ ဗိ မာန် တော် တွင် သည်း စွာ သော အ သံ၊ ရန် သူ တော် တို့ အား လက် စား ချေ ခြင်း ကို ဆပ် ပေး တော် မူ သော ထာ ဝ ရ ဘု ရား၏ ဟုန်း သံ ပါ တ ကား။
7
ဇိ အုန် မြို့ သည် ဝေ ဒ နာ မ ခံ မီ မျက် နှာ မြင် ခွင့်၊ ဝေ ဒ နာ မ ခံ စား မီ သား ယောက်ျား ဖွား ခွင့် ရ လေ ပြီ။
8
ထို သို့ သော အ ရာ ကို မည် သူ ကြား ဖူး သ နည်း။ ထို သို့ သော အ ရာ များ ကို မည် သူ မြင် ဖူး သ နည်း။ တိုင်း နိုင် ငံ လုံး ကို နေ့ ချင်း ဖွား မည် လော။ လူ မျိုး လုံး ကို တစ် ပြိုင် တည်း ဖွား မည် လော။ ဇိ အုန် မြို့ မူ ကား ဝေ ဒ နာ ခံ လျှင် ခံ ချင်း၊ သား များ ကို ဖွား မြင် လေ ၏။
9
ငါ သည် ဖွား ချိန် ကို စီ ရင် ပြီး မှ၊ မ ဖွား စေ ဘဲ နေ မည် လော ဟု၊ ထာ ဝ ရ ဘု ရား အ မေး တော် ရှိ ၏။ သား ဖွား စေ သော ငါ သည်၊ မ ဖွား နိုင် အောင် ကန့် ကွက် မည် လော ဟု၊ သင် ၏ ဘု ရား သ ခင့် အ မေး တော် ရှိ ၏။
10
ယေ ရု ရှ လင် မြို့ ကို စုံ မက် သူ ရှိ သ မျှ တို့၊ ၎င်း မြို့ နှင့် အ တူ ဝမ်း မြောက် ခြင်း၊ ၎င်း မြို့ ကြောင့် ရွှင် လန်း ခြင်း ရှိ ကြ လော့။ ယေ ရု ရှ လင် မြို့ အ တွက် ညည်း တွား သူ ရှိ သ မျှ တို့၊ ထို မြို့၏ နှစ် သိမ့် ခြင်း သား မြတ် ကို စို့၍ ရောင့် ရဲ ခွင့်၊ စည်း စိမ် ခံ စား ခြင်း ရင် နို့ သောက်၍၊ မွေ့ လျော် ခွင့် ရ ကြ ရန် ထို မြို့ နှင့် အ တူ အား ရ ရွှင် လန်း ကြ လော့။
11
12
အ သို့ ဆို သော် ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကား၊ ချောင်း သ ဖွယ် ချမ်း သာ ကို လည်း ကောင်း၊ ပြည့် လျှံ သော မြစ် သ ဖွယ် လူ မျိုး ခြား တို့ ၏ စည်း စိမ် ကို လည်း ကောင်း၊ ယေ ရု ရှ လင် မြို့ ရောက် ငါ စီး သွယ် စေ သ ဖြင့်၊ သင် တို့ သည် နို့ သက် ခံ လျက် ခါး ထစ် ချီ ခြင်း၊ ပေါင် ပေါ် တွင် မွေး မြူ ခြင်း ကို ခံ ရ ကြ လိမ့် မည်။
13
အ မိ သည် သား ကို နှစ် သိမ့် စေ သည့် နည်း တူ၊ သင် တို့ ကို ငါ နှစ် သိမ့် စေ သ ဖြင့်၊ ယေ ရု ရှ လင် မြို့ တွင်း ၌ ပင် နှစ် သိမ့် ခွင့် ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ၏။
14
ထို သို့ တွေ့ မြင် သည့် ကာ လ၊ သင် တို့ သည် နှ လုံး ကြည် လျက်၊ ပျိုး ပင် ကဲ့ သို့ အ ရိုး သန် မာ လျက်၊ နေ ကြ လိမ့် မည်။ ထာ ဝ ရ ဘု ရား၏ လက် ရုံး တော် သည်၊ ကိုယ် တော်၏ ကျွန် တို့ အား ထင် ရှား ၍၊ ရန် သူ တော် တို့ အ ပေါ် တွင် အ မျက် တော် ပွား လိမ့် မည်။
15
ထာ ဝ ရ ဘု ရား သည် ဒေါ သ အ ရှိန် အား ဖြင့် အ မျက် တော် ကိုလည်း ကောင်း၊ မီး လျှံ အား ဖြင့် အ ဆုံး အ မ တော် ကို လည်း ကောင်း၊ စီ ရင် ခြင်း ငှာ၊ လေ ဗွေ သ ဖွယ် စစ် ရ ထား တော် များ ပါ၊ မီး ရှိန် နှင့် တ ကွ ကြွ လာ တော် မူ လိမ့် မည်။
16
