လုကာ-6

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ဒု တိ ယ ဧ က ဒက် ဥ ပုသ် နေ့ ၌ ကိုယ် တော် သည် ဂျုံ စ ပါး လယ် ကွက် တို့ ကို ရှောက် ကြွ တော် မူ လျှင်၊ တ ပည့် တော် တို့ သည် စ ပါး အ သီး အ နှံ ကို ဆွတ် ၍ လက် နှင့် ပွတ် နယ် လျက် စား ကြ ၏။
  • 2 ဖာ ရိ ရှဲ အ ချို့ တို့ က၊ ဥ ပုသ် နေ့ ၌ မ ပြု အပ် သော အ မှု ကို သင် တို့ သည် အ ဘယ် ကြောင့် ပြု ကြ သ နည်း ဟု ဆို ကြ သော်၊
  • 3 ယေ ရှု က၊ ဒါ ဝိဒ် သည် မိ မိ အ ဘော် တို့ နှင့် တ ကွ မွတ် သိပ် သော အ ခါ၊
  • 4 ဘု ရား သ ခင် ၏ အိမ် တော် သို့ ဝင် ၍ ယဇ် ပု ရော ဟိတ် တို့ မှ တ ပါး အ ဘယ် သူ မျှ မ စား အပ် သော ရှေ့ တော် မုန့် ကို ယူ စား ၍၊ မိ မိ အ ဘော် တို့ အား ပေး သည် အ ကြောင်း ကို မျှ သင် တို့ သည် မ ဘတ် ဘူး သ လော။
  • 5 ထို မှ တ ပါး လူ သား သည် ဥ ပုသ် နေ့ ကို ပင် အ စိုး ရ သည် ဟု မိန့် တော် မူ ၏။
  • 6 အ ခြား သော ဥ ပုသ် နေ့ ၌ ကိုယ် တော် သည် တ ရား စ ရပ် သို့ ဝင် ၍ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ သည် တွင်၊ ထို စ ရပ် ၌ လက်ျာ လက် သေ သော သူ တ ယောက် ရှိ ၏။
  • 7 ဥ ပုသ် နေ့ ၌ သူ ၏ ရော ဂါ ကို ငြိမ်း စေ မည် မ ငြိမ်း စေ မည် ကို ကျမ်း ပြု ဆ ရာ နှင့် ဖာ ရိ ရှဲ တို့ သည် ကိုယ် တော် ၌ အ ပြစ် တင် ခွင့် ကို ရှာ ၍ ချောင်း ကြည့် ကြ ၏။
  • 8 ကိုယ် တော် သည် သူ တို့ အ ကြံ အ စည် ကို သိ လျှင်၊ လက် သေ သော သူ အား၊ ထ လော့။ အ လယ် ၌ မတ် တတ် နေ လော့ ဟု မိန့် တော် မူ သည် အ တိုင်း ထို သူ သည် ထ ၍ မတ် တတ် နေ ၏။
  • 9 ယေ ရှု က လည်း၊ သင် တို့ ကို ငါ မေး မည်။ ဥ ပုသ် နေ့ ၌ အ ဘယ် သို့ ပြု အပ် သ နည်း။ ကျေး ဇူး ပြု အပ် သ လော။ သူ့ အ ကျိုး ကို ဖျက် ဆီး အပ် သ လော။ အ သက် ကို ကယ် အပ် သ လော၊ သတ် အပ် သ လော ဟု ပ ရိ သတ် တို့ အား မေး တော် မူ ပြီး လျှင်၊
  • 10 ထို သူ အ ပေါင်း တို့ ကို ပတ် လည် ကြည့် ရှု လျက်၊ သင် ၏ လက် ကို ဆန့် လော့ ဟု ထို သူ အား မိန့် တော် မူ ၍ သူ သည် မိ မိ လက် ကို ဆန့် လျှင်၊ ထို လက် သည် လက် တ ဘက် ကဲ့ သို့ ပ က တိ ဖြစ် လေ ၏။
  • 11 ထို သူ များ တို့ သည် ဒေါ သ စိတ် နှင့် ယစ် မူး ၍ ယေ ရှု အား အ ဘယ် သို့ ပြု အံ့ နည်း ဟု အ ချင်း ချင်း ဆွေး နွှေး ကြ ၏။
