1
ထို ပြည်၌ အ စာ ခေါင်း ပါး ခြင်း ကပ် ကြီး သည် နှင့်၊
2
အိ ဂျစ် ပြည် မှ ယူ ခဲ့ သော စ ပါး ကို စား ၍ ကုန် သည့် ကာ လ အ ဘ က၊ ငါ တို့ သုံး ဆောင် ရန် အ နည်း ငယ် ကို သွား ဝယ် ကြ ဦး ဟု ဆို ရာ၊
3
ယု ဒ က၊ ထို မင်း သ စ္စာ ဆို သည် မှာ ညီ မ ပါ ဘဲ သင် တို့ သည် ငါ့ မျက် နှာ ကို မ မြင် ရ ဟု ဆို လိုက် သည် ဖြစ် ၍၊
4
ကျွန် တော် တို့ နှင့် အ တူ ညီ ကို ထည့် လျှင် အ ဘ သုံး ဆောင် ရန် သွား ဝယ် ကြ ပါ မည်။
5
ညီ မ ပါ ဘဲ ငါ့ မျက် နှာ ကို မ မြင် ရ ဟူ ၍ ထို မင်း မြစ် တား သော ကြောင့် ညီ ကို မ ထည့် လျှင် မ သွား ဝံ့ ကြ ပါ ဟု အ ဘ အား လျှောက် လေ ၏။
6
ဣ သ ရေ လ က လည်း သင် တို့၌ ညီ ရှိ သေး ကြောင်း ထို မင်း အား ကြား ပြော သ ဖြင့် အ ဘယ် ကြောင့် ငါ့ ကို ဒု က္ခ ရှာ ကြ သ နည်း ဟု ဆို ပြန် သော်၊
7
သူ တို့ က၊ ထို မင်း သည် ကျွန် တော် တို့ နှင့် ဆွေ မျိုး သား ချင်း အ ကြောင်း သေ ချာ စွာ မေး မြန်း လျက် သင် တို့ အ ဘ အ သက် ရှင် သေး သ လော။ ညီ ရှိ သေး သ လော ဟု မေး ရာ သူ့ နှုတ် မြွက် စ ကား အ တိုင်း ပြန် ပြော ရ ပါ၏။ သင် တို့ ညီ ကို ဆောင် ခဲ့ ကြ ဟူ၍ ပြော မည် ကို အ မှန် သိ နိုင် ပါ သ လော ဟု လျှောက် ကြ ၏။
8
ယု ဒ က လည်း အ ဘ မှ စ၍ ကျွန် တော် တို့ နှင့် သား ငယ် များ တို့ မ သေ၊ အ သက် ရှင် ကြ စေ ရန်။ ကျွန် တော် နှင့် အ တူ ထို သူ ငယ် ကို ထည့် လျှင် ထွက် သွား ကြ ပါ မည်။
9
ကျွန် တော် သည် သူ့ အ တွက် အာ မ ခံ ပါ၏။ ကျွန် တော့် လက် တွင် သူ့ ကို တောင်း ပါ။ အ ဘ ထံ ပြန်၍ မ အပ် လျှင် အ ဘ ကို ပြစ် မှား သူ တစ် သက် လုံး ဖြစ် ပါ စေ။
10
အ ကယ်၍ ကျွန် တော် တို့ မ ဖင့် နွှဲ ခဲ့ လျှင် နှစ် ကြိမ် မြောက် ပြန် ရောက် သင့် ပြီ ဟု အ ဘ ဣ သ ရေ လ အား လျှောက် သော်၊
11
အ ဘ ဣ သ ရေ လ က၊ မ လွှဲ သာ လျှင် ဤ သို့ ပြု ကြ လော့။ ခါ နာန် ပြည် ထွက် အ ထူး အ မြတ် ကို ရွေး ချယ် ၍ လိမ်း ဆေး၊ ပျား ရည် အ နည်း ငယ် စီ နှင့် နံ့ သာ မျိုး၊ မု ရန် စေး၊ သစ် အယ် သီး၊ ဗာ တံ သီး များ ကို ထို မင်း အား လက် ဆောင် ဆက် ရန် အိတ် များ တွင် ယူ သွား ကြ လော့။
12
အိတ် ဝ တွင် ပြန် ထည့် လိုက် သော ငွေ ပါ၊ ငွေ နှစ် ဆ ကို လက် ဝယ် ယူ သွား ကြ လော့။ အ မှတ် မဲ့ ဖြစ် ကောင်း ဖြစ် လိမ့် မည်။
