1
ထို နောက် ဘု ရား သ ခင် က ဗေ သ လ အ ရပ် သို့ ထ သွား ၍ နေ လော့။ အစ် ကို ဧ သော မျက် မှောက် မှ ထွက် ပြေး ရ သော အ ခါ သင့် ထံ ထင် ရှား ခဲ့ သော ငါ ဘု ရား သ ခင် အား ပူ ဇော် ရာ ပ လ္လင် ကို ထို အ ရပ်၌ တည် လော့ ဟု ယာ ကုပ် အား မိန့် တော် မူ သည့် အ တိုင်း၊
2
ယာ ကုပ် သည် အိမ် သူ အိမ် သား တို့ နှင့် လိုက် ပါ သူ အ ပေါင်း တို့ အား သင် တို့ တွင် ပါ ရှိ သော လူ မျိုး ခြား တို့ ၏ ဘု ရား များ ကို ပယ် ပစ် ကြ လော့။ ကိုယ် ကို သန့် စေ ၍ အ၀တ် ကို လည်း လဲ ကြ လော့။
3
ဗေ သ လ အ ရပ် သို့ ထ သွား ကြ ကုန် အံ့။ ဆင်း ရဲ ဒု က္ခ ငါ ခံ ခဲ့ ရ သော ကာ လ က ကယ် လွှတ် တော် မူ ၍ သွား ရ သော လမ်း ၌ ငါ နှင့် အ တူ ရှိ တော် မူ သော ဘု ရား သ ခင် အား ပူ ဇော် ရာ ပ လ္လင် တော် ကို ထို အ ရပ် တွင် ငါ တည် မည် ဟု ဆို လျှင်၊
4
သူ တို့ သည် လက် ဝယ် ရှိ သော လူ မျိုး ခြား တို့ ဘု ရား အ ပေါင်း ကို လည်း ကောင်း၊ နား တွင် ဆင် ယင် သော နား တောင်း များ ကို လည်း ကောင်း၊ ယာ ကုပ် အား အပ် နှင်း၍ ရှေ ခင် မြို့ အ နီး ရှိ ညန် ပင် အောက် တွင် မြှုပ် ထား လေ ၏။
5
သူ တို့ ထွက် သွား ကြ သော အ ခါ ဘု ရား သ ခင့် ထံ မှ ဖြစ် ပွား သော ထိတ် လန့် ခြင်း သည် ပတ် ဝန်း ကျင် ရှိ မြို့ သား တို့ အ ပေါ် သို့ သက် ရောက်၍ ယာ ကုပ် သား တို့ ကို မ လိုက် ဝံ့ ဘဲ နေ ကြ ၏။
6
ယာ ကုပ် နှင့် တ ကွ ပါ ရှိ သူ အ ပေါင်း တို့ သည် ခါ နာန် ပြည် လု ဇ၊ တစ် နည်း ဗေ သ လ အ ရပ် သို့ ရောက် ကြ သော်၊
7
အစ် ကို့ ထံ မှ ထွက် ပြေး ခဲ့ ရ သော အ ခါ ထို အ ရပ် ၌ ဘု ရား သ ခင် ထင် ရှား တော် မူ သော ကြောင့် ပ လ္လင် တော် ကို တည် ၍ ထို အ ရပ် ကို ဧ လ ဗေ သ လ ဟု သ မုတ် လေ ၏။
8
ထို နောက် ရေ ဗ က္က၏ အ ထိန်း ဒေ ဗော ရ သေ လွန် ရာ ဗေ သ လ အောက် ကျင်း ညန် ပင် ရင်း တွင် သင်္ဂြိုဟ် ကြ လေ ၏။ ထို အ ပင် ကို အာ လု မ္ဘာ ကုတ် ဟူ၍ ခေါ် ဝေါ် ကြ သ တည်း။
9
ယာ ကုပ် သည် ပါ ဒ နာ ရံ ပြည် မှ ပြန် လာ သော် တစ် ဖန် ဘု ရား သ ခင် ထင် ရှား ၍ ကောင်း ကြီး ပေး တော် မူ ရာ၊
10
သင့် အ မည် ကား ယာ ကုပ် ဖြစ်၏။ ယာ ကုပ် ဟူ၍ ထပ် မံ မ ခေါ် ရ။ ဣ သ ရေ လ ဟူ၍ ခေါ် ရ ကြ မည် ဟု မိန့် တော် မူ လျက် ဣ သ ရေ လ အ မည် ဖြင့် သ မုတ် တော် မူ ၏။
11
တစ် ဖန် ဘု ရား သ ခင် က ငါ သည် အ န န္တ တန် ခိုး ရှင် ဘု ရား သ ခင် ပေ တည်း။ များ ပြား စွာ မွေး ဖွား လော့။ လူ တစ် မျိုး မ က လူ မျိုး များ စွာ သင့် အား ဖြင့် ဖြစ် ပွား ၍ မင်း များ တို့ လည်း သင် မှ ဆင်း သက် ကြ လိမ့် မည်။
12
