1
ယော သပ် ကို ကား အိ ဂျစ် ပြည် သို့ ဆောင် သွား ကြ ရာ ထို ပြည် သား၊ ဖာ ရော မင်း၏ အ မတ် ဖြစ် သူ၊ ကိုယ် ရံ တော် မှုး ပေါ တိ ဖာ သည် ဆောင် ခဲ့သော ဣ ရှ မေ လ လူ တို့ လက် မှ ဝယ် ယူ လေ ၏။
2
ထာ ဝ ရ ဘု ရား သည် ယော သပ် နှင့် အ တူ ရှိ တော် မူ သ ဖြင့် အ ကြံ ထ မြောက် သူ ဖြစ်၍ အိ ဂျစ် ပြည် သား၊ ကိုယ့် သ ခင့် အိမ်၌ နေ လေ ၏။
3
သူ နှင့် အ တူ ထာ ဝ ရ ဘု ရား ရှိ ၍ ပြု လေ သ မျှ အ ထ မြောက် စေ တော် မူ ကြောင်း ကို သ ခင် သိ မြင် သော ကြောင့်၊
4
ဆောင် ရွက် နေ သူ ယော သပ် အား မျက် နှာ သာ ပေး လျက် အိမ် ကို ကြီး ကြပ် ကြည့် ရှု စေ ၍ ဥ စ္စာ ရှိ သ မျှ ကို သူ့ လက် ဝယ် အပ် လေ ၏။
5
ထို သို့ အိမ် နှင့် ဥ စ္စာ ရှိ သ မျှ ကို ကြည့် ရှု စေ သည့် ကာ လ မှ စ၍ ထာ ဝ ရ ဘု ရား သည် ယော သပ် အ တွက် ထို အိ ဂျစ် လူ ၏ အိမ် ထောင် ကို ကောင်း ကြီး ပေး တော် မူ သ ဖြင့် အ တွင်း အ ပြင် ဥ စ္စာ ရှိ သ မျှ အ ပေါ် တွင် မင်္ဂ လာ တော် တည် လေ ၏။
6
သ ခင် သည် ဥ စ္စာ ရှိ သ မျှ ကို ယော သပ် လက် သို့ အပ် ထား ၍ ကိုယ် စား သော အ စာ ပြင် ဥ စ္စာ ရှိ မှန်း ကို မျှ မ သိ မ မှတ် ချေ။ ယော သပ် လည်း အ ဆင်း သ ဏ္ဌာန် လှ၍ ရှု ချင် ဖွယ် ကောင်း ၏။
7
ထို နောက် သ ခင့် မ ယား သည် ယော သပ် ကို အ ကြည့် ထူး၍ ငါ နှင့် အ တူ အိပ် စက် ပါ ဟု ဆို လျှင်၊
8
ယော သပ် က၊ သ ခင် သည် ဥ စ္စာ ရှိ သ မျှ ကို ကျွန် တော့် လက် ဝယ် အပ် ထား သည် ဖြစ်၍ အိမ် တွင် ကျွန် တော့် ထံ မည် သည့် ဥ စ္စာ ရှိ မှန်း ကို မျှ မ သိ မ မှတ် ပါ။
9
ဤ အိမ် တွင် လည်း ကျွန် တော့် ထက် ကြီး မြတ် သော သူ မ ရှိ ပါ။ သ ခင့် မ ယား ဖြစ် သော သ ခင် မ မှ တစ် ပါး၊ ကျွန် တော် အား မ နှင်း မ အပ် ဘဲ တစ် စုံ တစ် ရာ မ ရှိ ပါ လျက် ကြီး လေး သော ဤ ပြစ် မှု ကို ပြု၍ ဘု ရား သ ခင် ကို မည် သို့ ပြစ် မှား နိုင် ပါ အံ့ နည်း ဟု သ ခင့် မ ယား ကို ငြင်း ဆို ၏။
10
ထို သို့ သ ခင် မ နေ့ စဉ် ပြော ဆို သော် လည်း ယော သပ် သည် သူ နှင့် အိပ် ခြင်း နေ ခြင်း ငှါ မ လိုက် မ နာ သည် ဖြစ်၍၊
11
