1
ကာ လ ရှည် ကြာ ပြီး နောက် တ တိ ယ နှစ် တွင် ဧ လိ ယ သို့ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ရောက် လာ သည် မှာ အာ ဟပ် ထံ အ ထင် အ ရှား သွား လော့။ မြေ ကြီး ပေါ် တွင် ငါ မိုး ရွာ စေ တော့ မည် ဟု မိန့် တော် မူ သည့် အ တိုင်း
2
ဧ လိ ယ သည် အာ ဟပ် မင်း ထံ အ ထင် အ ရှား သွား၏။ ထို ကာ လ ရှ မာ ရိ မြို့ တွင် အ စာ ခေါင်း ပါး ခြင်း ကပ် အား ကြီး သည် ဖြစ်၍
3
ထာ ဝ ရ ဘု ရား၏ ပ ရော ဖက် တို့ ကို ယေ ဇ ဗေ လ သုတ် သင် သော အ ခါ ထာ ဝ ရ ဘု ရား အား ရို သေ ခန့် ညား သူ ဖြစ် သ ဖြင့် ပ ရော ဖက် တစ် ရာ ကို ငါး ဆယ် စီ ဥမင်၌ ဝှက် ထား လျက် ရေ စာ ကျွေး မွေး ခဲ့ ဘူး သော လက် သုံး တော် ချုပ် သြ ဗ ဒိ ကို အာ ဟပ် မင်း ခေါ် ပြီး လျှင်
4
5
မြင်း၊ လား စ သော တိ ရ စ္ဆာန် အ ပေါင်း တို့ မ သေ စေ ခြင်း ငှါ မြက် တော တွေ့ ကောင်း တွေ့ ရန် ပြည် လုံး နှံ့ လျှောက်၍ စမ်း ရေ တွင်း၊ ချောင်း ရှိ ရာ အ ရပ် သို့ သွား ကြ ကုန် အံ့ ဟု မိန့် ဆို သည့် အ တိုင်း
6
ပြည် လုံး နှံ ခ ရီး တာ ဝေ လျက် အာ ဟပ် မင်း နှင့် သြ ဗ ဒိ တို့ တစ် လမ်း စီ သွား ကြ ကုန်၏။
7
သြ ဗ ဒိ သည် လျှောက် သွား၍ ခ ရီး အ ကြား တွင် ဧ လိ ယ နှင့် တွေ့ ဆုံ သော် မှတ် မိ သ ဖြင့်၊ ကိုယ် တော် သည် ကျွန် တော် အ ရှင် ဧ လိ ယ ပါ လော ဟု ပျပ် ဝပ် မေး လျှောက် လျှင်၊ မှန် ပေ ၏။
8
သင့် သ ခင့် ထံ ပြန် သွား၍ ဧ လိ ယ ရှိ ကြောင်း ကြား ပြော လော့ ဟု ဆို သည့် ကာ လ
9
သြ ဗ ဒိ က၊ ကျွန် တော် မျိုး အ သေ ခံ ရ စေ ရန် အာ ဟပ် မင်း လက် တွင်း သို့ ပို့ အပ် သည် မှာ မည် သို့ ပြစ် မှား၍ ပါ နည်း။
10
ကိုယ် တော်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ကိုယ် တော် ကို လိုက် ရှာ ရန် ကျွန် တော့် သ ခင် မ လွှတ် သော နိုင် ငံ၊ လူ မျိုး မ ကျန် တော့ ပါ။ မ ရှိ ဟု ပြန် ဆို သော နိုင် ငံ လူ မျိုး တ ကာ တို့ အား မ ရှိ ကြောင်း သ စ္စာ ဆို စေ ပါ ၏။
11
ယ ခု မှာ မူ ကိုယ် တော် က၊ သင့် သ ခင့် ထံ သွား၍ ဧ လိ ယ ရှိ ကြောင်း ကြား ပြော လော့ ဟု မိန့် တော် မူ သည့် အ လျောက်
