၃ ရာ-22

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ရှု ရိ နိုင် ငံ နှင့် ဣ သ ရေ လ နိုင် ငံ သည် သုံး နှစ် တိုင် စစ် မ တိုက် ဘဲ နေ ပြီး နောက်
  • 2 တ တိ ယ နှစ် တွင် ဣ သ ရေ လ ဘု ရင့် ထံ ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း လာ ခိုက်
  • 3 ဣ သ ရေ လ ဘု ရင် မင်း က၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သည် ငါ တို့ ပိုင် ဖြစ် လျက် ရှု ရိ ဘု ရင် လက် မှ ပြန် မ သိမ်း ဘဲ နေ သည် ကို မ သိ ကြ လော ဟု ကိုယ့် ကျေး ကျွန် သင်း ပင်း တို့ အား မိန့် ဆို ပြီး လျှင်
  • 4 ယော ရှ ဖတ် မင်း အား လည်း အ ကြည် တော် သည် ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့၊ ကျွန်ုပ် နှင့် အ တူ စစ် ချီ မည် လော ဟု မေး ရာ ယော ရှ ဖတ် မင်း က၊ ကျွန်ုပ် သည် အ ကြည် တော် ကဲ့ သို့ လည်း ကောင်း၊ ဗိုလ် ထု လည်း အ ကြည် တော့် ဗိုလ် ထု ကဲ့ သို့ လည်း ကောင်း၊ မြင်း တပ် လည်း အ ကြည် တော် မြင်း တပ် ကဲ့ သို့ လည်း ကောင်း၊ ဖြစ် ပါ သည် ဟု ဣ သ ရေ လ ဘု ရင် အား ပြန် ဆို လေ ၏။
  • 5 ယော ရှ ဖတ် မင်း က လည်း၊ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို ဦး စွာ မေး လျှောက် ပါ လော့ ဟု ဣ သ ရေ လ ဘု ရင် အား ဆို သည့် အ တိုင်း
  • 6 ဣ သ ရေ လ ဘု ရင် သည် ပ ရော ဖက် လေး ရာ ခန့် ကို စု ရုံး စေ ပြီး လျှင် ငါ သည် ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ သင့် သ လော။ မ ချီ သင့် သ လော ဟု မေး ရာ ချီ တော် မူ ပါ။ ဘု ရင် မင်း လက် တော် သို့ အ ရှင် ဘု ရား အပ် နှင်း တော် မူ လိမ့် မည် ဟု တင် လျှောက် ကြ ၏။
  • 7 ကျွန်ုပ် တို့ မေး မြန်း ရန် ထာ ဝ ရ ဘု ရား၏ ပ ရော ဖက် ရှိ ပါ သေး သ လော ဟု ယော ရှ ဖတ် မင်း မေး ပြန် သော်၊
  • 8 ဣ သ ရေ လ ဘု ရင် က၊ ထာ ဝ ရ ဘု ရား ထံ မေး လျှောက် ရန် ဣ မ လ သား မိ က္ခာ တစ် ပါး ရှိ သေး ၏။ ထို သူ့ ကို ကား မ နှစ် သက်။ ကျွန်ုပ်၌ မင်္ဂ လာ စ ကား ကို မ ဟော၊ အ မင်္ဂ လာ စ ကား ကို သာ ဟော တတ် သည် ဟု ယော ရှ ဖတ် မင်း အား ဆို လျှင် အ ကြည် တော် ထို သို့ မ ထင် ပါ လင့် ဟု ယော ရှ ဖတ် မင်း ပြန် ဆို သည် နှင့်
  • 9 ဣ သ ရေ လ ဘု ရင် သည် အ မတ် တစ် ယောက် ကို ခေါ်၍ ဣ မ လ သား မိ က္ခာ ကို အ မြန် ခေါ် သွင်း လော့ ဟု မိန့် ဆို လေ ၏။
  • 10 ထို အ ခါ ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း နှင့် ဣ သ ရေ လ ဘု ရင် တို့ သည် ရှ မာ ရိ မြို့ တံ ခါး ရှေ့ တ လင်း ပြင်၌ ကိုယ် စီ ရာ ဇ ပ လ္လင် ထက် မင်း မြောက် တန် ဆာ ဆင် ယင် စံ နေ ကြ စဉ်၊ ရှေ့ တော် တွင် ပ ရော ဖက် အ ပေါင်း တို့ ဟော ပြော ကြ ရာ
