လုကာ-1

(Judson ယုဒသန်)

切换到福音影视网-新版圣经

  • 1 ရှေ့ ဦး စွာ မှ စ ၍ ကိုယ် တိုင် မြင် သော သက် သေ ဖြစ် လျက်၊ နှုတ် က ပတ် တော် မှု ကို ဆောင် ရွက် သော သူ တို့ သည်၊
  • 2 ငါ တို့ တွင် ထင် ရှား စွာ ဖြစ် လေ ပြီး သော အတ္ထုပ္ပတ္တိ များ ကို ငါ တို့ အား ကြား ပြော သည့် အ စဉ် အ တိုင်း မှတ် သား သော စာ ကို စီ ရင် ရေး ထား သော သူ အ များ ရှိ ကြ သည် ဖြစ် ၍၊
  • 3 ငါ သည် လည်း ထို အတ္ထုပ္ပတ္တိ အ လုံး စုံ တို့ ကို ရှေ့ ဦး စွာ မှ စ ၍၊
  • 4 စေ့ စေ့ ဖွေ ရှာ လိုက် စစ် ပြီး လျှင်၊ ကိုယ် တော် သင် ပြီး သော အ ကြောင်း အ ရာ တို့ သည် ဧ ကန် အ မှန် ဖြစ် ကြောင်း ကို ကိုယ် တော် သိ စေ ခြင်း ငှါ အ စဉ် အ တိုင်း ရေး ထား ၍ ကြား လိုက် မည် အ ကြံ ရှိ ပါ ၏၊ အ လွန် မြတ် သော သော် ဖိ လု။
  • 5 ယု ဒ ပြည် ကို အ စိုး ရ သော ဟေ ရုဒ် မင်း ကြီး လက် ထက်၊ အ ဘိ ယ အ သင်း ဝင် ဖြစ် ၍၊ ဇာ ခ ရိ အ မည် ရှိ သော ယဇ် ပု ရော ဟိတ် တ ပါး ရှိ ၏။ သူ ၏ ခင် ပွန်း သည် အာ ရုန် အ မျိုး အ နွယ် ဖြစ် ၏။ သူ့ အ မည် ကား၊ ဧ လိ ရှ ဗက် တည်း။
  • 6 ထို သူ နှစ် ယောက် တို့ သည် ထာ ဝ ရ ဘု ရား ၏ ပ ညတ် တ ရား တော် အ မျိုး မျိုး တို့ ကို ကျင့် ဆောင် ၍ အ ပြစ် တင် ခွင့် နှင့် လွတ် သ ဖြင့်၊ ဘု ရား သ ခင့် ရှေ့ တော် ၌ ဖြောင့် မတ် ခြင်း ပါ ရ မီ ရှိ ကြ ၏။
  • 7 ဧ လိ ရှ ဗက် သည် မြုံ သော ကြောင့် သူ တို့ သည် သား မ ရှိ။ ထို သူ နှစ် ယောက် တို့ သည် အ သက် အ ရွယ် ကြီး ရင့် ကြ ၏။
  • 8 ဇာ ခ ရိ သည် မိ မိ အ သင်း နှင့် တ ကွ အ လှည့် သင့် ၍၊ ဘု ရား သ ခင့် ရှေ့ တော် ၌ ယဇ် ပု ရော ဟိတ် အ မှု ကို ဆောင် ရွက် သည် တွင်၊
  • 9 ယဇ် ပု ရော ဟိတ် ထုံး စံ အ တိုင်း စာ ရေး တံ ချ သ ဖြင့်၊ သူ သည် ထာ ဝ ရ ဘု ရား ၏ ဗိ မာန် တော် အ တွင်း သို့ ဝင် ၍ နံ့ သာ ပေါင်း ကို မီး ရှို့ ရ ၏။
  • 10 ထို သို့ နံ့ သာ ပေါင်း ကို မီး ရှို့ သည့် အ ချိန် တွင်၊ လူ များ အ ပေါင်း တို့ သည် ပြင် ၌ ဆု တောင်း လျက် နေ ကြ ၏။
  • 11 ထို အ ခါ ထာ ဝ ရ ဘု ရား ၏ ကောင်း ကင် တ မန် သည် ထင် ရှား ၍၊ နံ့ သာ ပေါင်း ကို ရှို့ သော ယဇ် ပလ္လင် လက်ျာ ဘက် ၌ ရပ် နေ သည် ကို၊