12
ကျွန် တော် သွား သည် နှင့် တစ် ပြိုင် နက် ထာ ဝ ရ ဘု ရား၏ ဝိ ညာဉ် တော် သည် ကျွန် တော် မ သိ သော အ ရပ် သို့ ကိုယ် တော် ကို ဆောင် သွား ၍ သ တင်း ရ သူ အာ ဟပ် မင်း မ တွေ့ လျှင် ငယ် စဉ် က ပင် ထာ ဝ ရ ဘု ရား အား ခန့် ညား သော ကျွန် တော် မျိုး ကို ကွပ် မျက် ပါ လိမ့် မည်။
13
ထာ ဝ ရ ဘု ရား၏ ပ ရော ဖက် တို့ ကို ယေ ဇ ဗေ လ ကွပ် မျက် သော အ ခါ ပ ရော ဖက် တစ် ရာ ကို ငါး ဆယ် စီ ဥမင်၌ ဝှက် ထား လျက် ရေ စာ ကျွေး မွေး ခဲ့ ဘူး သော ဆောင် ရွက် မှု အ ကြောင်း အ ရှင် ကြား သိ တော် မ မူ ပါ လော။
14
ယ ခု မှာ ကိုယ် တော် က၊ သင့် သ ခင့် ထံ သွား၍ ဧ လိ ယ ရှိ ကြောင်း ကြား ပြော ရ မည် ဟု မိန့် တော် မူ သည် ဖြစ်၍ ကျွန် တော် ကို ကွပ် မျက် ပါ လိမ့် မည် ဟု ပြန် လျှောက် ရာ
15
ဧ လိ ယ က၊ ငါ ခ စား လျက် နေ သော ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ငါ သည် ယ နေ့ ပင် အာ ဟပ် မင်း ထံ အ ထင် အ ရှား မု ချ သွား မည် ဟု ဆို ပြန်၏။
16
သြ ဗ ဒိ သည် အာ ဟပ် မင်း ထံ သွား၍ သ တင်း ပေး သ ဖြင့် ဧ လိ ယ ကို တွေ့ ခြင်း ငှါ အာ ဟပ် မင်း လိုက် လာ၍ တွေ့ သော အ ခါ
17
အို ဣ သ ရေ လ အ မျိုး ကို နှောင့် ရှက် သူ၊ တွေ့ ရ ပြီ လော ဟု မေး လျှင်
18
ဣ သ ရေ လ အ မျိုး ကို ငါ မ နှောင့် ရှက်။ သင် နှင့် သင့် ဆွေ မျိုး သား ချင်း တို့ သာ ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် များ ကို စွန့် လျက် ဗာ လ နတ် တို့ နောက် သို့ လိုက်၍ ဣ သ ရေ လ အ မျိုး ကို နှောင့် ရှက် ကြ ပြီ။
19
သို့ ဖြစ်၍ ဣ သ ရေ လ တစ် မျိုး လုံး ကိုလည်း ကောင်း၊ ဗာ လ၏ ပ ရော ဖက် လေး ရာ့ ငါး ဆယ် ကို လည်း ကောင်း၊ ယေ ဇ ဗေ လ စား ပွဲ၌ စား သော အ ရှဲ ရာ၏ ပ ရော ဖက် လေး ရာ ကိုလည်း ကောင်း၊ ငါ ရှိ ရာ က ရ မေ လ တောင် သို့ စု ဝေး စေ လော့ ဟု ဆို သည့် အ တိုင်း
20
အာ ဟပ် မင်း သည် ဣ သ ရေ လ အ မျိုး သား အ ပေါင်း တို့ ကို ခေါ် စေ၍ ပ ရော ဖက် တို့ ပါ က ရ မေ လ တောင်၌ စု ဝေး စေ သည့် ကာ လ
21
