1
ယေ ရှု သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် စုံ လျက်၊ ယော် ဒန် မြစ် နား မှ ပြန် စဉ် တွင် ဝိ ညာဉ် တော် သည် တော သို့ ပို့ ဆောင် တော် မူ ၏။
2
အ ရက် လေး ဆယ် ပတ် လုံး မာရ် နတ် ၏ စုံ စမ်း သွေး ဆောင် ခြင်း ကို ခံ တော် မူ ၏။ ထို ကာ လ ပတ် လုံး အ စာ အာ ဟာ ရ ကို သုံး ဆောင် တော် မ မူ။ ထို ကာ လ လွန် ပြီး မှ မွတ် သိပ် တော် မူ ၏။
3
မာရ် နတ် က လည်း၊ ကိုယ် တော် သည် ဘု ရား သ ခင် ၏ သား တော် မှန် လျှင် ဤ ကျောက် ခဲ ကို မုန့် ဖြစ် စေ ခြင်း ငှါ အ မိန့် ရှိ တော် မူ ပါ ဟု လျှောက် လေ ၏။
4
ယေ ရှု က လည်း၊ လူ သည် မုန့် အား ဖြင့် သာ အ သက် ကို မွေး ရ မည် မ ဟုတ်။ ဘု ရား သ ခင် မိန့် တော် မူ သ မျှ အား ဖြင့် အ သက် ကို မွေး ရ မည် ကျမ်း စာ ၌ လာ သည် ဟု ပြန် ပြော တော် မူ ၏။
5
တ ဖန် မာရ် နတ် သည် ယေ ရှု ကို မြင့် လှ သော တောင် ပေါ် သို့ ဆောင် သွား ၍၊ ဤ လော က ၌ ရှိ သ မျှ သော တိုင်း နိုင် ငံ တို့ ကို တ ခ ဏ ခြင်း တွင် ပြ ညွှန် ၍၊
6
ဤ ဘုန်း တန် ခိုး အာ နု ဘော် ရှိ သ မျှ ကို ငါ ၌ အပ် ခဲ့ ပြီ။ ငါ သည် ပေး လို သော သူ အား ပေး ရ သည် ဖြစ် ၍ ကိုယ် တော် အား ပေး ပါ မည်။
7
ငါ့ ကို ကိုး ကွယ် လျှင် ဤ အ လုံး စုံ တို့ သည် ကိုယ် တော် ၏ ဥစ္စာ ဖြစ် လိမ့် မည် ဟု လျှောက် လေ ၏။
8
ယေ ရှု က လည်း၊ အ ချင်း စာ တန်၊ ငါ့ နောက် သို့ ဆုတ် လော့။ သင် ၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို ကိုး ကွယ် ရ မည်။ ထို ဘု ရား သ ခင် ကို သာ ဝတ် ပြု ရ မည် ကျမ်း စာ လာ သည် ဟု ပြန် ပြော တော် မူ ၏။
9
တ ဖန် မာရ် နတ် သည် ယေ ရှု ကို ယေ ရု ရှ လင် မြို့ သို့ ဆောင် သွား ၍၊ ဗိ မာန် တော် ၏ အ ထွဋ် ၌ တင် ထား ပြီး လျှင်၊
10
ကျမ်း စာ လာ သည် ကား၊ သင့် ကို စောင့် ရှောက် စေ ခြင်း ငှါ ကောင်း ကင် တ မန် တို့ အား သင့် အ ဘို့ မှာ ထား တော် မူ သည် ဖြစ် ၍၊
11
သင် ၏ ခြေ ကို ကျောက် နှင့် မ ထိ မ ခိုက် စေ ခြင်း ငှါ၊ သူ တို့ သည် သင့် ကို လက် နှင့် မ စ ချီ ပင့် ကြ လိမ့် မည် ဟု လာ ၏။ ထို ကြောင့် ကိုယ် တော် သည် ဘု ရား သ ခင် ၏ သား တော် မှန် လျှင် ဤ အ ထွဋ် မှ ကိုယ် ကို အောက် သို့ ချ လိုက် တော် မူ ပါ ဟု လျှောက် လေ ၏။
12
ယေ ရှု က လည်း၊ သင် ၏ ဘု ရား သ ခင် ကို သင် သည် အ စုံ အ စမ်း မ ပြု ရ ဟု ကျမ်း စ ကား ရှိ သည် ဟု ပြန် ပြော တော် မူ ၏။
