ကမ္ဘာ​ဦး-41

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် နှစ် နှစ် လွန် လျှင် ဖာ ရော မင်း မြင် မက် သည် ကား နိ လ မြစ် အ နီး တွင် ကိုယ် တိုင် ရပ် နေ ရာ၊
  • 2 ဝ ဖြိုး ၍ အ ဆင်း လှ သော နွား မ ခု နစ် ကောင် တို့ သည် မြစ် ထဲ မှ တက် လာ ပြီး လျှင် ကိုင်း တော ၌ ကျက် စား နေ ကြ ၏။
  • 3 ထို နွား မ များ နောက် ပိန် ကြုံ၍ အ ဆင်း မ လှ သော နွား မ ခု နစ် ကောင် တို့ လည်း မြစ် ထဲ မှ တက် လာ ပြီး လျှင် ယခင် နွား မ များ အ နီး ကမ်း ပေါ် တွင် ရပ် နေ ကြ စဉ်၊
  • 4 ပိန် ကြုံ၍ အ ဆင်း မ လှ သော နွား မ တို့ သည် ၀၍ အ ဆင်း လှ သော နွား မ ခု နစ် ကောင် တို့ ကို မျို စား ကြ ကုန်၏။ ထို နောက် ဖာ ရော မင်း နိုး လေ ၏။
  • 5 တစ် ဖန် စက်၍ မြင် ပြန် သည် မှာ ဖွံ့ ဖြိုး ၍ ကောင်း သော စ ပါး ခု နစ် နှံ သည် တစ် ပင် တည်း ၌ ထွက်၏။
  • 6 ထို နောက် ပိန် သေး၍ အ ရှေ့ လေ ဖျက် သော စ ပါး ခု နစ် နှံ ပေါက် ပြီး မှ၊
  • 7 ပိန် သေး သော စ ပါး နှံ သည် ဖွံ့ ဖြိုး၍ အောင် မာ သော စ ပါး ခု နစ် နှံ ကို မျို စား၏။ ထို နောက် ဖာ ရော မင်း နိုး ၍ အိပ် မက် ဖြစ် မှန်း ကို သိ လေ ၏။
  • 8 နံ နက် အ ချိန် ဖာ ရော မင်း သည် စိတ် ပူ ပန်၍ အိ ဂျစ် ပြည် တွင် ဗေ ဒင် ဆ ရာ နှင့် ပ ညာ ရှိ အ ပေါင်း တို့ ကို ခေါ် စေ ပြီး လျှင် အိပ် မက် တော် ကို ပြန် ပြော သော် လည်း မင်း အား ဖော် ပြ နိုင် သော သူ မ ရှိ ချေ။
  • 9 ထို အ ခါ ရေ ကြည် ဝန် က၊ ကျွန် တော် သည် ကိုယ့် အ ပြစ် ကို ယ နေ့ ဝန် ခံ သည် မှာ၊
  • 10 ကျွန် တော် မျိုး များ အ ပေါ် တွင် အ ရှင် မင်း အ မျက် ထွက် ၍ ကျွန် တော် နှင့် စား တော် ဝန် တို့ ကို ကိုယ် ရံ တော် မှူး အိမ် ၌ အ ကျဉ်း ထား တော် မူ ရာ၊
  • 11 ကျွန် တော် မျိုး တို့ သည် ကိုယ် စီ ဆိုင် ရာ အ နက် ပါ သော အိပ် မက် ကို တစ် ညဉ့် ချင်း တွင် မြင် မက် ကြ ပါ၏။
  • 12 ထို အ ရပ်၌ ကျွန် တော် မျိုး တို့ နှင့် အ တူ ရှိ သူ၊ ကိုယ် ရံ တော် မှူး၏ ကျွန် ဟေ ဗြဲ လုလင် တစ် ယောက် အား ပြန် ပြော သ ဖြင့် ကိုယ် စီ ဆိုင် ရာ အိပ် မက် အ နက် ကို ဖတ် ပါ ၏။
  • 13 ကျွန် တော် မျိုး တို့ အား ဖော် ပြ သည့် အ တိုင်း ဖြစ် ပျက် လျက် ရာ ထူး ရင်း ကို ကျွန် တော် မျိုး ရ ပြန် ၍ စား တော် ဝန် မူ ကား ဆွဲ တင် ခြင်း ကို ခံ ရ ပါ ပြီ ဟု ဖာ ရော မင်း အား လျှောက် လေ ၏။
