ကမ္ဘာ​ဦး-40

(Garrad ဂဲရတ်)

切换到福音影视网-新版圣经

  • 1 ထို နောက် အိ ဂျစ် ဘု ရင်၏ ရေ ကြည်၀န် နှင့် စား တော် ဝန် တို့ သည် ကိုယ့် အ ရှင် အိ ဂျစ် ဘု ရင် ကို ပြစ် မှား ကြ ရာ၊
  • 2 ဖာ ရော မင်း သည် အ မတ် ဖြစ် သူ ရေ ကြည် ဝန် နှင့် စား တော် ဝန် နှစ် ယောက် တို့ အ ပေါ် တွင် အ မျက် ထွက်၍၊
  • 3 ယော သပ် အ ကျဉ်း ခံ ရာ နှောင် အိမ် ဖြစ် သော ကိုယ် ရံ တော် မှူး ၏ အိမ် ၌ အ ကျဉ်း ထား လေ ၏။
  • 4 ကိုယ် ရံ တော် မှူး ကြီး ကြပ် ကြည့် ရှု စေ သည့် အ တိုင်း ထို သူ တို့ ကို ယော သပ် ပြု စု ရ လေ၏။ သူ တို့ လည်း ကာ လ အ တော် ကြာ အ ကျဉ်း ခံ နေ ရ ကြ ၏။
  • 5 ထို သို့ နှောင် အိမ် တွင် အ ကျဉ်း ခံ ရ သော အိ ဂျစ် ဘု ရင်၏ ရေ ကြည် ဝန် နှင့် စား တော် ဝန် နှစ် ယောက် တို့ သည် ကိုယ် စီ ဆိုင် ရာ အ နက် ပါ အိပ် မက် ကို တစ် ညဉ့် ချင်း တွင် မြင် မက် ကြ ၏။
  • 6 နံ နက် အ ချိန် ယော သပ် သည် သူ တို့ ထံ ဝင်၍ ရှု ကြည့် သော် ညှိုး ငယ် ကြ သည် ကို မြင် လျှင်၊
  • 7 ယ နေ့ အ ဘယ် ကြောင့် မျက် နှာ မ သာ ရှိ ကြ သ နည်း ဟု သူ နှင့် အ တူ သ ခင့် အိမ် တွင် အ ကျဉ်း ခံ ရ သော ဖာရော မင်း၏ အ မတ် တို့ အား မေး၏။
  • 8 သူ တို့ က လည်း၊ ငါ တို့ သည် အိပ် မက် ကို မြင် ရ ကြ ပြီ။ အ နက် ကို ဖတ် နိုင် သော သူ မ ရှိ ဟု ဆို ကြ သော်၊ ယော သပ် က၊ အ နက် ဉာဏ် ကို ဘု ရား သ ခင် ပိုင် တော် မူ သည် မ ဟုတ် လော။ ကျွန် တော် အား ပြန် ပြော ကြ ပါ ဟု ဆို ၏။
  • 9 ထို အ ခါ ရေ ကြည် ဝန် က၊ ငါ မြင် သော အိပ် မက် တွင်၊
  • 10 ရှေ့၌ သုံး နွယ် ထွက် သော စ ပျစ် ပင် ရှိ၍ အ ဖူး ပေါ် လျက် ပွင့် ပြီး မှ သီး ပြွတ် များ လည်း မှည့် သော စ ပျစ် သီး ဖြစ် လေ၏။
  • 11 ဖာ ရော မင်း ၏ ဖ လား တော် ကို ငါ ကိုင် လျက် ထို စ ပျစ် သီး ကို ယူ၍ ဖ လား တော်၌ ညှစ် ပြီး မှ လက် တော် ရောက် ဆက် သ ရ သည် ဟု ယော သပ် အား အိပ် မက် ကို ပြန် ပြော လေ၏။
  • 12 ယော သပ် က လည်း အ နက် မူ ကား၊ သုံး နွယ် သည် သုံး ရက် ဖြစ်၏။
