1
ထို အ ခါ၊ ရှု အာ့ အ မျိုး သား ဗိ လ ဒဒ် တုံ့ ပြန် မြွက် ဆို သည် ကား၊
2
အ စိုး ပိုင် ခွင့်၊ ကြောက် မက် စေ ခွင့် များ သည်၊ ကိုယ် တော်၌ ရှိ သည် ဖြစ်၍၊ မြင့် မြတ် သော ဌာ န တော် များ တွင် ငြိမ် သက် စေ တော် မူ၏။
3
ဗိုလ် ခြေ တော် များ ကို ရေ တွက် နိုင် သ လော။ ရောင် ခြည် တော် သည်၊ မည် သူ့ အ ပေါ် သို့ မ ရောက် ဘဲ နေ သ နည်း။
4
သို့ ဖြစ်၍ လူ သည် ဘု ရား သ ခင် ရှေ့ တော် တွင်၊ မည် သို့ ဖြောင့် မတ် ရ အံ့ နည်း။ မိန်း မ မှ ဖွား မြင် သူ သည် မည် သို့ သန့် စင် ရ အံ့ နည်း။
5
မျက် မှောက် တော် တွင်၊ လ သည် အ ရောင် မ တောက်။ ကြယ် များ လည်း စင် ကြယ် သည် မ ဟုတ်။
6
လောက် သ ဖွယ် ဖြစ် သော လူ၊ ပိုး ကောင် သ ဖွယ် ဖြစ် သော လူ သား ကား၊ သာ၍ မ စင် ကြယ် သ တည်း ဟု မြွက် ဆို၏။