1
ထို နောက် ထာ ဝ ရ ဘု ရား က၊ ဖာ ရော မင်း ထံ ဝင် ဦး လော့။ ထို မင်း နှင့် ကျေး ကျွန် သင်း ပင်း တို့ ရှေ့ တွင် ဤ လ က္ခ ဏာ သက် သေ တော် များ ကို ပြ ခြင်း ငှါ လည်း ကောင်း၊ အိ ဂျစ် ပြည် တွင် ငါ ပြု သော အ မှု၊ ငါ ပြ သော လ က္ခ ဏာ သက် သေ တော် များ အ ကြောင်း၊ သင့် သား စဉ် မြေး ဆက် တို့ အား ကြား ပြော စေ ခြင်း ငှါ လည်း ကောင်း၊ ငါ သည် ထာ ဝ ရ ဘု ရား ဖြစ် ကြောင်း သင် တို့ သိ စေ ခြင်း ငှါ လည်း ကောင်း၊ ထို သူ တို့ စိတ် နှ လုံး ကို ငါ ခက် မာ စေ ပြီ ဟု မော ရှေ အား မိန့် တော် မူ ၏။
2
3
မော ရှေ နှင့် အာ ရုန် တို့ သည် ဖာ ရော မင်း ထံ ဝင်၍ လျှောက် ကြ သည် ကား၊ ဟေ ဗြဲ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က၊ ငါ့ ရှေ့ တွင် ကိုယ် ကို မ နှိမ့် ချ ဘဲ မည် မျှ ကြာ ငြင်း ဆန် နေ အံ့ နည်း။ ငါ့ လူ မျိုး ကို ငါ အား ဝတ် ပြု ရန် လွှတ် စေ။
4
လူ မျိုး တော် ကို မ လွှတ် လို ငြင်း ဆို လျှင် သင့် ပြည် တွင်း သို့ ကျိုင်း ကောင် များ ကို နက် ဖြန် ငါ ဆောင် ခဲ့ သ ဖြင့်၊
5
မြေ မျက် နှာ ပြင် ကို မ မြင် သာ အောင် ဖုံး လွှမ်း ၍ မိုး သီး ဘေး ကင်း လွတ် လျက် ကြွင်း ကျန် သ မျှ နှင့် သုံး စွဲ ရန် လယ် ပြင်၌ ပေါက် သ မျှ အ ပင် များ ကို စား ကြ လိမ့် မည်။
6
သင့် ဘိုး ဘေး တို့ သည် မြေ ပေါ် မှာ ပေါ် ထွန်း ကြ သည့် ကာ လ မှ ယ ခု တိုင် အောင် မ မြင် စ ဘူး သော ကျိုင်း ကောင် ဘေး သည် နန်း တော် ဆောင် မှ စ၍ ကျေး ကျွန် သင်း ပင်း၊ အိ ဂျစ် ပြည် သူ ပြည် သား အ ပေါင်း တို့ အိမ် များ တွင် ပြည့် နှက် လိမ့် မည် ဟူ၍ မိန့် တော် မူ ကြောင်း ဆင့် ဆို ပြီး လျှင် ဖာ ရော မင်း ထံ မှ လှည့် ၍ ထွက် သွား လေ ၏။
7
ဖာ ရော မင်း၏ ကျေး ကျွန် တို့ က လည်း၊ ထို သူ သည် ကျွန် တော် တို့ အား မည် မျှ ကြာ အောင် အ နှောင့် အ ရှက် ဖြစ် ရ ပါ အံ့ နည်း။ ထို လူ တို့ ကို သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ရန် လွှတ် တော် မူ ပါ။ အိ ဂျစ် ပြည် ပျက် သည် ကို သိ တော် မ မူ ပါ သေး သ လော ဟု လျှောက် ကြ ပြီး လျှင်၊
8
မော ရှေ နှင့် အာ ရုန် တို့ ကို ရှေ့ တော် သို့ သွင်း ခဲ့ ကြ ပြန် ရာ ဖာ ရော မင်း က၊ သင် တို့ ဘုရား သ ခင် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ရန် သွား ကြ လော့။ သွား အံ့ သူ တို့ ကား မည် သူ နည်း ဟု မေး သော်၊
9