  • 14 ထို အ ခါ ဖာ ရော မင်း သည် ယော သပ် ကို ခေါ် စေ သ ဖြင့် နှောင် တွင်း မှ အ ဆော တ လျင် ထုတ်၍ သူ သည်၊ ဆံ မုတ် ဆိတ် ရိတ် ခြင်း၊ အ ဝတ် လဲ ခြင်း များ ကို ပြု ပြီး လျှင် ရှေ့ တော် သို့ ဝင် ရောက် ရ ၏။
  • 15 ဖာ ရော မင်း က လည်း အိပ် မက် ကို ငါ မြင် မက် ပြီ၊ အ နက် ကို ဖတ် နိုင် သူ မ ရှိ၊ သင် သည် အိပ် မက် ကို ကြား ရ လျှင် ဖတ် နိုင် ကြောင်း ငါ ကြား ရ သည် ဟု ယော သပ် အား မိန့် ဆို သော်၊
  • 16 ယော သပ် က၊ ထို သို့ မ ဟုတ် ပါ။ ဘု ရား သ ခင် သည် အ ရှင် မင်း ကြီး အား သက် သာ ခြင်း အ ဖြေ ကို သ နား တော် မူ ပါ လိမ့် မည် ဟု ဆို၏။
  • 17 ဖာ ရော မင်း က လည်း ငါ မြင် မက် သည် မှာ၊
  • 18 နိ လ မြစ် ကမ်း ပေါ် တွင် ကိုယ် တိုင် ရပ် နေ ရာ ဝ ဖြိုး၍ အ ဆင်း လှ သော နွား မ ခု နစ် ကောင် တို့ သည် မြစ် ထဲ မှ တက် လာ ပြီး လျှင် ကိုင်း တော၌ ကျက် စား နေ ကြ ၏။
  • 19 ထို နွား များ နောက် ပိန် ကြုံ ကပ် ခြောက်၍ အ လွန် အ ရုပ် ဆိုး သော နွား မ ခု နစ် ကောင် တို့ လည်း တက် လာ ကြ၏။ ထို မျှ လောက် ဆိုး သော နွား မ တို့ ကို အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် တစ် ခါ မျှ မ မြင် စ ဖူး။
  • 20 ပိန် ကြုံ၍ အ ရုပ် ဆိုး သော နွား မ တို့ သည် ဝ သော ယ ခင် နွား မ ခု နစ် ကောင် တို့ ကို မျို စား ကြ ၏။
  • 21 ၀မ်း ထဲ သို့ ရောက် သော် လည်း ရောက် ကြောင်း ကို မည် သူ မျှ မ သိ နိုင်။ အ ရုပ် ဆိုး မြဲ ဆိုး လေ ၏။
  • 22 ထို နောက် ငါ နိုး၏။ တစ် ဖန် ငါ မြင် မက် ပြန် သည် မှာ အောင် မာ၍ ကောင်း သော စ ပါး ခု နစ် နှံ သည် တစ် ပင် တည်း ၌ ထွက် ၏။
  • 23 ထို နောက် ပိန် သေး ညှိုး နွမ်း၍ အ ရှေ့ လေ ဖျက် သော စ ပါး ခု နစ် နှံ ပေါက် ပြီး မှ၊
  • 24 ပိန် သေး သော စ ပါး နှံ သည် ကောင်း သော စ ပါး ခု နစ် နှံ ကို မျို စား၏။ ၎င်း အိပ် မက် ကို ဗေ ဒင် ဆ ရာ တို့ အား ငါ ပြန် ပြော သော် လည်း ဖော် ပြ နိုင် သူ မ ရှိ ဟု ယော သပ် အား မိန့် ဆို လေ ၏။
  • 25 ယော သပ် က လည်း အ ရှင် မင်း ကြီး မြင် မက် တော် မူ သော အိပ် မက် ကား၊ တစ် ပါး တည်း ဖြစ် ပါ၏။ ဘု ရား သ ခင် ပြု လ တ္တံ့ သော အ မှု ကို အ ရှင် မင်း အား ပြ တော် မူ ပြီ။
