1
လူ ဆိုး တို့ သည်၊ လိုက် လံ သူ မ ရှိ ဘဲ ပြေး တတ် ကြ၏။ ဖြောင့် မတ် သူ တို့ မူ ကား၊ ခြင်္သေ့ ကဲ့ သို့ ရဲ ရင့် တတ် ကြ၏။
2
တိုင်း နိုင် ငံ၏ လွန် ကျူး ခြင်း အ တွက် ကြောင့်၊ စိုး မင်း များ ဖြစ် သော် လည်း၊ နား လည် ခြင်း နှင့် အ သိ ပ ညာ ချွန် သူ တို့ အား ဖြင့်၊ အ မြစ် အ ခြေ တည် မြဲ၏။
3
နွမ်း ပါး သူ တို့ ကို၊ ညှဉ်း ပန်း သော သူ ဆင်း ရဲ သည်၊ အ စာ ခေါင်း ပါး လောက် အောင်၊ ရွာ သော ကပ် မိုး နှင့် တူ ၏။
4
တ ရား ကို စွန့် ပယ် သော သူ တို့ သည်၊ လူ ဆိုး တို့ ကို ချီး မွမ်း တတ်၏။ စောင့် ရှောက် သူ တို့ မူ ကား၊ ဆန့် ကျင် တတ် ကြ ကုန်၏။
5
ဆိုး သွမ်း တတ် သော သူ တို့ သည်၊ တ ရား သ ဖြင့် ပြု မူ ခြင်း ကို နား မ လည် တတ် ကြ။ ထာ ဝ ရ ဘု ရား ကို ရှာ ဖွေ သော သူ တို့ မူ ကား၊ အ ကုန် အ စင် နား လည် တတ် ကြ၏။
6
ရိုး ဖြောင့် စွာ လိုက် သော သူ ဆင်း ရဲ သည်၊ လမ်း နှစ် ခွ ကို ကောက် ကျစ် စွာ လိုက် သော သူ ကြွယ် ထက်၊ သာ၍ မြတ် ၏။
7
တ ရား ကို စောင့် ထိန်း သော သူ သည်၊ ဉာဏ် ကောင်း သော သား ဖြစ်၏။ ဖြုန်း တီး တတ် သော သူ တို့ နှင့် ပေါင်း ဖော် သော သား မူ ကား၊ အ ဘ ကို အ သ ရေ ပျက် စေ တတ် ၏။
8
အ တိုး စား၍ အ မြတ် အား ဖြင့် စီး ပွား တိုး တက် စေ သော သူ သည်၊ ဆင်း ရဲ သူ တို့ အား သ နား တတ် သူ့ အ ဖို့ သာ လျှင်၊ ဆည်း ပူး ရာ ရောက် ၏။
9
တ ရား ကို မ နာ မူ၍၊ လွှဲ ရှောင် သော သူ၏ ပ ဌ နာ သည်၊ စက် ဆုပ် ရွံ ရှာ တော် မူ ဖွယ် ဖြစ် ၏။
10
ဖြောင့် မှန် သူ တို့ ကို၊ မှား သော လမ်း ထဲ သို့ လိုက် သွား စေ သော သူ သည်၊ ကိုယ့် တွင်း သို့ ကျ လိမ့် မည်။ စုံ လင် သူ တို့ မူ ကား၊ ကောင်း ရာ ကို အ ပိုင် ရ လိမ့် မည်။
11
သူ ကြွယ် သည်၊ ကိုယ်၌ ပ ညာ ရှိ၏ ဟု ထင် တတ် သော် လည်း၊ ဉာဏ် ကောင်း သော ဆင်း ရဲ သူ သည်၊ ထို သူ့ ကို စိ စစ် လိမ့် မည်။
12
သူ တော် ကောင်း တို့ အောင် မြင် ရာ ကာ လ၌၊ ပြည် သူ ပြည် သား တို့ သည် ဘုန်း ကြီး လိမ့် မည်။ လူ ဆိုး တို့ ထွန်း ကား လျက် ရှိ သော ကာ လ ၌ ကား၊ ပုန်း ရှောင် ရ ကြ၏။
13
ကိုယ့် လွန် ကျူး မှု ကို ကွယ် ဝှက် တတ် သူ သည်၊ မ ချမ်း မ သာ။ ဝန် ချ၍ စွန့် ပယ် သော သူ မူ ကား၊ က ရု ဏာ တော် ကို ခံ ရ လိမ့် မည်။
14
အ စဉ် မ ပြတ် ခန့် ညား သော သူ သည် မင်္ဂ လာ ရှိ၏။ ကိုယ့် စိတ် နှ လုံး ကို ခဲ ယဉ်း စေ သော သူ မူ ကား၊ အ ဆိုး ထဲ သို့ ကျ ရောက် လိမ့် မည်။