  • 12 ထို နေ့ ရက် ကာ လ ၌ ကိုယ် တော် သည် ဆု တောင်း ပ ဌ နာ ပြု ခြင်း ငှါ တောင် ပေါ် သို့ ကြွ ၍ ဘု ရား သ ခင် အား ဆု တောင်း ပ ဌ နာ ပြု လျက် တ ညဉ့် လုံး နေ တော် မူ ၏။
  • 13 မိုဃ်း လင်း သော အ ခါ တ ပည့် တော် တို့ ကို ခေါ် တော် မူ ၍၊
  • 14 ပေ တ ရု အ မည် သစ် ကို ရ သော ရှိ မုန် နှင့် သူ့ ညီ အန္ဒြေ၊ ယာ ကုပ် နှင့် ယော ဟန်၊ ဖိ လိပ္ပု နှင့် ဗာ သော လ မဲ၊
  • 15 မဿဲ နှင့် သော မ၊ အာ လ ဖဲ ၏ သား ယာ ကုပ် နှင့် ဇေ လုပ် ဟု ခေါ် ဝေါ် သော ရှိ မုန်၊
  • 16 ယာ ကုပ် ၏ ညီ ယု ဒ နှင့် ကိုယ် တော် ကို အပ် နှံ သော ယု ဒ ရှ ကာ ရုတ် တည်း ဟူ သော တ ကျိပ် နှစ် ပါး တို့ ကို ရွေး ကောက် ၍ တ မန် တော် အ မည် ဖြင့် သ မုတ် တော် မူ ၏။
  • 17 ထို သူ တို့ နှင့် တ ကွ ကိုယ် တော် သည် တောင် ပေါ် က ဆင်း ကြွ ၍ မြေ ညီ ရာ အ ရပ် ၌ ရပ် တော် မူ ၏။ တ ရား နာ ခြင်း ငှါ ၎င်း၊ အ နာ ရော ဂါ တို့ ကို ငြိမ်း စေ ခြင်း ငှါ ၎င်း၊ ယေ ရု ရှ လင် မြို့ မှ စ ၍ ယု ဒ ပြည်၊ ပင် လယ် ကမ်း နား၊ တု ရု မြို့၊ ဇိ ဒုန် မြို့ အ ရပ် ရပ် တို့ က လာ ကြ သော လူ အ စု အ ဝေး အ ပေါင်း တို့ နှင့် တ ပည့် တော် အ ပေါင်း တို့ သည် ရှိ ကြ ၏။
  • 18 ညစ် ညူး သော နတ် ညှဉ်း ဆဲ သော သူ တို့ သည် လည်း လာ ၍ ချမ်း သာ ရ ကြ ၏။
  • 19 ကိုယ် တော် အ ထဲ က တန် ခိုး ထွက် ၍ လူ အ ပေါင်း တို့ ကို သက် သာ စေ တော် မူ သည် ဖြစ် ၍၊ ပ ရိ သတ် အ ပေါင်း တို့ သည် ကိုယ် တော် ကို တို့ ခြင်း ငှါ ရှာ ကြံ ကြ ၏။
  • 20 ထို အ ခါ ကိုယ် တော် သည် မြော် ၍ တ ပည့် တော် တို့ ကို ကြည့် ရှု တော် မူ လျှင်၊ ဆင်း ရဲ သော သင် တို့ သည် မင်္ဂ လာ ရှိ ကြ ၏။ အ ကြောင်း မူ ကား၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် သည် သင် တို့ ၏ နိုင် ငံ ဖြစ် ၏။
  • 21 ယ ခု တွင် ငတ် မွတ် သော သင် တို့ သည် မင်္ဂ လာ ရှိ ကြ ၏။ အ ကြောင်း မူ ကား၊ သင် တို့ သည် ဝ ပြော ခြင်း သို့ ရောက် ကြ လ တံ့။ ယ ခု တွင် ငို ကြွေး သော သင် တို့ သည် မင်္ဂ လာ ရှိ ကြ ၏။ အ ကြောင်း မူ ကား၊ သင် တို့ သည် ရယ် ကြ လ တံ့။ သူ တ ပါး တို့ သည် လူ သား ကြောင့် သင် တို့ ကို မုန်း သော အ ခါ၊
