1
ရူ ပါ ရုံ ချိုင့် ကို ရည် သော ဗျာ ဒိတ် ချက် ဟူ မူ ကား။ အ ချင်း မြို့ သူ မြို့ သား အ ပေါင်း တို့၊ အိမ် မိုး ပေါ် သို့ တက် ရ သည် မှာ မည် သို့ နည်း။
2
ကြွေး ကြော် ခြင်း နှင့် ပြည့် လျက်၊ အုတ် အုတ် သဲ သဲ ပြု လျက် ရွှင် လန်း သော ရွှေ မြို့ တော်၊ သင်၌ သေ လ တ္တံ့ သူ တို့ သည်၊ ဓား ဘေး ကြောင့် သေ ကြ မည် မ ဟုတ်။ စစ် ပွဲ တွင် ကျ ဆုံး မည် မ ဟုတ် ချေ။
3
သင် ၏ စစ် ဗိုလ် အ ပေါင်း တို့ သည် တစ် ပြိုင် နက် ပြေး ကြ ရာ၊ လေး ကို ချ လျက် ချည် နှောင် ခံ ရ ကြ လိမ့် မည်။ အဝေး သို့ ထွက် ပြေး စဉ်၊ ဖမ်း မိ သ မျှ သူ တို့ သည်၊ တစ် စု တည်း ချုပ် နှောင် ခံ ရ ကြ လိမ့် မည်။
4
ထို့ ကြောင့်၊ ငါ့ ကို မ ကြည့် ပါ နှင့်။ သည်း စွာ ငို ပါ ရ စေ။ ငါ့ အ မျိုး သ တို့ သ မီး တို့ ပျက် စီး သည် ကို ထောက် ၍ စိတ် ပြေ ဖွယ် မ ပြော ကြ ပါ နှင့် ဟု ဆို လေ ၏။
5
အ သို့ ဆို သော်၊ အုတ် အုတ် သဲ သဲ ပြု ခြင်း၊ နင်း နယ် ခြင်း၊ ရှုပ် ထွေး ခြင်း၊ မြို့ ရိုး ကို ဖြို ဖျက် ခြင်း၊ တောင် ထိပ် တိုင် အောင် ဟစ် သံ ရောက် ခြင်း များ ဆိုင် ရာ နေ့ ရက် ကို ရူ ပါ ရုံ ချိုင့် တွင် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် စီ ရင် တော် မူ ၏။
6
ဧ လံ မြင်း သည်၊ ရ ထား သည် တို့ သည် မြှား ကျည် တောက် ကို ဆောင် လျက်၊ ကိ ရ ရဲ မက် တို့ လည်း ဒိုင်း လွှား ကို ထုတ် ပြ သည့် ပြင်၊
7
စစ် ရ ထား များ သည်၊ သင်၏ အ မြတ် ဆုံး ချိုင့် လုံး ပြည့် လျက်၊ မြင်း သည် တို့ လည်း၊ မြို့ တံ ခါး ရင် ဆိုင် တပ် စွဲ ကြ လိမ့် မည်။
8
ယု ဒ ပြည် အ ကွယ် အ ကာ ကို ဖွင့် လှစ် သည့် နေ့၌၊ လေ ဗ နုန် တော ခေါ် နန်း တော် ရှိ လက် နက် စုံ ကို ရှု ကြည့် ခြင်း၊
9
ဒါ ဝိဒ် မြို့ ရိုး အ ပေါက် များ သည် ကို သိ မှတ် ခြင်း၊ အောက် ကန် ရေ ကို ဆည် တင် ခြင်း၊
10
မြို့ ရိုး ခိုင် ခံ့ စေ ရန် ယေ ရု ရှ လင် တိုက် များ ကို စာ ရင်း ကောက် လျက် ဖြို ဖျက် ခြင်း၊
11
ကန် ဟောင်း ရေ အ ဖို့ မြို့ ရိုး နှစ် ထပ် ကြား တွင်၊ ကန် တူး ဖော် ခြင်း များ ကို သာ ပြု လျက်၊ စီ ရင် တော် မူ သော အ ရှင် ကို မ မြော်၊ ရှေး ကာ လ က ပြ ဋ္ဌာန်း တော် မူ သော အ ရှင် ကို မ ထောက် ကြ ချေ။
12
ထို ကာ လ၊ ငို ကြွေး မြည် တမ်း ခြင်း၊ ဆံ ပယ် ခြင်း၊ လျှော် တေ ဝတ် ခြင်း များ ကို၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘုရား သ ခင် အ လို တော် ရှိ တော် မူ သော် လည်း၊
13
သင် တို့ က၊ နက် ဖြန် သေ ရ မည် ဖြစ်၍၊ စား သောက် လျက် နေ ကြ ကုန် အံ့ ဟု ဆို ကြ သည် နှင့် အ ညီ၊ ဝမ်း မြောက် ရွှင် လန်း ခြင်း၊ သိုး နွား ကို စီ ရင်၍ အ သား နှင့် စ ပျစ် ရည် စား သောက် ခြင်း များ ကို ပြု ကျင့် ကြ ပြီ တ ကား။