  • 26 ကောင်း သော နွား မ ခု နစ် ကောင် တို့ သည် ခု နစ် နှစ် ဖြစ် ပါ၏။ ကောင်း သော စ ပါး ခု နစ် နှံ လည်း ခု နစ် နှစ် ဖြစ် ပါ၏။ ထို အိပ် မက် တော် ကား တစ် ပါး တည်း ဖြစ် ပါ ၏။
  • 27 ထို နွား မ များ နောက် တက် လာ၍ ပိန် ကြုံ အ ရုပ် ဆိုး သော နွား မ ခု နစ် ကောင် နှင့် အ ရှေ့ လေ ဖျက် သော စ ပါး ဖျင်း ခု နစ် နှံ သည် ခု နစ် နှစ် ဖြစ် ပါ၏။ အ စာ ခေါင်း ပါး သော ခု နစ် နှစ် ပင် တည်း။
  • 28 ဘု ရား သ ခင် ပြု လ တ္တံ့ သော အ မှု ကို အ ရှင် မင်း အား ပြ တော် မူ ပြီ ဟူ၍ ကျွန် တော် မျိုး တင် လျှောက် ခဲ့ သည် မှာ၊
  • 29 အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် ပြန့် ပြော သော ခု နစ် နှစ် ဖြစ် ပါ လိမ့် မည်။
  • 30 ထို နောက် အ စာ ခေါင်း ပါး သော ခု နစ် နှစ် ဖြစ် လာ၍ အိ ဂျစ် ပြည် တွင် ပြန့် ပြော ခြင်း ရှိ သ မျှ ကို ပင် သ တိ မ ရ နိုင် အောင် အ စာ ခေါင်း ပါး ခြင်း ကပ် ကြောင့် ပြည် လုံး ကျွတ် ပျက် စီး ပါ လိမ့် မည်။
  • 31 ၎င်း ကပ် အ လွန် ကြီး သည့် အ တွက် ပြည် တော် တွင် ဖြစ် ခဲ့ ဘူး သော ပြန့် ပြော ခြင်း ကို မှတ် မိ ကြ မည် မ ဟုတ်။
  • 32 အ ရှင် မင်း ကြီး နှစ် ကြိမ် မြောက် အိပ် မက် မြင် ရ သည့် အ ကြောင်း မှာ ထို အ မှု ကို ဘု ရား သ ခင် အ တည် ပြု၍ မ ကြာ မီ စီ ရင် တော် မူ အံ့ သော ကြောင့် တည်း။
  • 33 ထို ကြောင့် အ ရှင် မင်း ကြီး၊ ပ ညာ ရှိ လျက် ဉာဏ် ကောင်း သူ တစ် ဦး ကို ရွေး ချယ်၍ အိ ဂျစ် ပြည် ပေါ် တွင် ခန့် ထား တော် မူ ပါ။
  • 34 အ ရှင် မင်း ကြီး၊ ထို သို့ စီ ရင် ၍ ပြည် တော်၌ ကြီး ကြပ် ကြည့် ရှု သူ တို့ ကို ခန့် ထား သ ဖြင့် ပြန့် ပြော သော ခု နစ် နှစ် ပတ် လုံး ပြည် တော် တွင် ငါး ဖို့ တစ် ဖို့ ခွန် ကောက် ယူ တော် မူ ပါ။
  • 35 ထို သူ တို့ သည် ဖြစ် လ တ္တံ့ သော မင်္ဂ လာ နှစ် များ တွင် ရိ က္ခာ ရှိ သ မျှ ကို စု သိမ်း၍၊ အ ရှင် မင်း ကြီး လက် အောက် မြို့ များ တွင် စ ပါး ရိ က္ခာ ကို ဆည်း ပူး စောင့် ရှောက် ကြ ပါ စေ။
