1
တု ရု မြို့ ကို ရည် သော ဗျာ ဒိတ် ချက် ဟူ မူ ကား။ ကု ပ ရု ကျွန်း တွင် သ တင်း ကြား ခဲ့ သည့် အ လျောက်၊ အိမ် ဆိပ် မှ စ၍ ဆိုက် ခွင့် မ ရ သည့် တိုင် အောင်၊ တု ရု မြို့ ပျက် ပြား သည် နှင့် တာ ရှု သင်္ဘော တို့ ဟစ် ကြ လော့။
2
သ မု ဒ္ဒ ရာ ကမ်း ခြေ တစ် လျှောက် နေ ထိုင်၍ သ မု ဒ္ဒ ရာ ကူး လေ့ ရှိ သော ဇိ ဒုန် ကုန် သည် များ ကြောင့် ပြန့် ပြော စည် ကား ရ သော သူ တို့၊ အံ့ အား သင့် ကြ လော့။
3
ရှိ ဟော ရ မြစ် မှ မျိုး စေ့၊ နိ လ မြစ် မှ အ သီး အ နှံ သည်၊ ကျယ် ဝန်း သော ရေ လမ်း ဖြင့် ဝင် ရောက်၍၊ အ ဖိုး ငွေ မှာ၊ လူ အ မျိုး မျိုး တို့ စီး ပွား တိုး တက် ရာ အ ကြောင်း ဖြစ် ဖူး ၏။
4
ငါ သည် ဝေ ဒ နာ ခံ၍ သား ဖွား ခွင့် မ ရ။ လူ ပျို နှင့် အ ပျို တို့ ကို လုပ် ကျွေး မွေး မြူ ခွင့် မ ရ ချေ ဟု၊ သ မု ဒ္ဒ ရာ နှင့် ဆိုင် ရာ ခံ မြို့ က ပင် ပြော ဆို ရ သော ကြောင့် အို ဇိ ဒုန် မြို့၊ ရှက် ကြောက် လော့။
5
အိ ဂျစ် ပြည် သို့ တု ရု မြို့ သ တင်း ရောက် သော အ ခါ၊ အ လွန် ပူ ပန် ကြ လိမ့် တ ကား။
6
သ မု ဒ္ဒ ရာ ကမ်း ခြေ တစ် လျှောက် နေ ထိုင် သူ တို့၊ တာ ရှူ မြို့ သို့ ကူး ပြေး ၍ ဟစ် ကြ လော့။
7
ရှေး ကာ လ တည် ထောင် ခဲ့ လျက်၊ ဝေး ကွာ ရာ၌ နေ ရာ ရ စေ ခြင်း ငှာ၊ ခြေ ဆောင် ရာ ကိုယ် ပါ၍ သာ ယာ ရွှင် လန်း သော မြို့၊ ဤ သို့ ဖြစ် ရာ သ လော။
8
ရာ ဇ မ ကိုဋ် များ ကို တင် ခွင့် ရှိ သည့် ပြင်၊ မှူး မတ် ဖြစ် သော ကုန် သည်၊ မြေ ပေါ် တွင် အ ကြီး အ မှူး ဖြစ် သော အ ရောင်း အ ဝယ် တို့ နှင့် ပြည့် စုံ သော တု ရု မြို့ တစ် ဘက်၌ ထို သို့ မည် သူ ကြံ ဖန် သ နည်း။
9
ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သည်၊ ရှိ သ မျှ သော ဘုန်း အ သ ရေ၏ မာ န ကို ရှုတ် ချ ခြင်း ငှာလည်း ကောင်း၊ မြေ ပေါ် တွင် အ ကြီး အ မှူး အ ပေါင်း တို့ ကို မ ထီ လေး စား ပြု စေ ခြင်း ငှာလည်း ကောင်း ကြံ ဖန် တော် မူ ခဲ့ လေ ပြီ။
10