  • 11 ခေ နာ နာ့ သား ဇေ ဒ ကိ သည် လုပ် ခဲ့ သော သံ ဦး ချို တစ် စုံ ကို ယူ ဆောင် လျက် ရှု ရိ တပ် မ ပျက် မ ချင်း ဤ ဦး ချို ဖြင့် ခတ် ဝှေ့ တော် မူ ရ မည် ဟူ၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ရှိ သည် ဟု ဆို သည့် ပြင်၊
  • 12 ပ ရော ဖက် အ ပေါင်း တို့ က လည်း ဂိ လဒ် နယ်၊ ရာ မုတ် သို့ မြို့ သို့ စစ် ချီ၍ အောင် မြင် တော် မူ ပါ စေ သော။ ဘု ရင် မင်း လက် တော် သို့ ထာ ဝ ရ ဘု ရား အပ် နှင်း တော် မူ ပါ လိမ့် မည် ဟု ဟော ပြော ကြ ကုန် ၏။
  • 13 မိ က္ခာ ကို ခေါ် သော သူ က ပ ရော ဖက် အ ပေါင်း တို့ သည် မင်္ဂ လာ စ ကား ကို သာ ဘု ရင် မင်း အား တစ် ခွန်း တစ် သံ တည်း ဟော ကြ ပါ ပြီ။ ကိုယ် တော် လည်း သူ တို့ နည်း တူ၊ မင်္ဂ လာ စ ကား ကို သာ ဟော တော် မူ ပါ ဟု တိုက် တွန်း လျှင်
  • 14 ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ထာ ဝ ရ ဘု ရား ပေး တော် မူ မည့် ဗျာ ဒိတ် ချက် ကို သာ ငါ ဆင့် ဆို မည် ဟု မိ က္ခာ ပြန် ပြော လေ ၏။
  • 15 ရှေ့ တော် သို့ ရောက် သော အ ခါ ဘု ရင် မင်း က၊ အ ချင်း မိ က္ခာ၊ ငါ တို့ သည် ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ သင့် သ လော၊ မ ချီ သင့် လော ဟု မေး လျှင် စစ် ချီ၍ အောင် မြင် တော် မူ ပါ စေ သော။ ဘု ရင် မင်း လက် တော် သို့ ထာ ဝ ရ ဘုရား အပ် နှင်း တော် မူ ပေ လိမ့် မည် ဟု မိ က္ခာ ပြန် ဆို သော်၊
  • 16 ဘု ရင် မင်း က၊ ထာ ဝ ရ ဘု ရား၏ နာ မ တော် ကို ထောက် ၍ ဟုတ် မှန် ရာ မှ တစ် ပါး မည် သည် ကို မျှ မ ဟော စေ ရန် ဘယ် နှစ် ကြိမ် သ စ္စာ ဆို စေ ရ မည် နည်း ဟု မိန့် ဆို သည့် ကာ လ၊
  • 17 ဣ သ ရေ လ တစ် မျိုး လုံး သည် အ ထိန်း မဲ့ သိုး အုပ် ကဲ့ သို့၊ တောင် ရိုး ပေါ် တွင် ကွဲ လွင့် လျက် နေ ကြ သည် ကို အ ကျွန်ုပ် မြော် မြင် ရ လေ စွ။ အ ရှင် မ ရှိ သော ဤ သူ အ သီး အ သီး တို့၊ ကိုယ့် နေ ရာ ရင်း သို့ ဘေး မဲ့ ပြန် ကြ ပါ လေ စေ ဟူ၍ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ကို ဆင့် ဆို လေ ၏။
  • 18 ထို အ ခါ ဣ သ ရေ လ ဘု ရင် က၊ ဤ သူ သည် ကျွန်ုပ်၌ မင်္ဂ လာ စ ကား ကို မ ဟော၊ အ မင်္ဂ လာ စ ကား ကို သာ ဟော တတ် သည် ဟူ၍ ကျွန်ုပ် ပြော ခဲ့ ပြီ မ ဟုတ် လော ဟု ယော ရှ ဖတ် မင်း အား ဆို လျှင်
