1
ထို အ ခါ မီး ဖြင့် ဆက် ကပ် ရန် ပူ ဇော် ရာ ပ လ္လင် အ နီး ယေ ရော ဗောင် မင်း ရပ် နေ စဉ် ဘု ရား သ ခင့် လူ ယုံ တော် တစ် ပါး သည် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် နှင့် ယု ဒ ပြည် မှ ဗေ သ လ မြို့ သို့ ရောက် လာ၍
2
ပူ ဇော် ရာ ပ လ္လင် ပေါ် တွင် ၎င်း ဗျာ ဒိတ် တော် နှင့် ကြွေး ကြော် သည် မှာ အို ပ လ္လင်၊ ပ လ္လင်၊ ဒါ ဝိဒ် မင်း မျိုး ၌ ယော ရှိ အ မည် ရှိ သော သူ ငယ် တစ် ယောက် ဖွား မြင် လ တ္တံ့။ ထို သူ သည် သင့် အ ပေါ် တွင် မီး ဖြင့် ဆက် ကပ် လေ့ ရှိ သည့် မြင့် ရာ ဌာ န များ ဆိုင် သော ပ ရော ဟိတ် တို့ ကို ပူ ဇော် လျက် လူ သေ တို့ အ ရိုး များ ပါ မီး တိုက် လိမ့် မည့် အ ကြောင်း ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် ဟူ ၍ လည်း ကောင်း၊
3
ထာ ဝ ရ ဘု ရား ပြ တော် မူ အံ့ သော သက် သေ နိ မိတ် ကား ပူ ဇော် ရာ ပ လ္လင် သည် အက် ကွဲ လျက် လောင် စာ များ လည်း ယို ကျ လိမ့် မည် ဟူ ၍ လည်း ကောင်း၊ ဖြစ် လ တ္တံ့ သော သက် သေ နိ မိတ် နှင့် တ ကွ၊ ထို နေ့ ချင်း တွင် ဟော ပြော လေ ၏။
4
ဗေ သ လ မြို့ ရှိ ပူ ဇော် ရာ ပ လ္လင် ပေါ် တွင် ဘု ရား သ ခင့် လူ ယုံ တော် ကြွေး ကြော် သော စ ကား ကို ယေ ရော ဗောင် မင်း ကြား လျှင် ထို သူ့ ကို ဖမ်း လော့ ဟု မိန့် ဆို လျက်၊ ပ လ္လင် ပေါ် မှ လက် ကို ဆန့် ညွှန် ရာ ထို လက် သည် မ ရုပ် နိုင် အောင် သေ ခြောက် သည့် ပြင်
5
ပ လ္လင် လည်း ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် နှင့် ဘု ရား သ ခင့် လူ ယုံ တော် ဖော် ပြ သော သက် သေ နိ မိတ် အ တိုင်း အက် ကွဲ၍ လောင် စာ များ ယို ကျ လေ ၏။
6
ထို အ ခါ ဘု ရင် မင်း က ပြ က တေ့ အ ဖြစ် သို့ ငါ့ လက် ရုံး ရောက် စေ ခြင်း ငှါ ငါ့ အ ဖို့ တောင်း လျှောက် ၍ သင့် ဘုရား သ ခင် ထာ ဝ ရ ဘု ရား ထံ အ သ နား တော် ခံ ပါ လော့ ဟု ဘု ရား သ ခင့် လူ ယုံ တော် ကို တောင်း ပန် သည် နှင့် အ ညီ ထာ ဝ ရ ဘု ရား ထံ ဘု ရား သ ခင့် လူ ယုံ တော် အ သ နား တော် ခံ သ ဖြင့် ဘု ရင် မင်း လက် ရုံး သည် ပြ က တေ့ အ ဖြစ် သို့ ရောက် ပြန် လေ ၏။
7
ဘု ရင် မင်း က လည်း၊ နန်း တော် သို့ လိုက်၍ အား ဖြည့် ပါ လော့။ ဆု လပ် ကို လည်း ပေး ဦး မည် ဟု ဘု ရား သ ခင့် လူ ယုံ တော် အား ဆို လျှင်
8
ဘု ရား သ ခင့် လူ ယုံ တော် က နန်း ဝက် ခွဲ ၍ ပေး သော် လည်း ဘု ရင် မင်း နောက် ငါ မ လိုက်၊ ဤ အ ရပ် တွင် အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက်၊
9
ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် အ တိုင်း အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက် ရ။ လာ လမ်း ဖြင့် မ ပြန် ရ ဟူ၍ ငါ့ အား မြစ် တား လိုက် ပြီ ဟု ဘု ရင် မင်း ထံ ပြော ဆို ပြီး လျှင်၊
