1
ထာ ဝ ရ ဘု ရား က၊ ငါ သည် ဖာ ရော မင်း အား မည် သို့ ပြု မည် ကို ယ ခု သင် သိ ရ အံ့။ ထို မင်း သည် အား ကြီး သော လက် ရုံး တော် ဒဏ် ခံ ရ လျက် ငါ့ လူ မျိုး ကို လွှတ် ရ လိမ့် မည်။ အား ကြီး သော လက် ရုံး တော် ဒဏ် ခံ ရ မှ သာ သူ့ ပြည် က ထွက် စေ လိမ့် မည် ဟု မော ရှေ အား မိန့် တော် မူ ၏။
2
တစ် ဖန်၊ ဘု ရား သ ခင် သည် မော ရှေ အား မိန့် မြွက် တော် မူ သည် မှာ၊ ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။
3
အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင့် နာ မ တော် နှင့် ငါ ထင် ရှား ခဲ့ သော် လည်း ထာ ဝ ရ ဘု ရား နာ မ တော် ဖြင့် ထို သူ တို့ သည် ငါ့ ကို မ သိ ကြ။
4
သူ စိမ်း အ ဖြစ် တည်း ခို ရာ ခါ နာန် ပြည် ကို သူ တို့ အား ပေး သ နား ရန် ပ ဋိ ညာဉ် ကို လည်း ငါ ဖွဲ့ ထား ခဲ့ သည် နှင့်၊
5
အိ ဂျစ် လူ တို့ ကျွန် စေ စား သော ဣ သ ရေ လ အ မျိုး သား တို့ မြည် တမ်း သံ ကြား ရ သ ဖြင့် ထို ပ ဋိ ညာဉ် ကို ငါ သ တိ ရ ပြီ။
6
ထို ကြောင့်၊ ဣ သ ရေ လ အ မျိုး သား တို့ အား ဆင့် ဆို ရ မည် မှာ၊ ငါ သည် ထာ ဝ ရ ဘုရား ပေ တည်း။ သင် တို့ ကို အိ ဂျစ် လူ တို့ ထံ အ လုပ် ဝန် မှ ထုတ် ဆောင်၍ ကျွန် စေ စား ရာ မှ လည်း ကယ် လွှတ် လျက် လက် ရုံး တော် ဆန့် တန်း ခြင်း၊ မ ဟာ ဒဏ် စီ ရင် ခြင်း များ ဖြင့် ငါ ရွေး နုတ် မည်။
7
လူ မျိုး တော် အ ဖြစ် သင် တို့ ကို ငါ သိမ်း ပိုက် လျက် သင် တို့ ဘု ရား သ ခင် ဖြစ် မည်။ အိ ဂျစ် လူ တို့ ထံ အ လုပ် ဝန် မှ ထုတ် ဆောင် သော သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ဖြစ် သည် ကို သိ ရ ကြ လ တ္တံ့။
8
အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ အား ပေး မည် ဟု ငါ လက် ရုံး မြှောက် လျက် သ စ္စာ ဆို ခဲ့ သော ပြည် သို့ ဆောင် သွင်း ပြီး လျှင် သင် တို့ အား အ ပိုင် ပေး မည်။ ငါ ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း ဆင့် ဆို လော့ ဟု မိန့် တော် မူ သည့် အ တိုင်း၊
9
ဣ သ ရေ အ မျိုး သား တို့ အား မော ရှေ ဆင့် ဆို သော် လည်း စိတ် နာ သော ကြောင့် လည်း ကောင်း၊ အ ကြပ် အ တည်း ကျွန် ခံ ရ သော ကြောင့် လည်း ကောင်း၊ မော ရှေ စ ကား ကို နား မ ထောင် ဘဲ နေ ကြ ၏။
10
ထာ ဝ ရ ဘု ရား က လည်း အိ ဂျစ် ဘု ရင် ဖာ ရော မင်း ထံ ဝင်၍ ဣ သ ရေ လ အ မျိုး သား တို့ ကို သူ့ ပြည် မှ လွှတ် စေ ရန် ပြော လော့ ဟု မော ရှေ အား မိန့် တော် မူ သော်၊
11
12
မော ရှေ က၊ အ ကျွန်ုပ် စ ကား ကို ဣ သ ရေ လ အ မျိုး သား တို့ နား မ ထောင် ကြ လေ စွ။ နှုတ် ဆွံ့ သူ အ ကျွန်ုပ် ၏ စ ကား ကို ဖာ ရော မင်း မည် သို့ နား ထောင် ပါ အံ့ နည်း ဟု ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် လျှောက် ဆို ၏။
13
ထို သို့ ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် စေ ရန် မော ရှေ နှင့် အာ ရုန် တို့ အား ဣသ ရေ လ အ မျိုး သား တို့ ထံ လည်း ကောင်း၊ အိ ဂျစ် ဘု ရင် ဖာ ရော မင်း ထံ လည်း ကောင်း၊ စေ ခိုင်း မိန့် မှာ တော် မူ ၏။
14
