ယောဘဝတ္တု။-28

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ငွေ သ တ္တု အ ရပ်၊ ချွတ် လှော် ရ သော ရွှေ နေ ရာ ရင်း မု ချ ရှိ၏။
  • 2 မြေ ကြီး ထဲ မှ သံ ကို ထုတ် ယူ လျက်၊ ကျောက် ကို အ ရည် ကျို၍ ကြေး ထွက်၏။
  • 3 လူ သည် မြေ ထု စွန်း တိုင် အောင်၊ သေ မင်း အ ရိပ်၌ မှောင် အ တိ၌ ရှိ သော ကျောက် မျက် များ ကို လိုက် စစ်၍၊ ထို မှောင် မိုက် ကို ပျောက် လင်း စေ တတ်၏။
  • 4 လူ တို့ နေ ရာ အ ရပ် နှင့် ကွာ ဝေး သော သ တ္တု တွင်း ကို ဖောက် ထွင်း ပြီး လျှင်၊ လူ တို့ နှင့် ကွင်း၍ တွဲ လဲ လွှဲ ဆင်း ရာ၊ ကျော် နင်း သူ တို့ ပင် မေ့ လျော့ ကြ ကုန်၏။
  • 5 မြေ ကြီး မူ ကား၊ အ ပေါ် မှာ အ စာ အာ ဟာ ရ ပေါက် သော် လည်း၊ အောက်၌ မီး လောင် သ ကဲ့ သို့ လှိမ့် လှန် ခံ ရ လေ၏။
  • 6 ထို မြေ၌ ရွှေ သ တ္တု ရှိ သည့် ပြင်၊ ကျောက် များ၌ ကား၊ နီ လာ နေ ရာ ရင်း တည်း။
  • 7 ထို လမ်း ကို မည် သည့် ငှက် ရဲ မ သိ။ စွန့် မျက် စိ ပင် မ မြင် ရ။
  • 8 သား ရဲ များ မ နင်း ရ။ ခြင်္သေ့ လည်း မ တိုး မ သွား ချေ။
  • 9 လူ သည် သံ ကျောက် ကို လက် တွန်း၍၊ တောင် များ ကို အ ခြေ အ မြစ် ပါ မှောက် လှန် တတ်၏။
  • 10 ကျောက် တောင် တွင် မြောင်း များ ကို ဖောက် ချ သ ဖြင့်၊ ရ တ နာ အ မျိုး မျိုး ကို မျက် စိ နှင့် မြင် ရ၏။
  • 11 မ ယို မ ဖိတ် စေ ခြင်း ငှာ မြောင်း ရေ ကို ဆည်း ပိတ်၍၊ ကွယ် ဝှက် သ မျှ ကို ထုတ် ဖော် တတ်၏။
  • 12 ဉာဏ် ပ ညာ ကို ကား။ အ ဘယ် မှာ ရှာ၍ တွေ့ မည် နည်း။ ဉာဏ် ပ ဋိ ဘာန် နေ ရာ ရင်း လည်း၊ အ ဘယ် မှာ နည်း။
  • 13 ထို အ ကဲ ကို လူ တို့ မ ခတ် နိုင်။ အ သက် ရှိ သူ တို့ နေ ပြည်၌ လည်း ရှာ၍ မ တွေ့ ချေ။
  • 14 ရေ ထု က ငါ၌ မ ရှိ သ မု ဒ္ဒ ရာ က လည်း၊ ငါ နှင့် အ တူ မ နေ ဟု ဆို ကြ၏။
  • 15 သိင်္ဂ နိက် ပင် အ စား မ ရ၊ တန် ဖိုး မျှ တ ရန် ငွေ ကို မ ချိန် နိုင်။
  • 16 ဩ ဖိ ရ ရွှေ၊ မ ဟူ ရာ ကျောက် မျက်၊ နီ လာ များ နှင့် မ စက် နိုင် ရာ။
  • 17 ပန်း ရည် ကျောက် နှင့် ကျောက် သ လင်း ကို မ ဆို နှင့် ဦး။ ရွှေ ထည်၊ ဖန် ထည် များ သည် မ မျှ၊ ရွှေ စင် ရ တ နာ များ နှင့် လည်း လဲ လှယ်၍ မ ရ။ သ န္တာ ကျောက် ကို ငုတ် ယူ ရ သည် ထက်၊ ပ ညာ ကို ယူ ရ ခြင်း ခက် လှ သည့် ပြင်၊
  • 18
  • 19 ကု ရှ ပြည် ဥဿ ဘ ယား မ ညီ မျှ ဘဲ၊ လှော် ပြီး ရွှေ နှင့် လည်း မ စက် နိုင် ချေ။
  • 20 သို့ ဖြစ်၍၊ ဉာဏ် ပ ညာ သည်၊ အ ဘယ် မှ ထွက် သ နည်း။ ဉာဏ် ပ ဋိ ဘာန် နေ ရာ ရင်း ကား၊ အ ဘယ် မှာ နည်း။ လေ သ တ္တ ဝါ မှ စ သော သက် ရှိ သ တ္တ ဝါ ဟူ သ မျှ၏ မျက် ကွယ် ဝှက် ထား လျက် ရှိ၏။
  • 21
  • 22 င ရဲ မင်း၊ သေ မင်း တို့ က၊ သော တာ ရုံ ဖြင့် သိုး သိုး သန့် သန့် ကြား ရ သည် ဟု ဝန် ခံ ကြ သ တည်း။
  • 23 ဘု ရား သ ခင် မူ ကား၊ ထို လမ်း ကို မြင်၍ နေ ရာ ရင်း ကို သိ တော် မူ၏။
  • 24 ကိုယ် တော် သည် လေ ကို ချိန် စက် လျက်၊ ရေ အ တိုင်း အ တာ ကို စီ စဉ် ခြင်း ငှာ၊ မြေ ကြီး စွန်း တိုင် အောင် ရှု ကြည့်၍၊ မိုး ကောင်း ကင် အောက် တစ် ဝှမ်း လုံး အာ ရုံ ပြု တော် မူ၏။
  • 25
  • 26 မိုး ရွာ ခြင်း ဥ ပ ဒေ နှင့်၊ မိုး ကြိုး ပစ် ခြင်း နည်း လမ်း ကို စီ ရင် တော် မူ သော အ ခါ၊
  • 27 ထို ဉာဏ် ကို သိ မြင် ဖော် ပြ တည် ထောင် စီ စစ် တော် မူ ပြီး လျှင်၊
  • 28 ထာ ဝ ရ ဘု ရား ကို ခန့် ညား သော သ ဘော သည်၊ ဉာဏ် ပ ညာ ဖြစ်၏။ ဒု စ ရိုက် ကို ကြဉ် ရှောင် သော သ ဘော လည်း၊ ဉာဏ် ပ ဋိ ဘာန် တည်း ဟု၊ လူ တို့ အား မိန့် တော် မူ သည် ဟူ၍ မြွက် ဆို လေ၏။
回到本卷目录 回到本版本目录 回到首页