1
ဒါ ဝိဒ် မင်း သည် အ သက် အ ရွယ် ကြီး ရင့် သည့် ကာ လ
2
ခြုံ ထည် ဖြင့် မ လုံ နိုင် သည် ဖြစ်၍ ကျေး ကျွန် သင်း ပင်း တို့ က၊ အ ရှင် မင်း မြတ် အ ဖို့ ပျို ရွယ် သော က ညာ ကို ရှာ ဖွေ ပြီး လျှင်၊ ဘု ရင် မင်း မြတ် အ ပါး တော် တွင် ခ စား ပြု စု လျက် အ ချမ်း လုံ တော် မူ ရန် ရင် ခွင် တော်၌ အိပ် စက် ပါ စေ ဟု တင် လျှောက် ကြ သည့် အ တိုင်း၊
3
အ ဆင်း လှ သော ပျို ရွယ် သူ့ ကို ဣ သ ရေ လ ပြည် လုံး နှံ့ ရှာ စေ ရာ ရှု နင် မြို့ သူ အ ဘိ ရှက် ကို တွေ့၍ အ ထံ တော် သို့ ဆောင် သွင်း ကြ သော်
4
အ လွန် အ ဆင်း လှ သော ထို ပျို ရွယ် သူ သည် ဘု ရင် မင်း ကို လုပ် ကျွေး ပြု စု သော် လည်း ခြေ တော် မ တင်။
5
ထို ကာ လ အ ဗ ရှ လုံ့ နောက် ဟ ဂ္ဂိတ် တွင် ရ သော အ လွန် အ ဆင်း လှ သူ၊ သား တော် အ ဒေါ နိ ယ သည် ဤ အ မှု ကို အ သို့ ကြောင့် ပြု သ နည်း ဟု တစ် ကြိမ် တစ် ခါ မျှ စိတ် နာ အောင်၊ ခ မည်း တော် မ ဆို ဘူး ဘဲ လျက် ရ ထား နှင့် မြင်း စီး သူ ရဲ တို့ ကို လည်း ကောင်း၊ ရှေ့ တော် ပြေး ငါး ဆယ် ကိုလည်း ကောင်း စီ မံ၍ ဘု ရင် လုပ် မည့် အ ကြံ နှင့် ကိုယ် ကို ဂုဏ် တင် ပြီး လျှင်
6
7
ဇေ ရု ယာ့ သား ယွာ ဘ၊ ပ ရော ဟိတ် အဗျာ သာ တို့ နှင့် တိုင် ပင် ရာ သူ တို့ သည် အ ဒေါ နိ ယ ဘက် သို့ လိုက် ပါ၍ အား ပေး ကြ လေ ၏။
8
ပ ရော ဟိတ် ဇာ ဒုတ်၊ ယော ယ ဒ သား ဗေ နာ ယ၊ ပ ရော ဖက် နာ သန်၊ ရှိ မိ၊ ရေ ဣ တို့ နှင့် ဒါ ဝိဒ် မင်း ၏ သူ ရဲ ကောင်း တို့ မူ ကား အ ဒေါ နိ ယ ဘက် သို့ မ လိုက် မ ပါ ကြ။
9
အ ဒေါ နိ ယ သည် အ င်္ရော ဂေ လ အ ရပ်၊ ဇော ဟေ လက် ကျောက် ဖျာ ပေါ် တွင် ဆူ ဖြိုး သော သိုး နွား များ ကို စီ ရင် လျက် ဘု ရင် မင်း၏ သား၊ ညီ တော် နောင် တော် တို့ နှင့် ယု ဒ သူ ရဲ ဘု ရင် မင်း၏ ကျေး ကျွန် သင်း ပင်း တို့ ကို ခေါ် ဖိတ်၍၊
10
ပ ရော ဖက် နာ သန်၊ ဗေ နာ ယ စ သော သူ ရဲ ကောင်း တို့ နှင့် ညီ တော် ရှော လ မုန် ကို ကား မ ခေါ် မ ဖိတ် ချေ။
11
ထို အ ခါ ရှော လ မုန်၏ မယ် တော် ဗာ သ ရှေ ဘ အား နာ သန် က၊ ဟ ဂ္ဂိတ် သား အ ဒေါ နိ ယ သည် ငါ တို့ အ ရှင် ဒါဝိဒ် မင်း မ သိ ဘဲ ဘု ရင် လုပ် ကြောင်း ကို မ ကြား သ လော။
12
သို့ ဖြစ်၍ သင့် အ သက် နှင့် သား တော် ရှော လ မုန့် အ သက် ချမ်း သာ ရန် ငါ အ ကြံ ပေး ပါ ရ စေ။