  • 22 ပယ် ရှား နှင် ထုတ် ၍ ကဲ့ ရဲ့ ခြင်း၊ အ သ ရေ ရှုတ် ချ ခြင်း ကို ပြု သော အ ခါ သင် တို့ သည် မင်္ဂ လာ ရှိ ကြ ၏။
  • 23 ထို ကာ လ ၌ ဝမ်း မြောက် ခြင်း ရှိ ကြ လော့။ ရွှင် မြူး သော စိတ် နှင့် ခုန် ကြ လော့။ အ ကြောင်း မူ ကား၊ ကောင်း ကင် ဘုံ ၌ သင် တို့ ၏ အ ကျိုး သည် ကြီး လှ ပေ ၏။ သူ တို့ ၏ ဘိုး ဘေး များ သည် ပ ရော ဖက် တို့ ကို ထို သို့ ပင် ပြု ကြ ပြီ။
  • 24 တ နည်း ကား၊ ငွေ ရ တတ် သော သင် တို့ သည် အ မင်္ဂ လာ ရှိ ကြ ၏။ အ ကြောင်း မူ ကား၊ သင် တို့ သည် မိ မိ သက် သာ ခြင်း ကို ယ ခု ခံ ရ ကြ ၏။
  • 25 ဝ စွာ စား ရ သော သင် တို့ သည် အ မင်္ဂ လာ ရှိ ကြ ၏။ အ ကြောင်း မူ ကား၊ သင် တို့ သည် ငတ် မွတ် ခြင်း သို့ ရောက် ရ ကြ လ တံ့။ ယ ခု ရယ် တတ် သော သင် တို့ သည် အ မင်္ဂ လာ ရှိ ကြ ၏။ အ ကြောင်း မူ ကား၊ သင် တို့ သည် ညည်း တွား ငို ကြွေး ရ ကြ လ တံ့။
  • 26 လူ တို့ သည် သင် တို့ ကို ချီး မွမ်း သော အ ခါ၊ သင် တို့ သည် အ မင်္ဂ လာ ရှိ ကြ ၏။ အ ကြောင်း မူ ကား၊ သူ တို့ ၏ ဘိုး ဘေး များ သည် မိစ္ဆာ ပ ရော ဖက် တို့ ကို ထို သို့ ပင် ပြု ကြ ပြီ။
  • 27 ငါ့ စ ကား ကို ကြား ရ သော သင် တို့ အား ငါ ဆို သည် ကား၊ သင် တို့ ၏ ရန် သူ တို့ ကို ချစ် ကြ လော့။ သင် တို့ ကို မုန်း သော သူ တို့ အား ကျေး ဇူး ပြု ကြ လော့။
  • 28 သင် တို့ ကို ကျိန် ဆဲ သော သူ တို့ အား မေတ္တာ ပို့ ကြ လော့။ သင် တို့ ကို နှောင့် ရှက် သော သူ တို့ အ ဘို့ ဘု ရား သ ခင် ကို ဆု တောင်း ကြ လော့။
  • 29 သင် ၏ ပါး တ ဘက် ကို ပုတ် သော သူ အား ပါး တ ဘက် ကို ပေး ဦး လော့။ သင့် ဝတ် လုံ ကို သိမ်း ယူ သော သူ အား သင့် အင်္ကျီ ကို လည်း ယူ စေ ခြင်း ငှါ အ ခွင့် ပေး ဦး လော့။
  • 30 အ ကြင် သူ သည် သင့် ကို တောင်း ၏၊ ထို သူ အား ပေး လော့။ သင့် ဥစ္စာ ကို သိမ်း ယူ သော သူ အား ပြန် ၍ မ တောင်း နှင့်။
  • 31 သင် တို့ သည် ကိုယ် ၌ သူ တ ပါး ပြု စေ လို သည် အ တိုင်း သူ တ ပါး ၌ ပြု ကြ လော့။
  • 32 သင် တို့ ကို ချစ် သော သူ တို့ အား သာ ချစ် တုံ့ ပြု လျှင် အ ဘယ် ကျေး ဇူး တင် သ နည်း။ ဆိုး သော သူ တို့ သည် ကိုယ် ချစ် သော သူ တို့ အား ချစ် တုံ့ ပြု ကြ သည် မ ဟုတ် လော။
