1
ထို ကာ လ လေ ဝိ သ မီး နှင့် လေ ဝိ အ နွယ် သား တစ် ဦး အိမ် ထောင် ဘက် ပြု ၍၊
2
ထို မိန်း မ သည် သ န္ဓေ ရ သ ဖြင့် သား ယောက်ျား ကို ဖွား မြင် လျှင် ၎င်း သား အ ဆင်း လှ သည် ကို မြင်၍ သုံး လ ပတ် လုံး ဝှက် ထား လေ ၏။
3
ထို ထက် ကြာ အောင် မ ဝှက် နိုင် သော ကြောင့် ကိုင်း ရိုး ဖြင့် ရက် သော ကြုတ် ကို ယူ၍ က တ္တ ရာ စေး သစ် စေး နှင့် သုတ် လူး ပြီး လျှင် ကြုတ် တွင် သား ငယ် ကို ထည့်၍ မြစ် ကမ်း စ ကျူ တော၌ ထား လေ ၏။
4
သူ ငယ့် အစ် မ လည်း မည် သို့ ဖြစ် မည် ကို သိ လို၍ အ ဝေး မှ ရပ် ကြည့် နေ ခိုက်၊
5
ဖာ ရော မင်း၏ သ မီး တော် သည် အ ပျို တော် တို့ ကမ်း ခြေ လှည့် လည် ကြ စဉ်၊ မြစ်၌ ရေ သုံး သပ် ရန် ဆင်း သွား ရာ ကျူ တော တွင် ကြုတ် ကို မြင်၍ ဆောင် ယူ ခဲ့ စေ ရန် ကျွန် မိန်း မ တစ် ယောက် ကို ခိုင်း သည့် အ တိုင်း
6
ကြုတ် ကို ဖွင့် သော အ ခါ ငို လျက် နေ သော ထို သူ ငယ် ကို မြင် သ ဖြင့် သ နား၍ ဤ သူ ငယ် ကား ဟေ ဗြဲ အ မျိုး ဖြစ် လေ စွ ဟု ဆို သော်၊
7
သူ ငယ့် အစ် မ က၊ သ ခင် မ အ ဖို့ သူ ငယ် ကို မွေး မြူ ရန် ဟေ ဗြဲ နို့ ထိန်း တစ် ယောက် ကို ကျွန် မ သွား၍ ခေါ် ခဲ့ ရ ပါ အံ့ လော ဟု ဖာ ရော မင်း၏ သ မီး တော် အား မေး လျှောက် ရာ၊
8
သွား ချေ ဟု မင်း သ မီး ဆို သည့် အ တိုင်း၊
9
မိန်း မ ငယ် သွား၍ သူ ငယ့် မိ ခင် ကို ခေါ် ခဲ့ လျှင် ဖာ ရော မင်း၏ သ မီး တော် က၊ ဤ သူ ငယ် ကို ယူ သွား၍ ငါ့ အ ဖို့ မွေး လော့။ နို့ ဖိုး ကို ငါ ပေး မည် ဟု ဆို သည် နှင့် အ ညီ ထို မိန်း မ သည် သူ ငယ် ကို ယူ သွား၍ မွေး မြူ လေ ၏။
10
သူ ငယ် ကြီး ပွား၍ ဖာ ရော မင်း၏ သ မီး တော့် ထံ သွင်း ခဲ့ သော် မင်း သ မီး သည် သား အ ရာ၌ ထား လျက် ရေ ထဲ မှ ငါ ဆယ် ယူ ရ သည် ဟု ဆို၍ မော ရှေ အ မည် ဖြင့် မှည့် ၏။
11
မော ရှေ သည် အ ရွယ် ရောက် သော အ ခါ ကိုယ့် အ မျိုး သား ချင်း တို့ ရှိ ရာ သို့ သွား၍ ၎င်း တို့ အ လုပ် ဝန် များ ကို ကြည့် ရှု ရာ၊ အ မျိုး သား ချင်း ဖြစ် သော ဟေ ဗြဲ လူ တစ် ယောက် ကို အိ ဂျစ် လူ ရိုက် နှက် သည် ကို မြင် လျှင်၊
12
ထို ထို ဤ ဤ လှည့် ကြည့် လျက် လူ သူ မ ရှိ ကြောင်း သိ မြင် သော အ ခါ အိ ဂျစ် လူ ကို ရိုက် သတ်၍ သဲ ထဲ တွင် မြှုပ် ဝှက် လေ ၏။
13
နောက် နေ့ ထွက် သွား ပြန် သော် ဟေ ဗြဲ လူ ချင်း နှစ် ယောက် သတ် ပုတ် လုံး ထွေး ကြ သည် ကို မြင် လျှင်၊ သင် သည် အ ပေါင်း အ ဖော် ချင်း ကို အ ဘယ် ကြောင့် ရိုက် နှက် သ နည်း ဟု လွန် ကျူး သူ အား မေး သော်၊
