1
ကိုယ် တော် သည် တောင် ပေါ် က ဆင်း ကြွ တော် မူ လျှင်၊ များ စွာ သော လူ အ ပေါင်း တို့ သည် နောက် တော် သို့ လိုက် ကြ ၏။
2
ထို အ ခါ နူ နာ စွဲ သော သူ တ ယောက် သည် ညွတ် ပြပ် လျက်၊ သ ခင် အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် ရှင်း စေ နိုင် တော် မူ သည် ဟု လျှောက် လေ ၏။
3
ယေ ရှု က လည်း ငါ အ လို ရှိ ၏။ သန့် ရှင်း ခြင်း သို့ ရောက် စေ ဟု မိန့် တော် မူ လျက် လက် တော် ကို ဆန့် ၍ ထို သူ ကို တို့ တော် မူ ၏။ ထို ခ ဏ ခြင်း တွင် နူ နာ ပျောက် ၍ သန့် ရှင်း ခြင်း သို့ ရောက် လေ ၏။
4
ယေ ရှု က လည်း သင် သ တိ ပြု။ ဤ အ ကြောင်း အ ရာ ကို အ ဘယ် သူ အား မျှ မ ပြော နှင့်။ ယဇ် ပု ရော ဟိတ် ထံ သို့ သွား ၍ ကိုယ် ကို ပြ လော့။ သူ တ ပါး ၌ သက် သေ ဖြစ် စေ ခြင်း ငှါ မော ရှေ စီ ရင် မှာ ထား သော ပူ ဇော် သက္ကာ ကို ဆက် လော့ ဟု မိန့် တော် မူ ၏။
5
ထို နောက် မှ က ပေ ရ နောင် မြို့ သို့ ကြွ ဝင် တော် မူ လျှင်၊ တပ် မှူး တ ယောက် သည် အ ထံ တော် သို့ လာ ၍၊
6
သ ခင်၊ ကျွန် တော် ၏ ငယ် သား တ ယောက် သည် လက် ခြေ သေ သည့် အ နာ နှင့် ပြင်း စွာ ခံ ရ ၍ အိမ် တွင် တုံး လုံး နေ ပါ သည် ဟု တောင်း ပန် လေ ၏။
7
ယေ ရှု က လည်း ငါ လာ ၍ ချမ်း သာ ပေး မည် ဟု မိန့် တော် မူ လျှင်၊
8
တပ် မှူး က၊ သ ခင်၊ ကျွန် တော် ၏ အိမ် မိုး အောက် သို့ ကြွ ဝင် တော် မူ ခြင်း ကျေး ဇူး တော် ကို ကျွန် တော် မ ခံ ထိုက် ပါ။ အ မိန့် တော် တ ခွန်း ရှိ လျှင် ကျွန် တော် ၏ ငယ် သား သည် ချမ်း သာ ရ ပါ လိမ့် မည်။
9
ဥ ပ မာ ကား၊ ကျွန် တော် သည် မင်း အောက် ၌ ကျွန် ခံ သော သူ ဖြစ် သော် လည်း၊ စစ် သူ ရဲ များ ကို အုပ် စိုး ၍၊ တ ဦး ကို သွား ချေ ဟု ဆို လျှင် သွား ပါ ၏။ တ ဦး ကို လာ ခဲ့ ဟု ဆို လျှင် လာ ပါ ၏။ ကျွန် ကို လည်း ဤ အ မှု ကို လုပ် တော့ ဟု ဆို လျှင် လုပ် ပါ ၏ ဟု တပ် မှူး လျှောက် လေ ၏။
10
ထို စ ကား ကို ကြား လျှင် ယေ ရှု သည် အံ့ ဩ ခြင်း ရှိ ၍၊ ငါ အ မှန် ဆို သည် ကား၊ ဤ မျှ လောက် သော ယုံ ကြည် ခြင်း ကို ဣ သ ရေ လ အ မျိုး ၌ ပင် ငါ မ တွေ့ ဘူး သေး။
11
ငါ ဆို ပြန် သည် ကား၊ လူ များ တို့ သည်၊ အ ရှေ့ အ ရပ်၊ အ နောက် အ ရပ် မှ လာ ၍၊ ကောင်း ကင် နိုင် ငံ တော် ၌ အာ ဗြ ဟံ၊ ဣ ဇက်၊ ယာ ကုပ် တို့ နှင့် တ ကွ လျောင်း ရ ကြ လ တံ့။