ထာ ဝ ရ ဘု ရား သည် မီး နှင့် လည်း ကောင်း၊ ဓား တော် နှင့်လည်း ကောင်း၊ လူ သ တ္တ ဝါ အ ပေါင်း တို့ ကို တ ရား တွေ့ သ ဖြင့်၊ ကွပ် မျက် တော် မူ သော သူ တို့ ကား များ ပြား ကြ လိမ့် မည်။
17
ထာ ဝ ရ ဘု ရား က၊ ဝက် ကြွက် မှ စ၍၊ စက် ဆုပ် ဖွယ် အ သား ကို စား လျက်၊ အ လယ် တွင် ရပ် သူ အ လိုက်၊ မြို့ မ ဝင် မီ ကိုယ် ကို သီး သန့် စင် ကြယ် စေ သော သူ တို့၏ အ ပြု အ ကျင့် အ ကြံ အ စည် များ သည်၊ တစ် ပြိုင် နက် ကုန် ဆုံး ပျက် စီး လိမ့် မည် ဟု မိန့် တော် မူ ၏။
18
ငါ သည် ဘာ သာ စ ကား အ မျိုး မျိုး ပြော ဆို သော လူ မျိုး ဟူ သ ရွေ့ တို့ ကို စု ရုံး ရန် ကြွ လာ သ ဖြင့်၊ သူ တို့ ဝင် ရောက် ၍၊ ဘုန်း တော် ကို ဖူး မြင် ရ ကြ လိမ့် မည်။
19
ထို သူ တို့ ရှေ့ နိ မိတ် တန် ခိုး ပြ ပြီး နောက်၊ ငါ့ သ တင်း ကို မ ကြား၊ ဘုန်း တော် ကို လည်း မ ဖူး ဘူး သော အ ဝေး ရှိ ကျွန်း ကြီး ကျွန်း ငယ် နှင့် တ ကွ၊ တာ ရှု အ မျိုး၊ တု ဗ လ အ မျိုး၊ ဂ ရိတ် အ မျိုး၊ လေး တတ် သော ပု လ နှင့် လု ဒ အ မျိုး တည်း ဟူ သော လူ မျိုး ခြား တို့ ထံ၊ ဘေး ဒဏ် လွတ် သူ တို့ ကို ငါ စေ လွှတ် သည် နှင့်၊ လူ အ မျိုး မျိုး တို့ အား ဘုန်း တော် ကို ကြေ ငြာ ကြ ပြီး လျှင်၊
20
ဣ သ ရေ လ အ မျိုး သား တို့ သည် သန့် စင် သော ဖ လား၌ ဘော ဇဉ် သ က္ကာ ကို ထည့်၍၊ ဗိ မာန် တော် ကို ဆောင် သွင်း သည့် နည်း တူ၊ ထို လူ မျိုး ခြား ခပ် သိမ်း တို့ လည်း၊ သင် တို့ ဆွေ မျိုး သား ချင်း ရှိ သ မျှ ကို မြင်း၊ လား၊ ကု လား အုပ် မှ စ၍၊ ရ ထား၊ ယဉ် များ ပေါ် တွင် ထိုင် လျက်၊ ငါ ထာ ဝ ရ ဘု ရား ထံ ဘော ဇဉ် သ က္ကာ အ ဖြစ်၊ သန့် ရှင်း သော ယေ ရု ရှ လင် တောင် တော် သို့ ဆောင် သွင်း ကြ လိမ့် မည် ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
21
ထို သူ တို့ အ နက် လည်း၊ ပ ရော ဟိတ် အ ဖြစ်၊ လေ ဝိ ဂိုဏ်း သား အ ဖြစ်၊ ငါ ရွေး ချယ် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
22
ငါ ဖန် ဆင်း လ တ္တံ့ သော မိုး မြေ သစ် သည်၊ မျက် မှောက် တော် တွင် တည် မြဲ အံ့ သည့် နည်း တူ၊ သင် တို့၏ အ မျိုး အ နွယ် နှင့် အ မည် ပါ တည် မြဲ လိမ့် မည် ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။
23
၎င်း ပြင်၊ လူ သ တ္တ ဝါ အ ပေါင်း တို့ သည်၊ လ ဆန်း နေ့၊ ဥ ပုသ် နေ့ အ စဉ် အ တိုင်း၊ ငါ့ ရှေ့ တွင် ပျပ် ဝပ် ရှိ ခိုး ရန် လာ ရောက် ကြ လိမ့် မည်။
24
ငါ့ အား လွန် ကျူး သည့် အ တွက်၊ ပိုး မ သေ၊ မီး မ ငြိမ်း၍၊ လူ သ တ္တ ဝါ တို့ ရွံ့ ရှာ ဖွယ် ဖြစ် သော အ လောင်း များ ကို ထို သူ တို့ ထွက် သွား ၍ မြင် ရ ကြ လ တ္တံ့ ဟု၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သ တည်း။