1
လူ ဆိုး တို့ ကို မ ငြူ စူ နှင့်။ ထို သူ တို့ နှင့် ပေါင်း ဖော် လို သော စိတ် မ ရှိ လင့်။
2
သူ တို့၏ နှ လုံး သည်၊ ဖျက် ဆီး ခြင်း ငှာ ကြံ စည် တတ်၏။ နှုတ် လည်း၊ မ ကောင်း ကျိုး စ ကား ကို မြွက် ဆို တတ်၏။
3
ဉာဏ် ပ ညာ အား ဖြင့် အိမ် ကို ဆောက် ရ လျက်၊ ဉာဏ် ပ ဋိ ဘာန် အား ဖြင့် တည် မြဲ စေ ရ၏။
4
အ သိ ပ ညာ အား ဖြင့် အ ခန်း များ လည်း၊ ကောင်း မြတ် နှစ် သက် ဖွယ် ရာ ဘ ဏ္ဍာ အ မျိုး မျိုး နှင့် ပြည့် စုံ ရ လိမ့် မည်။
5
ပ ညာ ရှင် သည်၊ တန် ခိုး နှင့် တည်၍၊ အ သိ ပ ညာ ရှိ သော သူ လည်း၊ စွမ်း ရည် တိုး တက် စေ တတ် ၏။
6
အ ကြံ ပေး ရာ ဆင် ခြင် ပြီး မှ သာ၊ စစ် မှု ကို စီ ရင်၍၊ အ ကြံ ပေး နိုင် သူ များ လျှင်၊ အောင် မြင် လိမ့် မည်။
7
ဉာဏ် ပ ညာ သည် မြင့် မြတ် သော ကြောင့်၊ လူ မိုက် မ မှီ နိုင်။ မြို့ တံ ခါး ဝ၌ လည်း၊ နှုတ် မ မြွက် ရ။
8
အ ဆိုး ကို ကြံ စည် သော သူ သည်၊ အ လိမ် အ လစ် များ သော သူ ဟု အ ခေါ် ခံ ရ လိမ့် မည်။
9
အ ပြစ် ဒု စ ရိုက် ကား၊ မိုက် မဲ ခြင်း ဆိုင် ရာ အ လိမ် အ လစ် တည်း။ မ ထီ လေး စား ပြု တတ် သူ လည်း၊ လူ တို့ စက် ဆုပ် ရွံ ရှာ ဖွယ် ဖြစ်၏။
10
သင် သည် လုံ့ လ မ ထုတ် လျှင်၊ ဒု က္ခ ရောက် သည့် နေ့ ရက်၌၊ အား လျော့ လိမ့် မည်။
11
သတ် ရန် ထား သူ တို့ ကို လွတ် မြောက် စေ၍၊ ကွပ် မျက် အံ့ ဆဲ ဆဲ တွင် သွေး ပျက် သူ တို့ ကို ကယ် နုတ် လော့။
12
သင် က၊ ငါ မ သိ ဟု ဆို လျှင်၊ စိတ် နှ လုံး ကို ချိန် တော် မူ ထ သော သင့် အသက် ၀ိ ညာဉ် ကို စောင့် ထိန်း တော် မူ ထ သော အ ရှင် သည် သိ မြင် လျက်၊ လူ အ သီး သီး တို့ အား၊ အ ပြု အ မူ နှင့် အ လျောက် ဆပ် ပေး တော် မူ မည် မ ဟုတ် လော။
13
ငါ့ သား၊ ပျား ရည် ကောင်း သော ကြောင့်၊ စား လော့။ ပျား လ ပို့ လည်း ခံ တွင်း၌ ချို မြိန် သ ကဲ့ သို့၊
14
ဉာဏ် ပ ညာ သည် စိတ် ဝိ ညာဉ်၌ ချို မြိန် ကြောင်း ကို သိ လိမ့် မည်။ တွေ့ ခဲ့ လျှင်၊ အ ကျိုး ခံ စား ရ လျက်၊ စောင့် မျှော် ရာ လည်း၊ မ ပျက် ဘဲ တည် လိမ့် မည်။
15
အ ချင်း လူ ဆိုး၊ သူ တော် ကောင်း၏ တည် နေ ရာ ကို၊ ချောင်း မြောင်း၍ မ နေ နှင့်။ နေ ထိုင် ရာ ကို လည်း မ ဖျက် ဆီး နှင့်။
16
အ သို့ ဆို သော်၊ သူ တော် ကောင်း သည်၊ ခု နစ် ကြိမ် လဲ သော် လည်း၊ ထ ပြန် လိမ့် မည်။ လူ ဆိုး တို့ မူ ကား၊ ဘေး သင့် ရာ၌ ပြို လဲ ကြ ရ လိမ့် မည်။