လူ ပ ရိ သတ် ရှိ ရာ သို့ ဧ လိ ယ ချဉ်း ကပ်၍ နုန့် နဲ့ စွာ ဒွိ ဟ လိုက် ကြ သည် မှာ မည် မျှ ကြာ ကြ မည် နည်း။ ယေ ဟော ဝါ သည် ဘု ရား သ ခင် မှန် လျှင် လိုက် ကြ လော့။ ဗာ လ သည် ဘု ရား သ ခင် မှန် လျှင် လိုက် ကြ လော့ ဟု ဆို သော်၊ ပရိ သတ် ဆိတ် ဆိတ် နေ ကြ ၏။
22
ဧ လိ ယ က လည်း၊ ယေ ဟော ဝါ၏ ပ ရော ဖက် ကား ငါ တစ်ယောက် တည်း ကျန် ၏။ ဗာ လ၏ ပ ရော ဖက် တို့ ကား လေး ရာ့ ငါး ဆယ် ရှိ ကြ ၏။
23
သို့ ဖြစ်၍ ငါ တို့ နှစ် ဖက် သို့ နွား နှစ် ကောင် ကို ပေး လော့။ နှစ် ကောင် အ နက် တစ် ကောင် ကို သူ တို့ ရွေး ယူ လျက် မီး မ ထည့် သော ထင်း ပေါ် တွင် အ ပိုင်း ပိုင်း စီ ရင်၍ တင် ထား ကြ ပါ လေ စေ။ ငါ လည်း မီး မ ထည့် သော ထင်း ပေါ် တွင် တစ် ကောင် ကို စီ ရင် ၍ တင် ထား ပါ မည်။
24
ကိုယ့် ဘု ရား ၏ နာ မ အား ပ ဌ နာ ပြု ကြ လော့။ ငါ မူ ကား ယေ ဟော ဝါ ၏ နာ မ တော် အား ပ ဌ နာ ပြု ပါ မည်။ မီး ဖြင့် တုံ့ ပြန် တော် မူ သော အ ရှင် သည် ဘု ရား မှန် ပါ လေစေ ဟု လူ ပ ရိ သတ် အား ပြော ဆို သော်၊ ကောင်း ပြီ ဟု ဝန် ခံ ကြ ကုန် ၏။
25
တစ် ဖန် ဧ လိ ယ က သင် တို့ ကား အ များ ဖြစ် သော ကြောင့် နွား တစ် ကောင် ကို အ ရင် ယူ ၍ စီ ရင် ပြီး လျှင် မီး မ ထည့် ဘဲ ကိုယ့် ဘု ရား နာ မ ကို ပ ဌ နာ ပြု ကြ လော့ ဟု ဗာ လ၏ ပ ရော ဖက် တို့ အား ဆို သည့် အ တိုင်း
26
သူ တို့ သည် နွား ကို ခံ ယူ၍ စီ ရင် ပြီး လျှင် အို ဗာ လ ဘု ရား၊ မြွက် ကြား တော် မူ ပါ ဟူ ၍ နံ နက် မှ မွန်း တည့် တိုင် အောင် ဗာ လ ၏ နာ မ အား ပ ဌ နာ ပြု ကြ သော် လည်း၊ မြွက် သံ ပြု သူ မ ရှိ သည် နှင့် ကိုယ် တည် သော ပူ ဇော် ရာ ပ လ္လင် ပတ် လည် တွင် ကိုယ် ကို ယိမ်း နွှဲ့ ကြ ၏။
27
မွန်း တည့် သော်၊ ဧ လိ ယ က၊ ကျယ် စွာ ဟစ် ကြ လော့။ ဗာ လ သည် ဘု ရား မှန် လိမ့် မည်။ သို့ ရာ တွင် ဖိုလ် ဝင် စား သော် လည်း ကောင်း၊ တ ပို တ ပါး သွား ခိုက် သော် လည်း ကောင်း၊ ခ ရီး လွန် သော် လည်း ကောင်း၊ မ နိုး အောင် အိပ် မော ကျ ကောင်း ကျ သော်လည်း ကောင်း၊ ဖြစ် လိမ့် မည် ဟု ပြက် ရယ် ဆို သည့် ကာ လ သူ တို့ သည် ကျယ် စွာ ဟစ် လျက်
