1
ထို အ ခါ ယာ ကုပ် သည် သား တို့ ကို ခေါ်၍ ဆို သည် မှာ သင် တို့ တွင် အ နာ ဂတ် ကာ လ၌ ဖြစ် ပျက် လ တ္တံ့ သော အ ကြောင်း များ ကို ငါ ဖော် ပြ စေ ရန် စည်း ဝေး ကြ လော့။
2
ယာ ကုပ် ၏ သား တို့၊ စု ရုံး၍ ကြား နာ ကြ လော့။ အ ဘ ဣ သ ရေ လ စ ကား ကို နာ ယူ ကြ လော့။
3
ရု ဗင်၊ သင် သည် ငါ့ သား ဦး၊ ငါ့ အ စွမ်း၊ ငါ့ ခွန် အား၏ က န ဦး၊ ဘုန်း တန် ခိုး အ ထွဋ် အ မြတ် ဖြစ် သော် လည်း၊
4
ရေ ကဲ့ သို့ ပွက် ထ လျက် အ ဘ အိပ် ရာ ကို ကျော် နင်း၍ မ သန့် စေ သော ကြောင့် အ ထွဋ် အ မြတ် သို့ မ ရောက် ရ။ ငါ့ ညောင် စောင်း ကို သူ ကျော် နင်း ဝံ့ လေ ပြီ တ ကား။
5
ရှိ မောင် နှင့် လေ ဝိ တို့ သည် ညီ အစ် ကို ဖြစ် ကြ၏။ သူ တို့ သံ လျက် သည် ရက် စက် ရာ လက် နက် ဖြစ်၏။
6
ငါ့ ဝိ ညာဉ် သည် သူ တို့ လျို့ ဝှက် တိုင် ပင် ရာ သို့ မ ဝင် ရ။ ငါ့ စိတ် နှ လုံး သည် သူ တို့ နှင့် အ သင်း အ ပင်း မ ဖွဲ့ ရ။ သူ တို့ သည် ဒေါ သ ကြီး ၍ လူ များ ကို ကွပ် မျက် ကြ ပြီ။ စိတ် အား ကြီး စွာ နွား များ ကို ခုတ် ကြ ပြီ။
7
သူ တို့ ပြင်း ထန် သော ဒေါ သ၊ ကြမ်း တမ်း သော အ မျက် သည် အ မင်္ဂ လာ ခံ ပါ စေ သော။ ယာ ကုပ် အ နွယ်၊ ဣ သ ရေ လ လူ မျိုး တို့ တွင် သူ တို့ ကို ငါ ကွဲ ပြား လေ လွင့် စေ မည်။
8
ယု ဒ၊ သင့် ကို ညီ အစ် ကို တို့ ချီး မွမ်း ရ ကြ လိမ့် မည်။ သင့် လက် သည် ရန် သူ တို့ လည် ကို ဖိ သည် နှင့် သင့် ရှေ့ မှာ အ ဘ ၏ သား တို့ ရှိ ခိုး ကြ လိမ့် မည်။
9
ယု ဒ သည် ခြင်္သေ့ ပျို သ ဖွယ် ဖြစ်၏။ ငါ့ သား၊ သင် သည် ကိုက် စား ရာ သား ကောင် မှ ထွက် ခွာ လေ၏။ ခြင်္သေ့ သီ ဟ ကဲ့ သို့ ငုံ့ လျက် ဝပ် လျက် နေ ရာ မည် သူ ဆွ ဝံ့ မည် နည်း။
10
လူ မျိုး တို့ သည် သူ့ အုပ် စိုး ခြင်း ကို ခံ၍ အာ ဏာ ပိုင် ရှင် ပေါ် ထွန်း သည့် တိုင် အောင် ရာ ဇ လှံ တံ သည် ယု ဒ လက် မှ လည်း ကောင်း၊ အာ ဏာ စက် သည် ခြေ ကြား မှ လည်း ကောင်း၊ ကွယ် ပျောက် မည် မ ဟုတ်။
11