17
သင်၏ ရန် သူ လဲ သော အ ခါ၊ မ ရွှင် လန်း နှင့်။ လိမ့် ကျ သော အ ခါ လည်း၊ စိတ် မ သာ ယာ နှင့်။
18
သို့ မ ဟုတ်၊ ထာ ဝ ရ ဘု ရား သိ မြင်၍ မ နှစ် သက် သ ဖြင့် အ မျက် တော် ကို သူ မှ လွှဲ တင် တော် မူ လိမ့် မည်။
19
အ ဆိုး ပြု ကျင့် တတ် သူ တို့ ကြောင့် စိတ် မျက် ခြင်း၊ လူ သွမ်း တို့ ကြောင့် ငြူ စူ ခြင်း မ ရှိ လင့်။
20
အ သို့ ဆို သော်၊ လူ ဆိုး သည်၊ ကောင်း ကျိုး ကို မ ခံ စား ရာ။ လူ သွမ်း တို့ မီး ခွက် လည်း၊ ငြိမ်း ရ လိမ့် မည်။
21
ငါ့ သား၊ ထာ ဝ ရ ဘု ရား ကို လည်း ကောင်း၊ ဘု ရင် မင်း ကို လည်း ကောင်း၊ ခန့် ညား လော့။ ထို နှစ် ပါး တို့ စီ ရင် တော် မူ သော ဒဏ် သည် ရုတ် တ ရက် သင့်၍၊ မည် သူ မျှ မ သိ နိုင် သော ဘေး ရောက် မည် ကို စိုး သော ကြောင့်၊ ထ ကြွ တတ် သူ တို့ နှင့် မ ပေါင်း လင့်။
22
23
ပ ညာ ရှိ တို့ နောက် ဆက် စ ကား ကို ဆို ဦး အံ့။ တ ရား ဆုံး ဖြတ် ရာ တွင်၊ လူ့ မျက် နှာ ကို မ ထောက် သင့်။
24
လူ ဆိုး အား၊ ဖြောင့် မတ် သည် ဟု ဆို သော သူ့ ကို၊ ပြည် သူ တိုင်း သား တို့ ဆဲ ဆို ရွံ့ ရှာ ကြ လိမ့် မည်။
25
ဆုံး မ ပဲ့ ပြင် သော သူ တို့ မူ ကား၊ စိတ် သာ ယာ လျက် ကောင်း ကြီး မင်္ဂ လာ ကို ခံ ရ ကြ လိမ့် မည်။
26
ဖြောင့် မှန် စွာ ပြန် ဆို တတ် သော သူ သည်၊ မိတ် ဆွေ စစ် ဖြစ် ၏။
27
ပြင် ပ ရှိ အ မှု အ ရေး ကို ပြု ပြင်၍၊ လယ် ယာ အ သင့် ရှိ ပြီး မှ၊ အိမ် ထောင် လော့။
28
အ ပေါင်း အ ဖော့် တစ် ဘက်၌၊ အ ကြောင်း မဲ့ သက် သေ မ ခံ။ နှုတ် ခမ်း ကို မ လှည့် စား လင့်။
29
ငါ့ ကို သူ ပြု သည့် အ လျောက် ပြန် ပြု မည်။ သူ့ အ ပြု အ မူ နှင့် လျော် စွာ ဆပ် ပေး မည် ဟု မ ဆို လင့်။
30
ပျင်း ရိ သော သူ၏ လယ် ယာ၊ ဉာဏ် မဲ့ သော သူ၏ စ ပျစ် ခြံ အ နီး၊ ငါ သီ သွား ရာ၊ တစ် ပြင် လုံး ဆူး ပင် နှင့် ပြည့် လျက်၊
31
ဖုန်း ဆိုး ဖြစ် သည့် ပြင်၊ ကျောက် တံ တိုင်း လည်း ပြို လည်း ပြီ တ ကား။
32
ငါ သည် မျက် မှောက် ပြု လျက်၊ နှ လုံး သွင်း၍ ရှု ကြည့် စဉ် တွင်၊ သွန် သင် ခံ ရ သည် မှာ၊
33
ခ ဏ အိပ် လျက်၊ ခ ဏ ပျော် လျက်၊
34
အိပ် ပျော် ခွင့် ရှိ စေ ရန် ခ ဏ လက် ပိုက် လျက် နေ ခိုက်၊ သင်၌ ဆင်း ရဲ ခြင်း သည် ဓား ပြ ကဲ့ သို့လည်း ကောင်း၊ နွမ်း ပါး ခြင်း သည် သူ ရဲ ကဲ့ သို့ လည်း ကောင်း၊ သင့် ရောက် လိမ့် မည် ဟူ၍ တည်း။