ကမ္ဘာ​ဦး-38

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို ကာ လ ယု ဒ သည် ညီ အစ် ကို တို့ ထံ မှ ထွက် သွား၍ ဟိ ရ အ မည် ရှိ သော အ ဒု လံ မြို့ သား အိမ် သို့ လှည့် ဝင် လေ ၏။
  • 2 ထို အ ရပ် ၌ ရှု အာ အ မည် ရှိ သော ခါ နာန် ပြည် သား၏ သ မီး ကို တွေ့ မြင် လျှင် ခေါ် ယူ သင့် မြတ် သ ဖြင့်၊
  • 3 ထို မိန်း မ သ န္ဓေ ရ၍ သား ယောက်ျား ကို ဖွား မြင် သော် ဧ ရ ဟု မှည့် လေ ၏။
  • 4 တစ် ဖန် သ န္ဓေ ရ ပြန်၍ သား ယောက်ျား ကို ဖွား မြင် သော် သြ နန် ဟု မှည့် လေ ၏။
  • 5 တစ် ဖန် သ န္ဓေ ရ ပြန် ၍ သား ယောက်ျား ကို ဖွား မြင် သော် ရှေ လ ဟု မှည့် လေ၏။ ထို သား ကို ဖွား သော အ ခါ အဘ သည် ခေ ဇိပ် မြို့ မှာ ရှိ သ တည်း။
  • 6 ထို နောက် ယု ဒ သည် သား ဦး ဧ ရ ကို တာ မာ အ မည် ရှိ သော မိန်း မ နှင့် ထိမ်း မြား လေ ၏။
  • 7 ယု ဒ ၏ သား ဦး ဧ ရ သည် ထာ ဝ ရ ဘု ရား မျက် မှောက် တော်၌ ဆိုး သွမ်း သူ ဖြစ်၍ ထာ ဝ ရ ဘု ရား ကွပ် မျက် တော် မူ သည် နှင့်၊
  • 8 ယု ဒ က၊ သင့် မ ရီး ထံ သို့ ဝင် ၍ မတ် ဝတ် ပြု သ ဖြင့် အစ် ကို့ အ ဖို့ အ မျိုး အ နွယ် ဖြစ် ပွား စေ လော့ ဟု သြ နန် အား ဆို ၏။
  • 9 ၎င်း အ မျိုး အ နွယ် ကို ကိုယ့် အ ဆက် အ နွယ် မ မှတ် ရ ဟု သြ နန် သိ၍ မ ရီး ထံ သို့၀င် သော အ ခါ အစ် ကို့ အ မျိုး မ ဆက် နွယ် စေ ရန် မျိုး ဖျက် သ ဖြင့်၊
  • 10 ထာ ဝ ရ ဘု ရား မျက် မှောက် တော် ၌ ထို အ မှု ဆိုး သွမ်း သော ကြောင့် သူ့ ကို လည်း ကွပ် မျက် တော် မူ ၏။
  • 11 အစ် ကို တို့ ကဲ့ သို့ ရှေ လ သေ မည် ဟု စိုး ရိမ် ၍ ယု ဒ က၊ ငါ့ သား ရှေ လ အ ရွယ် ရောက် သည့် တိုင် အောင် သင့် အ ဘ ၏ အိမ် ၌ မုဆိုး မ အ ဖြစ် နေ ဦး လော့ ဟု ချွေး မ တာ မာ အား ဆို သည့် အ တိုင်း တာ မာ သွား ၍ အ ဘ အိမ်၌ နေ လေ ၏။
  • 12 ကာ လ ရှည် ကြာ သော် ရှု အာ့ သ မီး ဖြစ် သော ယု ဒ မ ယား သေ လွန် ပြီး နောက် ယု ဒ သည် မ ယား ကို အ လွမ်း ပြေ ငြိမ်း ၍ ကိုယ့် သိုး ကို အ မွေး ညှပ် သူ တို့ ရှိ ရာ၊ အ ဒု လံ မြို့ သား အ ဆွေ ဟိ ရ နှင့် အ တူ တိ မ နတ် မြို့ သို့ သွား လေ ၏။
  • 13 သိုး မွေး ညှပ် ရန် တိ မ နတ် မြို့ သို့ ယော က္ခ မ သွား ကြောင်း ကို တာ မာ ကြား သိ ရ လျှင်၊
  • 14 ရှေ လ အ ရွယ် ရောက် သော် လည်း မ ထိမ်း မြား ကြောင်း သိ မြင် သော ကြောင့် မု ဆိုး မ အ၀တ် ကို ချွတ် လဲ ၍ ဦး ခေါင်း ကို ပ ဝါ နှင့် ဖုံး အုပ် ခြုံ ရုံ ပြီး လျှင် တိ မ နတ် လမ်း ရှိ ဧ နိမ် မြို့ တံ ခါး ဝ၌ ထိုင် နေ လေ ၏။
  • 15 ဦး ခေါင်း ကို ဖုံး အုပ် လျက် ရှိ သော ကြောင့် ယု ဒ မြင် သော အ ခါ ချွေး မ ဖြစ် မှန်း မ သိ ဘဲ ပြည် တန် ဆာ ဖြစ် သည် ဟု ထင် မှတ် သ ဖြင့်၊
  • 16 လမ်း မှ သူ ရှိ ရာ သို့ လှည့် သွား၍ သင့် ထံ ငါ ဝင် ပါ ရ စေ ဟု ဆို လျှင် ကျွန် မ ထံ ဝင် လို မူ၊ မည် သည့် အ ရာ ကို ပေး မည် နည်း ဟု မေး၏။
