1
ဒါ ဝိဒ် မင်း သည် ကွယ် လွန် ချိန် နီး သော အ ခါ သား တော် ရှော လ မုန် အား မှာ ထား သည် ကား
2
လူ သ တ္တ ဝါ ဟူ သ မျှ တို့ သွား မြဲ လမ်း ကို ငါ လိုက် ရ တော့ မည်။ သင် မှာ မူ ယောက်ျား ဘာ ဝ လုံ့ လ ထုတ် လော့။
3
သား မြေး တို့ သည် ငါ့ မျက် မှောက် တွင် စိတ် နှ လုံး၊ အ သက် ဝိ ညာဉ် အ ကြွင်း မဲ့ သ စ္စာ စောင့်၍ ကိုယ် အ ကျင့် အ ကြံ များ ကို သ တိ ပြု ကြ လျှင် ဣ သ ရေ လ ရာ ဇ ပ လ္လင် ထက် စံ ရ သော သင့် အ မျိုး မင်း ရိုး မ ပြတ် ရ ဟု ငါ့ အား မိန့် တော် မူ ချက် ကို ထာ ဝ ရ ဘု ရား အ တည် ပြု တော် မူ စေ ရန် လည်း ကောင်း၊ သင် ပြု မူ ကြံ စည် လေ ရာ ရာ၌ အ ထ မြောက် ရန် လည်း ကောင်း၊ မော ရှေ့ ပ ည တ္တိ ကျမ်း၌ ပါ ရှိ သော ထုံး ဖွဲ့ ချက်၊ မိန့် မှာ ချက်၊ ဆုံး ဖြတ် ချက်၊ သက် သေ ခံ ချက် များ ကို စောင့် ထိန်း လျက်၊ နည်း လမ်း တော် များ အ တိုင်း လိုက် လျှောက် လျက် ကိုယ့် ဘု ရား သ ခင် ထာ ဝ ရ ဘုရား ၏ အ မိန့် တော် ကို ကျိုး နွံ လော့။
4
5
၎င်း ပြင် ဇေ ရု ယာ့ သား ယွာ ဘ သည် စစ် ရေး မ ဖြစ် ဘဲ စစ် အ သွေး ကို သွန်း သ ဖြင့် ကိုယ် ပတ် သော ခါး စည်း၊ ကိုယ် စီး သော ဖိ နပ် များ ကို စစ် အ သွေး လူး စေ လျက် ဣ သ ရေ လ ဗိုလ် ချုပ် နှစ် ဦး၊ နေ ရ သား အာ ဗ နာ၊ ယေ သာ့ သား အာ မ သ တို့ အား ပြု သော အ မှု၊ ငါ၌ ပင် ပြု ရာ ရောက် သော အ မှု ကို သင် သိ သည် နှင့် အ ညီ
6
ပ ညာ ရှိ သည့် အ တိုင်း စီ ရင် ၍ ဆံ ဖြူ အို မင်း သော ထို သူ့ ကို မ ရ ဏာ့ နိုင် ငံ သို့ ငြိမ် သက် စွာ ဆင်း သွား ခွင့် မ ပေး နှင့်။
7
ဂိ လဒ် နယ် ရှိ ဗာ ဇိ လဲ ၏ သား တို့ ကို ကား ကျေး ဇူး ပြု၍ စား ပွဲ တော် တွင် စား ရ သူ တို့ အ ဝင် ဖြစ် စေ လော့။ သင့် နောင် တော် အ ဗ ရှ လုံ ကြောင့် ငါ တိမ်း ရှောင် ရ သော အ ခါ ထို သူ တို့ သည် ငါ့ ထံ လာ၍ ကျေး ဇူး ပြု ကြ ၏။
8
မ ဟာ နိမ် မြို့ သို့ ငါ ထွက် သော နေ့၌ ရုန့် ရင်း စွာ ဆဲ ဆို သော ဗင်္ယာ မိန့် အ နွယ်၊ ဗာ ဟု ရိမ် မြို့ နေ ဂေ ရ သား ရှိ မိ သည် သင့် လက် ဝယ် ရှိ၏။ ငါ့ ကို ခ ရီး ကြို ဆို ရန် ယော် ဒန် မြစ် သို့ လာ စဉ် ငါ မ ကွပ် မျက် ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည် ၍ သ စ္စာ ဆို ခဲ့ သော် လည်း
9
