1
ထို အ ခါ ဘု ရင် မင်း သည် ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ အ မျိုး လူ ကြီး တို့ ကို ခေါ် ငင် စု ဝေး စေ ပြီး လျှင်
2
ပ ရော ဟိတ်၊ ပ ရော ဖက် မှ စ သော ယု ဒ ပြည် သူ၊ ယေ ရု ရှ လင် မြို့ သား၊ လူ ကြီး လူ ငယ် အ ပေါင်း တို့ ပါ ဗိ မာန် တော် သို့ တက်၍ ဗိ မာန် တော် တွင် တွေ့ သော ပ ဋိ ညာဉ် တော် ဆိုင် ရာ ကျမ်း ဆို ချက် အ လုံး စုံ ကို ပ ရိ သတ် ရှေ့ ဖတ် ပြီး မှ တ ရား ပ လ္လင် ထက် ရပ် နေ လျက်
3
ထို ကျမ်း တွင် ပါ ရှိ သော ပ ဋိ ညာဉ် ချက် များ ကို အ တည် ပြု အံ့ သော ငှါ၊ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့၊ ထာ ဝ ရ ဘု ရား နောက် တော် သို့ လိုက် လျှောက်၍၊ မိန့် မှာ ထုံး ဖွဲ့ သက် သေ ခံ တော် မူ ချက် များ ကို စောင့် ထိန်း မည့် အ ကြောင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ပ ဋိ ညာဉ် ပြု ရာ ပ ရိ သတ် လုံး နှစ် သက် တူ ညီ ကြ ကုန်၏။
4
ထို နောက် ပ ရော ဟိတ် မင်း ဟိ လ ခိ နှင့် ဒု တိ ယ ပ ရော ဟိတ် တို့ မှ စ သော အ ထွက် အ ဝင် စောင့် ကြည့် ရ သူ တို့ သည် ဗာ လ နတ်၊ အ ရှဲ ရာ နတ် နှင့် က မ္ဘာ့ တန် ဆာ ရှိ သ မျှ အ ဖို့ တည် လုပ် ခဲ့ သော အ ရာ များ ကို အ မိန့် တော် အ တိုင်း ဗိ မာန် တော် မှ ထုတ် ယူ၍ ယေ ရု ရှ လင် မြို့ ပြင် ကေ ဒြုန် ချိုင့် ရှိ မြေ ကွက် များ၌ မီး တိုက် ပြီး လျှင် ပြာ ကို ဗေ သ လ မြို့ သို့ ပို့ ရ ကြ၏။
5
ဘု ရင် မင်း သည် ယေ ရု ရှ လင် မြို့ ပတ် ဝန်း ကျင် မှ စ၍ ယု ဒ မြို့ ရွာ များ ရှိ မြင့် ရာ ဌာ န များ တွင် မီး ဖြင့် ပူ ဇော် ကြ စေ ရန် ယု ဒ ဘု ရင် တို့ ခန့် ထား ခဲ့ သော ပ ဆန်း တို့ ကို လည်း ကောင်း၊ နေ၊ လ၊ ဆယ့် နှစ် ရာ သီ စ သော က မ္ဘာ့ တန် ဆာ ရှိ သ မျှ နှင့် ဗာ လ နတ် အား မီး ဖြင့် ပူ ဇော် ပ ဆန်း တို့ ကိုလည်း ကောင်း၊ ကွပ် မျက် လျက်
6
ဗိ မာန် တော် ရှိ တံ ခွန် ကို ယေ ရု ရှ လင် မြို့ ပြင် ကေ ဒြုန် ချိုင့် သို့ ထုတ်၍ မီး တိုက် ချေ မွှ ပြီး လျှင် အ မုန့် ကို လူ ယုတ် တို့ သင်္ချိုင်း ပုံ တွင် ကြဲ ဖြန့် လေ၏။
7
အ ရှဲ ရာ နတ် အ ဖို့၊ ဗိ မာန် တော် တွင် မိန်း မ တို့ ရက်၍ ကာ ထား သော၊ ပြည့် တန် ဆာ ယောက်ျား တို့ အ ခန်း ကို လည်း ဆွဲ ချ လျက်
8
မြို့ တံ ခါး တော် အ ဝင် ဝဲ ဘက်၊ မြို့ ဝန် ယော ရှု တံ ခါး ဦး ရှိ၊ မြင့် ရာ ဌာ န ကို ဖြို ဖျက် သည့် ပြင် ဂေ ဗ မြို့ မှ စ၍ ဗေ ရ ရှေ ဘ မြို့ တိုင် အောင် ယု ဒ မြို့ ရွာ တိုင်း၌ မြင့် ရာ ဌာ န များ တွင် မီး ဖြင့် ပူ ဇော် လေ့ ရှိ သော ပ ရော ဟိတ် တို့ ကို ခေါ် ငင်၍ ၄င်း ဌာ န များ ကို မ သန့် ရာ ဖြစ် စေ လေ၏။