13
ဒါ ဝိဒ် မင်း ထံ ဝင် ၍ အို အ ရှင် မင်း မြတ် ကိုယ် တော် က၊ သင့် သား ရှော လ မုန် သည် ငါ့ အ ရိုက် အ ရာ ကို ဆက် ခံ စိုး စံ၍ နန်း ထိုင် ရ မည် ဟု ကျွန် တော် မျိုး မ အား သ စ္စာ ထား တော် မူ ခဲ့ ပြီ မ ဟုတ် ပါ လော။ သို့ ဖြစ် ပါ လျက် အ ဒေါ နိ ယ သည် အ ဘယ် ကြောင့် ဘု ရင် လုပ် ရ ပါ သ နည်း ဟူ ၍ တင် လျှောက် လော့။
14
ထို သို့ အ ထံ တော်၌ တင် လျှောက် စဉ် တွင် ငါ ဝင် ၍ သင့် စ ကား ကို ထောက် ကူ မည် ဟု အ ကြံ ပေး သည့် အ တိုင်း ဗာ သ ရှေ ဘ သည်
15
ရှု နင် မြို့ သူ အ ဘိ ရှက် လုပ် ကျွေး ရာ အ တွင်း ဆောင် ရှိ အို မင်း လှ သော ဘု ရင် မင်း ထံ ဝင် ပြီး လျှင်
16
ဘု ရင် မင်း ရှေ့ ဦး ညွှတ် ရှိ ခိုး သော် အ ကြောင်း ကား အ သို့ နည်း ဟု ဘု ရင် မင်း မေး ရာ
17
အို အ ရှင် ကိုယ် တော် က၊ သင့် သား ရှော လ မုန် သည် ငါ့ အ ရိုက် အ ရာ ဆက် ခံ စိုး စံ၍ နန်း ထိုင် ရ မည် ဟု ကိုယ် တော် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် ကျွန် တော် မျိုး မ အား သ စ္စာ ထား တော် မူ ခဲ့ ပါ ပြီ။
18
သို့ ရာ တွင် အ ဒေါ နိ ယ သည် အ ရှင် မင်း မြတ် မ သိ ဘဲ ယ ခု ပင် ဘု ရင် လုပ် လျက်
19
ဆူ ဖြိုး သော သိုး နွား များ စွာ ကို စီ ရင်၍ ဘု ရင် မင်း မြတ်၏ သား တော် တို့ နှင့် တ ကွ ပ ရော ဟိတ် အ ဗျာ သာ ဗိုလ် ချုပ် ယွာ ဘ ပါ ခေါ် ဖိတ် လေ ပြီ။ သား တော် ရှော လ မုန် ကို ကား မ ခေါ် မ ဖိတ် ပါ။
20
အို အ ရှင် မင်း မြတ်၊ အ ရိုက် အ ရာ တော် ဆက် ခံ လျက် နန်း ထိုင် လ တ္တံ့ သော သူ့ ကို အ ရှင် မင်း မြတ် ဖော် ပြ လိမ့် မည် ဟု ဣ သ ရေ လ တစ် မျိုး လုံး စောင့် မျှော် ကြ ပါ ၏။
21
ဖော် ပြ တော် မ မူ ခဲ့ လျှင် မင်း မြတ် သည် ဘေး တော် ဘိုး တော် တို့ နှင့် အ တူ ကျိန်း စက် တော် မူ သည့် ကာ လ ကျွန် တော် မျိုး မ နှင့် သား ရှော လ မုန် တို့ မှာ ရာ ဇ ဝတ် သင့် သူ ဖြစ် ကြ တော့ မည် ဟု ဗာ သ ရှေ ဘ တင် လျှောက် ဆဲ တွင်
22
ပ ရော ဖက် နာ သန် ဝင် ရောက် သ ဖြင့် ဝင် ရောက် ကြောင်း တင် လျှောက် ကြ ပြီး နောက် နာ သန် သည် ရှေ့ တော် သို့ ဝင်၍ ပျပ် ဝပ် ရှိ ခိုး လျက်
23
24
အို အ ရှင် မင်း မြတ် အ ဒေါ နိ ယ သည် ငါ့ အ ရိုက် အ ရာ ကို ဆက် ခံ စိုး စံ၍ နန်း ထိုင် ရ မည် ဟု မိန့် တော် မူ ပြီ လော။