အို သ တို့ သ မီး တာ ရှု၊ နိ လ မြစ် ကဲ့ သို့ ကိုယ့် မြေ ကို ပြန် စီး လော့။ မြစ် တား သော ခါး စည်း ရှိ တော့ သည် မ ဟုတ်။
11
ထာ ဝ ရ ဘု ရား သည် သ မု ဒ္ဒ ရာ ပေါ် တွင် လက် တော် ဆန့် တန်း သ ဖြင့်၊ နိုင် ငံ များ လှုပ် ရှား စေ လျက်၊ ခါ နာန် ပြည် ခံ မြို့ များ ကို ဖျက် ဆီး စေ ခြင်း ငှာ မိန့် မှာ တော် မူ သည့် ပြင်၊ မု ဒိမ်း ကျင့် ခံ ရ သော က ညာ သ တို့ သ မီး ဇိ ဒုန်၊
12
သင် သည် နောက် တစ် ဖန် ရွှင် လန်း ခွင့် မ ရ ချေ။ ကု ပ ရု ကျွန်း သို့ ထ၍ ကူး သွား လေ တော့။ ထို အ ရပ်၌ ပင် ချမ်း သာ မ ရ ဟု မိန့် တော် မူ၏။
13
ယ မန် မ ဖြစ် သေး သော ခါ လ ဒဲ ပြည် ကို ကြည့် မှတ် လော့။ အာ ရှု ရိ ရဲ မက် တို့ သည် ထို ပြည် ကို သား ရဲ အောင်း ရန် စီ မံ ပြု လုပ် ပြီး လျှင်၊ က တုတ် လှန်၍ တု ရု ဘုံ ဗိ မာန် များ မှ စ သော တစ် မြို့ လုံး ကို လုပ် ကြံ ဖြို လှဲ လေ ပြီ။
14
အို တာ ရှု သင်္ဘော တို့၊ သင် တို့ ခံ မြို့ ပျက် ပြား ပြီး ဖြစ် ၍ ဟစ် ကြ လော့။
15
ထို ကာ လ၊ မင်း တစ် ပါး အ သက် တမ်း အ လျောက်၊ အ နှစ် ခု နစ် ဆယ် ပတ် လုံး တု ရု မြို့ ကို သ တိ မ ထား ကြ။ ထို အ နှစ် ခု နှစ် ဆယ် ကုန် လွန် ပြီး မှ၊ သ တိ မဲ့ စွာ၊ ခံ ခဲ့ ရှာ သည်၊ ပြည် တန် ဆာ မ၊ အို မိန်း မ၊ သ တိ ရ လို၊ စောင်း ကို ကိုင် ကာ၊ မြို့ လမ်း မှာ ပင်၊ သာ ယာ သံ ချို၊ ဖွဲ့ သီ ဆို လော့၊ ဟူ သော ပြည် တန် ဆာ မ တေး က ဗျာ အ တိုင်း၊ တု ရု မြို့၌ ဖြစ် လိမ့် မည်။
16
17
ထို အ နှစ် ခု နှစ် ဆယ် ကုန် လွန် သော ကာ လ၊ ထာ ဝ ရ ဘု ရား သည် တု ရု မြို့ ကို ကြည့် ရှု တော် မူ ပြီး လျှင်၊ ထို မြို့ သည် တစ် ဖန် အ ခ ကို လိုက် ရှာ၍၊ မြေ တစ် ပြင် လုံး ရှိ သ မျှ တိုင်း နိုင် ငံ နှင့် မေ ထုန် ပြု ကျင့် ရာ၊
18
ရ သော အ ခ အ မြတ် ကို ဆည်း ပူး သို ထား ခြင်း မ ပြု ဘဲ၊ ထာ ဝ ရ ဘု ရား အ ဖို့ သီး သန့် ထား လိမ့် မည်။ အ မြတ် သည် ထာ ဝ ရ ဘုရား မျက် မှောက် တော် တွင် ခ စား သူ တို့ အ ဖို့ ဖြစ် သ ဖြင့်၊ ရောင့် ရဲ စွာ စား ခွင့်၊ တင့် တယ် စွာ ဝတ် ခွင့် ရ ကြ လိမ့် သ တည်း။