12
နိုင် ငံ တော် သား တို့ သည် လည်း ငို ကြွေး ခြင်း၊ အံ သွား ခဲ ကြိတ် ခြင်း ရှိ ရာ၊ ပြင် အ ရပ် မှောင် မိုက် ထဲ သို့ နှင် ချ ခြင်း ကို ခံ ရ ကြ လ တံ့ ဟု နောက် တော် သို့ လိုက် သော သူ တို့ အား မိန့် တော် မူ ပြီး မှ၊
13
တပ် မှူး အား သင် သွား လော့။ ယုံ ကြည် သည် နှင့် အ ညီ သင် ၌ ဖြစ် စေ ဟု မိန့် တော် မူ ၏။ ထို ခ ဏ ခြင်း တွင် သူ ၏ ငယ် သား သည် အ နာ ရော ဂါ ကင်း ၍ သက် သာ ခြင်း သို့ ရောက် လေ ၏။
14
ထို နောက် မှ ယေ ရှု သည် ပေ တ ရု အိမ် သို့ ကြွ ၍ ပေ တ ရု ၏ ယောက္ခ မ သည် ဖျား နာ စွဲ လျက် တုံး လုံး နေ သည် ကို တွေ့ မြင် တော် မူ ၏။
15
ထို မိန်း မ ၏ လက် ကို တို့ တော် မူ လျှင်၊ သူ သည် အ ဖျား ပျောက် သ ဖြင့် ထ ၍ ဧည့် သည် ဝတ် ကို ပြု လေ ၏။
16
ည ဦး ယံ ၌ နတ် ဆိုး စွဲ သော သူ အ များ တို့ ကို အ ထံ တော် သို့ ဆောင် ခဲ့ ၍ နှုတ် တော် မြွက် ကာ မျှ နှင့် ထို နတ် တို့ ကို နှင် ထုတ် တော် မူ ၏။ နာ သော သူ ရှိ သ မျှ တို့ ကို သက် သာ စေ တော် မူ ၏။
17
ထို အ ကြောင်း အ ရာ မူ ကား၊ သူ သည် အ ကျွန်ုပ် တို့ အ နာ ရော ဂါ ဝေ ဒ နာ များ ကို ယူ တင် ဆောင် ရွက် လေ သည် ဟု ပ ရော ဖက် ဟေ ရှာ ယ ဟော ဘူး သော စ ကား ပြည့် စုံ မည် အ ကြောင်း ဖြစ် သ တည်း။
18
များ စွာ သော လူ အ ပေါင်း တို့ သည် ကိုယ် တော် ကို ဝန်း ရံ လျက် နေ ကြ သည် ကို မြင် တော် မူ လျှင်၊ ကမ်း တ ဘက် သို့ ကူး မည် အ ကြောင်း အ မိန့် တော် ရှိ ၏။
19
ထို အ ခါ ကျမ်း ပြု ဆ ရာ တ ယောက် သည် လာ ၍ အ ရှင် ဘု ရား၊ ကိုယ် တော် ကြွ တော် မူ ရာ အ ရပ် ရပ် သို့ ကျွန် တော် လိုက် ပါ မည် ဟု လျှောက် လေ ၏။
20
ယေ ရှု က လည်း၊ မြေ ခွေး သည် မြေ တွင်း ရှိ ၏။ မိုဃ်း ကောင်း ကင် ၌ ကျင် လည် သော ငှက် သည် နား နေ ရာ အ ရပ် ရှိ ၏။ လူ သား မူ ကား ခေါင်း ချ ရာ မျှ မ ရှိ ဟု မိန့် တော် မူ ၏။
21
အ ခြား သော တ ပည့် တော် က လည်း၊ သ ခင်၊ အ ကျွန်ုပ် အ ဘ ကို ရှေ့ ဦး စွာ သွား ၍ သင်္ဂြိုဟ် ရ သော အ ခွင့် ကို ပေး တော် မူ ပါ ဟု လျှောက် လေ ၏။
22
ယေ ရှု က လည်း၊ ငါ့ နောက် သို့ လိုက် လော့။ လူ သေ တို့ သည် မိ မိ လူ သေ တို့ ကို သင်္ဂြိုဟ် ပါ လေ စေ ဟု မိန့် တော် မူ ၏။
23