15
နွမ်း ပါး သော လူ မျိုး ကို အုပ် စိုး သော ပါ ပ မင်း သည်၊ ဟောက် သော ခြင်္သေ့၊ လှည့် လည် ရှာ ဖွေ သော ဝံ နှင့် တူ ၏။
16
ဉာဏ် ပ ဋိ ဘာန် မဲ့ သော မင်း သည်၊ ပြင်း ထန် စွာ ညှဉ်း ပန်း တတ်၏။ လော ဘ ကို ရွံ ရှာ သော မင်း မူ ကား၊ အ သက် တာ ရှည် လိမ့် မည်။
17
လူ့ သွေး ပြစ် ဝန် ဆောင် သော သူ သည်၊ သင်္ချိုင်း တွင်း သို့ ပြေး ရ သည် ဖြစ်၍၊ မည် သူ မျှ မ တား စေ နှင့်။
18
ရိုး ဖြောင့် စွာ လိုက် သော သူ သည်၊ ဘေး လွတ် လိမ့် မည်။ လမ်း နှစ် ခွ ကို ကောက် ကျစ် စွာ လိုက် သော သူ မူ ကား၊ တစ် လမ်း လမ်း တွင် လဲ လိမ့် မည်။
19
လယ် ယာ လုပ် သော သူ သည်၊ အ စာ နှင့်လည်း ကောင်း၊ အ လ ဟဿ နောက် သို့ လိုက် သွား သူ သည်၊ ဆင်း ရဲ ခြင်း နှင့်လည်း ကောင်း၊ ရောင့် ရဲ ရ ကြ လိမ့် မည်။
20
သ စ္စာ စောင့် သော သူ သည်၊ ကောင်း ကြီး မင်္ဂ လာ နှင့် ကြွယ် ဝ လိမ့် မည်။ ငွေ ပေါ များ စေ ခြင်း ငှာ၊ အ လျင် လွန် သော သူ မူ ကား၊ အ ပြစ် ဒဏ် နှင့် မ ကင်း မ လွတ် ရ။
21
လူ့ မျက် နှာ ကို မ ထောက် သင့်။ လူ သည် တစ် လုပ် စာ မျှ အ တွက် နှင့် ပင်၊ လွန် ကျူး လိမ့် မည်။
22
မ စ္ဆေ ရ မျက် စိ ရှိ သူ သည်၊ ဆင်း ရဲ သော အ ဖြစ် သို့ ရောက် မည် ကို မ ထောက် ဘဲ၊ ငွေ ပေါ များ စေ ခြင်း ငှာ အ လျင် လွန် တတ်၏။
23
လျှာ ဖြင့် မြှောက် ပင့် တတ် သော သူ ထက်၊ ဆုံး မ ပဲ့ ပြင် သော သူ သည်၊ နောက်၌ ကျေး ဇူး ခံ စား ရ မည်။
24
တ ရား ကို မ လွန် ကျူး ဟု ဆို လျက်၊ မိ ဘ ဥ စ္စာ ကို လု ယက် သော သား သည်၊ ဖျက် ဆီး တတ် သူ၏ အ ပေါင်း အ ဖော် ဖြစ်၏။
25
တပ် မက် သော စိတ် ရှိ သူ သည်၊ ရန် တွေ့ ခြင်း ကို ဖြစ် ပွား စေ တတ်၏။ ထာ ဝ ရ ဘု ရား၌ အား ကိုး သော သူ မူ ကား၊ ကြွယ် ဝ လိမ့် မည်။
26
ကိုယ် စိတ် နှ လုံး၌ အား ကိုး သော သူ သည်၊ လူ မိုက် ဖြစ်၏။ ဉာဏ် ပ ညာ၌လျှောက် လိုက် သော သူ မူ ကား၊ ဘေး လွတ် တတ်၏။
27
ဆင်း ရဲ သား တို့ အား စွန့် ကြဲ သော သူ သည်၊ ဆင်း ရဲ မည် မ ဟုတ်။ မျက် နှာ ကို လွှဲ သော သူ မူ ကား၊ များ စွာ သော ဆဲ ဆို ခြင်း ခံ ရ လိမ့် မည်။
28
လူ ဆိုး တို့ ထွန်း ကား ရာ ကာ လ၊ ပြည် သူ ပြည် သား တို့ ပုန်း ရှောင် ရ ကြ၏။ ပျက် စီး ရာ ကာ လ မူ ကား၊ ဖြောင့် မတ် သူ တို့ များ ပြား ကြ လိမ့် မည်။