14
ထို သူ က၊ ငါ တို့ အ ပေါ် တွင် သင့် ကို အုပ် ချုပ် သူ အ ဖြစ်၊ တ ရား သူ ကြီး အ ဖြစ် မည် သူ ခန့် ထား သ နည်း။ အိ ဂျစ် ပြည် သား ကို သတ် ပစ် သည့် နည်း တူ ငါ့ ကို လည်း သတ် ရန် ကြံ စည် သ လော ဟု ပြန် ဆို လျှင် မော ရှေ သည် ဤ အ မှု ဧ ကန် ပေါ် ပြီ ဟု အောက် မေ့ လျက် ကြောက် လေ၏။
15
ထို အ မှု သ တင်း ကို ဖာ ရော မင်း ကြား သော အ ခါ မော ရှေ ကို ကွပ် မျက် ရန် ရှာ ကြံ သ ဖြင့် မော ရှေ သည် ဖာ ရော မင်း ထံ မှ ထွက် ပြေး၍ မိ ဒျန် ပြည် တွင် နေ ထိုင် ၏။ ရေ တွင်း အ နီး ထိုင် နေ သော အ ခါ၊
16
မိ ဒျန် ပ ရော ဟိတ်၌ ရှိ သော သ မီး ခု နစ် ယောက် တို့ သည် အ ဘ သိုး ဆိတ် များ ကို ရေ တိုက် ရန် လာ ရောက် ခပ် လောင်း၍ စား ခေါင်း ကို ပြည့် စေ ကြ ရာ၊
17
အ ခြား သိုး ထိန်း တို့ လည်း လာ၍ ထို သ မီး တို့ ကို နှင် ထုတ် ကြ သော် မော ရှေ ထ ရပ် ကူ ညီ လျက် သိုး ဆိတ် များ ကို ရေ တိုက် လေ ၏။
18
၎င်း သ မီး တို့ သည် အ ဘ ရွေ လ ထံ ရောက် ကြ လျှင် အ ဘ က၊ အ ဘယ် ကြောင့် ယ နေ့ အ မြန် ရောက် လာ ကြ သ နည်း ဟု မေး သော်၊
19
အိ ဂျစ် ပြည် သား တစ် ယောက် သည် ကျွန် မ တို့ ကို သိုး ထိန်း တို့ လက် မှ ကယ်၍ ရေ ကို လည်း ခပ် ပေး လျက် သိုး ဆိတ် များ ကို တိုက် ပါ သည် ဟု ပြန် ပြော ကြ သည် နှင့်၊
20
အ ဘ က၊ ထို သူ ကား အ ဘယ် မှာ နည်း။ အ ဘယ် ကြောင့် ထား ခဲ့ ကြ သ နည်း။ အ စာ စား စေ ရန် ခေါ် ချေ ဟု သ မီး တို့ အား ဆို ၏။
21
မော ရှေ လည်း ထို သူ့ ထံ နေ လို သည် နှင့် အ ညီ မော ရှေ ကို သ မီး ဇိ ပေါ ရ နှင့် ထိမ်း မြား ၍၊
22
ထို မိန်း မ သား ယောက်ျား ကို ဖွား လျှင် မော ရှေ က၊ သူ စိမ်း ပြည် တွင် ငါ ဧည့် သည် ဖြစ် သည် ဟု ဆို လျက် ဂေ ရ ရှုံ အ မည် ဖြင့် မှည့် လေ ၏။
23
ကာ လ အ တန် ကြာ သော် အိ ဂျစ် ဘု ရင် ကွယ် လွန် သ တည်း။ ဣ သ ရေ လ အ မျိုး သား တို့ လည်း ကျွန် ခံ ရ သော အ ဖြစ် ကြောင့် ညည်း တွား အော် ဟစ် ကြ ကုန်၏။ ထို အ ဖြစ် ကြောင့် ဟစ် ကြ သော အ သံ သည် ဘု ရား သ ခင့် အ ထံ တော် သို့ တက် ရောက် ၍၊
24
ထို သူ တို့ မြည် တမ်း သံ ကို ဘု ရား သ ခင် ကြား တော် မူ လျှင် အာ ဗြ ဟံ၊ ဣ ဇာက်၊ ယာ ကုပ် တို့ နှင့် ဖွဲ့ ခဲ့ သော ပဋိ ညာဉ် ကို သ တိ ရ လျက်၊
25
ဣ သ ရေ လ အ မျိုး သား တို့ ကို ရှု မြင် သိ မှတ် တော် မူ ၏။