  • 12 ဇာ ခ ရိ သည် မြင် လျှင်၊ စိတ် နှ လုံး မ ငြိမ် မ ဝပ် ထိတ် လန့် ခြင်း သို့ ရောက် ၏။
  • 13 ကောင်း ကင် တ မန် က လည်း၊ ဇာ ခ ရိ၊ ကြောက် ရွံ့ ခြင်း မ ရှိ နှင့်။ သင် ပြု သော ပ ဌ နာ ကို နား ခံ တော် မူ ပြီ။ သင် ၏ ခင် ပွန်း ဧ လိ ရှ ဗက် သည် သား ယောက်ျား ကို ဘွား မြင် လိမ့် မည်။ ထို သား ကို ယော ဟန် အ မည် ဖြင့် မှည့် ရ မည်။
  • 14 သင် သည် ဝမ်း သာ ရွှင် မြူး ခြင်း ရှိ လိမ့် မည်။ ထို သား ကို ဘွား မြင် သော ကြောင့် လူ အ များ တို့ သည် လည်း ဝမ်း မြောက် ခြင်း သို့ ရောက် ကြ လိမ့် မည်။
  • 15 အ ကြောင်း မူ ကား၊ ထို သား သည် ထာ ဝ ရ ဘု ရား ရှေ့ တော် ၌ ကြီး မြတ် သော သူ ဖြစ် လိမ့် မည်။ စ ပျစ် ရည် နှင့် ယဇ် မျိုး ကို မ သောက် ဘဲ နေ ၍၊ အ မိ ဝမ်း ထဲ က ပင် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် ဝ လိမ့် မည်။
  • 16 ဣ သ ရေ လ အ မျိုး သား အ များ တို့ ကို သူ တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား အ ထံ တော် သို့ ပြောင်း လဲ စေ လိမ့် မည်။
  • 17 အ ဘ တို့ နှင့် သား တို့ ကို အ သင့် အ တင့် ဖြစ် စေ ခြင်း ငှါ ၎င်း၊ ငြင်း ဆန် သော သူ တို့ ကို သူ တော် ကောင်း တို့ ၏ သ တိ ပ ညာ လမ်း သို့ ပြောင်း လဲ စေ သော အား ဖြင့်၊ ထာ ဝ ရ ဘု ရား အ ဘို့ အ လို ငှါ ပြင် ဆင် သော လူ မျိုး ဖြစ် စေ ခြင်း ငှါ ၎င်း၊ သူ သည် ဧ လိ ယ ၏ စိတ် ဝိ ညာဉ် တန် ခိုး နှင့် ပြည့် စုံ လျက်၊ ဘု ရား သ ခင့် ရှေ့ တော် သို့ သွား လိမ့် မည် ဟု ကောင်း ကင် တ မန် ပြော ဆို ၏။
  • 18 ဇာ ခ ရိ က လည်း၊ ထို သို့ ဖြစ် လိမ့် မည် ကို အ ကျွန်ုပ် သည် အ ဘယ် သို့ သိ ရ ပါ မည် နည်း။ အ ကျွန်ုပ် သည် လူ အို ဖြစ် ပါ ၏။ အ ကျွန်ုပ် မ ယား သည် လည်း အ သက် အ ရွယ် ကြီး ရင့် ပါ ပြီ ဟု ကောင်း ကင် တ မန် အား ပြော ဆို လျှင်၊
  • 19 ကောင်း ကင် တ မန် က၊ ငါ သည် ဘု ရား သ ခင့် အ ထံ တော် ၌ ခ စား သော ဂါ ဗြေ လ ဖြစ် ၏။ သင့် ကို နှုတ် ဆက် ၍ ဤ ဝမ်း မြောက် စ ရာ သိ တင်း ကို ကြား ပြော စေ ခြင်း ငှါ ငါ့ ကို စေ လွှတ် တော် မူ ၏။
