1
တစ် နေ့ တည်း တွင် မည် သို့ ဖြစ် ပျက် မည် ကို မ သိ ဘဲ လျက်၊ နက် ဖြန် အ ဖို့ မ ဝါ ကြွား နှင့်။
2
ကိုယ့် နှုတ် မ ဟုတ်၊ သူ တစ် ပါး သည်၊ သင့် ကို ချီး မွမ်း ပါ စေ။ ကိုယ့် နှုတ် ခမ်း မ ဟုတ်။ သူ စိမ်း လည်း၊ သင့် ကို ချီး မွမ်း ပါ စေ။
3
ကျောက် ခဲ သည် လေး၏။ သဲ လည်း လေး၏။ ထို နှစ် ပါး ထက်၊ မိုက် မဲ သူ၏ ဒေါ သ လေး ၏။
4
အ မျက် သည် ရက် စက်၏။ ဒေါ သ လည်း ပြင်း ထန်၏။ အ ဘိ ဇ္စျာ့ ရှေ့ တွင် မူ ကား၊ မည် သူ ခံ ရပ် နိုင် သ နည်း။
5
ထင် ရှား သော ဆုံး မ ပဲ့ ပြင် ခြင်း သည်၊ ဝှက် ထား သော ချစ် ခြင်း မေ တ္တာ ထက်၊ သာ၍ ကောင်း၏။
6
ချစ် ခင် သော သူ၏ ဒဏ် ချက် သည်၊ သ စ္စာ ကို စောင့် ထိန်း တတ်၏။ မုန်း ထား သူ၏ နမ်း ခြင်း မူ ကား၊ လှည့် စား တတ်၏။
7
စား၍ ဝ သော သူ သည်၊ ပျား လ ပို့ ကို ပင်၊ နင်း ချေ လိမ့် မည်။ မွတ် သိပ် သော မူ ကား၊ အ ခါး ဟူ သ မျှ ကို ပင်၊ ချို သည် ဟု ထင် လိမ့် မည်။
8
နေ ရင်း အ ရပ် မှ ခွာ၍ လေ လွင့် သော သူ သည်၊ အ သိုက် မှ ပျံ လွင့် သော ငှက် နှင့် တူ၏။
9
နံ့ သာ ဆီ နှင့် အ ထုံ သည်၊ စိတ် ကို ရွှင် လန်း စေ သ ကဲ့ သို့၊ အ ပေါင်း အ ဖော် ပေး သော အ ကြံ လည်း၊ စိတ် ကို အေး စေ တတ်၏။
10
ကိုယ့် အ ပေါင်း အ ဖော် နှင့် အ ဘ၏ အ ပေါင်း အ ဖော် ကို မ စွန့် လင့်။ ဘေး သင့် သော ကာ လ၌ ညီ အစ် ကို အိမ် သို့ မ သွား နှင့်။ အိမ် နီး ချင်း သူ စိမ်း သည်၊ ဝေး ကွာ သော ညီ အစ် ကို ထက်၊ သာ၍ ကောင်း၏။
11
ငါ့ သား၊ ငါ့ ကို ကဲ့ ရဲ့ သူ့ အား ငါ ပြန် ချေ ခွင့် ရ စေ ရန်၊ ပ ညာ ရှိ လျက် ငါ့ စိတ် ကို ရွှင် လန်း စေ လော့။
12
လိ မ္မာ သော သူ သည်၊ ဘေး ကို မျှော် မြင်၍ ပုန်း ရှောင် တတ်၏။ မ လိ မ္မာ သော သူ တို့ မူ ကား၊ သွား မြဲ သွား၍ ဒဏ် ခံ ရ၏။
13
သူ စိမ်း နှင့် မိန်း မ ရွှင် တို့ အ တွက်၊ အာ မ ခံ သော သူ၏ အ ဝတ် ကို ပင်၊ ယူ၍ ပေါင် ထား ပါ စေ။
14
နံ နက် စော စော ထ၍၊ ကျယ် သော အ သံ နှင့် အ ပေါင်း အ ဖော် အား ကောင်း ကြီး ပေး သော သူ့ ကို၊ ကျိန် ဆဲ သော သူ ဟု ထင် မှတ် ကြ လိမ့် မည်။
15
ရန် ပြု တတ် သော မိန်း မ သည်၊ မိုး စွေ သည့် နေ့ တွင်၊ အ စဉ် တစ် စက် စက် ကျ သော ရေ ပေါက် နှင့် တူ၏။
16
ထို မိန်း မ ကို ဆီး တား မည့် သူ သည်၊ လေ ကို ဆီး ကာ သူ နှင့် တူ လျက်၊ ညာ လက် ဖြင့် ဆီ ကို ကိုင် ဆုပ် သ ကဲ့ သို့ ဖြစ်၏။
17
သံ ကို သံ ချင်း ထက် စေ သ ကဲ့ သို့၊ လူ ကို လူ ချင်း ကြည် လင် စေ၏။
18
သ ဖန်း ပင် ကို စောင့် ထိန်း သော သူ သည်၊ သ ဖန်း သီး ကို စား ရ လိမ့် မည်။ သ ခင် ကို စောင့် သော သူ လည်း၊ အ သ ရေ ကို ခံ ရ လိမ့် မည်။
19
ရေ မှန်၌၊ မျက် နှာ ချင်း တူ သ ကဲ့ သို့၊ လူ တို့ လည်း၊ စိတ် သ ဘော ချင်း တူ ကြ၏။
20
မ ရ ဏာ့ နိုင် ငံ နှင့် င ရဲ သည် မ ရောင့် ရဲ နိုင် သ ကဲ့ သို့၊ လူ့ မျက် စိ လည်း မ ရောင့် ရဲ နိုင်။
21
မိုက် သည် ငွေ ကို လည်း ကောင်း၊ ဖို သည် ရွှေ ကိုလည်း ကောင်း၊ စစ် ရန် ဖြစ်၏။ လူ ကို မူ ကား၊ ချီး မွမ်း ခြင်း စစ် ဆေး တတ်၏။
22
မိုက် မဲ သော သူ့ ကို၊ စ ပါး နှင့် အ တူ၊ ဆုံ၌ ကျည် ပွေ့ ဖြင့် ထောင်း ဖွတ် သော် လည်း၊ မိုက် မဲ ခြင်း သ ဘော မ စင် နိုင်။
23
သင်၏ သိုး ဆိတ် အုပ် များ အ ဖြစ် အ နေ ကို သိ ရန် ဂ ရု ပြု လော့။
24
အ သို့ ဆို သော်၊ ဥ စ္စာ ဘ ဏ္ဍာ သည် အ မြဲ မ တည် တတ်။ သ ရ ဖူ ကို လည်း အ စဉ် အ ဆက် မ ခံ ရ။
25
မြက် ပင် ကို ရိတ် ထား၍ အ ငုတ် ပင် နု ပေါ် ပေါက် ရာ တောင် ယာ ကောက် ပဲ ကို လည်း ရိတ် သိမ်း သော ကာ လ၊ သိုး သား ငယ် များ သည် ဝတ် စား ရန် အ ဖို့၊
26
ဆိတ် များ လည်း လယ် ဝယ် ရန် အ ဖို့ ဖြစ် သည့် ပြင်၊
27
သင် မှ စ၍ အိမ် သူ အိမ် သား တို့ အ ဖို့ အ စာ စား ရန်လည်း ကောင်း၊ အ စေ အ ပါ မ များ ဖို့ အ သက် မွေး ရန် လည်း ကောင်း၊ ဆိတ် နို့ ရည် လုံ လောက် လိမ့် မည်။