25
ထို သူ သည် ယ နေ့ ပင် ထွက်၍ ဆူ ဖြိုး သော သိုး နွား များ စွာ ကို စီ ရင် လျက် ဘု ရင် မင်း မြတ်၏ သား တော် တို့ မှ စ၍ ဗိုလ် များ နှင့် ပ ရော ဟိတ် အ ဗျာ သာ ကို ခေါ် ဖိတ် သည့် အ တိုင်း အ ဒေါ နိ ယ မင်း သက် တော် ရှည် ပါ စေ သော ဟု သူ တို့ ကြွေး ကြော် လျက် အ တူ စား သောက် ကြ ပါ ပြီ တ ကား။
26
ကျွန် တော် မျိုး မှ စ၍ ပ ရော ဟိတ် ဇာ ဒုတ်၊ ယော ယ ဒ သား ဗေ နာ ယ နှင့် သား တော် ရှော လ မုန် တို့ ကို မ ခေါ် မ ဖိတ် ပါ။
27
အ ရှင် မင်း မြတ် အ ရိုက် အ ရာ ဆက် ခံ၍ နန်း ထိုင် မည့် သူ ကို ကျွန် တော် မျိုး တို့ အား မ ဖော် မ ပြ ဘဲ အ ရှင် မင်း မြတ် အ လို နှင့် ဤ အ မှု ဖြစ် ပါ သ လော ဟု တင် လျှောက် လျှင်
28
ဒါ ဝိဒ် မင်း က၊ ဗာ သ ရှေ ဘ ကို ခေါ် သွင်း လော့ ဟု မိန့် ဆို သည့် အ တိုင်း ဗာ သ ရှေ ဘ သည် ဝင် လာ၍ ရှေ့ တော် တွင် ရပ် နေ လေ၏။
29
ထို အ ခါ ဘု ရင် မင်း က သင့် သား ရှော လ မုန် သည် ငါ့ အ ရိုက် အ ရာ အမှန် ဆက် ခံ စိုးစံ ၍ နန်း ထိုင် ရ မည် ဟု ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို တိုင် တည် လျက် သင့် အား ငါ သ စ္စာ ထား ခဲ့ သည် နှင့် အ ညီ အ သက် အ န္တ ရာယ် အ မျိုး မျိုး မှ ငါ့ ကို ရွေး နုတ် တော် မူ သော ထာ ဝ ရ ဘု ရား အ သက် ရှင် တော် မူ သည့် အ တိုင်း ယ နေ့ ပင် ငါ စီ မံ မည် ဟု သ စ္စာ ဆို သည့် ကာ လ
30
31
ဗာ သ ရှေ ဘ သည် အ ထံ တော်၌ ဦး ညွှတ် ပျပ် ဝပ် ရှိ ခိုး လျက် ကာ လ အ စဉ် ကျွန် မ အ ရှင် ဒါ ဝိဒ် မင်း မြတ် သက် တော် ရှည် ပါ စေ သော ဟု သြ ဘာ ဆက် လေ ၏။
32
ဒါ ဝိဒ် မင်း က လည်း ပ ရော ဟိတ် ဇာ ဒုတ်၊ ပ ရော ဖက် နာ သန်၊ ယော ယ ဒ သား ဗေ နာ ယ တို့ ကို ခေါ် သွင်း လော့ ဟူ သော အ မိန့် တော် အ ရ အ ထံ တော် သို့ ဝင် ရောက် ကြ ရာ
33
ဘု ရင် မင်း က၊ သင် တို့ အ ရှင် ငါ၏ ကျေး ကျွန် သင်း ပင်း တို့ ကို ခေါ် လျက် သား တော် ရှော လ မုန် ကို ငါ့ စီး တော် လား ပေါ် မှာ တင် ၍ ဂိ ဟုန် အ ရပ် သို့ ပို့ ကြ ပြီး လျှင်
34
ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် ဘု ရင် အ ဖြစ် ပ ရော ဟိတ် ဇာ ဒုတ် နှင့် ပ ရော ဖက် နာ သန် တို့ ဘိ သိက် သွန်း ကြ စေ။ ရှော လ မုန် မင်း သက် တော် ရှည် ပါ စေ သော ဟု ကြွေး ကြော် ခြင်း၊ တံ ပိုး မှုတ် ခြင်း ကို ပြု လျက်