သင် သည် ပ ညာ ရှိ သည့် အ တိုင်း အ ပြစ် ကင်း သူ ဟု မ မှတ် ဘဲ မည် သို့ စီ ရင် ထိုက် သည် ကို သိ သည် နှင့် အ ညီ သေ ဒဏ် စီ ရင် လျက် ဆံ ဖြူ အို မင်း သော ထို သူ လည်း မ ရ ဏာ့ နိုင် ငံ သို့ ဆင်း စေ လော့ ဟု မှာ ထား ပြီး မှ
10
ဒါ ဝိဒ် မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် ရာ ဒါ ဝိဒ် မြို့ တော် ၌ စျာ ပ န ပြု ကြ လေ ၏။
11
ဒါ ဝိဒ် မင်း ကား ဟေ ဗြုန် မြို့ တွင် နန်း စံ ခု နစ် နှစ်၊ ယေ ရု ရှ လင် မြို့ တွင် သုံး ဆယ့် သုံး နှစ်၊ နှစ် ရပ် နှစ် ပေါင်း လေး ဆယ်၊ ဣ သ ရေ လ လူ မျိုး ကို အုပ် စိုး သ တည်း။
12
ရှော လ မုန် မင်း သည် ခ မည်း တော် ဒါ ဝိဒ် မင်း ၏ ရာ ဇ ပ လ္လင် ထက် စံ နေ၍ အာ ဏာ တော် ခိုင် ခံ့ သည့် ကာ လ
13
ရှော လ မုန် မင်း ၏ မယ် တော် ဗာ သ ရှေ ဘ ထံ ဟ ဂ္ဂိတ် သား အ ဒေါ နိ ယ လာ ရောက် ရာ ဗာ သ ရှေ ဘ က မိတ် ဆွေ အ ဖြစ် လာ သ လော ဟု မေး လျှင်
14
မှန် ပါ ၏။ လျှောက် ရန် လည်း ရှိ ပါ သည် ဟု တင် သော်၊ မယ် တော် က ပြော ပါ ဦး ဟု ဆို ၏။
15
အ ဒေါ နိ ယ က လည်း နိုင် ငံ တော် သည် ကျွန် တော့် ပိုင် ရာ ဖြစ် သည့် အ တိုင်း ကျွန် တော် မင်း ပြု မည် ဟု ဣ သ ရေ လ တစ် မျိုး လုံး မျှော် လင့် ခဲ့ ကြ သည် ကို မယ် တော် သိ ပါ ၏။ သို့ ရာ တွင် ထာ ဝ ရ ဘု ရား စီ ရင် တော် မူ သည် နှင့် အ ညီ နိုင် ငံ တော် သည် လက် ပြောင်း လျက် ညီ တော် ပိုင် ဖြစ် လေ ပြီ။
16
သို့ ဖြစ် ၍ မယ် တော့် ထံ ဆု တစ် ပါး ကို ကျွန် တော် ခံ လို ပါ၏။ မျက် နှာ လွှဲ တော် မ မူ ပါ နှင့် ဟု လျှောက် လျှင် တောင်း လော့ ဟု ဆို ရာ
17
မယ် တော့် မျက် နှာ ကို လွှဲ တော် မ မူ သော ရှော လ မုန် မင်း သည် ရှု နင် မြို့ သူ အ ဘိ ရှက် နှင့် ကျွန် တော် အား ထိမ်း မြား ဆောင်း နှင်း တော် မူ စေ ရန် တောင်း ပေး ပါ ဟု လျှောက် သော်
18
ဗာ သ ရှေ ဘ က၊ ကောင်း ပြီ။ သင့် အ ဖို့ ဘု ရင် မင်း ထံ တောင်း မည် ဟု ဆို ပြီး မှ အ ဒေါ နိ ယ အ ဖို့ တောင်း အံ့ သော ငှါ
19
ရှော လ မုန် မင်း ထံ ဝင် သော အ ခါ ဘု ရင် မင်း သည် ထ၍ မယ် တော် ကို ဆီး ကြို ဦး ညွှတ် ပြီး လျှင် ပ လ္လင် ပေါ် တွင် ထိုင် ပြန် လျက် လက်ျာ ဘက်၌ မယ် တော် ထိုင် ရန် ပ လ္လင် တစ် ခု ကို တည် ခင်း စေ ၏။
20