14
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ငါ့ နား တွင် အ ထင် အ ရှား ဖော် ပြ တော် မူ သည် မှာ၊ ဤ ဒု စ ရိုက် အ တွက် သင် တို့ မ သေ မ ချင်း၊ ဖြေ ရှင်း ခွင့် မု ချ ရ မည် မ ဟုတ် ဟု ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ၏။
15
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင် မိန့် တော် မူ ပြန် သည် ကား။ လက် သုံး တော် ချုပ် ရှေ ဗ န ထံ သွား၍ ဆင့် ဆို ရ မည် မှာ၊
16
မြင့် မြတ် သော အ ရပ် တွင် သင်္ချိုင်း ကို ထွင်း၍၊ ကျောက် တောင် အ တွင်း သိပ် ထား ရာ ကို ဆစ် သော သင် သည်၊ ဤ ပြည်၌ မည် သည့် အ ရာ၊ မည် သူ့ ကို ပိုင် ဆိုင်၍၊ ဤ တွင် ထွင်း ဆစ် ဝံ့ သ နည်း။
17
အို စွမ်း အား ကြီး သူ၊ ထာ ဝ ရ ဘု ရား သည် သင့် ကို ပြင်း စွာ ထုတ် ပစ် တော် မူ လိမ့် မည်။ မု ချ ဖမ်း ဆီး ကိုင် ငင် ပြီး လျှင်။
18
ဗ လီ လုံး ကဲ့ သို့ ကျယ် ဝန်း သော ပြည် တိုင် အောင်၊ တ လိမ့် လိမ့် လှိမ့် တော် မူ မည်။ ကိုယ့် သ ခင် ဆွေ တော်၊ မျိုး တော် ကို အ ရှက် ခွဲ သော သင် သည်၊ ထို အ ရပ်၌ ပင် အ သ ရေ ဆောင် ရ ထား များ ပါ လျက်၊ သေ ရ လိမ့် မည်။
19
ငါ သည် သင့် ရာ ထူး ကို နုတ် လျက်၊ နေ ရာ မှ ချ မည့် ကာ လ ၌၊
20
ဟိ လ ခိ သား ငါ့ ကျွန် ဧ လျာ ကိမ် ကို ခေါ် ၍၊ သင့် ၀တ် လုံ နှင့် ဆင် စေ လျက်၊
21
သင့် ခါး စည်း ဖြင့် ပတ် ပြီး လျှင်၊ အ စိုး ရ သော အ ခွင့် ကို သူ့ လက် သို့ လွှဲ အပ် သ ဖြင့်၊ ထို သူ သည် ယေ ရု ရှ လင် မြို့ သူ မြို့ သား မှ စ၍ ယု ဒ အ မျိုး သား တို့ အ ပေါ် တွင် အ ဘ အ ဖြစ် သို့ ရောက် လ တ္တံ့။
22
ဒါ ဝိဒ်၏ နန်း စဉ် သော့ ကို လည်း၊ သူ့ ပ ခုံး တွင် ငါ တင် သ ဖြင့် မည် သူ မျှ မ ပိတ် နိုင် အောင် ဖွင့် ထား ခွင့်၊ မ ဖွင့် နိုင် အောင် ပိတ် ထား ခွင့် ရှိ လိမ့် မည်။
23
ခိုင် ခံ့ သော နေ ရာ ၌ ကြက် ဆူး သ ဖွယ် ငါ စိုက် သွင်း ရာ၊ အ ဘ ၏ အိမ် ၌ အ သ ရေ ဆောင် ပ လ္လင် သ ဖွယ် ဖြစ် သည့် ပြင်၊
24
အင် တုံ မှ စ၍ အိုး၊ အ သေး အ ဖွဲ၊ အ သုံး အ ဆောင် တည်း ဟူ သော၊ အ မျိုး အ နွယ်၊ ဆွေ မျိုး သား ချင်း အ ပေါင်း တို့ ကို၊ သူ့ အ ပေါ် တွင် ဆွဲ တင် ကြ လိမ့် မည်။
25
ထို ကာ လ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည့် အ တိုင်း၊ ခိုင် ခံ့ သော နေ ရာ၌ စိုက် သွင်း ပြီး ကြက် ဆူး သည်၊ ဖြတ် ခြင်း ကို ခံ၍ လျော ကျ သ ဖြင့်၊ ဆွဲ ထား သော ဝန် လည်း ပြုတ် ကျ လိမ့် မည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ချက် ကို ဆင့် ဆို ရန် မိန့် တော် မူ သ တည်း။