သုတ္တံကျမ်း။-29

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ဆုံး မ ပဲ့ ပြင် ခြင်း ကို အ ကြိမ် ကြိမ် ခံ ရ လျက်၊ ခဲ ယဉ်း သော သူ သည်၊ ပြု ပြင် ခွင့် နှင့် ကင်း သော ကျိုး ပျက် ရာ သို့၊ ရုတ် တ ရက် ရောက် လိမ့် မည်။
  • 2 ဖြောင့် မတ် သူ တို့ ထွန်း ကား သော ကာ လ၊ ပြည် သူ ပြည် သား တို့ ရွှင် လန်း တတ် ကြ၏။ လူ ဆိုး မင်း မူ သော ကာ လ မူ ကား၊ ညည်း တွား ရ ကြ၏။
  • 3 ဉာဏ် ပ ညာ ကို နှစ် သက် သော သူ သည်၊ အ ဘ အား ရွှင် လန်း စေ၏။ ပြည့် တန် ဆာ တို့ နှင့် ပေါင်း ဖော် သော သူ မူ ကား၊ ဥ စ္စာ ကို ဖြုန်း တီး တတ်၏။
  • 4 တ ရား သ ဖြင့် စီ ရင် ခြင်း ကြောင့် ဘု ရင် မင်း သည်၊ တိုင်း နိုင် ငံ ကို တည် စေ၏။ အ ခွန် အ တုတ် ကြီး သော မင်း မူ ကား၊ မှောက် လှန် တတ်၏။
  • 5 အ ပေါင်း အ ဖော် အား၊ မြှောက် ပင့် သော သူ သည်၊ ခြေ လှမ်း မည့် နေ ရာ၌၊ ပိုက် ကို ထောင် ထား တတ် ၏။
  • 6 ဆိုး သွမ်း သူ၏ လွန် ကျူး မှု တွင်၊ ကျော့ ကွင်း သ ဖွယ် ရှိ၏။ ဖြောင့် မတ် သော သူ မူ ကား၊ ရွှင် လန်း စွာ ကြွေး ကြော် လိမ့် မည်။
  • 7 သူ တော် ကောင်း သည်၊ ဆင်း ရဲ သား တို့ အ မှု ကို ထောက် ရှု သိ မြင် တတ်၏။ လူ ဆိုး မူ ကား၊ သိ မြင် နား လည် ခြင်း နှင့် ကင်း ၏။
  • 8 မ ထီ လေး စား ပြု သူ တို့ သည်၊ မြို့ ကို ဆူ ပွက် စေ တတ်၏။ ပ ညာ ရှိ တို့ မူ ကား၊ ဒေါ သ ကို လွှဲ ဖယ် တတ် ၏။
  • 9 ပ ညာ ရှိ သည်၊ လူ မိုက် နှင့် အ မှု တွေ့ ရာ၊ စိတ် ဆိုး သော် လည်း ကောင်း၊ ပြုံး ရယ် သော်လည်း ကောင်း၊ စိတ် မ ချမ်း မ သာ။
  • 10 လူ့ အ သက် ကို သတ် လို သော သူ တို့ သည်၊ ရိုး သား ဖြောင့် မှန် သူ တို့ ကို မုန်း ထား ၍၊ အ သက် အ န္တ ရာယ် ကို ရှာ ကြံ တတ် ကြ၏။
  • 11 မိုက် မဲ သော သူ သည်၊ အ မျက် ရှိ သ မျှ ကို ဖော် ပြ တတ်၏။ ပ ညာ ရှိ မူ ကား၊ ချုပ် တည်း ၍ ငြိမ်း စေ တတ်၏။
  • 12 မင်း သည်၊ မု သာ စ ကား ကို နား စိုက် လျှင်၊ အ မှု ထမ်း ရှိ သ မျှ လည်း၊ လူ ဆိုး ဖြစ် ကြ လိမ့် မည်။
  • 13 နွမ်း ပါး သော သူ နှင့် နှိပ် စက် တတ် သူ တို့ သည်၊ ဆုံ စည်း ကြ၏။ ၎င်း နှစ် ဦး လုံး တို့ မျက် စိ ကို ကား၊ ထာ ဝ ရ ဘု ရား လင်း စေ တော် မူ ၏။