မယ် တော် က၊ သိမ် ငယ် သော ဆု တစ် ပါး ကို တောင်း လို ပါ၏။ မျက် နှာ လွှဲ တော် မ မူ လင့် ဟု ဆို သော် တောင်း တော် မူ ပါ။ မယ် တော်။
21
လွှဲ မည် မ ဟုတ် ဟု ဘု ရင် မင်း ပြန် လျှောက် ရာ ရှု နင် မြို့ သူ အ ဘိ ရှက် ကို နောင် တော် အ ဒေါ နိ ယ နှင့် ထိမ်း မြား ဆောင် နှင်း တော် မူ စေ လို သည် ဟု တောင်း လေ ၏။
22
ရှော လ မုန် မင်း က၊ အ ဒေါ နိ ယ အ ဖို့ ရှု နင် မြို့ သူ အ ဘိ ရှက် ကို သာ အ ဘယ် ကြောင့် တောင်း သ နည်း။ နောင် တော် ဖြစ် သူ အ ဒေါ နိ ယ မှ စ၍ ပ ရော ဟိတ် အ ဗျာ သာ ဇေ ရု ယာ့ သား ယွာ ဘ တို့ အ ဖို့ နိုင် ငံ တော် ကို ပင် တောင်း ပါ ဦး ဟု ပြန် ဆို ပြီး မှ
23
ထို ဆု ကို တောင်း သော အ ဒေါ နိ ယ သည် ကိုယ့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ ရာ မ ရောက် ခဲ့ လျှင် ငါ့ အ ပေါ် တွင် ဘု ရား သ ခင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော။
24
က တိ တော် နှင့် အ ညီ ခ မည်း တော် ဒါ ဝိဒ် မင်း၏ ရာ ဇ ပ လ္လင် ပေါ် တွင် ငါ့ ကို ခိုင် ခံ့ စွာ တင်၍ နန်း ညွန့် နန်း နွယ် ကို ပေး သ နား တော် မူ သော ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း အ ဒေါ နိ ယ သည် ယ နေ့ သေ ဒဏ် ခံ ရ မည် ဟု ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို ပြီး နောက်
25
လွှတ် လိုက် သော ယော ယ ဒ သား ဗေ နာ ယ သည် အ ဒေါ နိ ယ ကို ကွပ် မျက် လေ ၏။
26
ပ ရော ဟိတ် အ ဗျာ သာ အား ဘု ရင် မင်း က သင် သည် သေ ဒဏ် ခံ ထိုက် သော် လည်း အ ရှင် ထာ ဝ ရ ဘု ရား ၏ သေ တ္တာ တော် ကို ခ မည်း တော် ဒါ ဝိဒ် မင်း ရှေ့ ပင့် ဆောင် သည့် ပြင် ခ မည်း တော် ဆင်း ရဲ ရောက် လေ ရာ ရာ သင် ပါ ဆင်း ရဲ ခံ ခဲ့ သည် ကို ထောက် ၍ ယ ခု ချမ်း သာ ပေး မည်။ အာ န သုတ် မြို့ ရှိ သင့် ပိုင် မြေ သို့ သွား နေ လော့ ဟု မိန့် ဆို ရာ ၌
27
ဧ လိ အ နွယ် ကို ရည်၍ ရှိ လော မြို့ တွင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ခဲ့ သော ဗျာ ဒိတ် တော် ပြည့် စုံ စေ ရန် အ ဗျာ သာ ကို ထာ ဝ ရ ဘု ရား ၏ ပ ရော ဟိတ် ရာ ထူး မှ ရှော လ မုန် မင်း နုတ် ပယ် သ တည်း။
28