  • 20 သင် သည် ငါ့ စ ကား ကို မ ယုံ သော ကြောင့် ဤ အ ကြောင်း အ ရာ မ ဖြစ် မှီ နေ့ တိုင် အောင် စ ကား မ ပြော နိုင် ဘဲ၊ အ လျက် နေ လိမ့် မည်။ ငါ့ စ ကား သည် ကား၊ အ ချိန် တန် လျှင် ပြည့် စုံ လိမ့် မည် ဟု ပြော ဆို ၏။
  • 21 လူ များ တို့ သည် ဇာ ခ ရိ ကို ငံ့ လင့် ၍၊ ဗိ မာန် တော် အ တွင်း ၌ ကြာ မြင့် စွာ နေ သည် ကို အံ့ ဩ ခြင်း ရှိ ကြ ၏။
  • 22 သူ သည် ထွက် လာ သော အ ခါ စ ကား မ ပြော နိုင် သည် ဖြစ် ၍၊ ဗိ မာန် တော် ၌ ဗျာ ဒိတ် ရူ ပါ ရုံ ကို မြင် ပြီ ဟု ရိပ် မိ ကြ ၏။ ဇာ ခ ရိ သည် သူ တို့ အား အ ရိပ် အ မှတ် ကို သာ ပေး ၍ စ ကား အ လျက် နေ ၏။
  • 23 ယဇ် ပု ရော ဟိတ် အ မှု ကို ဆောင် ရွက် ရ သော အ ချိန် ကာ လ ကုန် သော အ ခါ၊ ဇာ ခ ရိ သည် မိ မိ အိမ် သို့ သွား လေ ၏။
  • 24 ထို နောက် သူ ၏ ခင် ပွန်း ဧ လိ ရှ ဗက် သည် ပ ဋိ သန္ဓေ စွဲ ၍၊
  • 25 ငါ သည် လူ တို့ တွင် ခံ ရ သော ကဲ့ ရဲ့ ခြင်း အ ကြောင်း ကို ထာ ဝ ရ ဘု ရား သည် ပယ် ရှင်း ခြင်း ငှါ ငါ့ ကို ကြည့် ရှု တော် မူ စဉ် တွင်၊ ဤ ကျေး ဇူး တော် ကို ပြု တော် မူ ပြီ ဟု ဆို လျက်၊ ငါး လ ပတ် လုံး အိမ် တွင်း ၌ အောင်း ၍ နေ လေ ၏။
  • 26 ငါး လ လွန် သော အ ခါ၊ ဂါ လိ လဲ ပြည် နာ ဇ ရက် မြို့ ၌ ဒါ ဝိဒ် အ မျိုး သား၊ ယော သပ် အ မည် ရှိ သော လူ နှင့် ထိမ်း မြား ဆောင် နှင်း ၍၊
  • 27 မ ရှက် တင် သေး သော သ တို့ သ မီး က ညာ ဆီ သို့ ဘု ရား သ ခင် သည် ကောင်း ကင် တ မန် ဂါ ဗြေ လ ကို စေ လွှတ် တော် မူ ၏။ ထို သ တို့ သ မီး က ညာ ကား၊ မာ ရိ အ မည် ရှိ ၏။
  • 28 ကောင်း ကင် တ မန် သည် ရောက် လာ လျှင်၊ ကျေး ဇူး တော် ကို ခံ ရ သော မိန်း မ၊ သင့် အား မင်္ဂ လာ ဖြစ် စေ သ တည်း။ ထာ ဝ ရ ဘု ရား သည် သင် နှင့် အ တူ ရှိ တော် မူ ၏။ သင် သည် မိန်း မ တ ကာ တို့ ထက် မြတ် စွာ သော မင်္ဂ လာ ရှိ သည် ဟု ပြော ဆို ၏။
  • 29 မာ ရိ သည် ထို စ ကား ကို ကြား လျှင် စိတ် နှ လုံး မ ငြိမ် မ ဝပ် ရှိ ၍၊ ဤ နှုတ် ဆက် ခြင်း ကား အ ဘယ် သို့ သော နှုတ် ဆက် ခြင်း ဖြစ် လိမ့် မည် နည်း ဟု တွေး တော ဆင် ခြင် ၍ နေ ၏။
  • 30 ကောင်း ကင် တ မန် က လည်း၊ မာ ရိ၊ ကြောက် ရွံ့ ခြင်း မ ရှိ နှင့်။ သင် သည် ဘု ရား သ ခင့် ရှေ့ တော် ၌ မျက် နှာ ရ ပြီ။
