1
ထို ကာ လ၊ ထာ ဝ ရ ဘု ရား သည် အ ပြေး လျင် သော မြွေ န ဂါး ကို လည်း ကောင်း၊ တွန့် လိမ် သော မြွေ န ဂါး ကို လည်း ကောင်း၊ ခိုင် ခံ့ ကြမ်း တမ်း သော ထား ကြီး နှင့် စီ ရင်၍၊ အိုင် ရှိ ဖွတ် မိ ကျောင်း ကို လည်း၊ ကွပ် မျက် တော် မူ လိမ့် မည်။
2
ထို ကာ လ၊ ဥ ဒါန်း တော် ကား၊ နှစ် မြို့ ဖွယ် စ ပျစ် ဥ ယျာဉ် ကို ရည်၍ သီ ဆို ကြ လော့။
3
ဥ ယျာဉ် မှူး ဖြစ် သော ငါ ထာ ဝ ရ ဘု ရား သည်၊ မ ကြာ မ ကြာ ရေ လောင်း ခြင်း၊ ပျက် ပြား မည် စိုး၍ နေ့ ညဉ့် မ ပြတ် စောင့် ရှောက် ခြင်း များ ကို ပြု ၏။
4
ငါ၌ အ မျက် ဒေါ သ မ ရှိ။ ဆူး ပင် ရှား စောင်း ပင် များ ပေါ် ထွက် ပါ စေ။ ငါ ချီ တိုက်၍ တစ် ပြိုင် နက် မီး သင့် စေ မည်။
5
သို့ မ ဟုတ်၊ ငါ့ စွမ်း ရည် ကို မှီ ဝဲ၍၊ ငါ နှင့် မိတ်ဿ ဟာ ရ ဖွဲ့ ကြ စေ။ မိတ်ဿ ဟာ ရ ဖွဲ့ ကြ စေ ဟူ ၍ တည်း။
6
နောင် ကာ လ၊ ယာ ကုပ် အ မျိုး သည် အ မြစ် စိုက်၍၊ ဣ သ ရေ လ အ မျိုး လည်း ပွင့် လန်း စည် ပင် သ ဖြင့်၊ လော က တစ် ပြင် လုံး နှံ့ အ သီး နှင့် ပြန့် ပြော လိမ့် မည်။
7
လူ မျိုး တော် သည်၊ ကိုယ် ကို ခတ် သူ တို့ ဒဏ် ချက် နှင့် အ မျှ၊ ဒဏ် ခတ် တော် မူ ခြင်း ခံ ရ ဘူး သ လော။ ကွပ် မျက် တော် မူ ခြင်း ခံ ရ သူ တို့ နှင့် အ မျှ၊ ကွပ် မျက် ခံ ရ ဘူး သ လော။
8
အ ရှေ့ လေ ဆော် သည့် ကာ လ လေ ဟုန် ချီ လျက်၊ လူ မျိုး တော် ကို စွန့် ခွာ နှင် ထုတ် လွှတ် လိုက်၍ စီ ရင် တော် မူ ခြင်း ဖြင့်၊
9
ယာ ကုပ် အ မျိုး၏ ဒု စ ရိုက် ပြေ ရှင်း ခွင့်၊ အ ပြစ် ပယ် လှန် ခွင့် အ ကျိုး မှာ၊ တံ ခွန် တိုင်၊ နေ မင်း တိုင် များ မ တည် တ္တံ့ ရ ဘဲ၊ ယဇ် ပ လ္လင် ကျောက် ရှိ သ မျှ ကို ထုံး ကျောက် ကဲ့ သို့ ချေ မွ ခြင်း တည်း။
10
ခိုင် ခံ့ သော မြို့ သည် ကိုး ရာ မဲ့ မြို့၊ တော ကဲ့ သို့ လက် လွှတ် စွန့် ထား ရာ မြို့ ဖြစ်၍ နွား ငယ် များ သည် ကျက် စား အိပ် ဝပ် လျက်၊ သစ် ရွက် များ ကို စား လျက်၊
11
သွေ့ ခြောက် ကျိုး ပြတ် သော အ ကိုင်း အ ခက် များ ကို၊ မိန်း မ တို့ ခွေ ယူ၍ မီး ဆိုက် ကြ၏။ အ သို့ ဆို သော်၊ ဉာဏ် ကင်း သော လူ မျိုး ဖြစ် သည် နှင့်၊ ဖန် ဆင်း ပြု ပြင် သော အ ရှင် သည်၊ သ နား ညှာ တာ ခြင်း ပြု တော် မ မူ ချေ။
12
အို ဣ သ ရေ လ အ မျိုး သား တို့၊ ထို ကာ လ ထာ ဝ ရ ဘု ရား သည်၊ မြစ် ကြီး ရေ အ လျဉ် နှင့် အိ ဂျစ် ချောင်း အ ကြား တွင်၊ အ သီး သ ဖွယ် ရိုက် ခါ ၍ သင် တို့ ကို တစ် ယောက် နောက် တစ် ယောက် ကောက် သိမ်း တော် မူ လိမ့် မည်။
13
ထို ကာ လ၌ ပင်၊ တံ ပိုး ကြီး ကို မှုတ် ရာ၊ အာ ရှု ရိ ပြည် တွင် ပျောက် သူ တို့ နှင့် အိ ဂျစ် ပြည် သို့ နှင် ထုတ် ခံ ရ သူ တို့ သည် ပြန် လာ၍ ယေ ရု ရှ လင် မြို့၊ သန့် ရှင်း သော တောင် တော် ပေါ် တွင် ထာ ဝ ရ ဘု ရား ကို ကိုး ကွယ် ရှိ ခိုး ကြ လိမ့် သ တည်း။