9
ထို ပ ရော ဟိတ် တို့ သည် ပ ရော ဟိတ် ချင်း တို့ နှင့် အ တူ တ ဆေး မဲ့ မုန့် ကို စား ခွင့် ရ ကြ သော် လည်း၊ ယေ ရု ရှ လင် မြို့၊ ထာ ဝ ရ ဘုရား၏ ပူ ဇော် ရာ ပ လ္လင် တော် သို့ တက် ခွင့် မ ရ ချေ။
10
နောက် တစ် ဖန် မည် သူ မျှ မော လုပ် နတ် အား သား သ မီး တို့ ကို မီး ဖြင့် ဆက် ကပ် ခွင့် မ ရ စေ ရန်၊ ဟိ န္နုံ ချိုင့် ရှိ တော ဖက် အ ရပ် ကို မ သန့် ရာ ဖြစ် စေ ပြီး လျှင်
11
ဗိ မာန် တော် အ ဝင်၊ စ င်္ကြံ တန်း လျား တွင် မိန်း မ စိုး နာ သ မ္မေ လက်၏ အ ခန်း အ နီး၊ နေ မင်း အား ယု ဒ ဘု ရင် တို့ လှူ ခဲ့ သော မြင်း ရုပ် များ ကို ဖျက်၍ ဆိုင် ရာ ရ ထား ကို လည်း မီး တိုက် လေ ၏။
12
ဗိ မာန် တော် မိုး အ ထက် အာ ခတ် မင်း လေ သာ ဆောင် အ နီး၊ ယု ဒ ဘု ရင် တို့ တည် လုပ် ခဲ့ သော ပ လ္လင် များ နှင့် ဗိ မာန် တော် တံ တိုင်း နှစ် ထပ် တွင် မ နာ ရှေ မင်း တည် လုပ် ခဲ့ သော ပ လ္လင် များ ကို ဖြို ဖျက် ထောင်း ထု လျက် အ မုန့် ကို ကေ ဒြုန် ချောင်း ထဲ သို့ ပစ် ချ စေ ၏။
13
ယေ ရု ရှ လင် မြို့ ရှေ့၊ ပျက် စီး ခြင်း ခေါ် ကုန်း တောင် ဘက် ရှိ စက် ဆုပ် ဖွယ် သော ဇိ ဒုန် ဘု ရား မ အာ ရှ တ ရက်၊ မော ဘ ဘု ရား ခေ မု ရှ၊ အ မ္မုန် အ မျိုး သား တို့ ဘု ရား မိ လ ကုံ တို့ အ ဖို့ ဣ သ ရေ လ ဘု ရင် ရှော လ မုန် မင်း ပြု ပြင် ခဲ့ သော မြင့် ရာ ဌာ န များ ကို လည်း မ သန့် ရာ ဖြစ် စေ လျက်
14
ဆိုင် ရာ ကျောက် တိုင် များ ကို ချိုး ဖဲ့၍ တံ ခွန် တိုင် များ ကို ခုတ် လှဲ ပြီး လျှင် ထို ဌာ န များ ကို လူ့ အ ရိုး များ နှင့် ပြည့် စေ လေ ၏။
15
၄င်း ပြင် ဗေ သ လ မြို့ ရှိ ဣ သ ရေ လ အ မျိုး အား ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း တည် လုပ် ခဲ့ သော မြင့် ရာ ဌာ န နှင့် ပူ ဇော် ရာ ပ လ္လင် ကို ဖြို ဖျက် ချေ မွှ မီး တိုက်၍ တံ ခွန် တိုင် ကို လည်း မီး တိုက် လေ၏။
16
ယော ရှိ မင်း သည် လှည့် လည် ကြည့် ရှု၍ တောင် ပေါ် ရှိ သင်္ချိုင်း များ ကို မြင် ရာ သင်္ချိုင်း ရှိ အ ရိုး များ ကို ယူ စေ လျက် ယ ခု ဖြစ် ဆဲ အ ခြင်း အ ရာ များ ကို ဟော ခဲ့ သူ၊ ဘု ရား သ ခင့် လူ ယုံ တော် ဆင့် ဆို သော ဗျာ ဒိတ် တော် အ တိုင်း မ သန့် ရာ ဖြစ် စေ ရန် ထို ပ လ္လင် ပေါ် တွင် မီး တိုက် လေ၏။
17