  • 17 ယု ဒ က၊ ဆိတ် ငယ် တစ် ကောင် ကို ပို့ လိုက် မည် ဟု ဆို ရာ၊ မ ပို့ လိုက် မီ တစ် စုံ တစ် ရာ ကို ပေါင် ထား မည် လော ဟု မေး လျှင်၊
  • 18 ယု ဒ က၊ မည် သည့် အ ရာ ကို ပေါင် ထား ရ အံ့ နည်း ဟု မေး သော် တံ ဆိပ်၊ စ လွယ် နှင့် လက် ကိုင် တောင် ဝေး များ ကို ပေါင် ထား လော့ ဟု ဆို သည့် အ တိုင်း တောင်း ရာ ကို အပ် ပေး ၍ ဝင် ရောက် ရ သ ဖြင့် သူ သည် သ န္ဓေ ရ လေ၏။
  • 19 ထို နောက် ထ ၍ ဖုံး အုပ် သော ပ ဝါ ကို ချွတ် ပြီး လျှင် မု ဆိုး မ အ ဝတ် ကို ဝတ် မြဲ ဝတ် ပြန် လေ၏။
  • 20 ပေါင် ထား သော ပ စ္စည်း ကို မိန်း မ လက် မှ ရွေး ယူ ရန် အ ဆွေ အ ဒု လံ မြို့ သား လက် ဖြင့် ဆိတ် ငယ် ကို ယု ဒ ပို့ လိုက် ရာ သူ သည် မိန်း မ ကို ရှာ၍ မ တွေ့ လျှင်၊
  • 21 ဧ နိမ် မြို့ လမ်း အ နီး ထိုင် နေ သော ပြည် တန် ဆာ ကား အ ဘယ် မှာ နည်း ဟု ထို အ ရပ် သား တို့ ကို မေး သော် ဤ အ ရပ်၌ ပြည် တန် ဆာ မ ရှိ ဟု ပြန် ဆို ကြ သ ဖြင့်၊
  • 22 ယု ဒ ထံ သို့ ပြန် ပြီး လျှင် ကျွန်ုပ် သည် ထို မိန်း မ ကို ရှာ၍ မ တွေ့ ပါ။ အ ရပ် သား တို့ က လည်း ဤ အ ရပ်၌ ပြည် တန် ဆာ မ ရှိ ဟု ဆို ကြ ကြောင်း ကြား ပြော လေ ၏။
  • 23 ယု ဒ က လည်း ကျွန်ုပ် တို့ အ ရှက် မ ကွဲ စေ ရန် သူ၌ ရှိ ပါ စေ တော့။ ဤ ဆိတ် ငယ် ကို ကျွန်ုပ် ပို့ လျက် နှင့် သင် သည် မိန်း မ ကို ရှာ ၍ မ တွေ့ ချေ တ ကား ဟု ဆို ၏။
  • 24 သုံး လ ခန့် ကြာ သော် ချွေး မ တာ မာ သည် ပြည့် တန် ဆာ လုပ် သ ဖြင့် ကိုယ် ဝန် ဆောင် လျက် နေ ပြီ ဟု ကြား သိ ရ လျှင် ယု ဒ က၊ သူ့ ကို ထုတ်၍ မီး လောင် တိုက် ဒဏ် ခံ စေ ဟု ဆို လေ ၏။
  • 25 ထုတ် သော အ ခါ တာ မာ က၊ ဤ ပ စ္စည်း ရှင် ဖြင့် ကျွန် မ သ န္ဓေ ရ ပါ ပြီ ဟု ယော က္ခ မ ထံ လျှောက် စေ လျက် ထို တံ ဆိပ်၊ စ လွယ်၊ တောင်ဝေး များ သည်၊ မည် သူ့ ပ စ္စည်း ဖြစ် သည် ကို ရှု ကြည့် ပါ ဟု လျှောက် ပြန် ရာ၊
  • 26 ရှု ကြည့် သော် ယု ဒ က၊ သား ရှေ လ နှင့် ငါ မ ထိမ်း မြား သ ဖြင့် သူ သည် ငါ့ ထက် ဖြောင့် မတ် ပေ သည် ဟု ဆို၍ နောက် တစ် ဖန် သူ နှင့် ဆက် ဆံ ခြင်း မ ရှိ။
  • 27 တာ မာ လည်း သား ဖွား ချိန် စေ့ သော် ဝမ်း တွင်း သား အ မြွာ ရှိ သ ဖြင့်၊
  • 28 ဖွား သည့် ကာ လ သား တစ် ယောက် သည် လက် ကို ထုတ် ဆန့် ရာ လက် သည် က၊ ဤ သူ အ ရင် ဖွား လေ ပြီ ဟု ဆို လျက် ကြိုး နီ ယူ၍ လက် ကို စည်း လေ ၏။
  • 29 ထို သား သည် လက် ကို ရုပ် ပြန် ရာ အ မြွာ ဘက် ဖွား သော် လက် သည် က၊ သင် ထိုး ဖောက် လေ ပြီ တ ကား ဟု ဆို ၍ ဖာ ရက် အ မည် ဖြင့် မှည့် ကြ ၏။
  • 30 ထို နောက် ကြိုး နီ စည်း သော အ မြွာ ဘက် ကို ဖွား ၍ ဇေ ရ အ မည် ဖြင့် မှည့် ကြ သ တည်း။
回到本卷目录 回到本版本目录 回到首页