မော ရှေ က၊ ထာ ဝ ရ ဘု ရား ၏ ပူ ဇော် ပွဲ ကို ကျင်း ပ ရ မည် ဖြစ် ပါ သော ကြောင့် လူ ကြီး လူ ငယ် သား သ မီး တို့ မှ စ၍ သိုး စု၊ နွား စု များ နှင့် တ ကွ သွား ရ ကြ ပါ မည် ဟု လျှောက် ရာ၊
10
ဖာ ရော မင်း က၊ သူ ငယ် နှင့် တ ကွ သင် တို့ ကို ငါ လွှတ် ပ ချေ သော်၊ ထာ ဝ ရ ဘု ရား သည် သင် တို့ နှင့် အ တူ ရှိ ပါ စေ သ တည်း။ သင် တို့ သည် မ ကောင်း မှု ကို မျက် မှောက် ပြု လေ စွ။ သ တိ မူ ကြ လော့။
11
ထို သို့ မ သွား ရာ။ သင် တို့ အ လို ရှိ အပ် သည့် အ တိုင်း ယောက်ျား လူ ကြီး များ သာ လျှင် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ရန် သွား ကြ ချေ ဟု မိန့် ဆို ပြီး နောက် ထို သူ တို့ ကို အ ထံ တော် မှ နှင် ထုတ် ကြ ၏။
12
ထာ ဝ ရ ဘု ရား က လည်း ကျိုင်း ကောင် များ သည် အိ ဂျစ် ပြည် သို့ ရောက် လာ၍ ၎င်း ပြည် တွင် မိုး သီး မ ဖျက်၊ ကြွင်း ကျန် သော ကောက် ပင် ပဲ ပင် ရှိ သ မျှ ကို စား ကြ စေ ရန် ထို ပြည် ပေါ် မှာ လက် ဆန့် လော့ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊
13
တောင် ဝေး ကို အိ ဂျစ် ပြည် ပေါ် မှာ မော ရှေ ဆန့် မိုး လျှင် ထို နေ့ နှင့် ညဉ့် ပတ် လုံး အ ရှေ့ လေ ကို ၎င်း ပြည် သို့ ထာ ဝ ရ ဘု ရား တိုက် စေ တော် မူ သ ဖြင့် နံ နက် တိုင် ရောက် သော် အ ရှေ့ လေ သည် ကျိုင်း ကောင် တို့ ကို ဆောင် ခဲ့ ၍၊
14
အိ ဂျစ် တစ် ပြည် လုံး သို့ ရောက် လျက် ပြည် လုံး နှံ့ တည် နား ကြ၏။ ထို သို့ အ လွန် ဖျက် ဆီး သော ကျိုင်း ကောင် များ သည် ရှေး ကာ လ က မ ပေါ် စ ဖူး၊ နောင် ကာ လ ကို လည်း ပေါ် လိမ့် မည် မ ဟုတ်။
15
ထို ကျိုင်း ကောင် များ သည် မြေ မျက် နှာ တစ် ပြင် လုံး ကို ဖုံး လွှမ်း မည်း နက် စေ လျက် ၎င်း ပြည် တွင် မိုး သီး မ ဖျက်၊ ကြွင်း ကျန် သော ကောက် ပင်၊ ပဲ ပင်၊ သစ် ပင် အ သီး ဟူ သ မျှ ကို စား ကြ သ ဖြင့် အိ ဂျစ် တစ် ပြည် လုံး တွင် လယ် ပြင် ရှိ ကောက် ပဲ သစ် ပင် မှ စ၍ အ တက် အညှောက် မျှ မ ကြွင်း မ ကျန် ပြီ။
16
ထို အ ခါ ဖာ ရော မင်း သည် မော ရှေ နှင့် အာ ရုန် တို့ ကို လျင် စွာ ခေါ်၍၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား လည်း ကောင်း၊ သင် တို့ အား လည်း ကောင်း ငါ ပြစ် မှား ပြီ။
17
သို့ ဖြစ်၍ ငါ့ အ ပြစ် ကို ယ ခု တစ် ကြိမ် မျှ ချမ်း သာ ပေး ပါ။ ဤ သေ ဘေး ကို သာ ငါ့ ထံ မှ ပယ် ရှား ရန် သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အား တောင်း ပန် ပါ လော့ ဟု မိန့် ဆို လေ သော်၊
18
ဖာ ရော မင်း ထံ မှ ထွက်၍ ထာ ဝ ရ ဘု ရား ကို တောင်း ပန် သည့် အ တိုင်း၊