ငါ မြင် ရ သော ထို က မ္ပည်း တိုင် ကား အ သို့ နည်း ဟု မေး သော်၊ မြို့ သား တို့ က၊ ဗေ သ လ မြို့ ရှိ ပူ ဇော် ရာ ပ လ္လင့် ပေါ် တွင် ယ ခု ပြု တော် မူ သော အ ခြင်း အ ရာ များ ကို ဟော ခဲ့ သူ၊ ယု ဒ ပြည် မှ လာ သော ဘု ရား သ ခင့် လူ ယုံ တော်၏ သင်္ချိုင်း ဖြစ် ပါ သည် ဟု တင် လျှောက် ကြ လျှင် ရှိ စေ တော့။
18
သူ့ အ ရိုး များ ကို မည် သူ မျှ မ ရွှေ့ စေ လင့် ဟု မိန့် ဆို သည့် အ တိုင်း ထို အ ရိုး များ နှင့် ရှ မာ ရိ မြို့ နယ် မှ ပေါ် ထွန်း ခဲ့ သော ပ ရော ဖက် အ ရိုး များ ပါ ရှိ စေ ကြ၏။
19
ရှ မာ ရိ မြို့ ရွာ ရှိ မြင့် ရာ ဌာ န များ၌ အ မျက် တော် တိုက် ဣ သ ရေ လ ဘု ရင် တို့ တည် ဆောက် ခဲ့ သော ကျောင်း ရှိ သ မျှ ကို လည်း ရှ ပယ် ရှား လျက် ဗေ သ လ မြို့ တွင် စီ ရင် ခဲ့ သည့် အ လိုက် စီ ရင်၍
20
ဆိုင် ရာ ပ ရော ဟိတ် တို့ ကို ချင်း တို့ ပူ ဇော် ရာ ပ လ္လင် များ ပေါ် တွင် ကွပ် မျက် ခြင်း၊ လူ့ အ ရိုး များ ကို မီး တိုက် ခြင်း ပြု ပြီး လျှင် ယေ ရု ရှ လင် မြို့ သို့ ပြန် ချီ ၏။
21
ထို နောက် ပ ဋိ ညာဉ် တော် ဆိုင် ရာ ဤ ကျမ်း လာ ရှိ သည့် အ တိုင်း သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ရှေ့ ပ သ ခါ ပွဲ ကို ကျင်း ပ ကြ လော့ ဟု တစ် မျိုး လုံး အား မိန့် ဆို သည် နှင့်
22
ယော ရှိ မင်း နန်း စံ ဆယ့် ရှစ် နှစ် တွင် ယေ ရု ရှ လင် မြို့၌ ထာ ဝ ရ ဘု ရား ရှေ့ ကျင်း ပ ကြ သော ပ သ ခါ ပွဲ နည်း တူ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး စီ ရင် သော တ ရား မင်း တို့ လက် ထက် ဣ သ ရေ လ နှင့် ယု ဒ ဘု ရင် အ ဆက် ဆက် တို့ လက် ထက် တစ် ကြိမ် မျှ မ ကျင်း ပ ဘူး ချေ။
23
24
ယော ရှိ မင်း သည် ဗိ မာန် တော်၌ ပ ရော ဟိတ် ဟိ လ ခိ တွေ့ သော ပ ည တ္တိ ကျမ်း ချက် များ ကို အ တည် ပြု အံ့ သော ငှါ ယေ ရု ရှ လင် မြို့ မှ စ၍ ယု ဒ တစ် ပြည် လုံး၌ တွေ့ ရှိ သ မျှ က ဝေ၊ မှော် ဆ ရာ၊ တေ ရပ် အ ရုပ် နှင့် အ ခြား ရုပ် တု မှ စ သော စက် ဆုပ် ဖွယ် ဘု ရား အ မျိုး မျိုး ကို ဖွဲ ပြာ ဖြစ် စေ လေ၏။
25
မော ရှေ၏ ပ ညတ် တ ရား အ လုံး စုံ အ ရ စိတ် နှ လုံး၊ အ သက် ဝိ ညာဉ်၊ အ စွမ်း သ တ္တိ အ ကြွင်း မဲ့၊ ထာ ဝ ရ ဘုရား ဘက် တော် သို့ လျှောက် လိုက် သူ ယော ရှိ မင်း နှင့် တူ ညီ သော ဘု ရင် တစ် ပါး မျှ ရှေး၌ မ ပေါ် စ ဘူး။ နောက်၌ လည်း မ ပေါ် ခဲ့ ချေ။
26
သို့ ရာ တွင် အ မျက် တော် တိုက် မ နာ ရှေ မင်း ပြု ခဲ့ သော ပြစ် မှု များ ကြောင့် ယု ဒ အ မျိုး ပေါ် တွင် ထာ ဝ ရ ဘုရား ထား တော် မူ သော အ မျက် တော် ရှိန် မ ငြိမ်း ဘဲ
27