ယွာ ဘ သည် အ ဗ ရှ လုံ့ ဘက် သို့ မ ပါ သော် လည်း၊ အ ဒေါ နိ ယ ဘက် သို့ လိုက် ပါ မိ သည့် အ တွက် ထို သ တင်း ကို ကြား သော်၊ ထာ ဝ ရ ဘု ရား ၏ တဲ တော် သို့ ပြေး ဝင်၍ ပူ ဇော် ရာ ပ လ္လင် တော် စိန် တောင် ကို ကိုင် လျက် နေ လေ ၏။
29
ထာ ဝ ရ ဘု ရား ၏ တဲ တော် သို့ ယွာ ဘ ပြေး ဝင် လျက် ပူ ဇော် ရာ ပ လ္လင် တော် အ နီး တွင် ခို နေ ပါ သည် ဟု ရှော လ မုန် မင်း အား တင် လျှောက် ကြ သော အ ခါ ယွာ ဘ ကို လည်း ကွပ် မျက် လော့ ဟူ သော အ မိန့် နှင့် ယော ယ ဒ သား ဗေ နာ ယ ကို လွှတ် လိုက် သည့် အ တိုင်း
30
ထာ ဝ ရ ဘု ရား၏ တဲ တော် သို့ ဗေ နာ ယ ရောက် သော်၊ ထွက် ခဲ့ လော့ ဟူ သော အ မိန့် တော် ပါ သည် ဟု ဆို လျှင် ငါ မ ထွက်။ ဤ ဌာ န တွင် ပင် အ သေ ခံ မည် ဟု ဆို သည် နှင့် ယွာ ဘ ဤ သို့ ဆို ကြောင်း ဗေ နာ ယ ပြန် လျှောက် သော်၊
31
ဘု ရင် မင်း က၊ အ ကြောင်း မဲ့ ယွာ ဘ သွန်း ခဲ့ သော အ သွေး အ ပြစ် ကို ငါ နှင့် တ ကွ ဆွေ တော် မျိုး တော် တို့ မှ ပယ် စေ ခြင်း ငှါ သူ ဝန် ခံ ချက် အ တိုင်း ကွပ် မျက် သင်္ဂြိုဟ် လိုက် လော့။
32
ကိုယ့် ထက် ဖြောင့် မတ် ကောင်း မွန် သူ၊ ဣ သ ရေ ဗိုလ် ချုပ်၊ နေ ရ သား အာ ဗ နာ နှင့် ယု ဒ ဗိုလ် ချုပ်၊ ယေ သာ့ သား အာ မ သ တို့ ကို ခ မည်း တော် ဒါ ဝိဒ် မင်း ခွင့် မ ပြု ဘဲ ဓား ဖြင့် သတ် ခဲ့ သည့် အ တွက် ချင့် အ သွေး ကို ချင့် ဦး ထိပ် ထက် ထာ ဝ ရ ဘု ရား ရောက် စေ တော် မူ မည်။
33
ထို သူ တို့ အ သွေး လည်း ယွာ ဘ နှင့် သား မြေး မြစ် တို့ ဦး ထိပ် ထက် အ စဉ် ရောက် သ ဖြင့် ခ မည်း တော်၊ နန်း ညွန့် နန်း နွယ် သား မြေး မြစ် တော် တို့ နှင့် တ ကွ ရာ ဇ ပ လ္လင် ပါ ကာ လ အ စဉ် ထာ ဝ ရ ဘု ရား အ ထံ တော် မှ ငြိမ် သက် ခြင်း တည် ရှိ ပါ လိမ့် မည် ဟု မိန့် ဆို သည့် အ တိုင်း
34
ယော ယ ဒ သား ဗေ နာ ယ သည် သွား ရောက် ၍ ယွာ ဘ ကို ကွပ် မျက် ပြီး လျှင် တော ရှိ သူ့ နေ ရာ ဝင်း အ တွင်း သင်္ဂြိုဟ် ကြ ၏။
35
ဘု ရင် မင်း သည် ဗိုလ် ချုပ် ယွာ ဘ ရာ ထူး ၌ ယော ယ ဒ သား ဗေ နာ ယ ကို လည်း ကောင်း၊ အ ဗျာ သာ့ ရာ ထူး ၌ ပ ရော ဟိတ် ဇာ ဒုတ် ကို လည်း ကောင်း ခန့် ထား လေ ၏။
36
ထို နောက် ဘု ရင် မင်း သည် ရှိ မိ ကို ခေါ် ပြီး လျှင် ယေ ရု ရှ လင် မြို့ တွင်း ၌ အိမ် ဆောက် ၍ နေ လော့။ မြို့ ပြင် မည် သည့် အ ရပ် ကို မျှ သင် မ ထွက် မ သွား ရ။
37