13
ညီ ကို လည်း ခေါ် ၍ ထို မင်း ထံ သွား ကြ ဦး လော့။
14
သင် တို့ အစ် ကို နှင့် ဗင်္ယာ မိန် ကို လွှတ် လိုက် စေ ရန် ထို မင်း ရှေ့ အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် သည် သင် တို့ အား မျက် နှာ ပွင့် လန်း ခွင့် ပြု တော် မူ ပါ စေ သော။ ငါ သည် သား ဆုံး ပါး ခြင်း ကို ခံ တန် လျှင် ခံ ရ တော့ မည် ဟု ဆို သည့် အ တိုင်း၊
15
ထို သူ တို့ သည် ဆို ခဲ့ သော လက် ဆောင် ကို လည်း ကောင်း၊ လက် ၌ ငွေ နှစ် ဆ ကို လည်း ကောင်း၊ ဗင်္ယာ မိန် ကို လည်း ကောင်း၊ ဆောင် ယူ ပြီး လျင် အိ ဂျစ် ပြည် သို့ ထ သွား၍ ယော သပ် ထံ၀င် ရောက် ကြ ၏။
16
သူ တို့ နှင့် အ တူ ဗင်္ယာ မိန် ကို ယော သပ် မြင် လျင် အိမ် အုပ် ဘ ဏ္ဍာ စိုး အား၊ ထို သူ တို့ ကို အိမ် သို့ ခေါ် သွား၍ ဟင်း ကောင် များ ကို စီ ရင် ပြင် ဆင် လော့။ သူ တို့ သည် ငါ နှင့် အ တူ မွန်း တည့် အ ချိန် စား ပွဲ ထိုင် ကြ လိမ့် မည် ဟု မှာ ထား သည့် အ တိုင်း၊
17
ထို သူ တို့ ကို ယော သပ် အိမ် သို့ ခေါ် သွား၍ ပြု လုပ် လေ ၏။
18
ယော သပ် အိမ် သို့ ဝင် ရောက် ရ မည့် အ တွက် ကြောက် ရွံ့၍ သူ တို့ က၊ ငါ တို့ အိတ် များ တွင် ယ ခင် ပြန် ထည့် လိုက် သော ငွေ နှင့် စပ်၍ ခေါ် သွင်း လေ ပြီ။ သူ သည် ငါ တို့ အ ပေါ် တွင် ဖိ စီး နှိပ် စက် ကျွန် ခံ စေ လျက် မြည်း များ ကို လည်း သိမ်း ယူ လိမ့် မည် ဟု ဆို ကြ ပြီး လျှင်၊
19
ယော သပ်၏ အိမ် တံ ခါး၀ တွင် ဘ ဏ္ဍာ စိုး ထံ ချဉ်း ကပ် လျှောက် ဆို သည် မှာ၊
20
အ ရှင် ဘု ရား၊ ကျွန် တော် တို့ သည် စ ပါး ဝယ် ရန် ယ ခင် တစ် ကြိမ် လာ ပြီး နောက်၊
21
စ ခန်း သို့ ရောက်၍ အိတ် များ ကို ဖွင့် ရာ ကိုယ် စီ ဆိုင် ရာ အ ဖိုး ငွေ ကို ချေ ပေး ရင်း အ တိုင်း၊ အိတ် ဝ တွင် တွေ့ ရှိ ပါ သ ဖြင့် ၎င်း ငွေ ကို လက် ဝယ် ဆောင် ယူ ခဲ့ ပါ ပြီ။
22
အ ခြား ငွေ လည်း စ ပါး ဝယ် ရန် လက်၌ ပါ ရှိ ပါ၏။ အ ထက် ငွေ ကို အိတ် များ တွင် မည် သူ ထည့် ကြောင်း မ သိ ပါ ဟု လျှောက် ဆို ကြ သော် ဘ ဏ္ဍာ စိုး က၊ မ ကြောက် နှင့်။
23
စိတ် အေး ကြ လော့။ သင် တို့ ဘု ရား၊ သင် တို့ အ ဘ၏ ဘု ရား သ ခင် သည် အိတ် များ တွင် ဘ ဏ္ဍာ ကို သွင်း ပေး တော် မူ ပြီ။ ချေ ပေး သော ငွေ ကား ငါ ရ ပြီ ဟု ဆို လျက် ရှိ မောင် ကို ထုတ် အပ် သည့် ပြင်၊