28
အ သွေး ယို စီး စေ ရန် အ လေ့ အ တိုင်း ဓား၊ သံ လျက် များ နှင့် ကိုယ် ကို ဆွ လှီး ၍ မွန်း လွဲ ပြီး နောက်
29
ညဉ့် ဦး ပူ ဇော် ချိန် တိုင် အောင် ရွတ် ဆို ကြ သော် လည်း မြွက် သံ ပြု သူ၊ အ ရေး ယူ သူ မ ရှိ ချေ။
30
ထို အ ခါ ဧ လိ ယ က ချဉ်း ခဲ့ ကြ လော့ ဟု ပ ရိ သတ် အား ပြော ဆို သည့် အ တိုင်း ချဉ်း လာ ကြ ရာ ဧ လိ ယ သည် ပြို ပျက် နေ သော ထာ ဝ ရ ဘု ရား ၏ ပူ ဇော် ရာ ပ လ္လင် တော် ကို ပြု ပြင် လေ၏။
31
၄င်း ပြင် သင့် အ မည် ကား၊ ဣ သ ရေ လ တည်း ဟူ ၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် ခံ ယာ ကုပ် ၏ သား တို့ အမျိုး အ နွယ် များ အ လိုက် ကျောက် ဆယ့် နှစ် လုံး ကို ယူ ပြီး သော်၊
32
ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ ပူ ဇော် ရာ ပ လ္လင် တော် ကို တည် လျက် မျိုး နှစ် စိတ် ဝင်မြေ အ ကျယ် ပတ် လည် ၌ ကျုံး တူး ပြီး လျှင်
33
အ ပိုင်း ပိုင်း စီ ရင် သည့် နွား ကို ပြင် ဆင် သော ထင်း ပုံ ထက် တင် ထား လေ ၏။ အိုး လေး လုံး အ ပြည့် ရေ ခပ် ပြီး မှ မီး ရှို့ ရာ သ က္ကာ နှင့် ထင်း ကို လောင်း ကြ လော့ ဟူ၍ လည်း ကောင်း၊
34
တစ် ဖန် လောင်း ဦး လော့ ဟူ၍ လည်း ကောင်း၊ ဆို သည့် အ တိုင်း လောင်း ကြ ရာ ထပ်၍ လောင်း ဦး လော့ ဟု မိန့် ဆို သည့် လျောက်
35
သုံး ကြိမ် မြောက် လောင်း ကြ သ ဖြင့် ပူ ဇော် ရာ ပ လ္လင် ပတ် လည် သို့ ရေ စီး ၍ ကျုံး ကို လည်း ပြည့် စေ ကြ ၏။
36
ညဉ့် ဦး ပူ ဇော် ချိန် ရောက် သော် ပ ရော ဖက် ဧ လိ ယ ချဉ်း ကပ်၍ အာ ဗြ ဟံ၊ ဣ ဇာက်၊ ဣ သ ရေ လ တို့၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကိုယ် တော် သည် ဣ သ ရေ လ လူ မျိုး ၏ ဘု ရား ဖြစ် ကြောင်း ကို လည်း ကောင်း၊ အ ကျွန်ုပ် လည်း ကိုယ် တော့် ကျွန် ဖြစ် ၍ ဤ အ မှု အ လုံး စုံ ကို အ မိန့် တော် အ တိုင်း ဆောင် ရွက် ကြောင်း ကို လည်း ကောင်း ယ နေ့ သိ ကြ ပါ စေ သော။
37