  • 33 သင် တို့ ကို ကျေး ဇူး ပြု သော သူ တို့ အား သာ ကျေး ဇူး ပြု လျှင် အ ဘယ် ကျေး ဇူး တင် သ နည်း။ ဆိုး သော သူ တို့ သည် ဤ မျှ လောက် ပြု ကြ သည် မ ဟုတ် လော။
  • 34 သူ တ ပါး အား ဥစ္စာ ချေး ငှါး သော အ ခါ ဆပ် ပေး လိမ့် မည် ဟု မြော် လင့် လျက် ချေး ငှါး လျှင် အ ဘယ် ကျေး ဇူး တင် သ နည်း။ ဆိုး သော သူ တို့ သည် ကျေး ဇူး ဆပ် ခြင်း ကို ခံ လို ၍ ဆိုး သော သူ ချင်း တို့ အား ချေး ငှါး တတ် သည် မ ဟုတ် လော။
  • 35 သင် တို့ မူ ကား ရန် သူ တို့ ကို ချစ် ကြ လော့။ ကျေး ဇူး ပြု ကြ လော့။ တ စုံ တ ခု ကို ရ မည် ဟု မြော် လင့် ခြင်း မ ရှိ ဘဲ ချေး ငှါး ကြ လော့။ ထို သို့ ပြု လျှင် သင် တို့ အ ကျိုး ကြီး လိမ့် မည်။ အ မြင့် ဆုံး သော ဘု ရား ၏ သား ဖြစ် ကြ လိမ့် မည်။
  • 36 ထို ဘု ရား သည် ကျေး ဇူး မ သိ သော သူ၊ ဆိုး ညစ် သော သ ဘော ရှိ သော သူ တို့ အား ကျေး ဇူး ပြု တော် မူ ၏။ ထို ကြောင့် သင် တို့ အ ဘ သည် သ နား ခြင်း စိတ် ရှိ တော် မူ သည် နည်း တူ သင် တို့ သည် လည်း သ နား ခြင်း စိတ် ရှိ ကြ လော့။
  • 37 သူ တ ပါး ၏ အ မှု ၌ စစ် ကြော ဆုံး ဖြတ် ခြင်း ကို မ ပြု ကြ နှင့်။ မ ပြု လျှင် သင် တို့ သည် စစ် ကြော ဆုံး ဖြတ် ခြင်း နှင့် ကင်း လွတ် ကြ လိမ့် မည်။ သူ တ ပါး ကို အ ပြစ် မ စီ ရင် ကြ နှင့်။ မ စီ ရင် လျှင် သင် တို့ သည် အ ပြစ် စီ ရင် ခြင်း နှင့် ကင်း လွတ် ကြ လိမ့် မည်။ သူ့ အ ပြစ် ကို လွှတ် ကြ လော့။ လွှတ် လျှင် ကိုယ် အ ပြစ် လွတ် လိမ့် မည်။
  • 38 သူ တ ပါး အား ပေး ကြ လော့။ ပေး လျှင် သူ တ ပါး သည် သင် တို့ အား ပေး ကြ လိမ့် မည်။ အ မှန် ခြင် ရုံ မျှ မ က၊ သိပ် နှက် လျက်၊ လှုပ် လျက်၊ လျှံ လျက် ရှိ ခြင်း နှင့် သင် တို့ ရင် ခွင် ၌ ပေး ကြ လိမ့် မည်။ အ ကြောင်း မူ ကား၊ အ ကြင် ချိန်၊ တင်း ပ မာ ဏ နှင့် သင် တို့ သည် သူ တ ပါး အား ပေး ၏၊ ထို ပ မာ ဏ အ တိုင်း ကိုယ် ခံ ရ ကြ မည်။
  • 39 ဥ ပ မာ ကား၊ လူ ကန်း သည် လူ ကန်း အား လမ်း ကို ပြ နိုင် သ လော။ နှစ် ဦး တို့ သည် တွင်း ထဲ သို့ ကျ လိမ့် မည် မ ဟုတ် လော။
  • 40 တ ပည့် သည် ဆ ရာ ထက် မ သာ။ အ ပြီး သင် ပြီး သော တ ပည့် တိုင်း မိ မိ ဆ ရာ ကဲ့ သို့ ဖြစ် လိမ့် မည်။
