1
မော ရှေ အား ထာ ဝ ရ ဘု ရား က လည်း၊ ဖာ ရော မင်း နှင့် အိ ဂျစ် ပြည် ပေါ် မှာ ဘေး တစ် ကြိမ် ထပ်၍ ငါ သင့် စေ မည်။ ထို နောက် သင် တို့ ကို ဤ ပြည် မှ လွှတ် လိမ့် မည်။ လွှတ် သော အ ခါ အ ကုန် အ စင် နှင် ထုတ် လိမ့် မည်။
2
ယောက်ျား သည် ယောက်ျား ချင်း မှ လည်း ကောင်း၊ မိန်း မ သည် မိန်း မ ချင်း မှ လည်း ကောင်း၊ ရွှေ ထည် ငွေ ထည် များ ကို တောင်း စေ ခြင်း ငှါ လူ မျိုး အား ကြား ပြော လော့ ဟု မိန့် တော် မူ ၏။
3
ထာ ဝ ရ ဘု ရား သည် ထို လူ မျိုး ကို အိ ဂျစ် လူ တို့ ထံ မျက် နှာ သာ ရ စေ တော် မူ၏။ မော ရှေ လည်း အိ ဂျစ် ပြည် တွင် ဖာ ရော မင်း ၏ ကျေး ကျွန် သင်း ပင်း ပြည် သူ ပြည် သား တို့ ရှေ့ အ သ ရေ ကြီး မြင့် လေ ၏။
4
တစ် ဖန် မော ရှေ ဆင့် ဆို သည် မှာ ထာ ဝ ရ ဘု ရား က၊ ငါ သည် သန်း ခေါင် ယံ၌ အိ ဂျစ် ပြည် လယ် သို့ ကြွ သွား ၍၊
5
နန်း စံ သော ဖာ ရော မင်း၏ သား ဦး မှ စ၍ ကြိတ် ဆုံ ကြိတ် သော ကျွန် မိန်း မ၏ သား ဦး တိုင် အောင် တိ ရ စ္ဆာန် များ၏ သား ဦး များ ပါ အိ ဂျစ် ပြည်၌ သား ဦး ဟူ သ မျှ တို့ သည် သေ ကြ လိမ့် မည်။
6
ရှေး ကာ လ၌ မ ဖြစ် စ ဖူး၊ နောင်၌ လည်း မ ဖြစ် လ တ္တံ့ သော ကြီး စွာ ဟစ် ကြွေး သံ သည် အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် ဖြစ် လိမ့် မည်။
7
သို့ ရာ တွင် ငါ ထာ ဝ ရ ဘု ရား သည် အိ ဂျစ် လူ မျိုး နှင့် ဣ သ ရေ လ လူ မျိုး တို့ ကို ခွဲ ခြား ထား တော် မူ ကြောင်း သင် တို့ သိ မှတ် စေ ခြင်း ငှါ ဣ သ ရေ လ အ မျိုး သား လူ သူ တိ ရ စ္ဆာန် များ ကို ခွေး မျှ မ ဟိန်း ရ ဟု မိန့် တော် မူ ပြီ။
8
အ ရှင့် ကျေး ကျွန် သင်း ပင်း ဖြစ် သော ဤ သူ အ ပေါင်း တို့ ကား ကျွန် တော့် ထံ လာ၍ ကိုယ် တော် နှင့် နောက် ပါ လူ အ ပေါင်း တို့ ထွက် ကြွ ကြ ပါ ဟု ရှိ ခိုး တောင်း ပန် မှ ကျွန် တော် ထွက် သွား မည် ဟု လျှောက် ဆို လျက် ဒေါ သ မီး လောင်၍ ဖာ ရော မင်း ထံ မှ ထွက် သွား လေ ၏။
9
ထာ ဝ ရ ဘု ရား က လည်း၊ အိ ဂျစ် ပြည် တွင် ငါ့ သက် သေ နိ မိတ် များ ကို တိုး ပွား စေ ရန် သင် တို့ စ ကား ကို နား မ ထောင် ဘဲ ဖာ ရော မင်း နေ ရ လိမ့် မည် ဟု မော ရှေ အား မိန့် တော် မူ ၏။
10
ဖာ ရော မင်း ရှေ့ မှာ ဆို ခဲ့ သော သက် သေ နိ မိတ် အ မျိုး မျိုး ကို မော ရှေ နှင့် အာ ရုန် ပြု သော် လည်း ထာ ဝ ရ ဘု ရား သည် ဖာ ရော မင်း ၏ စိတ် နှ လုံး ကို ခဲ ယဉ်း စေ တော် မူ သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ ကို ပြည် တော် မှ မ လွှတ် ဘဲ နေ သေး သ တည်း။