၃ ရာ-19

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ပ ရော ဖက် အ ပေါင်း တို့ အား၊ ဓား ဖြင့် ကွပ် မျက် သော အ မှု မှ စ၍ ဧ လိ ယ ပြု သ မျှ ကို အာ ဟပ် မင်း သည် ယေ ဇ ဗေ လ ထံ ကြား ပြော လျှင်
  • 2 ယေ ဇ ဗေ လ သည် ခြေ လျင် စေ၍ နက် ဖြန် ယ ခု အ ချိန် ရောက် သော် ထို ပ ရော ဖက် တို့ အ သက် ကဲ့ သို့ သင့် အ သက် ကို ငါ မ ဖြစ် စေ လျှင် ဘု ရား များ တို့ သည် ငါ့ အ ပေါ် တွင် သာ၍ အ ပြစ် စီ ရင် ပါ စေ သော ဟု ဧ လိ ယ ထံ အ မှာ တော် ရောက် သည် နှင့်
  • 3 ဧ လိ ယ ကြောက် ရွံ့ သ ဖြင့် ယု ဒ နယ်၊ ဗေ ရ ရှေ ဘ မြို့ ရောက်၊ သေ ဘေး လွတ် ရန် ထ သွား ၍ ထို မြို့ တွင် ငယ် သား ကို ထား ခဲ့ ပြီး လျှင်
  • 4 သဲ က န္တာ ရ သို့ တစ် ရက် ခ ရီး သွား လျက် ချုံ ရိပ် တွင် ထိုင်၍ အို ထာ ဝ ရ ဘု ရား ညီး ငွေ့ ပါ ပြီ။ အ ကျွန်ုပ် အ သက် ကို ရုပ် သိမ်း တော် မူ ပါ။ အ ကျွန်ုပ် သည် ဘိုး ဘေး တို့ ထက် မ မြတ် ပါ ဟု သေ ဆု ကို တောင်း လျှောက် ပြီး သော် ချုံ ရိပ် တွင် ပင် အိပ် ပျော် လေ ၏။
  • 5 ထို အ ခါ စေ တ မန် တော် တစ် ပါး က၊ ထ စား လော့ ဟု တို့၍ ဆို သည့် အ တိုင်း
  • 6 ဧ လိ ယ ကြည့် ရာ ခေါင်း ရင်း၌ ကင် ပြီး မုန့် လုံး နှင့် ရေ ဘူး ကို မြင် သ ဖြင့် စား သောက် ပြီး မှ အိပ် ပြန် လေ ၏။
  • 7 ထာ ဝ ရ ဘု ရား ၏ စေ တ မန် တော် လာ ပြန်၍ တို့ လျက်၊ အား ကုန် လောက် အောင် ခ ရီး ရှည် သော ကြောင့် ထ စား ဦး လော့ ဟု ဆို သည့် အ လျောက် နိုး ထ စား သောက် ပြီး လျှင်၊
  • 8 ထို အ စာ ဖြင့် အား ပြည့် လျက် ဟော ရပ် ခေါ် ဘု ရား သ ခင့် တောင် တော် ရောက် အ ရက် လေး ဆယ် နေ့ ညဉ့် ပတ် လုံး သွား ပြီး မှ
  • 9 ဥမင် ထဲ သို့ ဝင်၍ တည်း ခို လေ၏။ ထို အ ခါ ထာ ဝ ရ ဘု ရား ၏ ဗျာ ဒိတ် တော် ရောက် လာ သည် ကား ဧ လိ ယ ဤ အ ရပ် သို့ အ ဘယ် ကြောင့် သင် ရောက် လာ သ နည်း ဟု မေး တော် မူ ရာ
  • 10 ဧ လိ ယ က၊ အ ကျွန်ုပ် သည် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင့် အ တွက် အ လွန် မ ရှု စိတ် ပါ ပြီ။ အ သို့ ဆို သော် ဣ သ ရေ လ အ မျိုး သား တို့ သည် ပ ဋိ ညာဉ် တ ရား တော် ကို စွန့် ပယ်၍ ပူ ဇော် ရာ ပ လ္လင် တော် များ ကို ဖြို ဖျက် လျက် ပ ရော ဖက် တော် များ ကို ဓား ဖြင့် ကွပ် မျက် ကြ ပါ ပြီ။ တစ် ယောက် တည်း ကျန် သော အ ကျွန်ုပ် အ သက် အန္တ ရာယ် ကို ပင် ရှာ ကြံ ကြ ပါ သည် ဟု လျှောက် သော်
  • 11 ထွက်၍၊ ထာ ဝ ရ ဘု ရား ရှေ့၊ တောင် ပေါ် တွင် ရပ် နေ လော့ ဟု မိန့် တော် မူ ၏။ ထာ ဝ ရ ဘု ရား ကြွ ချီ တော် မူ ရာ ပြင်း ထန် သော လေ မုန် တိုင်း သည် ရှေ့ တော် မှ တောင် များ ကို ခွဲ၍ ကျောက် ငူ များ ကို ချိုး ဖဲ့၏။ သို့ ရာ တွင် မုန် တိုင်း ၌ ထာ ဝ ရ ဘု ရား ပါ တော် မ မူ၊ မုန် တိုင်း နောက် မြေ လှုပ် ၏။ မြေ လှုပ် ခြင်း၌ လည်း ထာ ဝ ရ ဘု ရား ပါ တော် မ မူ။