တစ် နေ့ သ၌ လုပ် ကိုင် ဆောင် ရွက် ရန် အိမ် ထဲ သို့ ဝင် ရာ အိမ် သား တစ် ယောက် မျှ မ ရှိ ခိုက်၊
12
ယော သပ် အ ဝတ် ကို သ ခင် မ ကိုင် ဆွဲ လျက် ငါ နှင့် အ တူ အိပ် စက် ပါ ဟု ဆို လျှင် ယော သပ် သည် အ ဝတ် ကို သူ့ လက် ၌ စွန့်၍ ပြင် သို့ ထွက် ပြေး ရ လေ ၏။
13
ထို သို့ အ ဝတ် ကို စွန့်၍ ပြင် သို့ ထွက် ပြေး ကြောင်း သ ခင် မ မြင် ရ လျှင်၊
14
အိမ် သား တို့ ကို ခေါ်၍ ကြည့် ကြ။ ငါ တို့ အား ပြက် ရယ် ပြု စေ ခြင်း ငှါ ထို ဟေ ဗြဲ လူ ကို သ ခင် သွင်း ထား ပြီ တ ကား။ သူ သည် ငါ နှင့် အ တူ အိပ် ရန် ဝင် ရောက်၍ ကျယ် သော အ သံ နှင့် ငါ အော် ဟစ် ရ ၏။
15
ထို သို့ အော် ဟစ် သံ ကြား လျှင် အ ဝတ် ကို စွန့် ခဲ့၍ ပြင် သို့ ထွက် ပြေး သည် ဟု ဆို ပြီး နောက်၊
16
အိမ် သို့ သ ခင် ပြန် ရောက် သည့် တိုင် အောင် ၎င်း အ ဝတ် ကို အ ပါး တွင် ထား လျက်၊
17
အ ထက် စ ကား အ တိုင်း လျှောက် ထား သည် မှာ အ ရှင် သွင်း ထား သော ဟေ ဗြဲ ကျွန် သည် ကျွန် မ အား ပြက် ရယ် ပြု ရန် ၀င် ရောက် သော်၊
18
ကျွန် မ အော် ဟစ် ရာ တွင် အ ဝတ် ကို စွန့် ခဲ့၍ ပြင် သို့ ထွက် ပြေး ပါ သည် ဟု သ ခင့် ထံ လျှောက် ကြား လေ ၏။
19
အ ရှင့် ကျွန် သည် ကျွန် မ အား ထို သို့ ပြု ခဲ့ ပြီ ဟု မ ယား လျှောက် သော စ ကား ကို သ ခင် ကြား လျှင်၊
20
ဒေါ သ မီး လောင် ၍ ယော သပ် ကို ခေါ် ပြီး မှ မင်း အာ ဏာ နှင့် အ ကျဉ်း သား တို့ ကို လှောင် ထား ရာ နှောင် အိမ်၌ သွင်း ထား သ ဖြင့် ထို နှောင် အိမ် တွင် နေ ရ လေ ၏။
21
သို့ ရာ တွင် ထာ ဝ ရ ဘု ရား သည် သူ နှင့် အ တူ ရှိ ၍ က ရု ဏာ တော် သက် သ ဖြင့် ထောင် ပိုင့် ထံ မျက် နှာ သာ ရ စေ တော် မူ ၏။
22
ထောင် ပိုင် လည်း နှောင် အိမ် ရှိ အ ကျဉ်း သား အ ပေါင်း တို့ ကို ယော သပ် လက် သို့ အပ်၍ နှောင် အိမ် တွင် ပြု ရန် ရှိ သ မျှ ကို ယော သပ် ဆောင် ရွက် ရ ၏။
23
ထာ ဝ ရ ဘု ရား လည်း ယော သပ် နှင့် အ တူ ရှိ၍ သူ ပြု လေ သ မျှ အ ထ မြောက် စေ တော် မူ သော ကြောင့် သူ့ လက် ရှိ ကိ စ္စ ဟူ သ မျှ ကို ထောင် ပိုင် သည် မ ကြည့် မ ရှု ဘဲ နေ လေ ၏။