ကိုယ့် မြည်း ကို စ ပျစ် ပင်၌ လည်း ကောင်း၊ မြည်း ငယ် ကို လက် ရွေး စ ပျစ် ပင်၌ လည်း ကောင်း၊ ချည် နှောင်၍ ကိုယ့် အ ဝတ် များ ကို စ ပျစ် သီး အ သွေး တည်း ဟူ သော စ ပျစ် ရည် ဖြင့် ဖွပ် လျှော် လိမ့် မည်။
12
သူ့ မျက် စိ သည် စ ပျစ် ရည် ကြောင့် နီ လျက် သွား လည်း နွား နို့ ကြောင့် ဖြူ လိမ့် မည်။
13
ဇာ ဗု လုန် သည် ပင် လယ် ကမ်း သင်္ဘော ဆိပ် မှာ နေ လိမ့် မည်။ သူ့ နယ် စွန်း သည် ဇိ ဒုံ နယ် သို့ တိုင် ရောက် လိမ့် မည်။
14
ဣ သ ခါ သည် သိုး ခြံ ကြား တွင် ဝပ် လျက် စွမ်း သန် သော မြည်း သ ဖွယ် ဖြစ် ၏။
15
နား နေ ရာ ကောင်း သည် ကို လည်း ကောင်း၊ မြေ သာ ယာ သည် ကို လည်း ကောင်း မြင် ၍ ကျောက် ကုန်း ကို ဝန် အောက်၌ ညွတ် ခံ လျက် လ မိုင်း အ မှု ထမ်း ဖြစ် လေ ပြီ။
16
ဒန် သည် ဣ သ ရေ လ အ မျိုး အ နွယ် ကဲ့ သို့ ကိုယ့် လူ မျိုး ကို စီ ရင် လိမ့် မည်။
17
ဒန် သည် လမ်း ခ ရီး တွင် မြင်း စီး သူ့ ကို နောက် သို့ လဲ စေ ရန်၊ မြင်း ခြေ ကို ကိုက် သော မြွေ ဆိုး မြွေ ဟောက် သ ဖွယ် ဖြစ် လိမ့် မည်။
18
အို ထာ ဝ ရ ဘု ရား၊ ကယ် တင် တော် မူ ခြင်း ကျေး ဇူး ကို ကျွန် တော် စောင့် မျှော် လျက် နေ ပါ ပြီ။
19
ဂဒ် ကို မူ ကား စစ် သည် တစ် တပ် အ နိုင် ဦး လိမ့် မည်။ အ နှောင်း တွင် သူ လိုက်၍ နိုင် ရ လိမ့် မည်။
20
အာ ရှာ ၏ အ စာ သည် အ ဆီ အ ပျား နှင့် ပြည့် စုံ၍ ပွဲ တော် စာ ဖြစ် ပွား စေ လိမ့် မည်။
21
နဿ လိ သည် လွတ် ရ သော ဒ ရယ် မ သ ဖွယ် ဖြစ်၏။ ယဉ် ကျေး သော စ ကား ကို မြွက် ဆို တတ်၏။
22
ယော သပ် သည် သီး တတ် သော ပျိုး ကိုင်း၊ စမ်း ရေ တွင်း အ နီး ပေါက်၍ သီး တတ် သော ပျိုး ကိုင်း သ ဖွယ် ဖြစ် သ ဖြင့် အ ခက် အ လက် များ သည် ခြံ စည်း ရိုး ပေါ် တွင် လွှမ်း လေ ၏။
23
လေး သ မား တို့ သည် ရန် ငြိုး ထား၍ နင့် နာ အောင် ပစ် ခတ် ကြ ၏။
24
