1
ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် သည် ဗာ ရှာ မင်း ကို ရည်၍ ဟာ နန့် သား ယေ ဟု သို့ ရောက် လာ သည် မှာ၊
2
ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် တွင် မြေ မုန့် ထဲ မှ သင့် ကို ငါ မင်း မြှောက် သော် လည်း၊ သင် သည် ယေ ရော ဗောင် လမ်း အ တိုင်း လိုက် လျှောက်၍ အ မျက် တော် တိုက် ပြစ် မှု များ ကို ဣ သ ရေ လ အ မျိုး ပြစ် မှား စေ သော ကြောင့်
3
သင် ဗာ ရှာ နှင့် အ မျိုး အ နွယ် ပါ ငါ ကျွမ်း လောင် စေ၍ နေ ဗတ် သား ယေ ရော ဗောင်၏ အ မျိုး အ နွယ် ကဲ့ သို့ ဖြစ် စေ လျက်
4
မြို့ တွင်း သေ အ လောင်း များ မှာ ခွေး စာ၊ မြို့ ပြင် သေ အ လောင်း များ မှာ ငှက် စာ ဖြစ် လိမ့် မည် ဟု မိန့် တော် မူ ၏။
5
ဗာ ရှာ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် လက် ရုံး ရည် ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
6
ဗာ ရှာ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် တိ ရ ဇာ မြို့ တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင်၊ သား တော် ဧလာ သည် အ ရိုက် အ ရာ၌ နန်း စံ လေ ၏။
7
ထို သို့ ပင် ယေ ရော ဗောင် မင်း မျိုး ကဲ့ သို့ အ မျက် တော် တိုက် သော ကာ ယ ကံ မှု ဖြင့် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဗာ ရှာ မင်း ပြု သ မျှ သော ဆိုး သွမ်း မှု ကြောင့်လည်း ကောင်း၊ လုပ် ကြံ မှု ကြောင့်လည်း ကောင်း၊ ထာ ဝ ရ ဘုရား ၏ ဗျာ ဒိတ် တော် သည် ဟာ နန့် သား ပ ရော ဖက် ယေ ဟု အား ဖြင့် ဗာ ရှာ မင်း နှင့် အ မျိုး အ နွယ် ပါ ရည် ၍ ရောက် လာ သ တည်း။
8
ယု ဒ ဘု ရင် အာ သ မင်း နန်း စံ နှစ် ဆယ့် ခြောက် နှစ် တွင် ဗာ ရှာ မင်း သား တော် ဧ လာ မင်း နန်း တက်၍ တိ ရ ဇာ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် နှစ် စိုး စံ ပြီး နောက်
9
၄င်း မြို့ ရှိ လက် သုံး တော် ချုပ် အာ ဇ အိမ် တွင် သောက် စား ယစ် မူး လျက် ရှိ စဉ်၊ ယု ဒ ဘု ရင် အာ သ မင်း နန်း စံ နှစ် ဆယ့် ခု နစ် နှစ်၌ လက် စွဲ စစ် ရ ထား တပ် ဗိုလ် ဇိ မ ရိ သည် အ တွင်း မီး ထ၍ ဝင် ရောက် လုပ် ကြံ ပြီး လျှင် နန်း တက် လေ ၏။
10
11
ရာ ဇ ပ လ္လင် တက် ၍ နန်း စံ လျှင် စံ ချင်း ဗာ ရှာ မင်း ၏ ဆွေ တော် မျိုး တော်၊ အ စွယ် အ ပွား ယောက်ျား တစ် ဦး တစ် ယောက် မ ကျန်၊ မင်း မျိုး ဟူ သ မျှ ကို ကွပ် မျက် လေ ၏။
12
