ထွက်​မြောက်-5

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် မော ရှေ နှင့် အာ ရုန် တို့ သည် ဖာ ရော မင်း ထံ ဝင် ပြီး လျှင် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား က၊ ငါ့ လူ မျိုး ကို တော ၌ ငါ့ ရှေ့ ပူ ဇော် ပွဲ ကျင်း ပ ရန် လွှတ် စေ ဟု မိန့် တော် မူ ကြောင်း လျှောက် ကြ သော်၊
  • 2 ဖာ ရော မင်း က၊ ထာ ဝ ရ ဘု ရား၏ အ မိန့် သံ ကို နာ ခံ ၍ ဣ သ ရေ လ လူ မျိုး ကို ငါ လွှတ် စေ ရန် ထို ဘု ရား ကား အ သူ နည်း။ ထာ ဝ ရ ဘု ရား ကို ငါ မ သိ၊ ဣ သ ရေ လ လူ မျိုး ကို လည်း ငါ မ လွှတ် ဟု ဆို လေ ၏။
  • 3 ဟေ ဗြဲ လူ မျိုး၏ ဘု ရား သ ခင် သည် ကျွန် တော် တို့ နှင့် တွေ့ ကြုံ တော် မူ ပြီ။ ကျွန် တော် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် တော သို့ သုံး ရက် ခ ရီး သွား ခွင့် ပြု တော် မူ ပါ။ မ ပြု က၊ ကပ် ရော ဂါ ဘေး သော် လည်း ကောင်း၊ ဓား ဘေး သော် လည်း ကောင်း၊ ကျွန် တော် တို့ အား သင့် စေ တော် မူ ပါ လိမ့် မည် ဟု လျှောက် ကြ ပြန် ရာ၊
  • 4 အိ ဂျစ် ဘု ရင် က၊ မော ရှေ နှင့် အာ ရုန်၊ သင် တို့ သည် ထို လူ များ ကို အ လုပ် မှ အ ဘယ် ကြောင့် လွတ် လပ် စေ ကြ သ နည်း။ လုပ် ငန်း သို့ ပြန် သွား ကြ ဟု အ မိန့် ရှိ ၏။
  • 5 တစ် ဖန် တုံ၊ ပြည် နေ ဖြစ် သူ ထို လူ မျိုး သည် ယ ခု များ ပြား ကြ ၏။ လုပ် ငန်း မှ သင် တို့ နား နေ စေ ကြ သည် တ ကား ဟု ဖာ ရော မင်း ဆို ၍၊
  • 6 ထို နေ့ ချင်း တွင် ၎င်း လူ မျိုး အ ပေါ်၌ အုပ် ချုပ် ကြပ် ဆော် သူ တို့ အား၊
  • 7 အုတ် လုပ် စေ ရန် ကောက် ရိုး ကို ထို လူ တို့ အား ယ မန် ကဲ့ သို့ နောင် မ ပေး ရ။ ကိုယ့် အ ဖို့ သွား ၍ ကောက် ရိုး ရှာ ယူ ကြ စေ။
  • 8 ယ မန် လုပ် ခဲ့ သော အုတ် အ ရေ အ တွက် အ လုပ် ဝန် ကို ချင်း တို့ အ ပေါ် သို့ တင် ရ မည်။ အ လျှင်း မ လျော့ စေ ရ။ သူ တို့ ပျင်း ရိ သော ကြောင့် ငါ တို့ ဘု ရား သ ခင် ထံ ပူ ဇော် ရန် သွား ကြ ကုန် အံ့ ဟု ကြွေး ကြော် တတ် ကြ ၏။
  • 9 အ လုပ် တွင် စေ ရန် လုပ် ငန်း ဝန် ကို ထို သူ တို့၌ လေး ကြ စေ။ လှည့် ဖြား သော စ ကား ကို ပ မာ ဏ မ ပြု ကြ စေ နှင့် ဟု အ မိန့် ရှိ ၏။
  • 10 ထို လူ မျိုး အ ပေါ်၌ အုပ် ချုပ် ကြပ် ဆော် သူ တို့ သည် ထွက်၍၊ ကောက် ရိုး ကို ငါ မ ပေး။
  • 11 တွေ့ နိုင် ရာ အ ရပ် မှ ကိုယ့် အ ဖို့ သွား၍ ရှာ ယူ ကြ စေ။ အ လုပ် ကို လည်း အ လျှင်း မ လျော့ စေ ရ ဟု ဖာ ရော မင်း အ မိန့် ရှိ ကြောင်း ပြန် ကြား သည် နှင့် အ ညီ၊