သို့ ရာ တွင် ယာ ကုပ်၏ တန် ခိုး ရှင့် လက် ရုံး တော် အား ဖြင့် လည်း ကောင်း၊ ဣ သ ရေ လ ခို လှုံ ရာ ကျောက် တောင် ဖြစ် သော သိုး ထိန်း၏ နာ မ တော် အား ဖြင့် လည်း ကောင်း၊ သင့် ကို မ စ တော် မူ လ တ္တံ့ သော အ ဘ၏ ဘု ရား သ ခင် အား ဖြင့် လည်း ကောင်း၊ အ န န္တ တန် ခိုး ရှင် အား ဖြင့် လည်း ကောင်း၊ ကိုယ့် လေး သည် သန် မာ စွာ တည် လျက် လက် ရုံး လည်း ကျင် လည် လေ၏။ ကိုယ် တော် သည် အ ထက် ရှိ မိုး ကောင်း ကင်၏ မင်္ဂ လာ၊ အောက် ရှိ ဝပ် ရာ ရေ ထု၏ မင်္ဂ လာ၊ သား မြတ် နှင့် ဝမ်း၏ မင်္ဂ လာ များ ဖြင့် သင့် ကို ကောင်း ကြီး ပေး တော် မူ ပါ စေ သော။
25
26
တည် ဦး က တောင် ပေါ် တွင် ကိန်း သော မင်္ဂ လာ၊ ရှေး မ ဆွ က ကုန်း ပေါ် ရှိ နှစ် သက် ဖွယ် ရာ များ ထက် သင့် အ ဘ ခံ ရ သော မင်္ဂ လာ သည် သာ လွန် ထူး မြတ်၍ ယော သပ်၏ ဦး ခေါင်း ပေါ်၊ ညီ အစ် ကို တို့ အ နက် အ ကြီး အ ကဲ ဖြစ် သူ၏ ဦး ထိပ် ပေါ် တွင် သက် ရောက် ပါ စေ သော။
27
ဗင်္ယာ မိန် သည် ကိုက် စား တတ် သော ဝံ ပု လွေ သ ဖွယ် ဖြစ် ၏။ နံ နက် အ ချိန် ကိုက် ရ သော အ ကောင် ကို စား ၍ ညဉ့် အ ချိန် ဖမ်း မိ ရာ ကို ဝေ ဖန် လိမ့် မည် ဟု ယာ ကုပ် မြွက် ဆို ၏။
28
ထို သူ တို့ ကား ဣ သ ရေ လ အ မျိုး ဆယ့် နှစ် နွယ် ဖြစ် ကြ ၏။ ဤ စ ကား လည်း အ ဘ မင်္ဂ လာပေး ရာ အ သီး အ သီး ခံ အပ် သည် နှင့် အ ညီ ကောင်း ကြီး ပေး သော စ ကား ပေ တည်း။
29
တစ် ဖန် တုံ ယာ ကုပ် က၊ ဘိုး ဘေး တို့ ထံ ငါ သွား ရ တော့ မည်။ ခါ နာန် ပြည် မံ ရေ မြို့ ရှေ့၊ ဟိ တ္တိ လူ ဧ ဖ ရုန် ပိုင် သော မ ပ္ပေ လ ခေါ် မြေ ကွက် နှင့် တ ကွ ဂူ ကို သင်္ချိုင်း ပိုင် ဖြစ် စေ ရန် ထို သူ့ ထံ အာ ဗြ ဟံ ဝယ် ခဲ့ သည့် ဂူ တွင် ဘိုး ဘ တို့ နှင့် အ တူ ငါ့ ကို သင်္ဂြိုဟ် ကြ လော့။
30
31
ဟေ သ အ မျိုး သား ထံ မှ ဝယ် ခဲ့ သည့် မြေ ကွက် ရှိ ဂူ တွင် ပင် အာ ဗြ ဟံ နှင့် စာ ရာ သ မီး ခင် ပွန်း တို့ ကို လည်း ကောင်း၊ ဣ ဇာက် နှင့် ရေ ဗ က္က သ မီး ခင် ပွန်း တို့ ကို လည်းကောင်း သင်္ဂြိုဟ် ကြ ပြီ။ လေ အာ ကို လည်း ငါ သင်္ဂြိုဟ် ပြီ ဟု မြွက် ဆို ၏။
32
33
ထို သို့ ယာ ကုပ် သည် သား တို့ အား မှာ ထား ခဲ့ ပြီး လျှင် ခြေ ကို ခု တင် ပေါ် မှာ ရုပ် သိမ်း လျက် သေ လွန်၍ ဘိုး ဘေး တို့ ထံ သွား ရ လေ ၏။