ထို သို့ ပင်၊ ဗာ ရှာ မင်း နှင့် သား တော် ဧ လာ မင်း တို့ သည် ကိုယ် တိုင် ပြစ် မှား၍ ဣ သ ရေ လ အ မျိုး ကို လည်း ပြစ် မှား စေ သော ပြစ် မှု ဟူ သ မျှ ကြောင့်လည်း ကောင်း၊ ချင်း တို့ ရုပ် ပွား ဆင်း တု များ ဖြင့် ဣ သ ရေ လ လူ မျိုး ၏ ဘုရား သ ခင် ထာ ဝ ရ ဘု ရား ကို အ မျက် တော် တိုက် ကြ သော ကြောင့် လည်း ကောင်း ဗာ ရှာ မင်း ကို ရည်၍ ပ ရော ဖက် ယေ ဟု အား ဖြင့် ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း မင်း မျိုး အ ပေါင်း တို့ ကို ဇိ မ ရိ မင်း သုတ် သင် သ တည်း။
13
14
ဧ လာ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် သည် ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ၏။
15
ယု ဒ ဘု ရင် အာ သ မင်း နန်း စံ နှစ် ဆယ့် ခု နစ် နှစ် တွင် ဇိ မ ရိ မင်း သည် တိ ရ ဇာ မြို့ ၌ ခု နစ် ရက် သာ စိုး စံ ရ၏။ ဇိ မ ရိ သည် အ တွင်း မီး ထ၍ ဘု ရင် မင်း ကို လုပ် ကြံ ပြီ ဟု ဖိ လိ တ္တိ ပိုင် ဂိ ဗ္ဗ သုန် မြို့ ကို ဝန်း ဝိုင်း စွဲ ရပ် သော ဣ သ ရေ လ တပ် သား တို့ ကြား သော်၊ ဗိုလ် ချုပ် သြ မ ရိ ကို ဣ သ ရေ လ အ ပေါ်၌ ထို နေ့ ချင်း တွင် တစ် တပ် လုံး မင်း မြှောက် ကြ ပြီး လျှင်
16
17
သြ မ ရိ မင်း နှင့် ဣ သ ရေ လ အ လုံး အ ရင်း ပါ ဂိ ဗ္ဗ သုန် မြို့ မှ ထွက် ချီ လျက် တိ ရ ဇာ မြို့ ကို ဝိုင်း ထား ကြ ရာ
18
မြို့ ကို သိမ်း ယူ ပြီ ဟု ဇိ မ ရိ မင်း သိ သော အ ခါ မြေ နန်း ဆောင် သို့ ဝင်၍ ကိုယ် တော် တိုင် မီး တိုက် လျက် သေ ရ သည် မှာ
19
ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း သော ပြစ် မှု များ ကို ပြု ကျင့် သော ကြောင့် လည်း ကောင်း၊ ကိုယ် တိုင် ပြစ် မှား ၍ ဣ သ ရေ လ အ မျိုး ကို လည်း ပြစ် မှား စေ သော ယေ ရော ဗောင် မင်း ၏ ဒု စ ရိုက် လမ်း အ တိုင်း လိုက် လျှောက် သော ကြောင့်လည်း ကောင်း၊ ဖြစ် သ တည်း။
20
ဇိ မ ရိ မင်း ပြု မူ သ မျှ အ ကြွင်း အ ကျန် နှင့် အ တွင်း မီး ထ ခြင်း ပါ ဣ သ ရေ လ ရာ ဇ ဝင်၌ ရေး ထား လျက် ရှိ ၏။
21
ထို အ ခါ ဣ သ ရေ လ ပြည် သား တို့ ကွဲ ပြား ၍ အ ချို့ ကား ဂိ နတ် သား တိ ဗ နိ ကို မင်း မြှောက် ရန် လိုက် ပါ ကြ၏။ အ ချို့ ကား သြ မ ရိ မင်း ဘက် သို့ လိုက် ပါ ကြ ၏။
22
သြ မ ရိ မင်း ဘက် လိုက် ပါ သူ တို့ သည် ဂိ နတ် သား တိ ဗ နိ ဘက် ပါ လူ တို့ ကို နိုင် နင်း ရာ တိ ဗ နိ ကျ ဆုံး ၍ သြ မ ရိ မင်း နန်း စံ လေ ၏။
23
ယု ဒ ဘု ရင် အာ သ မင်း နန်း စံ သုံး ဆယ့် တစ် နှစ် တွင် သြ မ ရိ မင်း နန်း တက်၍ တိ ရ ဇာ မြို့၌ ဣ သ ရေ လ နိုင်ငံ ကို စိုး စံ ရ သော ဆယ့် နှစ် နှစ် အ တွင်း ခြောက် နှစ် စံ ပြီး မှ