19
ထာ ဝ ရ ဘု ရား သည် ကျိုင်း များ ကို လွှင့်၍ ပင် လယ် နီ သို့ ချ အံ့ သော ငှါ အ လွန် ပြင်း သော အ နောက် လေ ကို တိုက် စေ တော် မူ သ ဖြင့် အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် ကျိုင်း တစ် ကောင် မျှ မ ကျန် ရ ချေ။
20
သို့ ရာ တွင် ထာ ဝ ရ ဘု ရား သည် ဖာ ရော မင်း၏ စိတ် နှ လုံး ကို ခဲ ယဉ်း စေ တော် မူ သ ဖြင့် ဣ သ ရေ လ အ မျိုး သား တို့ ကို မ လွှတ် ဘဲ နေ သေး ၏။
21
တစ် ဖန် ထာ ဝ ရ ဘု ရား က အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် စမ်း ယမ်း ဖွယ် သော မှောင် ကျ စေ ရန် ကောင်း ကင် ထက် သို့ လက် ဆန့် လော့ ဟု မော ရှေ အား မိန့် တော် မူ သည့် အ တိုင်း၊
22
ကောင်း ကင် ထက် သို့ မော ရှေ လက် ဆန့် လျှင်၊ အိ ဂျစ် ပြည် လုံး နှံ့ သုံး ရက် ကြာ တ ခဲ နက် မှောင် ကြီး ကျ လေ ၏။
23
ထို သုံး ရက် ပတ် လုံး ပြည် သူ ပြည် သား တို့ သည် တစ် ယောက် ကို တစ် ယောက် မ မြင်၊ နေ ရင်း နေ ရာ မှ လည်း မ ထ ဝံ့ ကြ။ ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ သော် ကား ကိုယ့် နေ အိမ် များ တွင် အ လင်း ရ ကြ ကုန် ၏။
24
ထို အ ခါ ဖာ ရော မင်း သည် မော ရှေ ကို ခေါ် ပြီး လျှင်၊ သွား ၍ ထာ ဝ ရ ဘု ရား အား ဝတ် ပြု ကြ လော့။ သူ ငယ် များ လည်း လိုက် ကြ စေ။ သိုး နွား များ ကို ကား ထား ခဲ့ ကြ စေ ဟု မိန့် ဆို လျှင်၊
25
မော ရှေ က၊ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ရန် မိတ် သ ဟာ ယ သ က္ကာ၊ မီး ရှို့ ရာ သ က္ကာ များ ကို ကျွန် တော် တို့ လက် သို့ ကိုယ် တော် အပ် ပေး ရ ပါ မည်။
26
ကျွန် တော် တို့ တိ ရ စ္ဆာန် များ အ နက် လည်း ထာ ဝ ရ ဘု ရား အား ဝတ် ပြု ရန် ရွေး ချယ် ရ မည် ဖြစ်၍ ၎င်း တို့ ပါ ထွက် သွား ကြ ပါ မည်။ ခွာ မျှ မ ချန် နိုင် ပါ။ မည် သည့် အ ရာ နှင့် ထာ ဝ ရ ဘု ရား အား ဝတ် ပြု ရ မည် ကို ထို အ ရပ် သို့ မ ရောက် မီ အ တွင်း မ သိ ကြ ပါ ဟု လျှောက် ဆို ၏။
27
ဖာ ရော မင်း၏ စိတ် နှ လုံး ကို ထာ ဝ ရ ဘု ရား ခဲ ယဉ်း စေ တော် မူ သ ဖြင့်၊
28
ထို လူ မျိုး ကို မ လွှတ် လို ဘဲ ငါ့ ထံ မှ ထွက် သွား လော့။ သင် သ တိ ထား၊ ငါ့ မျက် နှာ ကို မြင် သော နေ့၌ သေ ရ မည် ဖြစ်၍ နောက် တစ် ဖန် ငါ့ မျက် နှာ ကို မ ကြည့် မ မြင် နှင့် ဟု မော ရှေ အား မိန့် ဆို လျှင်၊
29
အ ရှင့် အ မိန့် တော် အ တိုင်း မှန် ပါ ၏။ မျက် နှာ တော် ကို နောက် တစ် ဖန် ကြည့် မြင် မည် မ ဟုတ် ပါ ဟု မော ရှေ လျှောက် ဆို ၏။