  • 13 သုံး ရက် မြောက် လျှင် ဖာ ရော မင်း သည် ဝန် မင်း၏ ဦး ခေါင်း ကို ချီး မြှင့်၍ ရာ ထူး ရင်း ကို ပြန် ပေး တော် မူ သ ဖြင့် အ ထက် ရေ ကြည် ဝန် လုပ် စဉ် ပြု ခဲ့ သည့် နည်း တူ ဖ လား တော် ကို ဖာ ရော မင်း လက် တော် ရောက် ဆက် သ ရ လိမ့် မည်။
  • 14 ဝန် မင်း သည် ချမ်း သာ သော အ ခါ ကျွန် တော် ကို မ မေ့ ဘဲ ဖာ ရော မင်း ထံ လျှောက် တင်၍ ကျွန် တော် ကို ဤ အိမ် မှ ထွက် လွတ် ခွင့် ရ စေ ရန် ကျေး ဇူး ပြု ပါ။
  • 15 အ ကယ် စင် စစ် ကျွန် တော် ကို ဟေ ဗြဲ ပြည် မှ ခိုး ယူ ခဲ့ ကြ ပါ၏။ ဤ ပြည် မှာ လည်း ကျွန် တော်၌ အ ပြစ် မ ရှိ ဘဲ နှောင် တွင်း မှာ လှောင် ထား ကြ သည် ဟု ဆို လေ ၏။
  • 16 ထို အ နက် ကောင်း သည် ကို စား တော် ဝန် သိ လျှင် ငါ့ အိပ် မက် တွင် ကား၊ မုန့် ဖြူ ပါ သော တောင်း သုံး လုံး ကို ရွက် ရာ၊
  • 17 အ ထက် တောင်း တွင် ဖာ ရော မင်း ပွဲ တော် တည် ရန် ပေါင်း ချက် သော ပွဲ တော် စာ အ မျိုး မျိုး ရှိ ၍ ငါ ရွက် သော တောင်း ထဲ မှ ငှက် များ ထိုး သုတ် စား ကြ သည် ဟု ယော သပ် အား ပြန် ပြော ၏။
  • 18 ယော သပ် က လည်း အ နက် ဟူ မူ ကား၊ တောင်း သုံး လုံး သည် သုံး ရက် ဖြစ် ၏။
  • 19 သုံး ရက်မြောက် လျှင် ဖာ ရော မင်း သည် ဝန် မင်း၏ ဦး ခေါင်း ကို ကိုယ် နှင့် ခွာ မြှင့် လျက် အ လောင်း ကို ကား တင် တော် မူ သ ဖြင့် ငှက် များ တို့ သည် အ သား ကို ထိုး သုတ်၍ စား ကြ လိမ့် မည် ဟု ပြန် ပြော ၏။
  • 20 ထို နောက် သုံး ရက် မြောက် လျှင် ဖာ ရော မင်း ဖွား နေ့ ကျ ရောက်၍ ကျေး ကျွန် သင်း ပင်း အ ပေါင်း တို့ အား ကျွေး မွေး စဉ် အိပ် မက် အ နက် ကို ယော သပ် ဖတ် ခဲ့ သည့် အ တိုင်း ရေ ကြည် ဝန် နှင့် စား တော် ဝန်၏ ဦး ခေါင်း များ ကို ကျေး ကျွန် သင်း ပင်း တို့ အ လယ် တွင် ချီး မြှင့် ၍၊
  • 21 ရေ ကြည် ဝန် အား ရာ ထူး ရင်း ကို ရ ပြန် စေ သ ဖြင့် သူ သည် ဖ လား တော် ကို ဖာ ရော မင်း လက် တော် ရောက် ဆက် သ ရ၏။
  • 22 စား တော် ဝန် ကို မူ ကား ဆွဲ တင် လေ ၏။
  • 23 သို့ ရာ တွင် ရေ ကြည် ဝန် သည် ယော သပ် ကို သ တိ မ ရ ဘဲ မေ့၍ နေ လေ ၏။
回到本卷目录 回到本版本目录 回到首页