  • 41 ကိုယ် မျက် စိ ၌ ရှိ သော တံ ကျင် ကို မ အောက် မေ့ ဘဲ၊ ညီ အစ် ကို မျက် စိ ၌ ရှိ သော ငြောင့် ငယ် ကို အ ဘယ် ကြောင့် ကြည့် ရှု သ နည်း။
  • 42 ကိုယ် မျက် စိ ၌ ရှိ သော တံ ကျင် ကို မ မြင် မ မှတ် ဘဲ လျက်၊ ညီ အစ် ကို၊ သင် ၏ မျက် စိ ၌ ရှိ သော ငြောင့် ငယ် ကို ထုတ် ပါ ရ စေ ဟု အ ဘယ် သို့ ညီ အစ် ကို အား ဆို ရ သ နည်း။ လျှို့ ဝှက် သော သူ၊ ကိုယ် မျက် စိ ၌ ရှိ သော တံ ကျင် ကို ရှေ့ ဦး စွာ ထုတ် လော့။ နောက် မှ ညီ အစ် ကို မျက် စိ ၌ ရှိ သော ငြောင့် ငယ် ကို ထုတ် ခြင်း ငှါ ရှင်း လင်း စွာ မြင် လိမ့် မည်။
  • 43 မ ကောင်း သော အ သီး ကို သီး သော အ ပင် ကား၊ ကောင်း သော အ ပင် မ ဟုတ်။ ကောင်း သော အ သီး ကို သီး သော အ ပင် ကား၊ မ ကောင်း သော အ ပင် မ ဟုတ်။
  • 44 အ သီး ကို ထောက် ၍ အ ပင် သ ဘော ကို သိ ရ ၏။ ဆူး ပင် ၌ သင်္ဘော သ ဖန်း သီး ကို မ ဆွတ် တတ်။ တော ချုံ ၌ စ ပျစ် သီး ကို မ ဆွတ် တတ်။
  • 45 ကောင်း သော သူ သည် ကောင်း သော မိ မိ စိတ် နှ လုံး ဘဏ္ဍာ တိုက် ထဲ က ကောင်း သော အ ရာ ကို ထုတ် ဘော် တတ် ၏။ မ ကောင်း သော သူ သည် မ ကောင်း သော မိ မိ စိတ် နှ လုံး ဘဏ္ဍာ တိုက် ထဲ က မ ကောင်း သော အ ရာ ကို ထုတ် ဘော် တတ် ၏။ အ ကြောင်း မူ ကား၊ စိတ် နှ လုံး အ ပြည့် ရှိ သည် အ တိုင်း နှုတ် မြွက် တတ် ၏။
  • 46 ငါ့ စ ကား ကို နား မ ထောင် ဘဲ လျက်၊ ငါ့ ကို သ ခင်၊ သ ခင် ဟု အ ဘယ် ကြောင့် ခေါ် ကြ သ နည်း။
  • 47 ငါ့ ထံ သို့ လာ ၍ ငါ့ စ ကား ကို ကြား သည် အ တိုင်း နား ထောင် သော သူ သည် အ ဘယ် သူ နှင့် တူ သ နည်း ဟူ မူ ကား၊
  • 48 တိုက် ကို တည် သော အ ခါ နက် စွာ တူး ၍ ကျောက် ပေါ် မှာ တိုက် မြစ် ချ သော သူ နှင့် တူ ၏။ မြစ် ရေ ထ သ ဖြင့် ရေ စီး ၍ ထို တိုက် ကို ရိုက် ခတ် သော အ ခါ ကျောက် ပေါ် မှာ တည် လျက် ရှိ သော ကြောင့် မ လှုပ် နိုင် ရာ။
  • 49 ငါ့ စ ကား ကို ကြား ၍ နား မ ထောင် သော သူ မူ ကား၊ အ ခု အ ခံ မ ရှိ ဘဲ မြေ ပေါ် မှာ တိုက် ကို တည် သော သူ နှင့် တူ ၏။ ရေ စီး ၍ ထို တိုက် ကို ရိုက် ခတ် သော အ ခါ၊ ချက် ခြင်း လဲ ၍ အ ကုန် အ စင် ပြို ပျက် လေ သည် ဟု ဟော တော် မူ ၏။
回到本卷目录 回到本版本目录 回到首页