35
ခြံ ရံ သော သင် တို့ နှင့် တ ကွ၊ သား တော် ပြန် ဝင်၍ နန်း ထိုင် စေ။ ဣ သ ရေ လ၊ ယု ဒ အ မျိုး ပေါ် တွင် မင်း အ ဖြစ် ငါ တင် မြှောက် သည် နှင့် အ ညီ သား တော် သည် ငါ့ အ ရိုက် အ ရာ၌ စိုး စံ လိမ့် မည် ဟူ၍ မိန့် ဆို သော်
36
ယော ယ ဒ သား ဗေ နာ ယ က ထို သို့ ဖြစ် ပါ စေ သော။ အ ရှင် မင်း မြတ်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား လည်း ကူ ညီ စွာ မိန့် တော် မူ ပါ စေ သော။
37
ထာ ဝ ရ ဘု ရား သည် အ ရှင် မင်း မြတ်၌ တည် ရှိ တော် မူ သည့် နည်း တူ ရှော လ မုန် မင်း၌ လည်း တည် ရှိ တော် မူ၍ ကျွန် တော့် အ ရှင် ဒါ ဝိဒ် မင်း မြတ်၏ အာ ဏာ တော် ထက် သား တော်၏ အာ ဏာ တော် ကြီး မြင့် ပါ စေ သော ဟု တင် လျှောက် လေ၏။
38
ထို နောက် ပ ရော ဟိတ် ဇာ ဒုတ်၊ ပ ရော ဖက် နာ သန်၊ ယော ယ ဒ သား ဗေ နာ ယ တို့ သည် ခေ ရ သိ၊ ပေ လ သိ တပ် တော် နှင့် တ ကွ ချီ ထွက် သ ဖြင့် ရှော လ မုန် ကို ဒါ ဝိဒ် မင်း စီး တော် လား ပေါ် မှာ တင် လျက် ဂိ ဟုန် အ ရပ် သို့ ပို့ ကြ ပြီး လျှင်
39
ပ ရော ဟိတ် ဇာ ဒုတ် သည် တဲ တော် မှ ယူ ခဲ့ သော ဆီ ဘူး နှင့် ရှော လ မုန် ကို ဘိ သိက် သွန်း ၍ တံ ပိုး မှုတ် သော် တပ် တော် သား တို့ က ရှော လ မုန် မင်း သက် တော် ရှည် ပါ စေ သော ဟု ကြွေး ကြော် ကြ ကုန် ၏။
40
မြို့ သူ မြို့ သား အ ပေါင်း တို့ လည်း နောက် တော် လိုက် လျက် မြေ ပ ထ ဝီ အက် ကွဲ လောက် အောင် အား ရ ဝမ်း မြောက် စွာ တီး မှုတ် ကြွေး ကြော် ကြ သ ဖြင့်
41
အ ဒေါ နိ ယ နှင့် ခေါ် ဖိတ် ခံ ရ သူ တို့ သည် စား သောက် ပွဲ အ ပြီး တွင် ကြား ရ သ တည်း။ တံ ပိုး မှုတ် သံ ကို ယွာ ဘ ကြား ၍ မြို့ တော်၌ အုတ် အုတ် သဲ သဲ ပြု ကြ သည် ကား အ သို့ နည်း ဟု မေး စဉ်
42
ပ ရော ဟိတ် အ ဗျာ သာ၏ သား ယော န သန် လာ လျှင် အ ဒေါ နိ ယ က အို နှ လုံး ရည် ရှိ ၍ သ တင်း ကောင်း ပေး မည့် သူ ဝင် ခဲ့ လော့ ဟု မိန့် ဆို သော်
43
ယော န သန် က၊ ကျွန် တော် တို့ အ ရှင် ဒါ ဝိဒ် မင်း သည် ရှော လ မုန် ကို မု ချ ဘု ရင် တင် မြှောက် ခဲ့ ပြီ။
44