  • 31 သင် သည် ပ ဋိ သန္ဓေ စွဲ ယူ ၍ သား ယောက်ျား ကို ဘွား မြင် လိမ့် မည်။ ထို သား ကို ယေ ရှု အ မည် ဖြင့် မှည့် ရ မည်။
  • 32 ထို သား သည် ကား၊ ကြီး မြတ် သော သူ ဖြစ် လိမ့် မည်။ အ မြင့် ဆုံး သော ဘု ရား ၏ သား တော် ဟု ခေါ် ဝေါ် သ မုတ် ခြင်း ကို ခံ ရ လိမ့် မည်။ သူ့ အ ဘ ဒါ ဝိဒ် ၏ ရာ ဇ ပလ္လင် ကို ထာ ဝ ရ အ ရှင် ဘု ရား သ ခင် သည် သူ့ အား ပေး တော် မူ မည်။
  • 33 ထို သူ သည် လည်း ယာ ကုပ် အ မျိုး အ နွှယ် ကို အ စဉ် မ ပြတ် အုပ် စိုး လိမ့် မည်။ သူ ၏ နိုင် ငံ သည် လည်း ဆုံး ခြင်း မ ရှိ ရ ဟု ပြော ဆို ၏။
  • 34 မာ ရိ က လည်း၊ ဤ အ မှု အ ရာ သည် အ ဘယ် သို့ ဖြစ် လိမ့် မည် နည်း။ အ ကျွန်ုပ် သည် ယောက်ျား နှင့် မ ဆက် ဆံ ပါ ဟု ကောင်း ကင် တ မန် အား ပြန် ပြော ၏။
  • 35 ကောင်း ကင် တ မန် က လည်း၊ သန့် ရှင်း သော ဝိ ညာဉ် တော် သည် သင် ၏ အ ပေါ် မှာ သက် ရောက် တော် မူ ၍၊ အ မြင့် ဆုံး သော ဘု ရား ၏ တန် ခိုး အာ နု ဘော် တော် သည် သင့် ကို လွှမ်း မိုး လိမ့် မည်။ ထို အ ကြောင်း ကြောင့် ထို သန့် ရှင်း သော သား သည် လည်း ဘု ရား သ ခင် ၏ သား တော် ဟု ခေါ် ဝေါ် သ မုတ် ခြင်း ကို ခံ ရ လိမ့် မည်။
  • 36 ထို မှ တ ပါး၊ အ မြုံ မ ဟူ ၍ ခေါ် ဝေါ် သော သင် ၏ အ ဆွေ အ မျိုး ဧ လိ ရှ ဗက် သည် ပ ဋိ သန္ဓေ စွဲ ယူ ၍ ယ ခု ခြောက် လ အ ဝင် ရှိ ပြီ။
  • 37 ဘု ရား သ ခင် တတ် နိုင် တော် မ မူ သော အ မှု မ ရှိ ဟု ပြော ဆို လျှင်၊
  • 38 မာ ရိ က၊ အ ကျွန်ုပ် သည် ထာ ဝ ရ ဘု ရား ၏ ကျွန် မ ဖြစ် ပါ ၏။ ကိုယ် တော် ၏ စ ကား အ တိုင်း အ ကျွန်ုပ် ၌ ဖြစ် ပါ စေ သော ဟု ဝန် ခံ ပြီး မှ၊ ကောင်း ကင် တ မန် သည် မာ ရိ ထံ မှ သွား လေ ၏။
  • 39 ထို အ ခါ မာ ရိ သည် ထ ၍၊ တောင် ကြား အ ရပ် ၌ ရှိ သော ယု ဒ မြို့ တ မြို့ သို့ အ လျင် အ မြန် သွား ပြီး လျှင်၊
  • 40 ဇာ ခ ရိ အိမ် သို့ ဝင် ၍ ဧ လိ ရှ ဗက် ကို နှုတ် ဆက် လေ ၏။
  • 41 ထို နှုတ် ဆက် ခြင်း စ ကား ကို ဧ လိ ရှ ဗက် သည် ကြား စဉ် တွင် မိ မိ ဝမ်း ၌ ရှိ သော သူ ငယ် သည် ခုန် ၍၊ မိ မိ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊
  • 42 သင် သည် မိန်း မ တ ကာ တို့ ထက် မြတ် စွာ သော မင်္ဂ လာ ရှိ ၏။ သင် ၏ ဝမ်း ၌ ရှိ သော သူ ငယ် သည် လည်း မြတ် စွာ သော မင်္ဂ လာ ရှိ ၏။
  • 43 အ ကျွန်ုပ် သ ခင် ၏ မယ် တော် သည် အ ကျွန်ုပ် ဆီ သို့ ကြွ လာ သော ကျေး ဇူး ကို အ ဘယ် အ ကြောင်း ကြောင့် အ ကျွန်ုပ် ခံ ရ ပါ သ နည်း။
  • 44 သင် ၏ နှုတ် ဆက် ခြင်း စ ကား သံ ကို အ ကျွန်ုပ် ကြား စဉ် တွင်၊ အ ကျွန်ုပ် ဝမ်း ထဲ ၌ သူ ငယ် သည် ရွှင် မြူး သော စိတ် နှင့် ခုန် ၏။
  • 45 ယုံ ကြည် သော မိန်း မ သည် မင်္ဂ လာ ရှိ ၏။ အ ကြောင်း မူ ကား၊ ထို မိန်း မ အား ထာ ဝ ရ ဘု ရား မိန့် တော် မူ သော စ ကား သည် ပြည့် စုံ လိမ့် မည် ဟု ကြီး သော အ သံ နှင့် မြွက် ဆို ၏။
  • 46 မာ ရိ က လည်း၊ ငါ့ စိတ် နှ လုံး သည် ထာ ဝ ရ ဘု ရား ကို ချီး မွမ်း ၏။
  • 47 ငါ့ ကို ကယ် တင် တော် မူ သော အ ရှင် ဘု ရား သ ခင် ကို အ မှီ ပြု ၍ ငါ့ ဝိ ညာဉ် သည် ရွှင် လန်း ခြင်း ရှိ ၏။
  • 48 အ ကြောင်း မူ ကား၊ မိ မိ ကျွန် မ ၏ နှိမ့် ချ သော အ ဖြစ် ကို ကြည့် ရှု တော် မူ ပြီ။ နောင် ကာ လ ၌ ခပ် သိမ်း သော လူ အ စဉ် အ ဆက် တို့ သည် ငါ့ ကို မင်္ဂ လာ ရှိ သော သူ ဟူ ၍ ခေါ် ကြ လိမ့် မည်။
  • 49 တန် ခိုး နှင့် ပြည့် စုံ တော် မူ သော ဘု ရား သည် အံ့ ဘွယ် သော ကျေး ဇူး တော် ကို ငါ့ အား ပြု တော် မူ ပြီ။ ထို ဘု ရား ၏ နာ မ တော် သည် ရို သေ ဘွယ် ဖြစ် တော် မူ ၏။
  • 50 ထာ ဝ ရ ဘု ရား ကို ကြောက် ရွံ့ သော သူ တို့ သည် သ နား တော် မူ ခြင်း ကျေး ဇူး ကို အ စဉ် မ ပြတ် ခံ စား ကြ ၏။
  • 51 လက် ရုံး တော် အား ဖြင့် တန် ခိုး ကို ပြ တော် မူ ပြီ။ မာ န ထောင် လွှား သော သူ တို့ ကို ကွဲ လွင့် စေ တော် မူ ပြီ။
  • 52 ဘု ရင် တို့ ကို ရာ ဇ ပလ္လင် ပေါ် မှ ချ ၍ နှိမ့် ချ သော သူ တို့ ကို ချီး မြှောက် တော် မူ ပြီ။
  • 53 ငတ် မွတ် သော သူ တို့ ကို ကောင်း မွန် စွာ ကျွေး ၍ ရ တတ် သော သူ တို့ ကို လက် ချည်း လွှတ် လိုက် တော် မူ ပြီ။
  • 54 ငါ တို့ ဘိုး ဘေး များ တို့ အား ဗျာ ဒိတ် ထား တော် မူ သည် နှင့် အ ညီ၊
  • 55 အာ ဗြ ဟံ မှ စ သော သူ ၏ အ မျိုး အ နွှယ် အား သ နား ခြင်း ကျေး ဇူး တော် ကို အ စဉ် အ မြဲ ပြု ခြင်း ငှါ သ တိ ထား ၍ မိ မိ ကျွန် ဣ သ ရေ လ ကို မ စ တော် မူ ပြီ ဟု ဆို ၏။