  • 14 အ ကြင် မင်း သည်၊ နွမ်း ပါး သူ တို့ ကို မှန် ကန် စွာ စီ ရင် အံ့။ ထို မင်း၏ ရာ ဇ ပ လ္လင် သည်၊ အ စဉ် တည် မြဲ လ တ္တံ့။
  • 15 ကြိမ် ခတ် ခြင်း နှင့် ဆုံး မ ပဲ့ ပြင် ခြင်း သည်၊ ပ ညာ ကို ရ စေ တတ်၏။ ပေါက် လွတ် ထား သော သူ ငယ် ကား၊ အ မိ ကို အ ရှက် ကွဲ စေ တတ်၏။
  • 16 လူ ဆိုး တို့ ထွန်း ကား ရာ ကာ လ၊ လွန် ကျူး မှု တိုး ပွား သော် လည်း၊ ၎င်း တို့ ပြို လဲ ခြင်း ကို၊ သူ တော် ကောင်း တို့ မြင် ရ ကြ လိမ့် မည်။
  • 17 သား ကို ဆုံး မ လော့။ သူ သည် သင့် အား ချမ်း သာ စေ သည့် ပြင်၊ စိတ် ပျော် ခွင့် ကို လည်း ပေး လိမ့် မည်။
  • 18 ဗျာ ဒိတ် တော် မ ရှိ လျှင်၊ ပြည် သူ ပြည် သား တို့ ဖ ရို ဖ ရဲ ဖြစ် တတ် ကြ၏။ တ ရား ကို စောင့် ရှောက် သော သူ မူ ကား၊ မင်္ဂ လာ ရှိ၏။
  • 19 ကျွန် ကို စ ကား ဖြင့် မျှ ဆုံး မ၍ မ နိုင် ရာ။ နား လည် သော် လည်း လိုက် နာ မည် မ ဟုတ်။
  • 20 စ ကား လျင် လွန်း သူ့ ကို တွေ့ ရှိ သ လော။ ထို သူ ထက် မိုက် မဲ သော သူ့ အ ဖို့ မျှော် လင့် ရာ အ ကြောင်း ရှိ သေး၏။
  • 21 ကျွန် ကို ငယ် ရွယ် စဉ် က ဦး စား ပေး၍၊ ကျွေး မွေး ခဲ့ သော သူ သည်၊ နောက်၌ ကျွန်၏ ကျေး ဇူး ကို မ ခံ ရ။
  • 22 စိတ် တို သော သူ သည်၊ ရန် တွေ့ ခြင်း ကို နှိုး ဆော် တတ်၏။ ဒေါ သ ကြီး သူ လည်း၊ များ စွာ လွန် ကျူး တတ်၏။
  • 23 မာန် မာ န သည်၊ ကိုယ် ကို နိမ့် ကျ စေ လိမ့် မည်။ စိတ် နှိမ့် ချ သော သူ မူ ကား၊ ဂုဏ် အ သ ရေ ကို ရ လိမ့် မည်။
  • 24 ခိုး စား ဖော် ဖြစ် သူ သည်၊ ကိုယ့် အ သက် ကို မုန်း ထား ရာ ရောက်၏။ ဓိ ဋ္ဌာန် ချက် ကို ကြား လျက် ပင်၊ မ ဖော် မ ပြ တတ်။
  • 25 လူ ကို ကြောက် ရွံ့ ခြင်း သ ဘော သည်၊ ကျော့ မိ ရာ အ ကြောင်း ဖြစ်၏။ ထာ ဝ ရ ဘု ရား အား ကိုး စား သော သူ မူ ကား၊ စိတ် ချ စွာ နေ ရ လိမ့် မည်။
  • 26 များ စွာ သော လူ တို့ သည်၊ မင်း ကို ခ ယ ကြ သော် လည်း၊ ထာ ဝ ရ ဘု ရား သာ လျှင်၊ လူ ကို တ ရား ဆုံး ဖြတ် တော် မူ၏။
  • 27 ဒု စ ရိုက် ပြု ကျင့် တတ် သူ သည်၊ သူ တော် ကောင်း တို့ စက် ဆုပ် ရွံ့ ရှာ ဖွယ်၊ ဖြောင့် မှန် စွာ လျှောက် လိုက် သော သူ လည်း၊ လူ ဆိုး တို့၏ စက် ဆုပ် ရွံ့ ရှာ ဖွယ် ဖြစ်၏။
回到本卷目录 回到本版本目录 回到首页