13
ထို သို့ မာရ် နတ် သည် စုံ စမ်း သွေး ဆောင် ခြင်း အ မှု အ လုံး စုံ ကို အ ကုန် အ စင် ပြု ပြီး လျှင်၊ အ ထံ တော် မှ ထွက် သွား ၍ ကာ လ အ တန် အ ရာ နေ လေ ၏။
14
ယေ ရှု သည် ဝိ ညာဉ် တော် တန် ခိုး နှင့် ဂါ လိ လဲ ပြည် သို့ ပြန် ၍၊ သိ တင်း တော် သည် ပတ် ဝန်း ကျင် အ ရပ် တို့ ၌ အ နှံ့ အ ပြား ကျော် စော လေ ၏။ တ ရား စ ရပ် တို့ ၌ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ၍၊
15
လူ အ ပေါင်း တို့ သည် ကိုယ် တော် ကို ချီး မွမ်း ကြ ၏။
16
ကြီး ပွါး တော် မူ ရာ နာ ဇ ရက် မြို့ သို့ ရောက် ပြန် လျှင်၊ ထုံး စံ တော် ရှိ သည် အ တိုင်း ဥ ပုသ် နေ့ ၌ တ ရား စ ရပ် သို့ ဝင် ၍ ကျမ်း စာ ကို ဘတ် ရွတ် ခြင်း ငှါ ထ တော် မူ ၏။
17
စ ရပ် စောင့် သည် ပ ရော ဖက် ဟေ ရှာ ယ ၏ ကျမ်း စာ ကို ပေး သည် ဖြစ် ၍၊ ကျမ်း စာ ကို ဖွင့် တော် မူ လျှင် တွေ့ သော အ ချက် စ ကား ဟူ မူ ကား၊
18
ထာ ဝ ရ ဘု ရား ၏ ဝိ ညာဉ် တော် သည် ငါ့ အ ပေါ် ၌ တည် တော် မူ ၏။
19
အ ကြောင်း မူ ကား၊ ဆင်း ရဲ သား တို့ အား ဝမ်း မြောက် စ ရာ သိ တင်း ကို ကြား ပြော စေ ခြင်း ငှါ ငါ့ ကို ဘိ သိက် ပေး တော် မူ ပြီ။ ကြေ မွ သော သူ တို့ ၏ အ နာ ကို ပျောက် စေ ခြင်း ငှါ ၎င်း၊ ဘမ်း သွား ချုပ် ထား လျက် ရှိ သော သူ တို့ အား လွှတ် ခြင်း အ ကြောင်း နှင့် မျက် စိ ကန်း သော သူ တို့ အား မျက် စိ မြင် ပြန် ခြင်း အ ကြောင်း ကို ပြ စေ ခြင်း ငှါ ၎င်း၊ ညှင်း ဆဲ ခံ ရ သော သူ တို့ ကို ကယ် မ စေ ခြင်း ငှါ ၎င်း၊ ထာ ဝ ရ ဘု ရား ၏ မင်္ဂ လာ နှစ် ကာ လ ကို ကြား ပြော စေ ခြင်း ငှါ ၎င်း၊ ငါ့ ကို စေ လွှတ် တော် မူ ပြီ ဟု လာ သ တည်း။
20
ကျမ်း စာ ကို လိပ် ၍ စ ရပ် စောင့် အား ပေး ပြီး မှ ထိုင် တော် မူ ၏။ စ ရပ် ၌ ရှိ သော သူ အ ပေါင်း တို့ သည် ကိုယ် တော် ကို စေ့ စေ့ ကြည့် လျက် နေ ကြ ၏။
21
ယေ ရှု က လည်း၊ ယ နေ့ ပင် ဤ ကျမ်း စာ ချက် သည် သင် တို့ ကြား သည် အ တိုင်း ပြည့် စုံ လေ ပြီ ဟု မိန့် တော် မူ ၏။
22
ထို သူ အ ပေါင်း တို့ သည် ကိုယ် တော် ကို ဝန် ခံ ၍၊ တင့် တယ် လျောက် ပတ် သော နှုတ် ထွက် စ ကား ကို အံ့ ဩ ချီး မွမ်း လျက်၊ ဤ သူ သည် ယော သပ် ၏ သား မ ဟုတ် တုံ လော ဟု ဆို ကြ ၏။
23