  • 56 မာ ရိ သည် လည်း ဧ လိ ရှ ဗက် ထံ မှာ သုံး လ ခန့် နေ ပြီး မှ မိ မိ အိမ် သို့ ပြန် လေ ၏။
  • 57 ဧ လိ ရှ ဗက် သည် ဘွား အံ့ သော နေ့ လ စေ့ သော အ ခါ သား ယောက်ျား ကို ဘွား မြင် ၏။
  • 58 ထာ ဝ ရ ဘု ရား သည် ထူး မြတ် သော သ နား ခြင်း ကျေး ဇူး တော် ကို ဧ လိ ရှ ဗက် အား ပြု သည် ကို၊ အိမ် နီး ချင်း အ ဆွေ အ မျိုး တို့ သည် ကြား လတ် သော်၊ သူ နှင့် အ တူ ဝမ်း မြောက် ဝမ်း သာ ကြ ၏။
  • 59 ရှစ် ရက် မြောက် သော နေ့ ၌ အ ရေ ဖျား လှီး ခြင်း ကို သူ ငယ် အား ပေး အံ့ သော ငှါ လာ ကြ ၍၊ အ ဘ ၏ အ မည် ဖြစ် သော ဇာ ခ ရိ အ မည် ဖြင့် မှည့် သော အ ခါ အ မိ က၊ ထို သို့ မ မှည့် ရ။
  • 60 ယော ဟန် အ မည် ဖြင့် မှည့် ရ မည် ဟု ဆို လျှင်၊ သူ တို့ က၊
  • 61 ယော ဟန် အ မည် ဖြင့် သင် ၏ အ ဆွေ အ မျိုး တွင် တ ယောက် ကို မျှ မ မှည့် ဟု ဆို ၍၊
  • 62 အ ဘ သည် အ ဘယ် သို့ မှည့် စေ လို သ နည်း ဟု အ မှတ် အား ဖြင့် မေး ကြ ၏။
  • 63 အ ဘ သည် လည်း သင် ပုန်း ကို တောင်း ၍၊ သူ ၏ အ မည် ကား ယော ဟန် ဖြစ် ၏ ဟု ရေး လေ သော်၊ ထို သူ အ ပေါင်း တို့ သည် အံ့ ဩ ခြင်း ရှိ ကြ ၏။
  • 64 ထို ခ ဏ ခြင်း တွင် ဇာ ခ ရိ သည် နှုတ် ဖွင့် ခြင်း၊ လျှာ လွတ် ခြင်း ရှိ သည် ဖြစ် ၍၊ စ ကား အား ဖြင့် ဘု ရား သ ခင် ၏ ကျေး ဇူး တော် ကို ချီး မွမ်း လေ ၏။
  • 65 အိမ် နီး ချင်း ရှိ သ မျှ တို့ သည် ကြောက် ရွံ့ ခြင်း ရှိ ကြ ၍ ထို အ မှု အ ရာ များ သည် ယု ဒ ပြည် တောင် ကြား အ ရပ် တို့ ၌ အ နှံ့ အ ပြား ကျော် စော လေ ၏။
  • 66 ကြား သော သူ အ ပေါင်း တို့ သည် နှ လုံး ထဲ ၌ မှတ် သား ၍၊ ဤ သူ ငယ် သည် အ ဘယ် သို့ သော သူ ဖြစ် လိမ့် မည် နည်း ဟု ဆို ကြ ၏။ ထာ ဝ ရ ဘု ရား ၏ လက် တော် သည် လည်း သူ ငယ် နှင့် အ တူ ရှိ တော် မူ ၏။
  • 67 သူ ၏ အ ဘ ဇာ ခ ရိ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် ဝ လျက်၊
  • 68 -
  • 69 -
  • 70 -
  • 71 -
  • 72 -
  • 73 -
  • 74 -
