ထွက်​မြောက်-8

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် မော ရှေ အား ထာ ဝ ရ ဘု ရား က ဖာ ရော မင်း ထံ ဝင်၍ ငါ့ လူ မျိုး ကို ငါ့ အား ဝတ် ပြု ရန် လွှတ် စေ။
  • 2 မ လွှတ် လို ငြင်း ဆို လျှင် သင့် ပြည် တစ် ဝှမ်း လုံး ကို ဖား ဘေး ဒဏ် သင့် စေ မည်။
  • 3 မြစ်၌ ဖား ပွား များ၍ နန်း တော် မှ စ သော စက် ခန်း၊ စက် မွေ့ ရာ၊ ကျေး ကျွန် သင်း ပင်း တို့ အိမ် များ ၌ လည်း ကောင်း၊ ပြည် သူ ပြည် သား တို့ အ ပေါ် ၌ လည်း ကောင်း၊ ပွဲ တော် ဖို၊ အိုး ခွက် တော် များ ၌ လည်း ကောင်း တက် ဝင် ကြ အံ့။
  • 4 မင်း မှ စ သော ပြည် သူ ပြည် သား ကျေး ကျွန် သင်း ပင်း အ ပေါင်း တို့ အ ပေါ် သို့ လည်း ဖား များ တက် ကြ အံ့ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟူ ၍ လည်း ကောင်း၊
  • 5 မြစ် ချောင်း၊ တူး မြောင်း၊ အင်း အိုင် များ အ ပေါ် မှာ တောင် ဝေး ကိုင် သော လက် ကို ဆန့်၍ အိ ဂျစ် ပြည် ကုန်း ထက် သို့ ဖား များ ကို တက် စေ ရန် အာ ရုန် အား ကြား ပြော လော့ ဟူ၍ လည်း ကောင်း မိန့် တော် မူ သည့် အ တိုင်း၊
  • 6 အာ ရုန် သည် အိ ဂျစ် ပြည် ရှိ ရေ ပေါ် မှာ လက် ဆန့် သ ဖြင့် ဖား များ တက်၍ အိ ဂျစ် တစ် ပြည် လုံး ကို ဖုံး လွှမ်း ကုန် ၏။
  • 7 ဗေ ဒင် တတ် ဝိ ဇ္ဇာ ဆ ရာ တို့ လည်း ဝိ ဇ္ဇာ အ တတ် အား ဖြင့် ထို နည်း တူ ပြု၍ အိ ဂျစ် ပြည် ကုန်း ထက် သို့ ဖား များ ကို တက် စေ ကြ ၏။
  • 8 ထို နောက် ဖာ ရော မင်း သည် မော ရှေ နှင့် အာ ရုန် တို့ ကို ခေါ်၍ ဖား များ ကို ငါ နှင့် တ ကွ ပြည် သူ ပြည် သား တို့ ထံ မှ ထာ ဝ ရ ဘု ရား ပယ် ရှား တော် မူ ပါ မည့် အ ကြောင်း တောင်း ပန် ပါ လော့။ ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် ထို လူ မျိုး ကို ငါ လွှတ် အံ့ ဟု ဆို ၏။
  • 9 မော ရှေ က လည်း ဘု ရင် မင်း နှင့် တ ကွ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ အ ဖို့၊ ကျွန် တော် တောင်း ပန် သ ဖြင့် ဘု ရင် မင်း နှင့် နန်း တော် ဆောင် များ မှ ဖား များ ကို ပယ် ရှား ဖျက် ဆီး လျက် မြစ်၌ သာ ကျန် ရှိ စေ ရ မည့် အ ချိန် ကို ဘုန်း တော် ကြောင့် ချိန်း ချက် တော် မူ ပါ ဟု ဖာ ရော မင်း အား လျှောက် ထား သော်၊
  • 10 နက် ဖြန် ဟု ဆို လျှင် ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား နှင့် တူ သူ မ ရှိ ကြောင်း ကိုယ် တော် သိ စေ ခြင်း အ လို့ ငှါ အ မိန့် တော် အ တိုင်း ဖြစ် လျက်၊
  • 11 ဖား များ သည် ကိုယ် တော် နှင့် နန်း တော် ဆောင် များ မှ လည်း ကောင်း၊ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ ထံ မှ လည်း ကောင်း ပ ပျောက်၍ မြစ်၌ သာ ကျန် ရှိ ပါ အံ့ ဟု မော ရှေ လျှောက် ပြီး လျှင်၊