အို ထာ ဝ ရ ဘု ရား၊ ကိုယ် တော် ယေ ဟော ဝါ သည် ဘု ရား သ ခင် ဖြစ် တော် မူ ကြောင်း ကို လည်း ကောင်း၊ ချင်း တို့ စိတ် သ ဘော ကို ပြောင်း လဲ စေ သော အ ရှင် ဖြစ် တော် မူ ကြောင်း ကိုလည်း ကောင်း၊ ဤ ပ ရိ သတ် သိ စေ ခြင်း ငှါ၊ မြွက် ကြား တော် မူ ပါ။ မြွက် ကြား တော် မူ ပါ ဟု တောင်း လျှောက် သည့် အ တိုင်း
38
ထာ ဝ ရ ဘု ရား ထံ မှ မီး ကျ၍ ရှို့ ရာ သ က္ကာ အ စ ရှိ သော ထင်း၊ ကျောက်၊ မြေ မုန့် ပါ၊ ကျွမ်း လောင် လျက် ကျုံး ရှိ ရေ ကို လည်း ခန်း ခြောက် စေ ၏။
39
လူ ပ ရိ သတ် မြင် လျှင် ပျပ် ဝပ်၍ ယေ ဟော ဝါ သည် ဘု ရား သ ခင် ဖြစ် တော် မူ ၏။ ယေ ဟော ဝါ သည် ဘု ရား သခင် ဖြစ် တော် မူ သည် ဟု ဝန် ခံ ကြ သည့် ကာ လ၊
40
ဧ လိ ယ က၊ ဗာ လ၏ ပ ရော ဖက် တို့ ကို တစ် ယောက် မျှ မ လွတ် စေ ဘဲ ဖမ်း ဆီး ကြ လော့ ဟု အ မိန့် ပေး သည့် အ တိုင်း ဖမ်း ဆီး ကြ ပြီး လျှင် ဧ လိ ယ သည် ကိ ရှုန် ချောင်း သို့ ထုတ် သွား ၍ ကွပ် မျက် လေ သ တည်း။
41
ထို နောက် ဧ လိ ယ က၊ ကြွ၍ ပွဲ တော် တည် ပါ လော့။ သည်း စွာ ရွာ အံ့ သော မိုး သံ ကြား သည် ဟု အာ ဟပ် မင်း အား ဆို လျှင်
42
ပွဲ တော် တည် ရန် အာ ဟပ် မင်း သွား ရာ ဧ လိ ယ သည် က ရ မေ လ တောင် ထိပ် သို့ တက်၍ မြေ ပေါ် တွင် တုပ် ဝပ် နေ ရာ မှ
43
ငယ် သား အား တက်၍ ပင် လယ် သို့ ကြည့် လော့ ဟု ဆို သည့် အ တိုင်း တက် ကြည့် ပြီး လျှင် မည် သည် ကို မျှ မ မြင် ပါ ဟု ပြန် လျှောက် သော်၊ ခု နစ် ကြိမ် တိုင် သွား ၍ ကြည့် ဦး လော့ ဟု မိန့် ဆို ပြန် ၏။
44
ခု နစ် ကြိမ် မြောက် သော အ ခါ ငယ် သား က၊ လူ လက် သ ဖွယ် သေး ငယ် သော မိုး တိမ် သည် ပင် လယ် မှ တက် လာ ပါ သည် ဟု လျှောက် ရာ အာ ဟပ် မင်း ထံ သွား ပြီး လျှင် မိုး မ ဆီး တား မီ ရ ထား တော် က ၍ ပြန် တော် မူ ရန် တင် လျှောက် လော့ ဟု မှာ လိုက် လေ ၏။
45
မ ကြာ မ တင် မိုး ကောင်း ကင် သည် မိုး သက် မုန် တိုင်း နှင့် မှိုင်း အုန် လျက် သည်း ထန် စွာ ရွာ သွန်း လေ ၏။ အာ ဟပ် မင်း လည်း ယေ ဇ ရေ လ မြို့ သို့ စီး သွား စဉ်
46
ထာ ဝ ရ ဘု ရား ၏ လက် တော် တည် သ ဖြင့် ဧ လိ ယ သည် ခါး စည်း ၍ အာ ဟပ် မင်း ရှေ့ ဆောင် ပြု လျက် ယေ ဇ ရေ လ မြို့ ရောက် အ သော့ သွား လေ ၏။