  • 12 ထို သူ တို့ သည် ကောက် ရိုး အ ဖြစ် ကောက် ငုပ် ကို ယူ ခြင်း ငှါ အိ ဂျစ် ပြည် လုံး နှံ့ တ ကွဲ တ ပြား ရှာ ရ ကြ ၏။
  • 13 အ အုပ် အ ချုပ် တို့ က လည်း ကောက် ရိုး ရ သည့် အ ခါ က နေ့ စဉ် လုပ် ခဲ့ သည့် အ တိုင်း ပြီး စီး ကြ စေ ဟု အ သော့ ခိုင်း ကြ ၏။
  • 14 ဖာ ရော မင်း ၏ အ အုပ် အ ချုပ် တို့ ခန့် ထား သော ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ အား၊ သင် တို့ သည် အ ထက် က အုတ် လုပ် ခဲ့ သည့် အ တိုင်း ယ မန် နေ့ နှင့် ယ နေ့ လုပ် ငန်း ဝန် တာ ကို အ ဘယ် ကြောင့် မ ပြီး စီး ကြ သ နည်း ဟု ဆို ၍ ရိုက် နှက် ကြ ၏။
  • 15 ထို အ ခါ ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ သည် ဖာ ရော မင်း ထံ ဝင်၍၊ အ ဘယ် ကြောင့် ကျွန် တော် မျိုး တို့ ကို ဤ သို့ စီ ရင် တော် မူ ပါ သ နည်း။
  • 16 ကျွန် တော် မျိုး တို့ အား ကောက် ရိုး ကို မ ပေး ဘဲ လျက် အုတ် လုပ် ကြ စေ ဟု ဆို၍ ရိုက် နှက် ကြ ပါ သည်။ ကိုယ် တော့် လူ တို့ ၌ သာ အ ပြစ် ရှိ ပါ သည် ဟု ဟစ် ကြ လျှင်၊
  • 17 သင် တို့ ပျင်း ရိ သော ကြောင့် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ရန် သွား ကြ အံ့ ဟု ဆို တတ် ကြ ၏။
  • 18 သို့ ဖြစ်၍ သွား ကြ၊ လုပ် ကြ၊ ကောက် ရိုး ကို ငါ မ ပေး။ အုတ် အ ရေ အ တွက် ပေး မြဲ ပေး ကြ စေ ဟု အ မိန့် ရှိ ၏။
  • 19 ထို သို့ နေ့ စဉ် လုပ် ရ သော အုတ် ကို အ လျှင်း မ လျော့ စေ ရ ဟု ဆင့် ဆို ရ မည့် အ တွက် ဣ သ ရေ လ အ မျိုး သား အ ကြပ် အ ဆော် တို့ သည် ဘေး ဆိုး ရောက် ကြောင်း သိ မြင် ကြ ၏။
  • 20 ဖာ ရော မင်း ထံ မှ ထွက် လာ ကြ ရာ ရပ် တန့် စောင့် ကြို သော မော ရှေ နှင့် အာ ရုန် တို့ ကို တွေ့ လျှင်၊
  • 21 ဖာ ရော မင်း နှင့် ကျေး ကျွန် သင်း ပင်း တို့ လက် တွင် ဓား ဘေး သင့် စေ ရန်၊ ကျွန် တော် တို့ ၏ ဂုဏ် သ တင်း ညို့ ပုပ် စက် ဆုပ် စေ ကြ သော သင် တို့ ကို ထာ ဝ ရ ဘု ရား ရှု ကြည့် စီ ရင် တော် မူ ပါ စေ သော ဟု ဆို ကြ၏။
  • 22 မော ရှေ လည်း ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ပြန် သွား၍ အ ရှင် ဘု ရား၊ ဤ လူ မျိုး ကို အ ဘယ် ကြောင့် မ ကောင်း စီ ရင် တော် မူ ပါ သ နည်း။ အ ကျွန်ုပ် ကို လည်း အ ဘယ် ကြောင့် စေ လွှတ် တော် မူ ပါ သ နည်း။
  • 23 နာ မ တော် နှင့် ဟော ပြော ခြင်း ငှာ ဖာ ရော မင်း ထံ အ ကျွန်ုပ် ဝင် ရောက် က တည်း က ထို မင်း သည် ဤ လူ မျိုး ကို မ ကောင်း ပြု လေ စွ။ ကိုယ် တော် လည်း လူ မျိုး တော် ကို အ လျှင်း ကယ် လွှတ် တော် မ မူ ပါ ဟု လျှောက် လျှင်၊
回到本卷目录 回到本版本目录 回到首页