10
ဗေ သ လ မြို့ လာ လမ်း ကို ကွင်း လျက် အ ခြား လမ်း ဖြင့် ပြန် သွား လေ ၏။
11
ထို ကာ လ ဗေ သ လ မြို့ နေ၊ အို မင်း သော ပ ရော ဖက် တစ် ပါး ထံ သား တစ် ယောက် လာ ၍ ဗေ သ လ မြို့ ၌ ထို နေ့ တွင် ပင် ဘု ရား သ ခင့် လူ ယုံ တော် ပြု မူ သ မျှ နှင့် ဘု ရင် မင်း အား တင် လျှောက် သော စ ကား များ ကို ပြန် ကြား လျှင်
12
အ ဘ က၊ အ ဘယ် လမ်း ဖြင့် ပြန် သွား သ နည်း ဟု မေး သည့် အ တိုင်း ယု ဒ ပြည် မှ လာ ရောက် သော ဘု ရား သ ခင့် လူ ယုံ တော် ပြန် လမ်း ကို သား တို့ ပြ ကြ ရာ၊
13
မြည်း ကို က တင်၍ ယူ ခဲ့ လော့ ဟု ဆို သည့် အ လျောက်
14
က တင် ပြီး မြည်း ကို အ ဘ စီး လျက် ဘု ရား သ ခင့် လူ ယုံ တော့် နောက် လိုက် သွား ရာ ညန် ပင် ရိပ် တွင် ထိုင် နေ သည် ကို တွေ့ သော အ ခါ သင် သည် ယု ဒ ပြည် မှ လာ သော ဘု ရား သ ခင့် လူ ယုံ တော် မှန် သ လော ဟု မေး သော်၊ မှန် သည် ဟု ဝန် ခံ လေ ၏။
15
ပ ရော ဖက် က လည်း ကျွန်ုပ် နှင့် အ တူ အိမ် သို့ လိုက်၍ အာ ဟာ ရ သုံး ဦး လော့ ဟု ခေါ် ဖိတ် လျှင်
16
ကျွန်ုပ် သည် သင့် နောက် မ လိုက်၊ အိမ် သို့ မ ဝင် နိုင်။ ဤ အ ရပ် တွင် သင် နှင့် အ တူ အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက်။
17
ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် အ တိုင်း ထို အ ရပ် တွင် အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက် ရ။ လာ လမ်း ဖြင့် မ ပြန် ရ ဟူ ၍ ကျွန်ုပ် အား ဆင့် ဆို လိုက် ပြီ ဟု ပြန် ပြော သည့် ကာ လ၊
18
ကျွန်ုပ် လည်း သင် ကဲ့ သို့ ပ ရော ဖက် ဖြစ်၏။ စေ တ မန် တော် တစ် ပါး က၊ သင့် အိမ် တွင် အာ ဟာ ရ နှင့် ရေ ကို စား သောက် စေ ရန် ထို သူ့ ကို ခေါ် လော့ ဟူ ၍ ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် နှင့် ကျွန်ုပ် အား အ မိန့် ရှိ သည် ဟု မု သာ သုံး လျက် ပြော ဆို သည့် အ တိုင်း
19
အ တူ လိုက် ပြီး လျှင် အာ ဟာ ရ နှင့် ရေ ကို သူ့ အိမ် တွင် စား သောက် လေ ၏။
20
ထို နှစ် ပါး လုံး စား ပွဲ ထိုင် ကြ စဉ်၊ ခေါ် သူ ပ ရော ဖက် သို့ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရောက်၍
21
သင် သည် အာ ဟာ ရ နှင့် ရေ ကို မ စား မ သောက် ရ ဟူ သော သင့် ဘု ရား သ ခင် ထာ ဝ ရ ဘု ရား၏ ပ ညတ် တော် အ တိုင်း မ စောင့် ရှောက် ဘဲ ကန့် ကွက် တော် မူ ရာ အ ရပ်၌ အာ ဟာ ရ နှင့် ရေ ကို ပြန် လာ စား သောက် လျက် ထာ ဝ ရ ဘု ရား၏ အ မိန့် တော် ကို ဖီ ဆန် သည့် အ တွက် သင့် အ လောင်း သည် ဘိုး ဘေး တို့ သင်္ချိုင်း သို့ မ ရောက် ရ ဟု ထာ ဝ ရ ဘု ရား မိန့် တော် မူ ကြောင်း ယု ဒ ပြည် မှ လာ သူ ဘု ရား သ ခင့် လူ ယုံ တော် အား ကြွေး ကြော် လေ ၏။