  • 19 မိ က္ခာ ဖော် ပြ သည် မှာ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ကို နာ ခံ ပါ ဦး။ ထာ ဝ ရ ဘု ရား သည် ပ လ္လင် တော် ထက် စံ တော် မူ လျက် ဝဲ ယာ တော် နှစ် ဘက်၌ ကောင်း ကင် ဗိုလ် ခြေ အ ပေါင်း တို့ ခ စား နေ ကြ သည် ကို အ ကျွန်ုပ် မြင် ရ ပါ ပြီ။
  • 20 ထာ ဝ ရ ဘု ရား က လည်း၊ ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ၍ ကျ ဆုံး စေ ရန် အာ ဟပ် ကို မည် သူ သွေး ဆောင် မည် နည်း ဟု မေး တော် မူ လျှင် ထို ထို ဤ ဤ တစ် ပါး တစ် မျိုး စီ လျှောက် ပြီး နောက်
  • 21 ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဝိ ညာဉ် တစ် ပါး ထွက် ရပ် လျက် အ ကျွန်ုပ် သွေး ဆောင် ပါ မည် ဟု လျှောက် သော်၊
  • 22 အ သို့ နည်း ဟု ထာ ဝ ရ ဘု ရား မေး တော် မူ ရာ ထို မင်း ၏ ပ ရော ဖက် အ ပေါင်း တို့ နှုတ် တွင် လှည့် ပတ် သော နတ် အ ဖြစ် အ ကျွန်ုပ် သွား ရောက် စောင့် တည် ပါ မည် ဟု ပြန် လျှောက် သည် နှင့် အ ညီ သွား ၍ ထို သို့ ပြု လော့။
  • 23 သွေး ဆောင် နိုင် လိမ့် မည် ဟု မိန့် တော် မူ၏။ သို့ ဖြစ်၍ ထာ ဝ ရ ဘု ရား သည် ထို ပ ရော ဖက် အ ပေါင်း တို့ နှုတ် တွင် လှည့် ပတ် သော နတ် ပူး ကပ် စေ တော် မူ သည့် အ တိုင်း ဘု ရင် မင်း အ ပေါ်၌ လည်း အ မင်္ဂ လာ ဗျာ ဒိတ် ကို ပေး တော် မူ ခဲ့ ပြီ ဟု ဖော် ပြ လေ ၏။
  • 24 ထို နောက် ခေ နာ နာ့ သား ဇေ ဒ ကိ သည် ချဉ်း လာ၍ မိ က္ခာ၏ ပါး ကို ပုတ် လျက် ထာ ဝ ရ ဘု ရား ၏ ဝိ ညာဉ် တော် သည် ငါ့ ထံ မှ ထွက် ခွာ၍ သင့် ကို ထောက် ခံ ရန် မည် သို့ ရောက် လာ သ နည်း ဟု မေး လျှင်
  • 25 ပုန်း ရှောင် ခြင်း ငှာ အ တွင်း ခန်း သို့ ဝင် သော နေ့ ၌ ပင်၊ သိ ရ လိမ့် မည် ဟု မိ က္ခာ ပြန် ဆို ၏။
  • 26 ဣ သ ရေ လ ဘု ရင် က လည်း၊ မိ က္ခာ ကို မြို့ ဝန် အာ မုန် နှင့် သား တော် ယော ရှ တို့ ထံ ယူ သွား ၍ ချမ်း သာ စွာ ငါ မ ပြန် မီ တိုင် အောင်
  • 27 နှောင် အိမ်၌ သွင်း လျက် ဆင်း ရဲ စွာ စား သောက် စေ ဟူ သော အ မိန့် တော် ကို ဆင့် ဆို လော့ ဟု မိန့် မှာ လျှင်
  • 28 မိ က္ခာ က၊ အ ကယ်၍ ဘု ရင် မင်း ချမ်း သာ စွာ ပြန် လာ ရ လျှင် ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် အား ဖြင့် ဗျာ ဒိတ်ပေး တော် မူ သည် မ ဟုတ် ဟူ၍ လည်း ကောင်း၊ အို လူ မျိုး အ ပေါင်း တို့ နာ ခံ ကြ လော့ ဟူ၍ လည်း ကောင်း ဆို လေ ၏။
  • 29 ထို နောက် ဣ သ ရေ လ ဘု ရင် နှင့် ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း တို့ သည် ဂိ လဒ် နယ်၊ ရာ မုတ် မြို့ သို့ စစ် ချီ ကြ ရာ