  • 12 မြေ လှုပ် ခြင်း နောက် မီး လျှံ ပေါ် ၏။ မီး လျှံ ၌ လည်း ထာ ဝ ရ ဘု ရား ပါ တော် မ မူ။ မီး လျှံ နောက် သဲ့ သဲ့ အ သံ ထွက် သည် ကို ဧ လိ ယ ကြား လျှင်
  • 13 မျက် နှာ ကို သ င်္ကန်း နှင့် အုပ် လျက် ဥမင် ဝ သို့ ထွက် ၍ ရပ် နေ ရာ၊ ဧ လိ ယ ဤ အ ရပ် သို့ အ ဘယ် ကြောင့် သင် ရောက် လာ သ နည်း ဟူ သော မြွက် တော် မူ သံ ကို ကြား သော်၊
  • 14 ဧ လိ ယ က၊ အ ကျွန်ုပ် သည် ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား သ ခင့် အ တွက် အ လွန် မ ရှု စိတ် ပါ ပြီ။ အ သို့ ဆို သော်၊ ဣ သ ရေ လ အ မျိုး သား တို့ သည် ပ ဋိ ညာဉ် တ ရား တော် ကို စွန့် ပယ်၍ ပူ ဇော် ရာ ပ လ္လင် တော် များ ကို ဖြို ဖျက် လျက် ပ ရော ဖက် တော် များ ကို ဓား ဖြင့် ကွပ် မျက် ကြ ပါ ပြီ။ တစ် ယောက် တည်း ကျန် သော အ ကျွန်ုပ် အ သက် အန္တ ရာယ် ကို ပင် ရှာ ကြံ ကြ ပါ သည် ဟု လျှောက် သော်၊
  • 15 ထာ ဝ ရ ဘု ရား က၊ ဒ မာ သက် သဲ က န္တာ ရ လမ်း ဖြင့် ပြန် သွား ၍ ရောက် သော အ ခါ ဟာ ဇေ လ ကို ရှု ရိ လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် ဘိ သိက် သွန်း လော့။
  • 16 နိမ် ရှိ သား ယေ ဟု ကို ဣ သ ရေ လ အ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် ဘိ သိက် သွန်း လော့။ အာ ဗေ လ မ ဟော မြို့ နေ၊ ရှာ ဖတ် သား ဧ လိ ရှဲ ကို သင့် ကိုယ် စား ပ ရော ဖက် အ ဖြစ် ဘိ သိက် သွန်း လော့။
  • 17 သို့ ပြု လျှင် ဟာ ဇေ လ ဓား နှင့် လွတ် သူ တို့ ကို ယေ ဟု ကွပ် မျက် လိမ့် မည်။ ယေ ဟု ဓား နှင့် လွတ် သူ တို့ ကို လည်း ဧ လိ ရှဲ ကွပ် မျက် လိမ့် မည်။
  • 18 သို့ ရာ တွင် ဗာ လ နတ် ရှေ့ ၌ ဒူး ထောက် ခြင်း၊ နမ်း ရှုပ် ဦး ညွတ် ခြင်း၊ ကင်း သူ ဣ သ ရေ လ အ မျိုး သား ခု နစ် ထောင် တို့ ကို ငါ့ အ ဖို့ ကြွင်း စေ လိမ့် မည် ဟု မိန့် တော် မူ ၏။
  • 19 ဧ လိ ယ သည် ထို အ ရပ် မှ သွား ၍ ထယ် ထိုး သော နွား ဆယ့် နှစ် ရှဉ်း အ နက် နောက် ဆုံး ထိုး သူ ရှာ ဖတ် သား ဧ လိ ရှဲ ကို တွေ့ မြင် ရာ အ နီး သို့ ရောက် လျှင် ကိုယ့် သ င်္ကန်းကို သူ့ အ ပေါ် သို့ ပစ် တင် လိုက် သော်၊
  • 20 ဧ လိ ရှဲ သည် နွား ကို စွန့်၍ ဧ လိ ယ နောက် သို့ အ သော့ လိုက် လျက် မိ ဘ တို့ ကို နမ်း ရှုပ် ပါ ရ စေ။ ပြီး မှ နောက် တော် သို့ လိုက် ပါ မည် ဟု အ ခွင့် တောင်း ရာ ဧ လိ ယ က သင်၌ မည် သို့ ငါ ပြု ဘိ သ နည်း။၊ ပြန် သွား လော့ ဟု ဆို လျှင်
  • 21 ဧ လိ ရှဲ ပြန် သွား၍ ကိုယ့် နွား တစ် ရှဉ်း ကို စီ ရင် လျက် ထယ် ကိ ရိ ယာ များ နှင့် ချက်၍ လုပ် သား တို့ အား ကျွေး ပြီး မှ ဧ လိ ယ နောက် သို့ လိုက် လျက် တ ပည့် ဖြစ် လေ ၏။
回到本卷目录 回到本版本目录 回到首页