22
23
ထို သို့ သုံး ဆောင် ကြ ပြီး မှ လိုက် ခဲ့ သော ပ ရော ဖက် အ ဖို့ မြည်း ကို က တင် လျက် စီး သွား စေ ရာ
24
ခ ရီး အ ကြား တွင် တွေ့ သော ခြင်္သေ့ ကိုက် သတ် ပြီး လျှင် လဲ၍ နေ သော အ လောင်း အ နီး၊ ခြင်္သေ့ နှင့် မြည်း ပါ ရပ် နေ ကြ ၏။
25
ထို သို့ လဲ ရှိ သော အ လောင်း နှင့် ရပ် နေ သည့် ခြင်္သေ့ ကို မြင် သူ ခ ရီး သည် တို့ က၊ အို မင်း သော ပ ရော ဖက် နေ ထိုင် ရာ မြို့ တွင် သ တင်း ပေး ကြ သည့် ကာ လ ခေါ် သူ ပ ရော ဖက် ကြား လျှင်
26
ထာ ဝ ရ ဘု ရား ၏ အ မိန့် တော် ကို ဖီ ဆန် သော ဘု ရား သ ခင့် လူ ယုံ တော် ဖြစ် လိမ့် မည်။ ထာ ဝ ရ ဘု ရား သည် ထား တော် မူ ခဲ့ သော ဗျာ ဒိတ် တော် အ တိုင်း ကိုက် ဖြတ် သော ခြင်္သေ့ သို့ အပ် လိုက် တော် မူ ပြီ တ ကား ဟု ဆို ပြီး လျှင်
27
မြည်း ကို က တင်၍ ယူ ခဲ့ လော့ ဟု သား တို့ အား ဆို သည့် အ လျောက် က တင် ပြီး မြည်း ကို အ ဘ စီး သွား လျက်
28
ခ ရီး အ ကြား လဲ ရှိ သော အ လောင်း၊ ရပ် နေ သည့် မြည်း နှင့် ခြင်္သေ့ တို့ ကို တွေ့ ရာ ခြင်္သေ့ သည် အ လောင်း ကို မ စား၊ မြည်း ကို လည်း မ ကိုက် မ ဖြတ် ချေ။
29
အို မင်း သော ပ ရော ဖက် သည် ဘု ရား သ ခင့် လူ ယုံ တော်၏ အ လောင်း ကို မြည်း ပေါ် သို့ ပွေ့ တင် ပြီး လျှင် မြည်း တမ်း မှု ကို ပြု လျက် သင်္ဂြိုဟ် ခြင်း ငှါ နေ ရင်း မြို့ သို့ ဆောင် ယူ ပြီး မှ ကိုယ့် သင်္ချိုင်း ၌ မြှုပ် ထား လျက်
30
အို ငါ့ ညီ ဟု ဟစ်၍ မြည်း တမ်း ကြ ကုန် ၏။
31
ထို သို့ သင်္ဂြိုဟ် ပြီး လျှင် ပ ရော ဖက် က၊ ဗေ သ လ မြို့ ရှိ ပူ ဇော် ရာ ပ လ္လင် မှ စ၍ ရှ မာ ရိ မြို့ ရွာ များ ၌ ရှိ သ မျှ သော မြင့် ရာ ဌာ န ဆိုင် သည့် ကျောင်း များ ပေါ် တွင် ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် နှင့် ကြွေး ကြော် သော စ ကား အ တိုင်း အ မှန် ပြည့် စုံ မည် ဖြစ် သော ကြောင့် ငါ သေ သော အ ခါ ဘု ရား သ ခင့် လူ ယုံ တော်၏ သင်္ချိုင်း တွင် သင်္ဂြိုဟ် ၍ ငါ့ အ ရိုး ကို သူ့ အ ရိုး နှင့် အတူ ယှဉ် ထား ကြ လော့ ဟု သား တို့ အား မှာ ထား လေ ၏။
32
33
ထို နောက် ယေ ရော ဗောင် မင်း သည် ကိုယ့် မ ကောင်း လမ်း ကို မ ကြဉ် မ ရှောင် ဘဲ ပြည် သား တို့ အ နက် ပ ရော ဟိတ် လုပ် လို သူ၊ မည် သူ့ ကို မ ဆို မြင့် ရာ ဌာ န များ ဆိုင် သော ပ ရော ဟိတ် အ ဖြစ် ခန့် ထား လေ့ ရှိ သည် နှင့်
34
ယေ ရော ဗောင် မင်း မျိုး ကို မြေ ပြင် မှ ပယ် ရှား သုတ် သင် ထိုက် သော ပြစ် မှု ရောက် သ တည်း။