  • 12 အာ ရုန် နှင့် အ တူ ဖာ ရော မင်း ထံ မှ ထွက် သွား၍ ဖာ ရော မင်း အ ပေါ် သို့ ထာ ဝ ရ ဘုရား သင့် ရောက် စေ တော် မူ သော ဖား ဘေး ဒဏ် အ ကြောင်း မော ရှေ ပ ဌ နာ ပြု ၏။
  • 13 ထာ ဝ ရ ဘု ရား သည် မော ရှေ့ ပ ဌ နာ စ ကား အ ရ ပြု တော် မူ သ ဖြင့် ဖား များ သည် နေ အိမ်၊ ၀င်း မြေ၊ လယ် ပြင် များ တွင် သေ ကြ ရာ၊
  • 14 ကောက် ပုံ စု ထား ကြ၍ တစ် ပြည် လုံး နံ စော် လေ ၏။
  • 15 ဖာ ရော မင်း လည်း သက် သာ ခွင့် ရ ကြောင်း သိ မြင် သော အ ခါ ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း စိတ် နှ လုံး ခက် မာ၍ သူ တို့ စ ကား ကို နား မ ထောင် ဘဲ နေ သေး ၏။
  • 16 ထာ ဝ ရ ဘု ရား သည် မော ရှေ အား မိန့် တော် မူ သည် မှာ အိ ဂျစ် တစ် ပြည် လုံး တွင် မြေ လှေး ဖြစ် အံ့ သော ငှါ၊ တောင် ၀ေး ကို ဆန့် မိုး၍ မြေ မှုန့် ကို ရိုက် စေ ရန် အာ ရုန် အား ကြား ပြော လော့ ဟု မိန့် တော် မူ သည့် အ တိုင်း ပြု ကြ ရာ၊
  • 17 အာ ရုန် သည် တောင် ဝေး ကိုင် သော လက် ကို ဆန့်၍ မြေ မှုန့် ကို ရိုက် လျှင် အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် မြေ မှုန့် ရှိ သ မျှ သည် မြေ လှေး အ တိ ဖြစ်၍ လူ၌ လည်း ကောင်း၊ တိ ရ စ္ဆာန် ၌ လည်း ကောင်း တွယ် ကပ် ကုန် ၏။
  • 18 ဗေ ဒင် တတ် ဝိ ဇ္ဇာ ဆ ရာ တို့ လည်း ဝိ ဇ္ဇာ အ တတ် အား ဖြင့် မြေ လှေး ဖြစ် ပွား စေ ခြင်း ငှါ ထို နည်း တူ ပြု သော် လည်း မ တတ် နိုင် ကြ။ လူ နှင့် တိ ရ စ္ဆာန် တို့၌ မြေ လှေး တွယ် ကပ် လျက် ပင် ရှိ ၏။
  • 19 ထို အ ခါ ၎င်း ဝိ ဇ္ဇာ ဆ ရာ တို့ က၊ ဤ အ မှု ကား ဘု ရား သ ခင့် လက် ချက် တော် တည်း ဟု ဖာ ရော မင်း အား လျှောက် ထား ကြ သော် လည်း ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သည့် အ တိုင်း ဖာ ရော မင်း သည် စိတ် နှ လုံး ခဲ ယဉ်း၍ သူ တို့ စ ကား ကို နား မ ထောင် ဘဲ နေ သေး ၏။
  • 20 တစ် ဖန် မော ရှေ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ သင် သည် နံ နက် အ ချိန် ထ၍ ရေ ဆိပ် သို့ ထွက် သွား သော ဖာ ရော မင်း ရှေ့ တွင် ရပ် တန့် လျက် ထာ ဝ ရ ဘု ရား က၊ ငါ့ လူ မျိုး ကို ငါ့ အား ဝတ် ပြု ရန် လွှတ် စေ။
  • 21 လူ မျိုး တော် ကို မ လွှတ် နေ လျှင် သင် မှ စ၍ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ အ ပေါ် သို့ လည်း ကောင်း၊ နန်း တော် ဆောင် များ ထဲ သို့ လည်း ကောင်း၊ မှက် များ ကို ငါ စေ လွှတ် သ ဖြင့် အိ ဂျစ် လူ တို့ နေ အိမ် နှင့် တ ကွ တည် နေ ရာ မြေ လည်း မှက် ကောင် များ နှင့် ပြည့် လိမ့် မည်။
  • 22 ငါ သည် မြေ ကြီး ပေါ် တွင် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် သိ စေ ခြင်း အ လို့ ငှါ ငါ့ လူ မျိုး နေ ရာ ဂေါ ရှင် ပြည် ကို ထို နေ့ ပိုင်း ခြား ထား ၍ ၄င်း ပြည် တွင် မှက် ကောင် မ ရှိ စေ ရ။