ငါ သည် ဣ သ ရေ လ အ မျိုး ကို မျက် မှောက် မှ ပယ် ရှား သည့် နည်း တူ ယု ဒ အ မျိုး ကို လည်း ပယ် ရှား ၍ ငါ ရွေး ချယ် သော ယေ ရု ရှ လင် မြို့ နှင့် ဤ ဗိ မာန် တွင် ငါ့ နာ မ တည် စေ မည် ဟူ သော ဗိ မာန် တော် ကို ပင် ငါ စွန့် ခွာ မည် ဟု မိန့် တော် မူ၏။
28
ယော ရှိ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ယု ဒ ရာ ဇ ဝင် တွင် ရေး ထား လျက် ရှိ၏။
29
ထို မင်း လက် ထက် အာ ရှု ရိ ဘု ရင် ကို တိုက် ရန် ဥ ဖ ရတ် မြစ် ရောက် အိ ဂျစ် ဘု ရင် ဖာ ရော နေ ခေါ မင်း ချီ တက် ရာ ဆီး ဆို့ မည့် ချီ လာ သော ယော ရှိ မင်း သည် မေ ဂိ ဒ္ဒေါ မြို့ အ နီး ရင် ဆိုင် တွေ့ လျှင် တွေ့ ချင်း
30
ကျ ဆုံး သည့် ကာ လ၊ အ လောင်း တော် ကို မေ ဂိ ဒ္ဒေါ မြို့ မှ ယေ ရု ရှ လင် မြို့ သို့၊ ကျေး ကျွန် တို့ တင် ဆောင် သယ် ပိုး ၍ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ပြီး နောက် ပြည် သူ ပြည် သား တို့ သည် သား တော် ယော ခတ် ကို ခေါ် လျက် အ ရိုက် အ ရာ၌ ရာ ဇ ဘိ သိက် သွန်း ၍ မင်း မြှောက် ကြ ကုန် ၏။
31
ယော ခတ် မင်း သည် အိမ် နိမ့် နှစ် ဆယ့် သုံး နှစ် ရှိ သော် နန်း တက်၍ ယေ ရု ရှ လင် မြို၌ သုံး လ သာ စိုး စံ ရ ၏၊ မယ် တော့် အ မည် ကား လိ ဗ န မြို့ သား ယေ ရ မိ ၏ သ မီး၊ ဟာ မု တ လ တည်း။
32
ထို မင်း သည် ဘေး တော် ဘိုး တော် တို့ ပြု သ မျှ အ တိုင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၏။
33
ယေ ရု ရှ လင် မြို့ မှ ဖာ ရော နေ ခေါ မင်း နန်း ချ လျက် ဟာ မတ် ပြည်၊ ရိ ဗ လ မြို့၌ ချုပ် ထား ပြီး လျှင် ယု ဒ ပြည် တွင် ငွေ ချိန် ခွက် သုံး ထောင်၊ ရွှေ ချိန် ခွက် သုံး ဆယ် ဒဏ် တပ် လေ ၏။
34
ဖာ ရော နေ ခေါ မင်း သည် ယော ရှိ မင်း သား တော် ဧ လျာ ကိမ် ကို ယော ယ ကိမ် အ မည် သစ် ပြောင်း ၍ ခ မည်း တော့် အ ရိုက် အ ရာ၌ နန်း တင် လျက် ယော ခတ် မင်း ကို အိ ဂျစ် ပြည် သို့ ယူ သွား ရာ ထို ပြည် တွင် ကွယ် လွန် လေ ၏။
35
ယော ယ ကိမ် မင်း သည် ဖာ ရော မင်း တပ် ခဲ့ သော ဒဏ် ငွေ ကို ဆက် သွင်း ရန် ပြည် သူ ပြည် သား တို့ အ ပေါ်၌ ပျမ်း မျှ ဖြတ် ဆို သည့် အ လျောက် အ သီး အ သီး တို့ ရွှေ ငွေ ကို အ နိုင့် အ ထက် ကောက် ခံ၍ ဖာ ရော နေ ခေါ မင်း ထံ ဆက် သွင်း ရ လေ ၏။
36
ယော ယ ကိမ် မင်း သည် အိမ် နိမ့် နှစ် ဆဉ့် ငါး နှစ် ရှိ သော်၊ နန်း တက်၍ ယေ ရု ရှ လင် မြို့၌ ဆယ့် တစ် နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား ရု မ မြို့ သား ပေ ဒါ ယ၏ သ မီး၊ ဇေ ဗု ဒ တည်း။
37
ထို မင်း သည် ဘေး တော် ဘိုး တော် တို့ ပြု သ မျှ အ တိုင်း ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် ၏။