ထို အ ခါ လှေ ထဲ သို့ ဝင် တော် မူ ၍ တ ပည့် တော် တို့ သည် လိုက် ကြ ၏။ အိုင် ၌ လှိုင်း တံ ပိုး ပြင်း စွာ ထ ၍ လှေ ကို လွှမ်း လေ ၏။
24
ကိုယ် တော် သည် ကျိန်း စက် ၍ နေ တော် မူ ၏။
25
တ ပည့် တော် တို့ သည် ချဉ်း ကပ် ၍ ကိုယ် တော် ကို နှိုး ပြီး လျှင်၊ သ ခင်၊ အ ကျွန်ုပ် တို့ သည် ပျက် စီး ခြင်း သို့ ရောက် ပါ ၏။ ကယ် မ တော် မူ ပါ ဟု လျှောက် ကြ သော်၊
26
ကိုယ် တော် က၊ ယုံ ကြည် အား နည်း သော သူ တို့၊ အ ဘယ် ကြောင့် ကြောက် တတ် သ နည်း ဟု မေး တော် မူ ပြီး လျှင်၊ ထ ၍ လေ နှင့် ပင် လယ် ကို ဆုံး မ တော် မူ သ ဖြင့် အ လွန် သာ ယာ လေ ၏။
27
ထို လူ တို့ က လည်း၊ ဤ သူ ကား အ ဘယ် သို့ သော သူ နည်း။ လေ နှင့် ပင် လယ် သည် သူ ၏ စ ကား ကို နား ထောင် ပါ သည် တ ကား ဟု အံ့ ဩ ကြ ၏။
28
ကမ်း တ ဘက် ဂါ ဒ ရ ပြည် သို့ ရောက် တော် မူ သော အ ခါ၊ နတ် ဆိုး စွဲ သော လူ နှစ် ယောက် တို့ သည် ထို လမ်း ကို အ ဘယ် သူ မျှ မ သွား နိုင် အောင် အ လွန် ကြမ်း ကြုတ် စွာ ပြု လျှက်၊ သင်္ချိုင်း တ စ ပြင် မှ ထွက် လာ ၍ ကိုယ် တော် ကို ခ ရီး ဦး ကြို ပြု ပြီး လျှင်၊
29
ဘု ရား သ ခင် ၏ သား တော် ယေ ရှု၊ ကိုယ် တော် သည် အ ကျွန်ုပ် တို့ နှင့် အ ဘယ် သို့ ဆိုင် သ နည်း။ အ ချိန် မ ရောက် မှီ အ ကျွန်ုပ် တို့ ကို ညှင်း ဆဲ ခြင်း ငှါ ကြွ လာ တော် မူ သ လော ဟု အော် ဟစ် ၍ လျှောက် ကြ ၏။
30
ထို သူ တို့ နှင့် မ နီး မ ဝေး သော အ ရပ် ၌ များ စွာ သော ဝက် အ စု သည် ကျက် စား လျက် ရှိ ၏။
31
နတ် ဆိုး တို့ လည်း ကိုယ် တော် သည် အ ကျွန်ုပ် တို့ ကို နှင် ထုတ် လျှင်၊ ထို ဝက် အ စု ထဲ သို့ ဝင် ရ ပါ မည် အ ကြောင်း အ ခွင့် ပေး တော် မူ ပါ ဟု တောင်း ပန် ကြ သော်၊
32
သွား ကြ ဟု မိန့် တော် မူ ၏။ နတ် ဆိုး တို့ သည် ထွက် ၍ ဝက် ထဲ သို့ ဝင် သ ဖြင့် ဝက် အ စု ရှိ သ မျှ သည် အိုင် ကမ်း စောက် ကို တ ဟုန် တည်း ပြေး ဆင်း ၍ ရေ ၌ သေ ကြ ၏။
33
ဝက် ကျောင်း သော သူ တို့ သည် လည်း ပြေး ၍ မြို့ ထဲ သို့ ဝင် ပြီး လျှင်၊ နတ် ဆိုး စွဲ သော သူ တို့ ၏ အ ကြောင်း မှ စ ၍ ဖြစ် လေ သ မျှ တို့ ကို ကြား ပြော ကြ သော်၊
34
တ မြို့ လုံး လည်း ယေ ရှု ကို တွေ့ အံ့ သော ငှါ ထွက် လာ ကြ ၏။ ကိုယ် တော် ကို တွေ့ မြင် လျှင်၊ မိ မိ တို့ ပြည် က ထွက် သွား တော် မူ မည် အ ကြောင်း တောင်း ပန် ကြ ၏။