  • 30 ဣ သ ရေ လ ဘု ရင် က၊ ကျွန်ုပ် သည် မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် မည်။ အ ကြည် တော် မူ ကား မင်း မြောက် တန် ဆာ ကို ဆင် ယင် ပါ လော့ ဟု ယော ရှ ဖတ် မင်း အား ဆို ပြီး မှ ဣ သ ရေ လ ဘု ရင် သည် မင်း မြောက် တန် ဆာ မ ဆင် ဘဲ စစ် ပွဲ သို့ ဝင် လေ သ တည်း။
  • 31 ရှု ရိ ဘု ရင် က၊ အ ခြား သူ အ ယုတ် အ မြတ် အ လတ် တို့ ကို မ တိုက် ဘဲ ဣ သ ရေ လ ဘု ရင် ကို သာ တိုက် ကြ လော့ ဟု ရ ထား တပ် ဗိုလ် မှူး သုံး ကျိပ် နှစ် ယောက် တို့ အား မိန့် မှာ နှင့် သည့် အ တိုင်း
  • 32 ရ ထား တပ် ဗိုလ် မှူး တို့ သည် ယော ရှ ဖတ် မင်း ကို မြင် ကြ သော အ ခါ ဤ သူ ကား ဣ သ ရေ လ ဘု ရင် မု ချ တည်း ဟု အောက် မေ့ လျက် တိုက် ရန် လှည့် ဝိုက် ကြ ရာ ယော ရှ ဖတ် မင်း ဟစ် ခေါ် သံ ပြု သည် နှင့်
  • 33 ဣ သ ရေ လ ဘု ရင် မ ဟုတ် ကြောင်း ရ ထား တပ် မှူး တို့ သိ သော်၊ လွှဲ ရှောင် ကြ ၏။
  • 34 သူ ရဲ တစ် ယောက် ယမ်း ဆ ပစ် ခတ် သော မြှား သည် ဣ သ ရေ လ ဘု ရင် ကို သံ ချပ် ရင် အုပ် အ မြိတ် ကြား တွင် မှန် သော် ငါ့ ကို ထိ ပြီ။ စစ် ပွဲ က လှည့် မောင်း လော့ ဟု ရ ထား တော် ထိန်း အား မိန့် ဆို ပြီး နောက် တစ် နေ့ လုံး တိုး တက် တိုက် ခိုက် ကြ ၏။
  • 35 ရ ထား အောက် ခင်း တွင် ဒဏ် ချက် မှ ယို စီး သော အ သွေး အိုင် စဉ် ဘု ရင် မင်း သည် ရ ထား တော် ကို တံ ကဲ ပြု လျက် ရှု ရိ တပ် ဘက် သို့ မျက် နှာ မူ၍ နေ ပြီး လျှင် ညဉ့် ဦး အ ချိန် ကွယ် လွန် သ ဖြင့် အ သီး အ သီး တို့
  • 36 ကိုယ့် ပြည်၊ ကိုယ့် မြို့ ရွာ သို့ ပြန် သွား ကြ ကုန် အံ့ ဟူ သော ဟစ် သံ သည် နေ ဝင် ကျော် အ ချိန် တွင် တစ် တပ် လုံး ထုတ် ချင်း ပေါက် လေ ၏။
  • 37 ထို သို့ ကွယ် လွန် သော ဘု ရင် မင်း ၏ အ လောင်း ကို ရှ မာ ရိ မြို့ သို့ ဆောင် ယူ၍ စျာ ပ န ပြု ကြ ကုန် ၏။
  • 38 ရ ထား တော် ကို ကား ရှ မာ ရိ မြို့ ရှိ ပြည် တန် ဆာ တို့ ရေ ချိုး လေ့ ရှိ သော ရေ ကန် အ နီး တွင် ဆေး ကြော သ ဖြင့် ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း အ သွေး ကို ခွေး များ လျက် ကြ ၏။
  • 39 အာ ဟပ် မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် တည် ဆောက် သော ဆင် စွယ် နန်း၊ ပြု စု သော မြို့ ရွာ များ ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
  • 40 အာ ဟပ် မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျှင် သား တော် အာ ခ ဇိ သည် အ ရိုက် အ ရာ၌ နန်း စံ လေ၏။