  • 23 ငါ့ လူ မျိုး တစ် ဘက်၊ သင့် လူ မျိုး တစ် ဘက်၊ ငါ ခွဲ ခြား ထား မည်။ နက် ဖြန် ပင် ထို လ က္ခ ဏာ သက် သေ ထင် ရှား လိမ့် မည် ဟူ၍ မိန့် တော် မူ ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ ၏။
  • 24 ထို သို့ ထာ ဝ ရ ဘု ရား ပြု တော် မူ သ ဖြင့် ဆိုး သော မှက် ရဲ တို့ သည် ဖာ ရော မင်း နန်း တော် အ စ ရှိ သော ကျေး ကျွန် သင်း ပင်း တို့ အိမ်၌ လည်း ကောင်း၊ အိ ဂျစ် ပြည် တစ် ဝှမ်း လုံး ၌ လည်း ကောင်း ပေါ် ပေါက်၍ ထို မှက် ကောင် များ ကြောင့် တိုင်း ပြည် ပျက် ပြား လေ ၏။
  • 25 ထို အ ခါ ဖာ ရော မင်း သည် မော ရှေ နှင့် အာ ရုန် တို့ ကို ခေါ် ပြီး လျှင် ပြည် တော် အ တွင်း သင် တို့ ဘု ရား သ ခင့် ထံ ပူ ဇော် ကြ လော့ ဟု မိန့် ဆို သော်၊
  • 26 မော ရှေ က၊ ထို သို့ ပြု ရန် မ သင့် လျော် ပါ။ အိ ဂျစ် လူ တို့ ရွံ ရှာ ဖွယ် ရာ ကို ကျွန် တော် တို့ ဘု ရား သ ခင် ထာ၀ ရ ဘု ရား အား ပူ ဇော် ရ မည်။ ၎င်း တို့ ရွံ ရှာ ဖွယ် ရာ ကို သူ တို့ မျက် မှောက် တွင် ပူ ဇော် လျှင် ကျွန် တော် တို့ ကို ပစ် ခတ် ကြ မည် မ ဟုတ် ပါ လော့။
  • 27 သို့ ဖြစ်၍ တော ထဲ သို့ သုံး ရက် ခ ရီး သွား ပြီး မှ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား မိန့် တော် မူ အံ့ သည့် အ တိုင်း ပူ ဇော် ကြ ပါ မည် ဟု လျှောက် ဆို ရာ၊
  • 28 ဖာ ရော မင်း က၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ တော တွင် ပူ ဇော် ရန် ငါ လွှတ် အံ့။ သို့ သော် လည်း ဝေး စွာ မ သွား ကြ ရ။ ငါ့ အ ဖို့ တောင်း ပန် လော့ ဟု မိန့် ဆို လေ ၏။
  • 29 မော ရှေ က လည်း၊ ကျွန် တော် သည် ရှေ့ တော် မှ ထွက် သွား၍ မှက် များ ကို ဖာ ရော မင်း မှ စ သော ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား တို့ ထံ မှ နက် ဖြန် ပယ် ရှား တော် မူ မည့် အ ကြောင်း ထာ ဝ ရ ဘု ရား အား တောင်း ပန် ပါ မည်။ သို့ ရာ တွင် ထို လူ မျိုး ကို ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် မ လွှတ် ဘဲ တစ် ဖန် လှည့် စား တော် မ မူ ပါ နှင့် ဟု လျှောက် ပြီး လျှင်၊
  • 30 ဖာ ရော မင်း ထံ မှ ထွက် သွား၍ ထာ ဝ ရ ဘု ရား ကို တောင်း ပန် လေ ၏။
  • 31 ထာ ဝ ရ ဘု ရား လည်း မော ရှေ့ ပ ဌ နာ စ ကား အ ရ စီ ရင် လျက် မှက် များ ကို ဖာ ရော မင်း စ သော ကျေး ကျွန် သင်း ပင်း၊ ပြည် သူ ပြည် သား တို့ မှ တစ် ကောင် မျှ မ ကျန် ပယ် ရှား တော် မူ ၏။
  • 32 ယ ခု တစ် ကြိမ်၌ လည်း ဖာ ရော မင်း သည် စိတ် နှ လုံး ခက် မာ ပြန်၍ ထို လူ မျိုး ကို မ လွှတ် ဘဲ နေ ၏။
回到本卷目录 回到本版本目录 回到首页