  • 36 သို့ ဖြစ်၍ အိ ဂျစ် ပြည်၌ အ စာ ခေါင်း ပါး သော ခု နစ် နှစ် ရောက် သော အ ခါ ပြည် သူ ပြည် သား တို့ စား သုံး ရန် ရိက္ခာ သို ထား လျက် ရှိ နှင့်၍ အ စာ ခေါင်း ပါး သော ကာ လ တွင် ပြည် တော် ပျက် ရ မည် မ ဟုတ် ပါ ဟု ဖာ ရော မင်း အား တင် လျှောက် ၏။
  • 37 ထို သို့ တင် လျှောက် သော စ ကား ကို ဖာ ရော မင်း မှ စ၍ ကျေး ကျွန် သင်း ပင်း အ ပေါင်း တို့ နှစ် သက် ကြ သ ဖြင့်၊
  • 38 ဖာ ရော မင်း က၊ ဘု ရား သ ခင့် ဝိ ညာဉ် တော် တည်၍ ဤ သို့ သော သူ့ ကို ရှာ ဖွေ တွေ့ နိုင် အံ့ လော ဟု ကျေး ကျွန် သင်း ပင်း တို့ အား မေး ပြီး လျှင်၊
  • 39 ယော သပ် အား မိန့် ဆို သည် မှာ၊ ဘု ရား သ ခင် သည် ဤ အ မှု အ လုံး စုံ ကို သင် အား ဖော် ပြ တော် မူ သည် ဖြစ်၍ သင် ကဲ့ သို့ ပ ညာ ရှိ လျက် ဉာဏ် ကောင်း သူ မ ရှိ။
  • 40 သင် သည် နန်း တော် အုပ် ဖြစ် စေ။ သင့် အ မိန့် ကို ငါ့ ပြည် သူ ပြည် သား အ ပေါင်း တို့ နာ ခံ ဆောင် ရွက် ကြ စေ။ ရာဇ ပ လ္လင် ဂုဏ် ကြောင့် သာ သင့် ထက် ငါ ကြီး မြတ် မည် ဟူ၍ လည်း ကောင်း ကြည့် လော့။
  • 41 အိ ဂျစ် တစ် ပြည် လုံး အ ပေါ် တွင် သင့် ကို ငါ ခန့် ထား ပြီ ဟူ ၍ လည်း ကောင်း ယော သပ် အား မိန့် တော် မူ ပြီး လျှင်၊
  • 42 တံ ဆိပ် လက် စွပ် တော် ကို ချွတ် ၍ ယော သပ် လက်၌ ဆင် ယင် လျက် ပိတ် ချော ဝတ် လုံ ကို လည်း ဝတ် စေ၍၊
  • 43 လည်၌ ရွှေ စ လွယ် ကို တင် လေ ပြီး မှ ဒု တိ ယ ရ ထား ကို စီး စေ တော် မူ သ ဖြင့် ရှိ ခိုး ကြ ဟု သူ့ ရှေ့ မှာ ဟစ် ကြော် ကြ ရ၏။ ထို သို့ လျှင် အိ ဂျစ် တစ် ပြည် လုံး အ ပေါ် တွင် ခန့် ထား လေ ၏။
  • 44 ဖာ ရော မင်း က လည်း၊ ငါ သည် ဖာ ရော မင်း ဖြစ်၏။ သင့် အ ခွင့် မ ရှိ ဘဲ အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် မည် သူ မျှ လက် ခြေ ကို မ ကြွ ရ ဟု ယော သပ် အား မိန့် ဆို လေ ၏။
  • 45 ဖာ ရော မင်း သည် ယော သပ် ကို ဇာ ဖ ဏာ သ ဖာ ဏ ဟူ သော ဘွဲ့ နာ မ ဖြင့် မှည့် ခေါ်၍ သြ န မြို့ ရှိ ပ ရော ဟိတ် ပေါ တိ ဖေ ရ၏ သ မီး အာ သ နတ် နှင့် ထိမ်း မြား၏။ ထို သို့ ယော သပ် သည် အိ ဂျစ် ပြည် ကို လှည့် ကြည့် ရန် ထွက် သွား လေ ၏။
  • 46 ယော သပ် သည် အိ ဂျစ် ဘု ရင် ဖာ ရော မင်း ရှေ့ တော်၌ ခ စား ရ သော အ ခါ အ သက် သုံး ဆယ် ရှိ သ တည်း။ အ ထံ တော် မှ ထွက်၍ အီဂျစ် ပြည် တစ် လျှောက် လုံး သို့ လှည့် လည် လေ ၏။