  • 75 ဣ သ ရေ လ အ မျိုး ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား သည် မင်္ဂ လာ ရှိ စေ တော် မူ စေ သ တည်း။ အ ကြောင်း မူ ကား၊ ကမ္ဘာ ဦး မှ စ ၍ ပေါ် ထွန်း သော မိ မိ သန့် ရှင်း သော ပ ရော ဖက် တို့ နှုတ် ဖြင့် ဗျာ ဒိတ် ထား တော် မူ သည် နှင့် အ ညီ၊ ငါ တို့ သည် ရန် သူ ဘေး နှင့် ကင်း လွတ် ၍ ဘု ရား သ ခင့် ရှေ့ တော် ၌ တ သက် လုံး ဖြောင့် မတ် ခြင်း ပါ ရ မီ အား ဖြင့် ဘု ရား ဝတ် ကို ရဲ ရင့် စွာ ပြု ရ သော အ ခွင့် ကို ပေး မည် ဟု ငါ တို့ အ ဘ အာ ဗြ ဟံ အား ကျိန် ဆို ခြင်း ဂ တိ တော် တည်း ဟူ သော သန့် ရှင်း သော ပ ဋိ ညာဉ် တ ရား ကို အောက် မေ့ တော် မူ သ ဖြင့် ၎င်း၊ ငါ တို့ ဘိုး ဘေး များ နှင့် ဝန် ခံ တော် မူ သော သ နား ခြင်း ကျေး ဇူး ကို ပြု တော် မူ သ ဖြင့် ၎င်း၊ မိ မိ လူ မျိုး ကို အ ကြည့် အ ရှု ကြွ လာ လျက် ရွေး နှုတ် ခြင်း ကျေး ဇူး ကို ပြု တော် မူ ၍၊ ငါ တို့ ကို ရန် သူ လက် မှ ၎င်း၊ မုန်း သော သူ ရှိ သ မျှ တို့ လက် မှ ၎င်း ကယ် လွှတ် မည် အ ကြောင်း၊ ကယ် တင် ခြင်း ဦး ချို ကို မိ မိ ကျွန် ဒါ ဝိဒ် အ မျိုး ထဲ ၌ ငါ တို့ အား ပေါ် ထွန်း စေ တော် မူ ပြီ။
  • 76 အ ချင်း သူ ငယ်၊ သင် သည် လည်း အ မြင့် ဆုံး သော ဘု ရား ၏ ပ ရော ဖက် ဟု ခေါ် ဝေါ် ခြင်း ကို ခံ ရ လိမ့် မည်။
  • 77 အ ကြောင်း မူ ကား၊ ငါ တို့ ဘု ရား သ ခင် ၏ သ နား တော် မူ ခြင်း ကျေး ဇူး တော် အား ဖြင့် အ ပြစ် ဖြေ ၍ ကယ် တင် ခြင်း သို့ ရောက် နိုင် ကြောင်း ကို ဘု ရား သ ခင် ၏ လူ မျိုး အား ဘော် ပြ သ ဖြင့်၊ ထာ ဝ ရ ဘု ရား ၏ လမ်း ခ ရီး တော် ကို ပြင် ဆင် ခြင်း ငှါ သင် သည် ရှေ့ တော် ၌ သွား ရ လိမ့် မည်။
  • 78 ထို သ နား တော် မူ ခြင်း ကျေး ဇူး တော် အား ဖြင့်၊ ကောင်း ကင် မှ နေ အာ ရုဏ် သည် ငါ တို့ အ ပေါ် သို့ တက် သ ဖြင့်၊
  • 79 မှောင် မိုက် နှင့် သေ မင်း ၏ အ ရိပ် ထဲ တွင် ရှိ နေ သော သူ တို့ ၌ အ လင်း ပေါ် ထွန်း ၍၊ ငါ တို့ အား ငြိမ် သက် ခြင်း လမ်း ကို ပြ လျက် ရှိ သည် ဟု ပ ရော ဖက် ဉာဏ် နှင့် ဟော လေ ၏။
  • 80 ထို သူ ငယ် သည် ကား၊ ကြီး ပွါး ၍ ဉာဏ် သတ္တိ နှင့် ပြည့် စုံ ၏။ ဣ သ ရေ လ လူ တို့ အား မ ထင် ရှား မှီ တိုင် အောင် တော အ ရပ် ၌ နေ လေ ၏။
回到本卷目录 回到本版本目录 回到首页