ယေ ရှု က လည်း၊ အ ကယ် ၍ သင် တို့ သည် ပုံ ပ မာ ကို ဆောင် လျက်၊ အ ချင်း ဆေး သ မား၊ ကိုယ် အ နာ ကို ငြိမ်း စေ လော့။ ငါ တို့ သည် သိ တင်း ကြား သည် အ တိုင်း၊ သင် သည် က ပေ ရ နောင် မြို့ ၌ ပြု သ မျှ သော အ မှု အ ရာ တို့ ကို ကိုယ် နေ ရင်း မြို့ ၌ လည်း ပြု ပါ ဟူ ၍ ငါ့ အား ပြော ဆို ကြ လိမ့် မည်။ သို့ သော် လည်း ငါ အ မှန် ဆို သည် ကား၊
24
အ ဘယ် ပ ရော ဖက် မျှ မိ မိ နေ ရင်း မြို့ ၌ မျက် နှာ မ ရ တတ်။
25
ငါ အ မှန် ဆို ပြန် သည် ကား၊ ပ ရော ဖက် ဧ လိ ယ လက် ထက် ၌ သုံး နှစ် နှင့် ခြောက် လ ပတ် လုံး မိုဃ်း ခေါင် ၍၊ ပြည် နိုင် ငံ တ ရှောက် လုံး အ စာ အာ ဟာ ရ အ လွန် ခေါင်း ပါး ခြင်း ရှိ သော အ ခါ၊ ဣ သ ရေ လ အ မျိုး ဖြစ် သော မုတ် ဆိုး မ အ များ ရှိ ကြ ၏။
26
သို့ သော် လည်း ထို မုတ် ဆိုး မ တ ယောက် ရှိ ရာ သို့ မျှ ဧ လိ ယ ကို စေ လွတ် တော် မ မူ။ ဇိ ဒုန် ပြည် ဇ ရတ္တ မြို့ သူ ဖြစ် သော မုတ် ဆိုး မ တ ယောက် ရှိ ရာ သို့ စေ လွှတ် တော် မူ ၏။
27
ပ ရော ဖက် ဧ လိ ရှဲ လက် ထက် တွင် လည်း ဣ သ ရေ လ အ မျိုး ၌ နူ နာ စွဲ သော သူ အ များ ရှိ ကြ ၏။ သို့ သော် လည်း နေ မန် အ မည် ရှိ သော ရှု ရိ လူ မှ တ ပါး အ ဘယ် သူ မျှ သန့် ရှင်း ခြင်း သို့ မ ရောက် ဟု မိန့် တော် မူ ၏။
28
တ ရား စ ရပ် ၌ ရှိ သော လူ အ ပေါင်း တို့ သည် ထို စ ကား တော် ကို ကြား သော အ ခါ ပြင်း စွာ အ မျက် ထွက် သည် နှင့်၊
29
ထ ၍ ကိုယ် တော် ကို မြို့ ပြင် သို့ နှင် ထုတ် ပြီး လျှင်၊ ထို မြို့ တည် ရာ တောင် ထိပ် စွန်း အ ငူ မှ စောက် ထိုး တွန်း ချ ခြင်း ငှါ ဆောင် သွား ကြ ၏။
30
ကိုယ် တော် သည် သူ တို့ အ လယ် ၌ ရှောက် ၍ ကြွ သွား တော် မူ ၏။
31
ဂါ လိ လဲ ပြည် က ပေ ရ နောင် မြို့ သို့ ရောက် လျှင်၊ ဥ ပုသ် နေ့ ၌ ဆုံး မ ဩ ဝါ ဒ ပေး တော် မူ ၏။
32
အာ ဏာ နှင့် ဟော တော် မူ သော ကြောင့် ပ ရိ သတ် တို့ သည် ဒေ သ နာ တော် ကို အ လွန် အံ့ ဩ ကြ ၏။
33
ထို တ ရား စ ရပ် ၌ ညစ် ညူး သော နတ် ဆိုး စွဲ သော သူ တ ယောက် ရှိ ၍၊
34
ဩော် နာ ဇ ရက် မြို့ သား ယေ ရှု၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ နှင့် အ ဘယ် သို့ ဆိုင် သ နည်း။ အ ကျွန်ုပ် တို့ ကို ဖျက် ဆီး ခြင်း ငှါ လာ သ လော။ ကိုယ် တော် သည် အ ဘယ် သူ ဖြစ် သည် ကို အ ကျွန်ုပ် သိ ပါ ၏။ ဘု ရား သ ခင် ၏ သန့် ရှင်း တော် မူ သော သူ ဖြစ် ပါ သည် ဟု ကြီး သော အ သံ နှင့် ဟစ် ကြော် လေ ၏။