24
ယော သပ် အိမ် သို့ ခေါ် သွင်း ပြီး မှ ရေ ပေး၍ ခြေ ဆေး ကြ၏။ မြည်း များ ကို လည်း ကျွေး ၏။
25
ထို အိမ် တွင် စား ပွဲ ထိုင် ခွင့် ရ မည် ကို ကြား သိ၍ မွန်း တည့် အ ချိန် ယော သပ် မ ရောက် မီ လက် ဆောင် ကို သူ တို့ ခင်း ကျင်း နှင့် ကြ၏။
26
အိမ် သို့ ယော သပ် ပြန် ရောက် သော အ ခါ လက် ဆောင် ပ ဏ္ဏာ ကို ယော သပ် ထံ အိမ် တွင်း သို့ သွင်း ဆက် လျက်၊
27
ပျပ် ဝပ် ရှိ ခိုး ကြ စဉ် ယော သပ် က၊ ယ ခင် သက် ကြီး အို မင်း ဆို သူ သင် တို့ အ ဘ ကား၊ ကျန်း မာ သ လော။ အ သက် ရှင် သေး သ လော ဟူ၍ သူ တို့ အ ဖြစ် အ နေ အ ကြောင်း မေး လျှင်၊
28
သူ တို့ သည် ထပ် မံ ဦး ညွှတ် ရှိ ခိုး လျက် အ ရှင့် ကျွန်၊ ကျွန် တော် မျိုး တို့ အ ဘ ကျန်း မာ လျက် အ သက် ရှင် ပါ သေး သည် ဟု လျှောက် ကြ၏။
29
ထို အ ခါ ယော သပ် သည် မျှော် ကြည့်၍ တစ် မိ တည်း သား ညီ ရင်း ဗင်္ယာ မိန် ကို မြင် လျှင် ဤ သူ ကား ညီ ထွေး ဆို သူ လော ဟူ၍ လည်း ကောင်း၊ ငါ့ သား၊ သင့် အား ဘု ရား သ ခင် သ နား တော် မူ ပါ စေ သော ဟူ၍ လည်း ကောင်း ဆို လျက်၊
30
ညီ ရင်း အ တွက် သည်း အူ လှိုက် ဆူ ပူ ပန် သော ကြောင့် မျက် ရည် မ ဆည် နိုင် ဘဲ အ တွင်း ခန်း သို့ အ မြန် ဝင်၍ ငို လေ၏။
31
ထို နောက် မျက် နှာ ကို သစ်၍ ချုပ် တည်း လျက် ထွက် ပြန် ပြီး လျှင် စား ပွဲ တည် ခင်း ကြ ဟု အ မိန့် ရှိ ရာ၊
32
ယော သပ် အ ဖို့ တစ် ပွဲ၊ ညီ အစ် ကို တို့ အ ဖို့ တစ် ပွဲ၊ ယော သပ် နှင့် စား သော အိ ဂျစ် လူ တို့ အ ဖို့ တစ် ပွဲ၊ တည် ခင်း ကြ၏။ အိ ဂျစ် လူ တို့ သည် ဟေ ဗြဲ လူ တို့ နှင့် အ တူ မ စား ရ။ စား လျှင် အိ ဂျစ် လူ တို့ သည် ရွံ ရှာ ဖွယ် မှတ် ကြ သ တည်း။
33
ညီ အစ် ကို တို့ သည် အ ကြီး မှ စ၍ အ ငယ် တိုင် အောင် အ ရွယ် အ လိုက် ယော သပ် ရှေ့ မှာ ထိုင် နေ ကြ လျက် အ ချင်း ချင်း ရှု ကြည့်၍ အံ့ သြ ကြ ကုန် ၏။
34
သူ တို့ အ ဖို့ ခဲ ဖွယ် စား ဖွယ် များ ကို ယော သပ် ရှေ့ မှ ယူ သွား စေ ရာ ဗင်္ယာ မိန် အ ဖို့ ထည့် ပေး လိုက် သော ခဲ ဖွယ် စား ဖွယ် ကား၊ အ သီး အ သီး တို့ ထက် ငါး ဆ များ သ တည်း။ ယော သပ် နှင့် အ တူ စား သောက် ပျော် ပါး ကြ ၏။