24
ရှ မာ ရိ တောင် တော် ကို တောင့် ရှင် ရှ မာ ရ ထံ ငွေ ချိန် ခွက် ခြောက် ဆယ် နှင့် ဝယ် ၍ တောင် ပေါ် တွင် မြို့ တည် ရာ တောင့် ရှင် ရှ မာ ရ အ မည် ကို အ စွဲ ပြု လျက် ရှ မာ ရိ ဟု တွင် သ တည်း။
25
သြ မ ရိ မင်း သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း မှု ကို ပြု ကျင့် လျက် ဣ သ ရေ လ အ မျိုး ကို ပြစ် မှား စေ သော နေ ဗတ် သား ယေ ရော ဗောင် မင်း၏ ဒု စ ရိုက် လမ်း အ တိုင်း လိုက် လျှောက်၍ ချင်း တို့ ရုပ် ပွား ဆင်း တု များ ဖြင့် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ မျက် တော် တိုက် သ ဖြင့် အ ရင် ဖြစ် ခဲ့ သော မင်း အ ပေါင်း တို့ ထက် ဆိုး သွမ်း ၏။
26
27
သြ မ ရိ မင်း ပြု မူ စီ ရင် သ မျှ အ ကြွင်း အ ကျန် နှင့် လက် ရုံး ရည် ပါ ဣ သ ရေ လ ရာ ဇ ဝင် ၌ ရေး ထား လျက် ရှိ ၏။
28
သြ မ ရိ မင်း သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် လျက် ရှ မာ ရိ မြို့ တွင် စျာ ပ န ပြု ခြင်း ကို ခံ ရ လျှင် သား တော် အာ ဟပ် သည် အ ရိုက် အ ရာ ၌ နန်း စံ လေ ၏။
29
ယု ဒ ဘု ရင် အာ သ မင်း နန်း စံ သုံး ဆယ့် ရှစ် နှစ် တွင် သြ မ ရိ မင်း သား တော် အာ ဟပ် မင်း နန်း တက်၍ ရှ မာ ရိ မြို့၌ ဣ သ ရေ လ နိုင် ငံ ကို နှစ် ဆယ့် နှစ် နှစ် စိုး စံ လေ ၏။
30
သြ မ ရိ မင်း သား တော် အာ ဟပ် မင်း သည် အ ရင် ဖြစ် ခဲ့ သော မင်း အ ပေါင်း တို့ ထက် ထာ ဝ ရ ဘု ရား မျက် မှောက် တော် တွင် ဆိုး သွမ်း မှု ကို ပြု ကျင့် လျက်
31
နေ ဗတ် သား ယေ ရော ဗောင် မင်း ၏ ပြစ် မှု များ အ တိုင်း လိုက် သည် ကို အ ပ္ပ ၀ဇ္ဇ ဟု ထင် မှတ် သည့် ပြင် ဇိ ဒုန် ဘုရင် ဧ သ ဗာ လ မင်း သ မီး တော် ယေ ဇ ဗေ လ ကို မိ ဖု ရား မြှောက် သည့် အ လျောက် ဗာ လ နတ် အား ဝတ် ပြု ရှိ ခိုး ၍
32
ရှ မာ ရိ မြို့ တွင် ကိုယ် တိုင် တည် ဆောက် သော ဗာ လ ၏ ဗိ မာန်၌ ဗာ လ အ ဖို့ ပူ ဇော် ရာ ပ လ္လင် ကို တည် ၏။
33
တံ ခွန် တိုင် ကို လည်း စိုက် ထူ၍ အ ရင် ဖြစ် ခဲ့ သော ဣ သ ရေ လ ဘု ရင် အ ပေါင်း တို့ ထက် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ မျက် တော် တိုက် ပြစ် မှား ချေ ၏။
34
အာ ဟပ် မင်း လက် ထက် ဗေ သ လ မြို့ နေ ဟိ ဧ လ သည် ယေ ရိ ခေါ မြို့ ကို တည် ပြန် ရာ နုန့် သား ယော ရှု အား ဖြင့် ထာ ဝ ရ ဘု ရား ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း မြို့ အ တည် တွင် သား ဦး အ ဘိ ရံ၊ တံ ခါး ရွက် အ တပ် တွင် သား ထွေး စေ လုပ် သေ လေ ၏။