ပ ရော ဟိတ် ဇာ ဒုတ်၊ ပ ရော ဖက် နာ သန်၊ ယော ယ ဒ သား ဗေ နာ ယ တို့ မှ စ၍၊ ခေ ရ သိ၊ ပေ လ သိ တပ် တော် ကို ရှော လ မုန် နှင့် အ တူ စေ လွှတ် တော် မူ သည့် အ တိုင်း လား တော် ပေါ် မှာ တင် လျက်
45
ပ ရော ဟိတ် ဇာ ဒုတ် နှင့် ပ ရော ဖက် နာ သန် တို့ သည် ဂိ ဟုန် အ ရပ်၌ ရာ ဇ ဘိ သိက် သွန်း ၍ မြို့ တော် ပဲ့ တင် ခတ် အောင် ဝမ်း မြောက် စွာ ကြွေး ကြော် ပြန် ဝင် ကြ ပါ ပြီ။ ကိုယ် တော် တို့ ကြား ကြ သည် ကား ထို အ သံ ပင် တည်း။
46
ရှော လ မုန် လည်း ရာ ဇ ပ လ္လင် တော် ထက် စံ ရ သော ကြောင့်
47
ကျွန် တော် တို့ အ ရှင် ဒါ ဝိဒ် မင်း ထံ ကျေး ကျွန် သင်း ပင်း တို့ သြ ဘာ ဆက် ရန် ဝင် လာ၍ ရှော လ မုန် မင်း ၏ နာ မ သည် ခ မည်း တော်၏ နာ မ ထက် မွန် မြတ် ခြင်း၊ အာ ဏာ တော် လည်း ခ မည်း တော့် အာ ဏာ ထက် ကြီး မြင့် ခြင်း များ ကို ဘု ရား သ ခင် ပြု တော် မူ ပါ စေ သော ဟု တင် လျှောက် ကြ ရာ ဘု ရင် မင်း သည် သ လွန် တော် ပေါ် မှာ ဦး ညွှတ် လျက်
48
ငါ့ မျက် မှောက် တွင် ငါ့ ရာ ဇ ပ လ္လင် ထက် ယ နေ့ တင် တော် မူ သော ဣ သ ရေ လ လူ မျိုး၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ တော် မူ ပါ စေ သော ဟု မြွက် ဆို တော် မူ ကြောင်း ကို အ ဒေါ နိ ယ အား ပြန် ကြား လျှင်
49
အ ဒေါ နိ ယ ခေါ် ဖိတ် သူ အ ပေါင်း တို့ အ လန့် တ ကြား ထ လျက် တ ကွဲ တ ပြား ပြန် သွား ကြ သော်
50
အ ဒေါ နိ ယ လည်း ရှော လ မုန် မင်း ကို ကြောက် ရွံ့ သ ဖြင့် ထ သွား ၍ ပူ ဇော် ရာ ပ လ္လင် တော် စိန် တောင် ကို ကိုင် လျက် နေ လေ၏။
51
အ ဒေါ နိ ယ သည် ရှော လ မုန် မင်း အား ကြောက် ရွံ့၍ ပူ ဇော် ရာ ပ လ္လင် တော် စိန် တောင် ကို ကိုင် လျက် ပင် ကျွန် တော် အား မ ကွပ် မျက် ပါ မည့် အ ကြောင်း ရှော လ မုန် မင်း ယ နေ့ သ စ္စာ ဆို တော် မူ ပါ စေ ဟု တောင်း ပန် ကြောင်း ကို ရှော လ မုန် မင်း ထံ တင် လျှောက် ကြ လေ သော်
52
ဘု ရင် မင်း က၊ သူ ကောင်း ဖြစ် လျှင် ဆံ တစ် ပင် မျှ မြေ သို့ မ ကျ ရ။ အ ဆိုး တွေ့ လျှင် မူ ကား သေ ဒဏ် ခံ ရ မည် ဟူ သော အ မိန့် တော် နှင့်
53
အ ဒေါ နိ ယ ကို ပူ ဇော် ရာ ပ လ္လင် တော် မှ ခေါ် စေ သည့် အ တိုင်း ရှော လ မုန် မင်း၊ ရှေ့ တော် သို့ ဝင် ရောက် ရှိ ခိုး ရာ ရှော လ မုန် မင်း က သင့် အိမ် သို့ သွား လော့ ဟု မိန့် ဆို လေ ၏။