၎င်း တို့ အိမ် ထောင် များ၏ အ ဘ များ ကို ဆို ပေ အံ့။ ဣ သ ရေ လ သား ဦး ရု ဗင်၏ သား များ မှာ ဟာ နုတ်၊ ဖာ လု၊ ဟေ ဇ ရုံ၊ ကာ မိ တို့ တည်း။ ရု ဗင့် အ ဆက် အ နွယ် များ သည် ထို သို့ ဖြစ် ၏။
15
ရှိ မောင့် သား များ ကား ယေ မွေ လ၊ ယာ မိန်၊ သြ ဟဒ်၊ ယာ ခိန်၊ ဇော ဟာ၊ ခါ နာန် သူ မိန်း မ၏ သား ရှော လ တို့ တည်း။ ရှိ မောင့် အ ဆက် အ နွယ် များ သည် ထို သို့ ဖြစ် ၏။
16
လေ ဝိ သား၊ ဆွေ စဉ် မျိုး ဆက် အ လိုက် အ မည် စာ ရင်း ကား ဂေ ရ ရှုံ၊ ကော ဟတ်၊ မေ ရာ ရိ တို့ တည်း။ လေ ဝိ အ သက် နှစ် ပေါင်း မှာ တစ် ရာ့ သုံး ဆယ့် ခု နစ် နှစ် တည်း။
17
ဂေ ရ ရှုံ သား နှင့် အ ဆက် အ နွယ် များ ကား လိ ဗ နိ၊ ရှိ မိ တို့ တည်း။
18
ကော ဟတ် သား များ ကား အာ မ ရံ၊ ဣ ဇ ဟာ၊ ဟေ ဗြုန်၊ သြ ဇေ လ တို့ တည်း။ ကော ဟတ် အ သက် နှစ် ပေါင်း မှာ တစ် ရာ့ သုံး ဆယ့် သုံး နှစ် တည်း။
19
မေ ရာ ရိ သား များ ကား မ ဟာ လိ နှင့် မု ရှိ တို့ တည်း။ လေ ဝိ အ ဆက် အ နွယ် များ သည် ဆွေ စဉ် မျိုး ဆက် အ လိုက် ထို သို့ ဖြစ် ၏။
20
အာ မ ရံ သည် အ ရီး ယော ခေ ဗက် နှင့် အိမ် ထောင် ဘက် ပြု၍ ထို မိန်း မ သည် အာ ရုန် နှင့် မော ရှေ တို့ ကို ဖွား ၏။ အာ မ ရံ့ အ သက် နှစ် ပေါင်း မှာ တစ် ရာ့ သုံး ဆယ့် ခု နစ် နှစ် တည်း။
21
ဣ ဇ ဟာ သား များ ကား၊ ကော ရ၊ နေ ဖက်၊ ဇိ ခ ရိ တို့ တည်း။
22
ဩ ဇေ လ သား များ ကား၊ မိ ရှေ လ၊ ဧ လ ဇာ ဖန်၊ သိ သ ရိ တို့ တည်း။
23
အာ ရုန် သည် အ မိ န ဒပ် သ မီး၊ နာ ရှုန့် နှ မ ဧ လိ ရှ ဘ နှင့် အိမ် ထောင် ဘက် ပြု ၍ ထို မိန်း မ သည် နာ ဒပ်၊ အ ဘိ ဟု၊ ဧ လာ ဇာ၊ ဣသ မာ တို့ ကို ဖွား ၏။
24
ကော ရ သား များ ကား အဿိ ရ၊ ဧ လ ကာ န၊ အ ဗျာ သပ် တို့ တည်း။ ကော ရ အ ဆက် အ နွယ် များ သည် ထို သို့ ဖြစ် ၏။
25
အာ ရုန့် သား ဧ လာ ဇာ သည် ပု တျေ လ သ မီး တစ် ယောက် နှင့် အိမ် ထောင် ဘက် ပြု ၍ ထို မိန်း မ သည် ဖိ န ဟတ် ကို ဖွား ၏။ လေဝိ အိမ် ထောင် များ ၏ အ ဘ တို့ သည် အ ဆက် အ နွယ် အ လိုက် ထို သို့ ဖြစ် သ တည်း။
26
ဣ သ ရေ လ အ မျိုး သား တို့ ကို ဗိုလ် ခြေ အ လိုက် အိ ဂျစ် ပြည် မှ ထုတ် ဆောင် လော့ ဟူ သော ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို နာ ခံ ရ သူ တို့ ကား ဆို ခဲ့ သော အာ ရုန် နှင့် မော ရှိ တို့ တည်း။
27
ဣ သ ရေ လ အ မျိုး သား တို့ ကို အိ ဂျစ် ပြည် မှ ထုတ် ဆောင် ရန် အိ ဂျစ် ဘု ရင် ဖာ ရော မင်း ထံ လျှောက် ရ သော သူ တို့ ကား ထို မောရှေ နှင့် အာ ရုန် တို့ ပင် တည်း။
28
ထာ ဝ ရ ဘု ရား သည် အိ ဂျစ် ပြည် တွင် မော ရှေ အား မိန့် မြွက် တော် မူ သော နေ့ ရက်၌ လည်း၊
29
ငါ သည် ထာ ဝ ရ ဘု ရား ပေ တည်း။ သင့် အား ငါ မိန့် မှာ သ မျှ ကို အိ ဂျစ် ဘု ရင် ဖာ ရော မင်း ထံ ဆင့် ဆို လော့ ဟု မော ရှေ အား မိန့် တော် မူ သော်၊
30
မော ရှေ က၊ အ ကျွန်ုပ် သည် နှုတ် ဆွံ့ သော သူ ဖြစ် ပါ သည် တ ကား။ အ ကျွန်ုပ် စ ကား ကို ဖာ ရော မင်း မည် သို့ နား ထောင် ပါ အံ့ နည်း ဟု ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် လျှောက် ဆို ၏။