  • 41 ဣ သ ရေ လ ဘု ရင် အာ ဟပ် မင်း နန်း စံ လေး နှစ် တွင် အာ သ မင်း သား တော် ယော ရှ ဖတ် မင်း သည် အိမ် နိမ့် သုံး ဆယ့် ငါး နှစ် ရှိ သော် နန်း တက်၍ ယေ ရု ရှ လင် မြို့၌ ယု ဒ နိုင် ငံ ကို နှစ် ဆယ့် ငါး နှစ် စိုး စံ လေ၏။ မယ် တော့် အ မည် ကား ရှိ လ ဟိ သ မီး အ ဇု ဘ တည်း။
  • 42
  • 43 ထို မင်း သည် ခ မည်း တော် အာ သ မင်း နည်း လမ်း ကို မ လွှဲ ဘဲ လိုက်၍ ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဖြောင့် မှန် စွာ ပြု ကျင့် လေ့ ရှိ၏။ မြင့် ရာ ဌာ န များ ကို ကား မ စွန့် မ ပယ်။ ထို ဌာ န များ၌ လူ ပ ရိ သတ် တို့ သည် ပူ ဇော် ၍ မီး ဖြင့် ဆက် ကပ် ကြ သေး ၏။
  • 44 ယော ရှ ဖတ် မင်း လည်း ဣ သ ရေ လ ဘု ရင် နှင့် မ ဟာ မိတ် ဖွဲ့ လေ ၏။
  • 45 ယော ရှ ဖတ် မင်း ပြု မူ သ မျှ အ ကြွင်း အ ကျန် မှ စ၍ စစ် ရေး များ နှင့် လက် ရုံး ရည် ပါ ယု ဒ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ၏။
  • 46 ခ မည်း တော် အာ သ မင်း လက် ထက် ကြွင်း ခဲ့ သော ပြည် တန် ဆာ ယောက်ျား မိန်း မ များ ကို ပြည် တော် မှ နှင် ထုတ် လေ ၏။
  • 47 ဧ ဒုံ ပြည် မှာ မင်း မဲ့၍ ဘု ရင် ခံ ကို ခန့် ထား ရ၏။
  • 48 သြ ဖိ ရ ပြည် မှ ရွှေ တင် ယူ ရန် ယော ရှ ဖတ် မင်း တည် ပြီး သော တာ ရှု သင်္ဘော များ သည် ဧ ဇ ယုန် ဂါ ဗာ ဆိပ် တွင် ပျက်၍ မ သွား ရ သော်
  • 49 အာ ဟပ် မင်း သား တော် အာ ခ ဇိ မင်း က ကျွန်ုပ် သင်္ဘော သား တို့ သည် အ ကြည် တော့် သင်္ဘော သား တို့ နှင့် အ တူ စီး ကြ ပါ စေ ဟု ယော ရှ ဖတ် မင်း ထံ အ ခွင့် တောင်း သော် လည်း မ ရ ချေ။
  • 50 ယော ရှ ဖတ် မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ဘင် တော် ဒါ ဝိဒ် မြို့ တော် ရှိ သင်္ချိုင်း တော် တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် ယ ဟော ရံ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
  • 51 ယု ဒ ဘု ရင် ယော ရှ ဖတ် မင်း နန်း စံ ဆယ့် ခု နစ် နှစ် တွင် အာ ဟပ် မင်း သား တော် အာ ခ ဇိ မင်း နန်း တက်၍ ရှ မာ ရိ မြို့ ၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် နှစ် သာ စိုး စံ ရ ရာ
  • 52 ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ခ မည်း တော် မယ် တော် တို့ နည်း လမ်း ဣ သ ရေ လ အ မျိုး ကို ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင့် နည်း လမ်း များ အ လျောက် လိုက် လျှောက် ၍
  • 53 ဗာ လ နတ် ကို ဝတ် ပြု ရှိ ခိုး လျက် ခ မည်း တော် ပြု ကျင့် သ မျှ အ တိုင်း ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သခင် ထာ ဝ ရ ဘု ရား ကို အ မျက် တော် တိုက် ပြု သ တည်း။
回到本卷目录 回到本版本目录 回到首页