အာ ဗြ ဟံ နှင့် ဣ ဇာက် တို့ အား ငါ ပေး ခဲ့ သော ပြည် ကို သင် အား လည်း ကောင်း၊ သင် မှ ဆင်း သက် သော အ မျိုး အ နွယ် အား လည်း ကောင်း ငါ ပေး မည် ဟု မိန့် တော် မူ ၏။
13
ထို သို့ မိန့် မြွက် တော် မူ သော အ ရပ်၊ သူ့ ထံ မှ ဘု ရား သ ခင် တက် ကြွ တော် မူ ပြီး နောက်၊
14
မိန့် မြွက် တော် မူ ရာ အ ရပ် တွင် ယာ ကုပ် သည် မှတ် တိုင် အ ဖြစ် ကျောက် ကို စိုက် ထူ ၍ ၎င်း အ ပေါ် တွင် သွန်း လောင်း ရာ သ က္ကာ အ ရည် ကို သွန်း ၍ ဆီ လောင်း လေ ၏။
15
ဗျာ ဒိတ် တော် ကို ခံ ရ သော ထို အ ရပ် ကို ဗေ သ လ ဟု သ မုတ် လေ ၏။
16
ဗေ သ လ အ ရပ် မှ ခ ရီး သွား ပြန်၍ ဧ ဖ ရတ် မြို့ နှင့် အ တန် ကွာ တွင် ရာ ခေ လ သည် သား ဖွား အံ့ သော ဝေ ဒ နာ ကို ပြင်း ပြ စွာ ခံ နေ ရ စဉ်၊
17
လက် သည် က၊ မ စိုး ရိမ် နှင့်။ ယ ခု လည်း သား ယောက်ျား ကို ရ ပြန် ပြီ ဟု ဆို လေ ၏။
18
သေ လ တ္တံ့ သော ရာ ခေ လ သည် အ သက် ထွက် လု ဆဲ ဆဲ တွင် ထို သား ကို ဗေ နော နိ ဟု အ မည် မှည့် လေ ၏။ အ ဘ မူ ကား ဗင်္ယာ မိန် ဟု မှည့် သ တည်း။
19
ရာ ခေ လ သေ လွန်၍ ဗက် လင်၊ တစ် နည်း ဧ ဖ ရတ် မြို့ လမ်း တွင် သင်္ဂြိုဟ် ရ လေ ၏။
20
ယာ ကုပ် လည်း သင်္ချိုင်း ပေါ် မှာ မှတ် တိုင် ကို စိုက် ထူ၍ ယ နေ့ တိုင် အောင် ရာ ခေ လ၏ သင်္ချိုင်း မှတ် တိုင် ဖြစ် သ တည်း။
21
ဣ သ ရေ လ သည် တစ် ဖန် ခ ရီး သွား ပြန်၍ ဧ ဒါ လင့် စင် ကို လွန် ပြီး မှ တဲ စိုက် လေ ၏။
22
ထို အ ရပ် ၌ နေ သော အ ခါ ရု ဗင် သည် အ ဘ၏ မ ယား ငယ် ဗိ လ ဟာ့ ထံ သွား၍ အိပ် လေ ၏။ ထို သ တင်း ကို ဣ သ ရေ လ ကြား ၏။
23
ယာ ကုပ်၏ သား ဆယ့် နှစ် ယောက် တို့ ကား လေ အာ တွင် မြင် သော သား ဦး ရု ဗင်၊ ရှိ မောင်၊ လေ ဝိ၊ ယု ဒ၊ ဣ သ ခါ၊ ဇာ ဗု လုန် တို့ တည်း။
24
ရာ ခေ လ တွင် မြင် သော သား၊
25
ယော သပ် နှင့် ဗင်္ယာ မိန် တို့ တည်း။ ရာ ခေ လ ကျွန် မိန်း မ ဗိ လ ဟာ တွင် မြင် သော သား၊ ဒန် နှင့် နဿ လိ တို့ တည်း။
26
လေ အာ့ ကျွန် မိန်း မ ဇိ လ ပ တွင် မြင် သော သား၊ ဂဒ် နှင့် အာ ရှာ တို့ တည်း။ ထို သူ ကား ပါ ဒ နာ ရံ ပြည် ၌ ဖွား မြင် သော ယာ ကုပ်၏ သား များ တို့ တည်း။
27
ထို နောက် ယာ ကုပ် သည် အာ ဗြ ဟံ နှင့် ဣ ဇာက် တို့ တည်း ခို ရာ ဟေ ဗြုန်၊ တစ် နည်း ကိ ရ ယ သာ ဘ မြို့ မံ ရေ အ ရပ်၊ အ ဘ ဣ ဇာက် ထံ ရောက် လေ ၏။
28
ဣ ဇာက် သည် နှစ် ပေါင်း တစ် ရာ့ ရှစ် ဆယ် အ သက် အ ရွယ် ရောက် လျှင် အို မင်း ကြီး ရင့်၍ သေ လွန် သ ဖြင့် ဘိုး ဘေး တို့ ထံ သွား ရ သော် သား ဧ သော နှင့် ယာ ကုပ် တို့ သင်္ဂြိုဟ် ကြ ၏။