35
ယေ ရှု က လည်း၊ တိတ် ဆိတ် စွာ နေ လော့။ ထို သူ ၏ အ ထဲ က ထွက် သွား လော့ ဟု ဆုံး မ တော် မူ လျှင်၊ နတ် ဆိုး သည် ထို သူ ကို လူ များ အ လယ် ၌ လှဲ ချ ၍ ဘေး ဥ ပဒ် မ ပြု ဘဲ ထွက် သွား ၏။
36
လူ အ ပေါင်း တို့ သည် မိန်း မော တွေ ဝေ ၍၊ ဤ စ ကား သည် အ ဘယ် သို့ သော စ ကား နည်း၊ ညစ် ညူး သော နတ် တို့ ကို အာ ဏာ တန် ခိုး နှင့် မှာ ထား ၍ သူ တို့ သည် ထွက် သွား ကြ သည် တ ကား ဟု အ ချင်း ချင်း ဆွေး နွှေး ပြော ဆို ကြ ၏။
37
သိ တင်း တော် သည် လည်း ပတ် ဝန်း ကျင် အ ရပ် တို့ ၌ နှံ့ ပြား ကျော် စော လေ ၏။
38
တ ရား စ ရပ် မှ ထွက် ပြီး လျှင် ရှိ မုန် အိမ် သို့ ကြွ တော် မူ ၏။ ရှိ မုန် ၏ ယောက္ခ မ သည် ပြင်း စွာ သော ဖျား နာ စွဲ သည် ဖြစ် ၍ သူ့ အ တွက် ကိုယ် တော် ကို တောင်း လျှောက် ကြ ၏။
39
ကိုယ် တော် သည် ထို မိန်း မ ၏ အ နား မှာ ရပ် ၍ ဖျား နာ ကို ဆုံး မ တော် မူ လျှင်၊ သူ သည် အ ဖျား ပျောက် သ ဖြင့် ချက် ခြင်း ထ ၍ ဧည့် သည် ဝတ် ကို ပြု လေ ၏။
40
နေ ဝင် သော အ ခါ အ မျိုး မျိုး သော အ နာ ရော ဂါ စွဲ သော သူ တို့ ၏ အ ဆွေ ခင် ပွန်း အ ပေါင်း တို့ သည် ထို လူ နာ တို့ ကို အ ထံ တော် သို့ ဆောင် ခဲ့ ၍၊ ကိုယ် တော် သည် ထို လူ နာ အ သီး အ သီး တို့ အ ပေါ် ၌ လက် တော် ကို တင် သ ဖြင့် အ နာ ရော ဂါ ကို ငြိမ်း စေ တော် မူ ၏။
41
နတ် ဆိုး တို့ သည် လည်း၊ ကိုယ် တော် သည် ခ ရစ် တော် တည်း ဟူ သော ဘု ရား သ ခင် ၏ သား တော် ဖြစ် တော် မူ ၏ ဟု ဟစ် ကြော် လျက် လူ များ မှ ထွက် သွား ကြ ၏။ ကိုယ် တော် သည် ခ ရစ် တော် ဖြစ် ကြောင်း ကို သူ တို့ သိ ကြ သော ကြောင့်၊ စ ကား တ ခွန်း ကို မျှ မ ပြော စေ ခြင်း ငှါ မြစ် တား တော် မူ ၏။
42
မိုဃ်း လင်း သော အ ခါ တော အ ရပ် သို့ ထွက် ကြွ တော် မူ ၍၊ လူ များ တို့ သည် ကိုယ် တော် ကို ရှာ ကြ ၏။ အ ထံ တော် သို့ ရောက် လျှင်၊ မိ မိ တို့ နေ ရာ မှ ထွက် ကြွ တော် မ မူ မည် အ ကြောင်း ဆီး တား ကြ ၏။
43
ကိုယ် တော် က လည်း၊ ဘု ရား သ ခင် ၏ နိုင် ငံ တော် နှင့် ယှဉ် သော ဧ ဝံ ဂေ လိ တ ရား ကို အ ခြား သော မြို့ ရွာ တို့ ၌ ငါ ဟော ပြော ရ မည်။
44
ထို သို့ အ လို ငှါ ငါ့ ကို စေ လွှတ် လျက် ရှိ သည် ဟု မိန့် တော် မူ ၍၊ ဂါ လိ လဲ ပြည် မှာ တ ရား စ ရပ် တို့ ၌ တ ရား ဟော ပြော လျက် နေ တော် မူ ၏။