မြို့ ပြင် သို့ ထွက်၍ ကေ ဒြုန် ချောင်း ကို ကူး သော နေ့၌ ပင်၊ မု ချ သေ ဒဏ် ခံ ရ မည် ကို သိ မှတ် လော့။ သင့် အ သွေး လည်း သင့် ဦး ထိပ် ထက် တည် လိမ့် မည် ဟု မိန့် ဆို သော်၊
38
ရှိ မိ က၊ အ မိန့် တော် သင့် မြတ် လှ ပါ ပြီ။ အ ရှင် မင်း မြတ် အ မိန့် တော် ကို ကျွန် တော် မျိုး လိုက် နာ ပါ မည် ဟု ဝန် ခံ လျက် ယေ ရု ရှ လင် မြို့ အ တွင်း ကြာ မြင့် စွာ နေ လေ ၏။
39
သုံး နှစ် ကျော် လွန် သော အ ခါ ရှိ မိ ကျွန် တို့ အ နက် နှစ် ယောက် သည် မာ ခါ့ သား၊ ဂါ သ ဘု ရင် အာ ခိတ် မင်း ထံ ပြေး သွား ၍ ၎င်း မြို့၌ ခို ဝင် ကြောင်း ရှိ မိ ကြား သော်၊
40
မြည်း ကို က တင် ပြီး လျှင် ဂါ သ မြို့ စံ အာ ခိတ် မင်း ထံ စီး သွား၍ ကျွန် တို့ ကို ရှာ ဖွေ ခေါ် ခဲ့ လေ ၏။
41
ထို သို့ ရှိ မိ သည် ယေ ရု ရှ လင် မြို့ မှ ဂါ သ မြို့ သို့ သွား၍ ပြန် လာ သည် ဟု ရှော လ မုန် မင်း ကြား လေ သော် ရှိ မိ ကို ခေါ် လျက်
42
သင် သည် မြို့ ပြင် ထွက် ၍ အ ခြား သို့ သွား သော နေ့၌ ပင်၊ မု ချ သေ ဒဏ် ခံ ရ မည် ဟု သေ ချာ စွာ သိ မှတ် စေ ရန် ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သ စ္စာ ဆို သော သင့် အား ငါ သ တိ ပေး ခဲ့ သည် မ ဟုတ် လော။ သင် က လည်း၊ ကျွန် တော် နာ ခံ ရ သော အ မိန့် တော် သင့် မြတ် လှ ပါ ပြီ ဟု ဝန် ခံ သည် မ ဟုတ် လော။
43
သို့ ဖြစ် လျက် ထာ ဝ ရ ဘု ရား ရှေ့ ငါ ပေး သော သ စ္စာ တော် ကို လည်း ကောင်း၊ ငါ သတ် မှတ် သော စည်း ကမ်း ကို လည်း ကောင်း၊ အ ဘယ် ကြောင့် ဖောက် ကျော် ဘိ သ နည်း ဟု မိန့် ဆို ပြီး မှ
44
ငါ့ ခ မည်း တော် ဒါ ဝိဒ် မင်း အား ပြု ခဲ့ သော ဒု စ ရိုက် ကို လည်း စိတ် တွင် သင် သိ သည့် အ တိုင်း ထာ ဝ ရ ဘု ရား သည် သင့် ဒု စ ရိုက် အ ပြစ် ကို သင့် ဦး ထိပ် ထက် တည် စေ တော် မူ လိမ့် မည်။
45
ငါ ရှော လ မုန် မင်း မူ ကား ကောင်း ကြီး မင်္ဂ လာ ခံ စား ၍ ဒါ ဝိဒ် မင်း ရာ ဇ ပ လ္လင် တော် လည်း ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ အ စဉ် အ မြဲ တည် လိမ့် မည် ဟု မိန့် ဆို ပြီး နောက်
46
ယော ယ ဒ သား ဗေ နာ ယ အား အ မိန့် ပေး သည့် အ တိုင်း ရှိ မိ ကို ထုတ် လျက် ကွပ် မျက် လေ ၏။ ထို သို့ ရှော လ မုန် မင်း အာ ဏာ တော် ခိုင် ခံ့ သ တည်း။