  • 47 ပြန့် ပြော သော ခု နစ် နှစ် အ တွင်း လက် ဆုပ် လက် ကိုင် များ စွာ မြေ အ သီး အ နှံ ထွက် သည့် အ လျောက်၊
  • 48 အိ ဂျစ် ပြည် တွင် ပြန့် ပြော သော ခု နစ် နှစ် ပတ် လုံး ရိ က္ခာ ရှိ သ မျှ ကို စု သိမ်း၍ မြို့ များ၌ လှောင် ထား လေ ၏။ အ ကြင် မြို့ ပတ် ဝန်း ကျင် လယ် ထွက် စ ပါး ကို ထို မြို့ တွင် ပင် လှောင် ထား လေ ၏။
  • 49 စ ပါး ကား သ မု ဒ္ဒ ရာ သဲ လုံး နှင့် အ မျှ မ ချင့် နိုင် သည့် တိုင် အောင် များ စွာ စု သိမ်း၍ မ ချင့် မ တွက် ဘဲ နေ သ တည်း။
  • 50 အ စာ ခေါင်း ပါး သော နှစ် မ ရောက် မီ ယော သပ် သည် သြ န မြို့ ရှိ ပ ရော ဟိတ် ပေါ တိ ဖေ ရ၏ သ မီး အာ သ နတ် ဖြင့် သား နှစ် ယောက် တို့ ကို ရ၍၊
  • 51 ငါ ပင် ပန်း ခံ ရ ခြင်း နှင့် အ ဘ အိမ် သူ အိမ် သား အ ပေါင်း ကို ဘု ရား သ ခင် မေ့ လျော့ စေ တော် မူ သည် ဟု ဆို ၍ သား ဦး ကို မ နာ ရှေ အ မည် ဖြင့် မှည့် လေ ၏။
  • 52 တစ် ဖန် တုံ၊ ငါ ဆင်း ရဲ ခံ ရာ ပြည် တွင် ဘု ရား သ ခင် သည် ငါ့ ကို ပွား များ စေ တော် မူ ပြီ ဟု ဆို၍ ဒု တိ ယ သား ကို ဧ ဖ ရိမ် အ မည် ဖြင့် မှည့် လေ ၏။
  • 53 ထို နောက် အိ ဂျစ် ပြည် တွင် ပြန့် ပြော သော ခု နစ် နှစ် ကုန် လွန် ပြီး လျှင်၊
  • 54 ယော သပ် ပြော ခဲ့ သည့် အ တိုင်း အ စာ ခေါင်း ပါး သော နှစ် များ အ စ ဖြစ် လျက် ခပ် သိမ်း သော ပြည် များ၌ အ စာ ခေါင်း ပါး ခြင်း ကပ် သင့် သော် လည်း အိ ဂျစ် ပြည် တွင် ဆန် စ ပါး ရှိ ၏။
  • 55 အိ ဂျစ် ပြည် တစ် ဝှမ်း လုံး တွင် အ စာ ခေါင်း ပါး ၍ ပြည် သူ ပြည် သား တို့ သည် ဆန် စ ပါး ရ ခြင်း ငှါ ဖာ ရော မင်း ထံ ဟစ် ကြ သော် ဖာ ရော မင်း က၊ ယော သပ် ထံ သို့ သွား ကြ။ သူ ဆို သည့် အ တိုင်း ပြု ကြ ဟူ၍ အိ ဂျစ် တစ် ပြည် လုံး တွင် အ မိန့် ထုတ် ဆင့် လေ၏။
  • 56 မြေ တစ် ပြင် လုံး တွင် အ စာ ခေါင်း ပါး ခြင်း ကပ် သင့် ရာ အိ ဂျစ် ပြည် တွင် လည်း ကပ် အား ကြီး သော ကြောင့် ယော သပ် သည် ကျီ တော် ရှိ သ မျှ ကို ဖွင့်၍ ပြည် သူ ပြည် သား တို့ အား စ ပါး ကို ရောင်း ချ လေ ၏။
  • 57 မြေ တစ် ပြင် လုံး တွင် ထို ကပ် အား ကြီး သော ကြောင့် အ ပြည် ပြည် သား တို့ သည် စ ပါး ကို ဝယ် ခြင်း ငှါ အိ ဂျစ် ပြည် ယော သပ် ထံ လာ ရောက် ကြ ကုန် ၏။
回到本卷目录 回到本版本目录 回到首页